ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Thursday, November 26, 2020
Monday, November 23, 2020
ဟိုမိုကရေစီ
Sunday, November 15, 2020
ပဋိသန္ဓေကျိုး နှင့် ပဝတ္တိကျိုး
ရှည်ကြာတာတာ တိုတောင်းတာတော့ ကွာတာပေါ့
လက်ရှိဘဝကနေ စုတေပြီး တဖန်ဘဝမဖြစ်မီ ကြားကာလဆိုတာ မရှိပါဘူး စုတေစိတ်ပြီး ပဋိသန္ဓေစိတ် ချက်ချင်းပေါ်ပါတယ် ဒီဘဝသေပြီး တဖန်ဖြစ်မယ့်ဘဝဘဝမှာ ချက်ချင်း ပဋိသန္ဓေယူတယ်
၇ရက် မကျွတ်ဘူး ဘာညာဆိုတာ ဗုဒ္ဓဘာသာ အယူအဆမဟုတ်ပါဘူး ကိုယ်ထင်ရှားပြတယ် ချောက်တယ်လှန့်တယ်ဆိုတာ အဲ့ဒီလို ပြုလုပ်နိုင်တဲ့ ဘဝတစ်ခုခု ဥပမာ တစ္ဆေ ပြိတ္တာ ဆိုတဲ့ဘဝမှာ ဖြစ်နေတာမျိုးပါ
ပဋိသန္ဓေကျိုး ဆိုတာကတော့ ကိုယ်ပြုခဲ့ ပြုစဲ အားလျော်စွာ ဖြစ်ပေါ်လာတဲ့ကံကြောင့် ဘဝတစ်ခု သန္ဓေယူစေတာမျိုးပေါ့
ပဋိသန္ဓေကျိုးအားကောင်းရင် သုဂတိဘုံတွေဖြစ်တဲ့ နတ် လူ ဗြဟ္မာ စသည့်ဘုံတွေမှာ ဖြစ်စေတတ်တယ် အားနည်းရင်တော့ ဒုက္ခတိဘုံတွေဖြစ်တဲ့ ငရဲ တိရိစ္ဆာန် ပြိတ္တာ စသည်တို့မှာ ဖြစ်စေတတ်တယ်
ပဝတ္တိကျိုးဆိုတာကတော့ ဘဝဖြစ်ပြီး ဆက်လက်အကျိုးပေးတဲ့ ကံမျိုးပါ
ဥပမာ
သင်ဟာ ပဋိသန္ဓေကျိုးလည်း ကောင်းမယ် ပဝတ္တိကျိုးလည်း ကောင်းမယ်ဆိုရင်
ပဋိသန္ဓေကျိုးကောင်းတဲ့အတွက် လူလည်းဖြစ်မယ် ပဝတ္တိကျိုးကောင်းတဲ့အတွက် လူထဲမှာတောင် ကောင်းမွန်တဲ့ မိသားစုအသိုင်းအဝိုင်း ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာ ဖြစ်ခွင့်ရမှာပါ
အဲ ပဋိသန္ဓေကျိုးကောင်းလို့ အဲ့ဒီမှာတော့ဖြစ်ပါရဲ့ ပဝတ္တိကျိုးမကောင်းလို့ စွန့်ပစ်ခံရတာတို့ သူ့မွေးပြီးမှ ဆင်းရဲသွားတာမျိုးလည်း ဖြစ်တတ်တာပေါ့
နတ် ဗြဟ္မာလည်းထိုနည်း၄င်းပေါ့ ပဝတ္တိကျိုးကောင်းရင် ပိုပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပတာမျိုး ပိုပြီး အစွမ်းတန်ခိုး ကြီးမြင့်တာမျိုး ဖြစ်စေတာမျိုးပါ
ပဋိသန္ဓေကျိုး ကောင်းလို့ လူဖြစ်ရပေမယ့် ပဝတ္တိကျိုးမကောင်းလို့ မပြည့်စုံတဲ့ ဆင်းရဲတဲ့ ဘဝကိုလည်း ခံစားရနိုင်ပါတယ်
ပဋိသန္ဓေကျိုး မကောင်းလို့ တိရိစ္ဆာန်ဖြစ်တဲ့ ခွေးဘဝကို ပိုင်ဆိုင်ရပေမယ့် ပဝတ္တိကျိုးက ကောင်းတော့ လူချမ်းသာတွေအိမ်မှာ ခွေချစ်တတ်သူတွေဲ့အိမ်မှာ ဖြစ်ခွင့်ရပြီး ရေချိုးပေးမယ့်သူနဲ့ စားတာတောင် အသားပြုတ်နဲ့ သွားတော့လည်း အကောင်းစားကားနဲ့ ဒီလိုမျိုးခွေးတွေ တွေဖူးမယ်ထင်တယ်
ပဝတ္တိကျိုးပါ မကောင်းတဲ့ခွေးကြတော့လည်း အဲ့ဒီအိမ်မှာမွေးဖွားခဲ့စေအုံး စွန့်ပစ်ခံရတာတို့ လမ်းဘေးမှာ ဟိုလူက ခဲနဲ့ထုလိုက် ဒီလူက ခဲနဲ့ထုလိုက်တို့ပေါ့
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
Tuesday, November 10, 2020
မေတ္တာလက်ဆောင် (၄) ကျောက်သင်ပုန်း
Monday, November 9, 2020
မေတ္တာလက်ဆောင် (၃) ဒေါက်တာနန္ဒမာလာဘိဝံသ ၏ အဂ္ဂညသုတ္တန်
အစောကပြောခဲ့သလိုပဲ ကျွန်တော်က အသိုင်းအဝိုင်းနဲ့ ပတ်သက်ရင် ကံကောင်းတယ် မိတ်ဆွေသူငယ်ချင်း လုပ်ငန်းခွင် ပတ်ဝန်းကျင် မိသားစု အားလုံးပဲဆိုပါတော့
အရွယ်ရောက်တော့ မိသားစုရဲ့ အရိပ်မှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းကျောင်းကြီးပြင်းလာရပေမယ့် မိသားစုက လျှောက်ရမယ့်လမ်းနဲ့ လျှောက်ရမယ့်ပုံစံကို လမ်းပြတာပါ အထူးသဖြင့် ခြေနင်းခေါင်းဆင်းအစ်ကိုရင်းပေါ့
တစ်နှစ်သောနွေတစ်နွေ အိမ်အပြန်မှာ သူက ကျွန်တော်ဖုန်းထဲကို ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားထားတဲ့ အဂ္ဂညသုတ္တန် (ကမ္ဘာဖြစ်တည်ခြင်းအကြောင်း ) တရားတစ်ပုဒ်ထည့်ပေးလိုက်တယ် မင်းနာဖြစ်အောင်နာလိုက်လို့လည်း မှာလိုက်တယ်
နောင်ပိုင်းမှာသိရတာက သူ့ကိုလည်း တာကြီးကို (အောင်နိုင်မိုး) က ထည့်ပေးတာလို့သိရတယ်
ကျေးဇူးတင်ပါတယ် တာကြီးကို
အမှန်က အဲ့ဒီအချိန်က ကျွန်တော် တရားဒေသနာတော်တွေ နာနေပြီဆိုပေမယ့် စွဲစွဲမြဲမြဲနာဖြစ်တာက ကြာနီကန်ဆရာတော် ဦးဇဋိလ ရဲ့ တရားတော်တွေပါ သီတဂူဆရာတော် ရဲ့ တရားတော်တွေလည်း နာဖြစ်တယ်ဆိုပေမယ့် အစောပိုင်း ပါဠိပါတ်သားတွေ ပြည့်ပြည့်စုံစုံ ကြွယ်ကြွယ်ဝဝနဲ့ ဟောကြားထားတဲ့ ရှည်လျှားတဲ့ တရားတွေမဟုတ်ဘဲ နောက်ပိုင်းမှာဟောကြားတဲ့ သိပ်လည်းအချိန်မကြာ ဒေသန္တရ ဗဟုသုတတွေကို အခြေပြုဟောကြားထားတာတွေကိုပဲ နာဖြစ်တာပါ ပါမောက္ခချုပ်ဆရာတော် တရားအချို့ နာဖူးပေမယ့် နာမလည်လို့ကို မနာဖြစ်တာ အနှစ်သာရထက် ထူးထူးဆန်းဆန်းလေးတွေကိုမှ ပိုနှစ်သက်တတ်ချိန်လို့ ဆိုရမှာပေါ့
ကျွန်တော့်လိုအပ်ချက် စိတ်ဝင်စားရာကို သူကကောင်းကောင်းသိပါတယ် အဲ့ဒါကြောင့်ပဲ ထည့်ပေးလိုက်တာနေမှာ သူ့ရဲ့စကားကို နာခံလိုလို့နာကြားခဲ့ပါတယ် ဒီအခါမှ ကျွန်တော်သိခဲ့ရတာပါ ပါမောက္ခချုပ်ဆရာတော် ရဲ့ တရားတော်တွေရဲ့ အနှစ်သာရကို ဆရာတော်ရဲ့ ဒေသနာတော် ၁၉၀၀ ကျော်ပါတဲ့ စတစ် တစ်ခုဝယ်ထားဖြစ်လိုက်တဲ့အထိပေါ့
ကျွန်တော်ဘဝရဲ့ ကောင်းမွန်တဲ့ လူမှုရေး စီးပွားရေးတိုင်းဟာ သူရဲ့ လမ်းပြတည့်မတ်မှုကြောင့်ပါ ကိုယ့်စိတ်ကူး ကိုယ့်အသိနဲ့သာဆိုရင် ဒီကနေ့ ဒီအခြေအနေမျိုးဖြစ်နေဖို့ သိပ်မရေရာပါဘူး
သူ့ရဲ့လက်ဆောင်က ကျွန်တော်အတွက် အရေးပါသလို
သူလိုလူမျိုးနဲ့ အသိုက်အဝန်းတစ်ထဲမှာ ပေါက်ဖွားရတာကိုက
ကျွန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ပပာပဲ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
Saturday, November 7, 2020
မေတ္တာလက်ဆောင် (၂) ဆရာနန္ဒသိန်းဇံရဲ့ အနေခက်အောင်ကူညီကြသူများ
အဲ့ဒီစာအုပ်လေးက ကျွန်တော်ဘဝမှာ အမှတ်မထင် ရခဲ့တာလို့ဆိုနိုင်သလို ပထမဆုံး သတိတရ ရှိခဲ့တယ်ဆိုလည်း မှားမယ်မထင်ဘူး
အဲ့ဒီအသက်အရွယ်ထက် စောပြီးခဲ့ရင်လည်း အဲ့ဒီစာအုပ်ရဲ့တန်ဖိုးကို ထိသိနိုင်မယ်မထင်သလို နောက်ကျသွားရင်လည်း ဒီလိုအရာမျိုး ငါဘာကြောင့်များအတွေ့မိပါလိမ့်လို့ နောင်တရစေနိုင်တဲ့အထိ ကျွန်တော့်စိတ်ကူး အတွေးတွေကို လွှမ်းမိုးနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်
အဲ့ဒီအချိန်တုန်းက အဲ့ဒီစာအုပ်လေးသာ မရခဲ့ဘူးဆိုရင် အခုချိန် ကျွန်တော် ဘယ်လိုအတွေးဘယ်လိုစိတ်ကူးတွေနဲ့ ရှင်သန်နေမလဲဆိုတာ စဥ်စားလို့တောင်မရဘူး
ပေးသူကလည်း သာမန်အားဖြင့် ကျွန်တော်နဲ့ အသိမိတ်ဆွေဖြစ်ဖို့ အင်မတန်အလှမ်းကွာပါတယ် အသက် ပညာအရည်အချင်း နေရပ် အလုပ်အကိုင်ကစလို့ ဘာမှကို နီးနီးစပ်စပ်မရှိပါဘူး ဒီလိုကွဲပြားချင်းများစွာထဲက တစ်ခုတည်းသော တူရာတစ်ခုနဲ့ပဲ ကျွန်တော်တို့ မိတ်ဆွေဖြစ်သွားတာပါ
အဲ့ဒီအရာကလည်း ကျွန်တော်တို့နဲ့ မိုင်ပေါင်းများစွာဝေးတဲ့အရပ်က စာရွက်တွေမှာသာ ထိသိရင်ခုန်ရူးသွပ်စေတဲ့ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အားကစားအသင်းတစ်သင်းပါ
တွေ့ပုံကဆန်းတယ် မန်ယူပွဲကြည့်ဖို့ လက္ဖက်ရည်ဆိုင်မှာ ထိုင်ဖို့ခွင့်တောင်းရင်း ရင်းနှီးတဲ့သူတစ်ယောက်က ကိုယ့်အတွက် အမြဲအထောက်အကူဖြစ်နိုင်တဲ့ အသိပညာကို လက်ဆောင်ပေးလိမ့်မယ်ဆိုတာ လုံးဝဖြစ်နိုင်ခဲတယ်မဟုတ်လား
ကျွန်တော်မန်ယူကို နှစ်သက်ခြင်းအကြောင်းများစွာထဲမှာ ဒီအကြောင်းကလည်း အဓိကပါဝင်ပါတယ် သူ့ကြောင့်သာမဟုတ်ရင် ဒီလိုမိတ်ဆွေမျိုးနဲ့ ဆုံစည်းရပါ့မလား ဒီလိုလက်ဆောင်မျိုးကို ရရှိနိုင်ပါ့မလားဆိုတာ မရေရာပါဘူး
ဒိလက်ဆောင်က အချိန်ကာလကွက်တိ အံဝင်ဂွင်ကျ အဖြစ်ဆုံး မေတ္တာလက်ဆောင်ပါပဲ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
Friday, November 6, 2020
မေတ္တာလက်ဆောင်
Wednesday, November 4, 2020
ယုံကြည်မှုမျဉ်းကြောင်းများ
ကမ္ဘာမှာ အတော်အတန်ကြီးစိုးခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုနဲ့ ဆက်စပ်တဲ့ ပုံလေးတစ်ခုကြားဖူးတယ်
အဖေက သားဖြစ်သူအရွယ်ရောက်လာချိန်မှာ ပညာအစုံသင်ပေးပြီးနောက်မှာ အိမ်ရဲ့အနောက်ဖက်က အတော်အတန်မြင့်တဲ့ သစ်ပင်တစ်ခုကို ခေါ်သွားပြီး သစ်ပင်ရဲ့ထိပ်ဖျားအထိ တက်ခိုင်းတယ် ပြီးတော့ခုန်ချခိုင်းတယ်
သူအရပ် လေးငါးဆယ်ပြန်မက မြင့်တဲ့နေရာကဆိုတော့ ဘယ်ခုန်ချရဲပမလဲ ဒီတော့ အဖေဖြစ်သူကပြောတယ် ရဲရဲသာခုန်ချလိုက်ပါကွာ အောက်မှာ အဖေရှိသားပဲ အဖေဖမ်းထားမှာပိုဆိုပြီး လက်ကိုဆန့်တန်းထားတယ်
ဒီတော့ သားဖြစ်သူက ခုန်ချတာပေါ့ တကယ်ခုန်ချလိုက်ချိန်မှာ ဆန့်တန်းထားတဲ့ လက်ကို အဖေဖြစ်သူက ရုတ်ပစ်လိုက်တယ် သားဖြစ်သူက မြေပြင်မှာ အလူးလူးအလိမ့်လိမ့်ပေါ့
ဒီတော့မှ အဖေဖြစ်သူကပြောတယ် ငါ့သားလောကမှာ အဖေအရင်းတောင်မယုံနဲ့တဲ့
ပညာရှင်အချို့က အင်မတန်အားကောင်းခဲ့တဲ့ ဒီဂိုဏ်းကြီး ပျက်စီးသွားတာ ဒီလို အဖေနဲ့သားတောင် မယုံနဲ့ဆိုတဲ့ ယုံကြည်မှုမျဉ်းသိပ်တိုတာကြောင့်လို့ဆိုတယ်
တကယ်တော့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းသာမက နိုင်ငံရေး စီးပွားရေး အသင်းအဖွဲ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယာက် အထိုက်အလျောက်တော့ ယုံကြည်မှုထားပေးဖို့ လိုအပ်တယ်လေ
သူ့ကိုယ်မယုံ ကိုယ့်သူမယုံဆိုရင် လက်တွဲလို့မှ မဖြစ်နိုင်တာ
တစ်ချို့လည်း ရှိတတ်ပါတယ် ကိုယ်ကယုံကြည်မှုဘယ်လောက်ထားထား အကြိမ်ကြိမ်ဖောက်ဖျက်ပြီး ဘယ်လိုမှကို နေရာပေးလို့မရယူသူတွေ တွေ့ဖူးကြမှာပါ နည်းနည်းလေးအခွင့်အရေးပေးလိုက်တာနဲ့ ဗွေဖောက်လာကြတာမျိုးပေါ့
ဒါ့ကြောင့်ထင်ပါရဲ့ ရှေးဗမာ့စကားပုံမှာ
ကိုယ်ကကျူးကိုယ့်ဒူတောင်မယုံနဲ့ လို့ ဆိုခဲ့ကြတာ
တစ်ကိုယ်ထဲမှာတောင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းခွဲထားသေးတယ်
တကယ်တော့ အဖေနဲ့သားတောင် မယုံနဲ့ဆိုရလောက်အောင်အထိ ယုံကြည်မှုမျဉ်း အရမ်းတိုနေတာလည်း မကောင်းသလို လူတိုင်းကို ယုံကြည်တယ်ဆိုတဲ့အထိ ယုံကြည်မှုမျဉ်း အရမ်းရှည်နေတာလည်း မကောင်းပါဘူး
လောကသဘာဝအရ ကောင်းသူဆိုးသူ ဒွန်တွဲနေတာမို့ သင့်တင့်တဲ့ ယုံကြည်မှုမျဉ်းထားရှိနိုင်စေဖို့ ရည်ရွယ်ရင်း.....
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
Monday, November 2, 2020
ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...