သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, June 27, 2020

လျှော်ဖြူ

မြန်မာအမည် - လျှော်ဖြူ၊ လက်ပံလျှော်ပင်၊ ရေစိမ်လျှော်ပင်၊ ဆေးကုလားမပင်၊ ပဒေသာပင်
အင်္ဂလိပ်အမည် - Wild Almond Tree
ရုက္ခဗေဒအမည် - Sterculia foetida
မျိုးရင်းအမည် - Malvaceae

လျှော်ဖြူပင်ကို အပူပိုင်းဒေသ၊ မြေနိမ့်လွင်ပြင်များတွင် ကောင်းစွာဖြစ်ထွန်းသည်။
ပင်လယ်ရေ မျက်နှာပြင် အထက် ပေ(၄၅၀၀) အထိ စိုက်ပျိုးနိုင်သည်။

မြေအမျိုးမျိုးတွင် ဖြစ်ထွန်းနိုင်သော်လည်း ရေဝပ်မှုကို မကြိုက်ပါ

စိုက်ပျိုးနည်း
မြေဆီထက်သန်ပြီး အစိုဓာတ်ကောင်းစွာ ထိန်းသိမ်း နိုင်သောမြေဖြစ်လျှင် ပတ်လည် ပေ၂၀ ခန့်ခွာစိုက်ပါ
မြေဆီထက်သန်မှု နည်းလျှင် ပတ်လည် ၁၅ပေခန့်ခွာစိုက်ပါ

၃ . ၄ နှစ်သားအရွယ်မှစ၍ အ​စေးထုတ်ယးနိုင်ပါသည်

စွမ်းရည်

၎င်း Gum Karaya ခေါ် အပင်ထွက်အစေးများသည် သကြားနှင့် ယူရိုနစ်အက်စစ်များမှ ဖွဲ့စည်းဖြစ်ပေါ်လာသည့် တည်ဆောက်ပုံ ရှုပ်ထွေးသည့် ကစီဓာတ်ပေါင်းစုများ ဖြစ်ကြပါသည်။

၎င်းအစေး များသည် galactan gelose ပါ၀င်မှုကြောင့် ရေကို အဆများစွာ စုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း၊ ပျစ်ချွဲစေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်းရှိခြင်း၊ ရေအပြင် အရက်ပျံ၊ အီသာနှင့် ဆီ အမျိုးမျိုးတွင် ပျော်၀င်မှုမရှိခြင်း၊ အက်ဆစ်ပျော့များနှင့် အနုဇီ၀ပိုးများ၏ တိုက်စားဖြိုခွဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ခန္ဓာကိုယ်မှ စုပ်ယူချေဖျက်နိုင်မှုမရှိခြင်း စသည့် ဂုဏ်သတ္တိများရှိပါသည်။

အသုံးဝင်မှုများ

၎င်းအစေးခဲခြောက်များအား အမှုန့်ပြုလုပ်၍
ကားမှန် အဖျော်ယမကာလုပ်ငန်းများ၊ သရေစာနှင့် မုန့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အလှကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အထည်အလိပ်နှင့် ယက္ကန်းလုပ်ငန်း၊ စက္ကူပျော့ဖတ်နှင့် ပုံနှိပ်လုပ်ငန်းများ စသည်တို့အပြင် သားရေနယ်လုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ အထူးပြုဖန်ထည် မှန်ထည်လုပ်ငန်း အစရှိသည့် စက်မှု လက်မှု လုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်း၊ စေးခဲ၊ စေးပျစ်ပစ္စည်း၊ အနယ်စုပ်ပစ္စည်း၊ အဖုံးအကာလွှာ ပစ္စည်းများအဖြစ် အမျိုးမျိုးသုံးစွဲကြသည်။

ဆေး

ဆီးပူ၊ ဆီးအောင့်ခြင်း ဝမ်းချုပ်ခြင်းများအတွက် သောက်သုံးနိုင်သည်
မီးပူလောင်ရင် ရေစိမ်ပြီးပွဲလာရင် အုံထားပေးနိုင်သည်
အမျိုးသားတွေအတွက် ကာမအားအင်တိုးဆေးအဖြစ် နေ့စဉ်မှီဝဲနိုင်ပါတယ်။
အရေးအကြောင်းတွေပျောက်ကင်းပြီး မျက်နှာအသားအရည် တင်းရင်းစေသည့်အတွက် မျက်နှာ​ပေါင်းတင်​ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်

ကိုး ဂူးဂဲလ်

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Wednesday, June 24, 2020

ညောင်ကန်မှ​ကြေးခေတ်သို့

ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလဟု ပညာရှင်များသုံသပ်သည်
လွန်ခဲ့​သောနှစ်​ပေါင်း ၄၅၀၀ မှ ၅၅၀၀ အတွင်းကာလာ
မြတ်ဗုဒ္ဓမ​မွေးဖွားမီ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အတွင်းကာလ
ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလဟု အပိုင်းအခြားပြုကြသည်

ထိုင်းနိုင်ငံ ဘန်ချိုင်းဒေသ၌ တူးဖော်တွေ့ရှိခဲ့သည့်  ကြေးခေတ်ဆိုင်ရာ အထောက်အထားများက ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ဘီစီ ၄၀ဝ၀ ခန့်က ကြေးခေတ်  ပေါ်ထွန်းခဲ့သည်ဟု မှတ်ချက်ပြုကြပြီး နယ်မြေ ချင်းဆက်စပ်နေသည့် မြန်မာနိုင်ငံတွင်လည်း ကြေးခေတ်ထွန်းကားနိုင်ကြောင်း ကောက်ချက် ချခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းပြည် နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မကွေးတိုင်း၌ ကြေးလက်နက် အသုံးအဆောင်များ တွေ့ရှိခဲ့၍ ဖြစ်သည်။

၁၉၉၈ ခုနှစ်သည် မြန်မာနိုင်ငံတွင် ကြေး ခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း အခိုင် အမာတင်ပြနိုင်သောနှစ်ဖြစ်ခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင်   ဘုတလင်မြို့နယ် ညောင်ကန်ရွာအနောက်ဘက်၌ ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအား ခိုင်ခိုင်မာမာ တူးဖော်တွေ့ရှိခဲ့၍ဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ် များမှ ပညာရှင်များနှင့် နိုင်ငံတကာမှ ပညာ ရှင်များက လေ့လာသုံးသပ်ပြီး စည်းဝေးဆုံး ဖြတ်ချက်အရ တူးဖော်တွေ့ရှိရသော အထောက် အထားများမှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ မှ ၃၀ဝ၀ အတွင်း ကြေးခေတ် ယဉ်ကျေး မှုထွန်းကားခဲ့သည်ဟု  တရားဝင်ပြော ကြားခဲ့ပါသည်။

ညောင်ကန်
................

ညောင်ကန်ရွာသည် ဘုတလင်-ညောင်ကန်-ကန္နီကားလမ်းမပေါ်မှာရှိပြီး ဘုတလင်မှ ခုနစ် မိုင်ခန့်ဝေးသည်

ညောင်ကန်ရွာကြီး စတည်သောအခါ မဟာဗောဓိညောင်ပင်ကြီးနှင့် ရေကန်ကြီးကို တွေ့ရ၍ ညောင်ကန်ဟု အမည်တွင်ခဲ့ပါသည်

ထေရဝါဒဗုဒ္ဓသာသနာ၌ ဗုဓ်အစ၊ ဗုဓ် အလယ်၊ ဗုဓ်အဆုံးဟူ၍ ဗုဓ်သုံးဗုဓ်ရှိခဲ့ရာ

ဗုဓ်အစဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်
ဗုဓ် အလယ်ဆိုသည်မှာ အေဒီငါးရာစုအတွင်း အိန္ဒိယမှ သီဟိုဠ်ကျွန်းသြွို့ကချီပြီး အဋ္ဌကထာ များ ရေးသားခဲ့သော ရှင်မဟာဗုဒ္ဓဃောသ
ဗုဓ်အဆုံးမှာ ကုန်းဘောင်မင်းဆက် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် အဋ္ဌကထာကျမ်းပြု အကျော်
ဆရာတော်ဦးဗုဓ် မွေးဖွားခဲ့ရာဇာတိ ဖြစ်သည်

ကြေး​ခေတ်ရုပ်ကြွင်းများ
...............................

ရှင်မချောက်အနီးတွင် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တူးဖော်ထိန်း သိမ်းစောင့်ရှောက်ထားသော မြန်မာ့ကြေး ခေတ်သင်္ချိုင်းဟောင်းနေရာရှိသည်

ကြေးခေတ်လူရုပ်ကြွင်းများ နှင့် မြေအိုးမြေခွက်တွေသာမက အရိုးစုများ၏နံဘေးတွင် ကြေးလှံသွား၊ ကြေးမြား၊ ကြေး ပုဆိန်များ၊ ကျောက်ကွင်း၊ ကျောက်လက်နက်၊ ကျောက်ပုတီးစေ့များကိုပါ တွေ့ရှိခဲ့သည်

လူ့အရိုးစုကြီးများသည် ကြီးမားရှည်လျားကာ မြောက်အရပ်သို့ ဦးခေါင်းပြုပြီး မြှုပ်နှံထား သည်ကိုတွေ့ရ၏။  တူးဖော်တွေ့ရှိရသည့် ငါးနေရာအား အဆောက်အအုံ ငါးလုံးဆောက် လုပ်ပြီး စည်းရိုးကာရံ၍ ထိန်းသိမ်းထားပါသည်။

နိုင်ငံခြားသားပညာရှင် အများအပြားလာရောက်  လေ့လာကြပြီး မြန်မာနိုင်ငံတွင် ကျောက်ခေတ် နှောင်းမှ ကြေးခေတ်သို့ ကူးပြောင်းရောက်ရှိ ခဲ့သည်ဟု အတည်ပြုခဲ့ပါသည်

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း




Monday, June 22, 2020

ငွေလကြယ်စင် အငြိမ့်ဂန္ထဝင်

မင်းသမီး ပန်တျာ​ဌေး​ဌေးမြင့် ရွှေမန်းသူမြင့်မြင့်သန်း ဝင်းသ​ပြေထွန်း
လူရွှင်​တော်များ ထင်​ပေါ် တက်တိုး ပေါစိန် ထင်​ကျော်


 ကြည့်ရှုရန် 


ပါ​မောက္ခချုပ်ဆရာ​တော် အ​မေးအ​ဖြေများ

ပါမောက္ခချုပ်ဆရာ​တော် ဒေါက်တာနန္ဒမာလာဘိဝံသ
အား
နေ​ရွှေ​သွေး​အောင် (ဖိုးလပြည့်)
မှ
မေးမြန်း​လျှောက်ထားမှု

ဗုဒ္ဓဘာသာဆိုတာဘာလဲ
သရဏဂုံတည်တယ်ဆိုတာ ဘာလဲ
ကိုးကွယ်တာနဲ့ ပူ​ဇော်တာ ကွာခြားသလား
ဘိုး​တော် နတ် စသည်တို့ကို ပူ​ဇော်တာ သရဏဂုံပျက်သလား

နတ်ပြည် ငရဲပြည်ဆိုတာ ရှိသလား ဘယ်မှာရှိသလဲ
မာန်နတ်ဆိုတာ ဘယ်သူလဲ
ဘာသာခြား​တွေ​ကော နတ် ဗြဟ္မာဖြစ်နိုင်သလား
ဂြိုလ်သားဆိုတာရှိရဲ့လား

အသ​​​င်္ချေဆိုတာဘာလဲ
သက်သတ်လွတ်စားတာ ဗုဒ္ဓလမ်းညွှန်ချက်လား

အတင်းအဖျင်း​​ပြောတာ မုသားဝါဒလား
အတူ​နေချစ်သူတွေဟာ ကာ​မေသုမိစ္ဆာစာရကံ​မြောက်သလား.......

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း 

ကြည့်ရန်နှိုပ်ပါ 


Thursday, June 18, 2020

ပတ်စပိုး

ဒို့သျှိုင်​အောင်ဝိုင်းဖွဲ့
မှ
ညပိုင်းပတ်စပိုး


 စိန်ဝင်း​လေး​လေးအတွက်အမှတ်တရ ရယူရန် ဤစာကိုနှိုပ်ပါ 


ပါ​မောက္ခချုပ်ဆရာ​တော် + ဦကိတ္ထိသာရ

ပါ​မောက္ခချုပ်ဆရာ​တော်
အရှင်နန္ဒမာလာဘိဝံသန်းထွန်း​လေး (အင်းတဲရွာ)
အား
အရှင်ကိတ္ထိသာရ (ကျော်ဟိန်း)
မှ
မေးမြန်း​လျှောက်ထားမှုများ


 ရယူရန်နှိုပ်ပါ 


Wednesday, June 10, 2020

သျှိုင်းအောင် သို့မဟုတ် ဘုတလင်မြို့က သက်ရှိကြယ်တစ်စင်း

သျှိုင်းအောင် သို့မဟုတ် ဘုတလင်မြို့က သက်ရှိကြယ်တစ်စင်း
......................

အနုပညာရှင်ရဲ့ရင်တွင်း စိတ်ခံစားချက်တွေကို အခြေပြုပြီး လွင့်ပျံလာတဲ့ သံစဥ်လှိုင်းလေးတွေက
ကျွန်တော်တို့ရဲ့ ဘဝင်ကို လှိုက်ခတ် မိန်းမောသွားအောင် ဖမ်းစားစေနိုင်တယ်မဟုတ်လား

မင်း အနားကိုရောက်ရင် မကြည်သလိုနဲ့လှမ်းလို့ကြည့်တယ်
မင်း နောက်ကိုလိုက်ရင် ငြူစူပြီးမလိုက်နဲ့ပြောတယ်

မင်းသွားရာလမ်းလေးတိုင်းမှာ စောင့်နေမယ်
ပြောပြမယ် ချစ်တဲ့ခင်တဲ့တအကြောင်းကိုကွယ်

ချစ်ရတဲ့သူရယ် မျက်လုံးလေးများဝင့်ကာ
ခေါ်နေတာကို လှည့်ကြည့်ပါအုံး

ဒီသီချင်း​တွေကို  ခံစားနှစ်သက်ခဲ့ဖူးသူဖြစ်ပေမယ့် ဒီသီချင်းလေးကို ဖန်တီးမွေးထုတ်ပေးခဲ့တဲ့ ပညာရှင်ကိုမသိခဲ့ရိုးအမှန်ပါ

သူ့အကြောင်းကတော့
1963 ခုမှာ မုံရွာမြို့ ဦးခင်မောင်+ဒေါ်ခင်မြအေး တို့မှ မွေးဖွားခဲ့ပါတယ်

မွေးချင်းတွေကတော့
မအေးမြင့်မြတ်
ကိုထွန်းလှအောင်(သျှိုင်းအောင်)
ကိုဝင်းကျော်အောင် တို့ဖြစ်ပါတယ်

သူနဲ့ ကိုယ်တိုင်းစကားပြောဖူးပါတယ် ဖော်ရွေသဘောကောင်းသူဖြစ်ပြီး
ယခုအခါ ဘုတလင်မြို့မှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေပါတယ်

တစ်ခါက အဖျားကြီးရင်း သတိလစ်သလိုဖြစ်ပြီး သူ့စိတ်အလျင်မှာတွေ့လိုက်ရတဲ့
"ဆံရှည်လေးနဲ့ ကောင်မလေး''  ကို သီချင်းတွေဆိုလာကြချိန်မှာ ဖွင့်ချသီကုံးလိုက်တဲ့ "ကောင်မလေး''ကို မြင်ယောင်းရင်း

သျှိုင်း​အောင် official fb account
https://www.facebook.com/profile.php?id=100009014781077

#သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း

https://www.youtube.com/playlist?list=PL4y-MgGOyRIXT3eZypwnwk2QvDPA06Ngd


သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...