ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Friday, February 26, 2021
Tuesday, February 23, 2021
ကြွေးကျော်သံ
Saturday, February 20, 2021
သူ့ရင်သွေးများ GZ
သူမအမေ ဈာပနကစလို့ နိုင်ငံ့အရေးလုပ်ဆောင်ရာမှာ သူ့မရပ်တည်ချက် ရည်ရွယ်ရာအတွက် လျှောက်ရာလမ်းက ရှင်းတယ် အမြဲတစ်ခုတည်ဘဲ အကြမ်းမဖက်ဘဲ လျှောက်လှမ်းဖို့ပေါ့
ကျွန်တော်တို့မျိုးဆက်အထိ ဒီသဘောနဲ့သိပ်မနည်းစပ်ခဲ့ဘူးလို့ထင်တယ် ကျွန်တော်တိုက ရရင်ရ မရရင်ချဆိုတဲ့သဘောအရိပ်အငွေ့တွေ တစ်စွန်းတစခင်တွယ်မိနေတုံးပဲ
အတွင်းစည်းက သဘောထားကွဲလွဲရင်း လက်ရှိအာဏာရှင်ကိုဖြုတ်မယ့် နောက်ထပ်အာဏာရှင်လောင်းတစ်ယောက် သူရဲကောင်းတစ်ယောက်ကို တစ်စွန်းတစ်စမျှော်လင့်တုန်းဘဲ
စနစ်ကိုတိုက်ဖျက်ဖို့ထက် ပုဂ္ဂိုလ်နောက်လိုက်နေတုံးဘဲ
အာဏာရှင်ဆိုတာ ပုဂ္ဂိုလ်ထက် ဗိုင်းရပ်တစ်ခုလိုမြင်ဖို့ တွေဝေနေတုံးဘဲ
နဝ သရ မအလ ဆိုတဲ့ ပုဂ္ဂိုလ်တွေမရှိဘူးထားအုံး ဒီဗိုင်းရပ်ရှိနေသမျှ နောက်ထပ် အာဏာရူးတွေကို ကူးဆက်နေအုံးမှာပါပဲဆိုတာမေ့နေတုံးဘဲ
ကျွန်တော်တို့ သူမနဲ့သိပ်နီးစပ်ချင်လို့ ခေါ်ဝေါ်နေပေမယ့် သွေးအရ မတရားတော်ချင်နေရင် အဒေါ်လောက်သာဖြစ်မယ်ထင်တယ်
ဒါပေမယ့် GZ တွေကတော့ သူမသွေးအပြည့်ပါတဲ့ သူမရင်သွေးစစ်စစ်တွေလို့ပြောလို့ရတယ် ရည်ရွယ်ချက်အတွက် တွန်းလှန်ရာမှာ အကြမ်းမဖက်ပဲ နည်းလမ်းပေါင်းစုံ ပုံစံမျိုစုံနဲ့ တွန်းလှန်ကြတယ်
ဒီနေ့အသုံးပြုတဲ့နည်းက မသင့်တော်ဘူးလို့ ပညာရှင်တွေထောက်ပြလိုက်တာနဲ့ နောက်ထပ်ပုံစံတစ်ခု နည်းသစ်တစ်ခုနဲ့ နောက်နေ့မနက်မှာ အဆင်သင့်ဘဲ
ဒူးထောက်ခေါင်းငုံ့နေပေမယ့် စိတ်ပျက်နေတာအားငယ်နေတာမျိုးမရှိဘူး ဒီနည်းက ထိရောက်မှုနည်းနေတာလားလို့ စဥ်းစားရင်း နောက်ထပ်နည်းသစ်အတွက် တွေးတောကြံဆနေကြတယ်
ကျွန်တော်တို့ နည်းနည်းလေးတောင် မတွေးမိတဲ့ပုံစံနဲ့ နည်းလမ်းနဲ့ နေ့သစ်အတွေအတွက် အမြဲအဆင်သင့်ဖြစ်နေတာ တကယ်လေးစားမိတယ်
ကျွန်တော်တို့ ရှေ့မျိုးဆက်တွေစိတ်မှာ စွဲကပ်နေတာက
သေနတ်တွေ တင့်ကားတွေကိုဘဲ လက်နက်လို့ ခွန်အားလို့ လုပ်နိုင်စွမ်းလို့ မှတ်ယူကြတာ သူတို့က တစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒတွေကို အခြေပြုပြီး အားလုံးရဲ့ စိတ်ရှည်ခြင်း သည်းခံခြင်း ကြံဆခြင်း အားခွန်တွေနဲ့ စနစ်တစ်ခုကို ပြိုင်တူဖော်ဆောင်ကြတယ်
ဒီပုံစံမျိုး သမိုင်းမှာ တစ်ခါပေါ်ဘူးတယ်
အိန္ဒိယမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တော့ လမ်းနှစ်ခုဖြစ်တယ် တစ်ခုက စစ်မှန်တဲ့လွတ်လပ်ရေးက တိုက်ယူမှရတယ်ဆိုတဲ့ မြန်မာနိုင်ငံက ရဲဘော်သုံးကျိပ်နဲ့ ပုံစံတူ လမ်းကြောင်း
နောက်တစ်ခုက နိုင်ငံရေးနည်းနဲ့ဘဲ အကြမ်းမဖက်တိုက်မယ်ဆိုတဲ့ ဂန္ဒီကြီးရဲ့လမ်း
အိန္ဒိယယပြည်သူတွေက ဂန္ဒီကြီးရဲ့လမ်းကို ရွေးလိုက်တယ် သေနတ်တစ်ချက်မဖောက်ရဘဲ လွတ်လပ်ရေးရခဲ့တယ်လို့ဆိုတယ်
ဒီ ဂန္ဒီကြီးရဲ့
နိုင်ငံရေးနည်းနဲ့ဘဲ နိုင်ငံရေးပြသနာ အဖြေရှာတဲ့ အစဥ်အလာက ဘယ်လောက်ခိုင်မာသွားလည်းဆိုရင် အိန္ဒိယမှာ ဘယ်လောက်နိုင်ငံရေး အကြပ်အတည်းဖြစ်ဖြစ် စစ်တပ်အာဏာသိမ်းတာ ခုထိမရှိသေးဘူး
မြန်မာနိုင်ငံမှာတော့ လက်နက်ကိုင်ဝါဒ အာဏာသိမ်းဗိုင်းရပ်ကိုက အမြစ်တွယ်နေတာ နဝ သရ မအလ ဆိုတဲ့ ပုဂ္ဂိုလ်တွေမရှိဘူးထားအုံး ဒီဗိုင်းရပ်ရှိနေသမျှ နောက်ထပ် အာဏာရူးတွေကို ကူးဆက်နေအုံးမှာပါဘဲ
ဒီစနစ်ကိုဖျက်ချဖို့က နိုင်ငံရေးနည်းနဲ့ ချဥ်းကပ်ဖြိုဖျက်မှဘဲ ရမယ်လို့ ယူဆမိပါတယ်
သန်းထွန်းလေး အင်းတဲရွာ
Friday, February 19, 2021
Tuesday, February 9, 2021
ငရဲခွေးရူးလွတ်နေပြန်ပြီ
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...