သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Thursday, December 17, 2020

အလက်ဇန္ဒားဖလင်းမင်း Alexander Fleming



ဒီကနေ့ခေတ် ကပ်ရောဂါကြောင့် နိုင်ငံကြီးတစ်ချို့ ဆေးကုမ္မဏီအချို့ သူ့ထက်ငါအပြိုင်အဆိုင် ကာကွယ်‌ေဆးရဖို့ကျိုးစားကြသလို ဈေးကွက်ရဖို့ အလုအယက်လောဘတက်နေတာမြင်ရတော့  တစ်ချိန်က ဆေးပညာတွေ့ရှိမှုကြောင့် ဘီလီယံနာတစ်ယောက်ဖြစ်သွားနိုင်ပေမယ့် အဲ့ဒီ‌တွေ့ရှိမှုကို တစ်ကိုယ်စာလောဘမတက်ဘဲ အများပြည်သူ အလွယ်တကူ အသုံးပြုနိုင်ဖို့ ချပြလှူဒါန်းခဲ့သူတစ်ယောက်ကို သတိရမိတယ် အသုံးပြုကြပါ ပိုကောင်းမွန်လာအောင်လည်း ကြံဆကြပါလို့လည်းဆိုတယ်

သူကတော့
အလက်ဇန်းဒါး ဖလင်းမင်း Alexander Fleming

တစ်နေ့မှာ သူအမှတ်တမဲ့ထားခဲ့တဲ့ ပေါင်မုန့်မှာတက်နေတဲ့ မှိုကိုသတိပြုမိသွားပြီး ဆက်လက်လေ့လာရာမှထိုမှိုသည်ဘတ်တီးရီးယားကိုသတ်နိုင်တဲ့ ပနဆလီယမ်နိုတေတမ်အမျိုးအစားဖြစ်ကြောင်းတွေ့ရှိခဲ့တယ်

(သူ့ကို သိပ်အထင်မကြီးစေဖို့ ဖော့ပြောတာလည်းဖြစ်နိုင်ပါတယ်)

ယင်းနောက်ပညာရှင်များဆက်လက်သုတေသနလုပ်ကြရာမှယနေ့ခေတ်ပနဆလင်ဖြစ်လာခဲ့ပါတယ်

သူ့ဘဝ
.......
သူ့ရဲ့ဘဝကလည်း စိတ်ဝင်စားဖို့ကောင်းတယ် စိတ်ကောင်းစေတနာကောင်းက သူ့ဘဝကို ပြဒါန်းနေတယ်လို့လည်း ဆိုနိုင်တယ်

တစ်နေ့သောအခါမှာ စကော့တလန်  မှခြံစိုက်သမားတစ်ဦးဟာ ရွှံ့ဗွက်အိုင်မှာနစ်မြုပ်နေတဲ့ ကလေးငယ်လေးကို ကယ်ဆယ်ခဲ့တယ်

နောက်တစ်နေ့မနက်တွင် ခြံစိုက်သမားအိမ်ရှေ့သို့ အမျိုးကောင်းမြင်းတွေတပ်ဆင်ထားသော ရထားတစ်စီးဆိုက်ရောက်လာပြီး ၀တ်ကောင်းစားလှ၀တ်ဆင်ထားသော လူကြီးတစ်ယောက် ရောက်ရှိလာတယ် သူ့နာမည်ကတော့ ရမ်းဒေါ့ဖ်ချာချီ (Randolf Chuechil)

ခြံစိုက်သမားကိုတွေ့သောအခါ
“မနေ့ကသူ့သားကို ကယ်ခဲ့တာ ဒီကမိတ်ဆွေလားခင်ဗျာ”
“ဟုတ်ပါတယ် ကျွန်တော်ပါ”
ကျေးဇူးတင်သည့်အလျောက် ငွေကြေးထောက်ပံ့ပါရစေလို့ ကမ်းလှမ်းတယ် သူကလက်မခံပါဘူး အသက်တစ်ချောင်းမို့ ကယ်သင့်လို့ ကယ်တာသာဖြစ်ကြောင်း အကျိုးတစ်စုံတရာမမျှော်လင့်ကြောင်းဆိုတယ်

အဲ့ဒီအချိန်မှာ အနီးက ကလေးငယ်ကို သတိပြုမိပြီး ဒါခင်ဗျားသားလား သူ့ကို လန်ဒန်ခေါ်သွားပြီး ပညာတတ်တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခွင့်ပေးပါလို့ ခွင့်တောင်းလာတယ် ခြံသမားကြီးက သဘောထူလိုက်တယ်

အဲ့ဒီကလေးငယ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်လာရုံသာမကပင်နီစလင် ကိုပထမဆုံးတွေ့ရှိသူအဖြစ် သူနာမည်က ကမ္ဘာကျော်သွားခဲ့ပါတယ်

သူ့နာမည်က အလက်ဇန်းဒါး ဖလင်းမင်း Alexander Fleming
မွေးဖွားနှစ် ၁၈၈၁ အယ်ရ်မြို့  စကော့တလန်
ပနဆလင်တွေ့ရှိနှစ် ၁၉၂၉
နေရာ စိန့်မေရီဆေးရုံ ပယ်ဒင်တန်မြို့
ပထမဆုံးပနဆလင်သုံးကုသမှု ၂၀.၂.၁၉၄၁
အရပ်သားများစတင်အသုံးပြုမှု ၁၉၄၄
ဆာဘွဲ့ရနှစ် ၁၉၄၄
နိုဘယ်ဆုရနှစ် ၁၉၄၅
သေဆုံးနှစ် ၁၉၅၅(နှလုံးသွေးကြောပိတ်)

စစ်မဖြစ်ခင်လေးမှာ လန်ဒန်ကဆေးရုံကြီးတစ်ခုကို အဆုတ်အအေးမိတဲ့ရောဂါနဲ့ လူတစ်ယောက်ရောက်လာပါတယ် အဲ့ဒီတစ်ယောက်က စောစောကသူဌေးကြီးရဲ့သား။သူ့နာမည်က ၀င်စတန်ချာချီ (နောင် ဗြိတိသျှ၀န်ကြီးချုပ်ဖြစ်လာမည့်သူ)။ သူ့အသက်ကို ကယ်လိုက်တာကလည်း အလက်ဇန်းဒါးဖလင်းမင်းပါ

လူတစ်ယောက်တည်းရဲ့အသက်ကို သားအဖနှစ်ယောက်က ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလို့ ဆိုနိုင်သလို ဒီစိတ်ကောင်းစေတနာကောင်းရှိကြောင့်လည်း ဒီကနေ့ထက်တိုင် သူတို့ရဲ့အမည်က တွင်ကျန်နေတာလည်း ဖြစ်ပါတယ်

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ် လုပ်ငန်း


Friday, December 11, 2020

မန္တ​လေးမြို့တည်နန်းတည်နှစ်၁၅၀ပြည့် အနုပညာပုံရိပ်ပွဲ​တော် အစအဆုံး

 လူရွှင်​တော် ထင်​ပေါ် ကျော်ကြား တက်တိုး

မင်းသမီး ပန်တျာ​ဌေး​ဌေးမြင့်

အငြိမ့်နှစ်သက်သူဆိုရင့်​တော့ ကြည့်သင့်တတယ် မန်းဆန်နန်းဟန်အပြည့်မို့ပါ


 

Wednesday, December 9, 2020

ချစ်ဖူးသူများ


တည်ငြိမ်လှချည်လားတဲ့....


မောင့်အပူ​ပွေသူပါရှင် ဆိုပြီး 

ဆွေး​ဆွေး​မြေ့​မြေ့ သီဆိုတတ်တဲ့ #မေရှင် ကို 

အဲ့ဒီတစ်​ကြောင်းတည်းနဲ့ သိပ်ချစ်ခဲ့ဖူးသူပါ


လှည်းတန်းက တအီ...အီ ဆိုပြီး သံရှည်စွဲလို့

အလွမ်းသံနဲ့ တောသဘာဝ​တောအလှ ခံစား​စေခဲ့တဲ့

#ခင်အုန်းမြင့်လေး ကိုလည်း ချစ်တာပဲ


အ​တွေးစိတ်ကူး ထက်သန်ပြီး

တွေး​တွေးဆဆ ယဥ်ယဥ်​ကျော့​ကျော့နဲ့

#တက္ကသိုလ်ဘုန်းနိုင် ရဲ့ ခိုင် ကိုလည်း သိပ်ချစ်ခဲ့ဖူးပါတယ်


ခြေဖဝါးတစ်ခု အ​ကြောင်းပြုလို ကာလရှည်ကြာ ကျိုးစားသူ့တစ်​ယောက်ရဲ့ 

နောက်ဆုံး​​ခြေဖဝါးဟာ ဦးညွှတ်ဖို့ ဘယ်​လောက် ထိုက်တန်သလဲဆိုပြီး

လမ်းညွှန်ပြတဲ့ #နန္ဒသိန်းဇံ ကိုလည်း သိပ်ချစ်ဖူးတာ​ပေါ့


တမူထူးတဲ့ အ​တွေးစိတ်ကူးနဲ့

အတိတ်ကမ္ဘာသို့လှည့် အနန္တသူရိယနဲ့ တွေ့ဆုံစကားဆိုခဲ့တဲ့ 

#ချစ်ဦးညို ကိုလည်း ချစ်ခဲ့ဖူးသူပါ


ချောင်းရေယာဥ်ရှံပါလို့ လမ်းမသိပါဘူးတဲ့လား

ဇာတ်သဘာဝ ကန့်လကာကို ဖွင့်ပြခဲ့တဲ့

#နန္ဒာစိုး(ဆင်ဖြူကျွန်း) ကိုလည်း ချစ်ဖူးခဲ့တာပဲ


အချိတ်အဆက် ကွင်းဆက်မပြတ် မျက်နှာ​လေယူ ဟန်မူအ​နေအထားနဲ့ 

အငြိမ့်ဆိုတာ ဟာသပညာဆိုတာရဲ့ အနှစ်သာရကို သူ့ကြည့်ဖူးမှ ခံစားရတာလို့

အ​တွေး​ရောက်​စေခဲ့တဲ့ #ထင်ပေါ်ကျော်ကြားတက်တိုး အတွဲလည်း ချစ်တာပဲ


လေး​လေးတွဲ့တွဲ့ နွဲ့နွဲ့​ပြောင်း​ပြောင်း အကအလှနဲ့

စည်မျက်နှာကဲ့သို့  ညီညာပါ​လေသကိုတဲ့ မန္တ​လာရဲ့အလှကို သာယာသီ​ကြွေးပြီး 

စွဲယူဖမ်းစားခဲ့တဲ့ #ပန်တျာဌေးဌေးမြင့် ကိုလည်း သိပ်ချစ်​ပေါ့


အသက်မကြီး​သေးပါ​မောင်ရယ် ထန်းရွက်ပုတီး​လေး 

ဆွဲချင်ပါ​သေးတယ်လို့ ရွှေစာရံဘုရားပွဲသွား

သံစဥ်​လေးအတွက် #စိန်တင်ဟန် ဆိုတဲ့ ဆိုင်းဆရာကြီးလည်း ချစ်တာပဲ


ကိုယ့်အ​တွေး​တွေမှာလည်း ကြင်နာသူ​လေးစိုးမိုးစဥ်

ဆိုပြီး ဆွေး​ဆွေး​မြေ့​မြေ့ တမ်းတမ်းတတ ဆိုတတ်တဲ့

#စည်သူလွင် ရဲ့ အ​တွေးထဲက ကောင်းမ​လေးကိုလည်း သိပ်ခဲ့ဖူးတာ


ဒီ​လောက်အထိချစ်တတ်တာ ငြိမ်တာဖြစ်နိုင်ပါမလား

လှုပ်လို့အားရလို့ အနည်ထိုင်တာပါဆို​တော့

သူက ပြုံးတယ်...


တကယ်​တော့ ကျွန်​တော်က ချစ်တတ်သူပါ...


#သန်းထွန်းလေး (အင်းတဲရွာ)

#အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Tuesday, December 8, 2020

ပျော်ရွှင်ခြင်း ပျော်ရွှင်နိုင်ခြင်း


ကိုယ်ဝါသနာအရ​သော်၄င်း အ​​ခြေအ​နေအရ​သော်၄င်း ရွေးချယ်ပြီးသား အသက်​မွေးဝမ်း​ကြောင်းပြုရာ အလုပ်ကို ဝတ်​ကျေတန်း​ကျေမျိုးမဟုတ်ဘဲ လေး​လေးစားစား ကျိုးကျိုးစားစား လုပ်သူ​တွေကို အင်မတန်သ​ဘောကျတယ်ဗျ


အချို့ရှိတတ်တယ်ဗျ လုပ်သာလုပ်​နေရတယ် စိတ်မပါတာမျိုး ငါ့အလုပ်က တက်လမ်းမရှိဘူး ဘာဖြစ်ညာဖြစ်တယ် ပြောသံကြားရင် သူ့အတွက် စိတ်မ​ကောင်းဖြစ်မိတယ် 


အမှန်​တော့ သူနဲ့နီးစပ်ရာ အသိုင်းအဝိုင်းမှာ အဲ့ဒီလုပ်ငန်းနဲ့ပဲ ထွန်း​ပေါက်​အောင် ပြုလုပ်နိုင်သူမရှိ​သေးလို့ အားကျစရာ နည်းယူစရာ ပုဂ္ဂိုလ်မ​တွေ့လို့ပါ ကိုယ်ကိုယ်တိုင် လမ်းသစ်​ဖောက်ဖို့ကလည်း လုံ​လောက်တဲ့ စိတ်ခံယူချက် မရှိ​သေးလို့ပါ


ဒီ​တော့ ကိုယ့်လက်ထဲက အရာထက် တစ်စွန်းတစ်စသာမြင်ရတဲ့ အခြားသူလက်တွင်းကအရာကို ပို​ကောင်းလိမ့်မယ့်လို့ ယူဆလာကြ​တာ​ပေါ့


တကယ်​တော့  

ပညာရှင်ကလည်း ပညာရှင်အ​လျှောက် 

အောင်မြင်သူကလည်း အောင်မြင်သူအ​လျှောက် 

ချမ်းသာသူကလည်း ချမ်းသာသူအ​လျှောက်  

အားလုံး ကိုယ့်အထွာနဲ့ကိုယ် ကျိုးစား​နေကြရတာ ရုန်းကန်​နေကြရတာ သတိမထာမိကြဘူးလို့ ထင်တယ်


ဒါ​ကြောင့် ကိုယ်​လျှောက်လှမ်းရာ အလုပ်ကို လေး​လေးစားစား ကျိုးကျိုးစားစားလုပ်သူ​တွေကို တကယ့်ကို သ​ဘောကျမိပါတယ် 


သူတို့ကမှ တကယ့်​ပျော်ရွှင်နိုင်သူ​တွေမဟုတ်လား...


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Sunday, December 6, 2020

အတင်းအဖျင်း

တွဲသုံးတာများပေမယ့် ပုဒ်တစ်ခုခြင်းစီမှာ ခြားနားတဲ့အဓိပ္ပါယ်တွေရှိပါတယ် သာမန်အားဖြင့် တူညီသယောင်ရှိပေမယ့် စိတ်အခြေခံကတော့ သိပ်ကို ကွာခြားလွန်းပါတယ်

အတင်းဆိုတာက ရှင်းပါတယ် မကျေနပ်မှု ဒေါသလေး အခြေခံပြီး နောက်ကွယ်မှာ ဝေဖန်အပြစ်တင်နေတာမျိုးပါ

စပါးနှံ​တွေမှာ အစံမပါတဲ့ စပါး​စေ့​တွေကို သိမ်တယ် ဖျင်းတယ် အဖျင်းလို့ ခေါ်တာပါ

အနှစ်မပါ ပေါ့ပျက်ပျက်နဲ့ အကျိုးလဒ်မရှိပဲ  မောဟ အခြေခံ နှုတ်ကလွှတ် ထွက်ကျလာတာမျိုးကို သိမ်ဖျင်းတဲ့ စကားကို့ ခေါ်ပါတယ်

ဖြစ်ဖူးကြမှာပါ ကိုယ်ကတော့ ဘာမှရည်ရွယ်ပြီး ပြောလိုက်တာမဟုတ်ပေမယ့် တစ်ဖက်လူက ငြိုငြင်သွားတာမျိုးတွေ 

လောကမှာ နှုတ်တစ်ခုကြောင့် ရှုပ်ထွေးနေတာ များပါတယ် 

မြတ်ဗုဒ္ဓရဲ့ အရည်အချင်းတစ်ရပ်ဖြစ်တဲ့ သုဂတော ဆိုတဲ့ ဟုတ်မှန်၍ အကျိုးရှိသော စကားကိုသာ ဆိုတတ်တော်မူသော ဆိုတဲ့ ဂုဏ်တော်ကို နှလုံးသွင်းကြည်ညိုရင်း

ထိမ်းဖို့ခက်တဲ့ နှုတ်ကို သတိလေးကပ်ပြီး ထိမ်းသိမ်းကျဖို့ တိုက်တွန်းရင်...

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Monday, November 23, 2020

ဖိတ်​ခေါ်ပါသည်

ရေးဆို သန်းမြတ်စိုး (ကို​ထွေး)
တီး နိုင်လင်းထွန်း

 

ဟိုမိုက​ရေစီ

ကျွန်​တော်ရဲ့ ပုဂ္ဂလအယူအဆအရဆိုရင် ဒီမိုကရေစီဆိုတဲ့ စနစ်ကို သိပ်ကြိုက်လှတယ်မဟုတ်ဘူး သူ့မှာ အုပ်ချုပ်သူအသိုင်းအဝိုင်းကို အများသ​​ဘောနဲ့အညီ ရွေး​ကောက်တင်​မြှောက်တာပဲ ဘာမကြိုက်စရာရှိလဲလို့ မေးစရာရှိတယ် 

အများသ​ဘောဆိုတဲ့ အဓိပ္ပါယ်ကို သိပ်မကြိုက်လှတာပါ လောကမှာ ပညာရှိသူနဲ့ မရှိသူ ဘယ်ကပိုများမယ်ထင်လဲ  အများသ​ဘောကျနှစ်သက်တယ်ဆိုတိုင်း​ရော အမှန်ဖြစ်နိုင်ပါ့မလား 

ဟစ်တလာကို ဘယ်လိုထင်လဲ သူကအာဏာသိမ်းပြီး​ ခေါင်း​ဆောင်ဖြစ်လာတာ မဟုတ်ဘူး​နော် အများသ​​ဘောနဲ့အညီ ရွေး​ကောက်တင်​မြှောက်ခံရသူပါ

မ​ရွေး​ကောက်ခင်မှာလည်း နှုတ်အားဖြင့် ကတိကဝတ်​တွေ မြှောက်လုံး​တွေ ဟောက်လုံး​တွေ ခြောက်လုံး​တွေ စုံလို့​ပေါ့ တနည်းအားဖြင့် ရွေး​ကောက်ခံသူက လေနဲ့အရင်ယှဥ်ပြိုင်ကြတယ်

နှုတ်​ရေးကြွယ်သူက အ​လေးသာတာများပါတယ်  ဒါ​ကြောင့်ပဲ သိပ်မကြိုက်လှတာပါ ကာလကြိုက်စကားလုံး​တွေ ရေရွတ်​နေယုံနဲ့ နိုင်ငံ့အ​ရေးအ​လေး​ပေးတယ်လို့ မုချသတ်မှတ်​တော့မှာလား ဒီမိုဒီမိုနဲ့​ပေါ့ ကျွန်​တော်က​တော့ ဟိုမိုကို ပိုကြိုက်တယ်တယ်ဆိုခဲ့ရင်​ကော 

ပြီး​တော့ ကျွန်​တော်ရဲ့ အ​ရှေ့တိုင်းနိုင်ငံ​တွေမှာ ဒီမိုကရေစီရဲ့ စံနဲ့သိပ်မကိုက်တဲ့ အယူအဆတစ်ခု စွဲ​နေတာရှိတယ် ဟီးရိုးဝါဒပါ သူရဲ​ကောင်းမျှော်တာ ပုဂ္ဂိုလ်ချစ်ဝါဒမျိုးလို့ဆိုနိုင်မယ်ထင်တယ် သူ​ပြောသမျှလုပ်တယ် သူ​ပြောမှသ​ဘောကျတယ် ဒီ​တော့ အရာအားလုံး သူပဲဆုံးဖြတ်​ပေး​နေရတယ် ဒါကိုက ဧကရာဇ်စနစ်ရဲ့ ပင်မအယူအဆပါ 

ကိုယ်နှစ်သက်တဲ့ ကြိုက်တဲ့ သ​ဘောကျတဲ့သူ​တွေဆိုရင် တရားလွန်​မြှောက်ပင့်တာမျိုး ဒါဟာအပြုခံ ပုဂ္ဂိုလ်အတွက်လည်း ကောင်းလှတယ်မဟုတ်ဘူး အဖျက်အ​မှောင့် ပြုချင်သူ​တွေအတွက် ပစ်မှတ်ဖြစ်သွားပြီး ကျော်လွှားနိုင်ရင် အ​ကောင်းဆုံးဖြစ်နိုင်​ပေမယ့် အ​ကြောင်း​ကြောင်း​ကြောင့် အဖျက်အ​မှောင့်သမား​တွေရဲ့ လုပ်ရပ်အောင်မြင်သွားရင် လွယ်လွယ်ကူကူ ပျိုကွဲသွားတတ်တယ်

ဥပမာ
အ​နော်ရထာရဲ့​ခေတ်မှာ ကျော်လွှားနိုင်ခဲ့တယ်လို့ထင်တယ် ဒါ​ကြောင့်ပဲ ပထမမြန်မာနိုင်ငံဆိုပြီး စတင်ဖြစ်​ပေါ်လာတယ်လို့လည်း ယူဆမိတယ် ပြီး​တော့ ဘုရင့်​နောင် အ​လောင်းဘုရားစသည်ဖြင့်​ပေါ့

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနဲ့ ရှင်သန်လှုပ်ရှား​နေချိန် မြန်မာ့နိုင်ငံ​ရေးအခင်းအကျင်းကိုလည်း လေ့လာကြည့်ပါ ပထမ​ကျော်လွှားနိုင်လို့ တစ်နိုင်ငံလုံးက တိုင်းရင်းသား​တွေစုစည်းပြီး လွတ်လပ်​ရေးရဖို့ လမ်းစဥ်ချနိုင်ခဲ့တယ် နောက်လုပ်ကြံခံရ​တော့ ပျိုကွဲ​တော့တာပဲ

ပြီး​နောက်​တော့ ဘုန်း​တော်ဘွဲ့​တွေ အစားထိုးမရတဲ့ တေးချင်း​တွေ အပြိုင်အဆိုင် ဟစ်ကြွေးရင်း​ပေါ့  
အစားထိုးဖို့ကို မကျိုးစားတာ သာလွန်တဲ့သူကို မွေးမထုတ်နိုင်တာမျိုးဆိုရင် နေခဲ့​ပေအုံး​ရော့လို့ပဲ ဆိုရမယ်ထင်တယ်

ကျွန်​တော်အလိုအရဆိုရင် အား​ကောင်းခဲ့ဖူးတဲ့ ပ​ဒေသရာဇ်ဖြစ်​စေ ဧကရာဇ်ဖြစ်​စေ  စစ်အုပ်ချုပ်မှုဖြစ်​စေ ဒီမိုကရေစီဖြစ်​စေ ဟိုမိုက​ရေစီဖြစ်​စေ ဘယ်အုပ်ချုပ်​ရေးစနစ်မှ မုချ​ကောင်းတယ် မ​ကောင်းဘူးလို့ ဆိုနိုင်မယ်မထင်ဘူး ချို့ယွင်းချက်လည်းရှိသလို အားသာချက်လည်း ရှိပါမှာပဲ

အဲ့ဒီစနစ်ကို လိုက်နာ​ဆောင်ရွက်သူ​တွေ အ​ပေါ်မှာပဲ မူတည်လိမ့်မယ်လို့ထင်တယ်

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း

Sunday, November 15, 2020

ပဋိသန္ဓေကျိုး နှင့် ပဝတ္တိကျိုး

ဘဝတိုင်းကို ပဋိသန္ဓေက​နေ အစပြုပါတယ် 

ရှည်ကြာတာတာ တို​တောင်းတာ​တော့ ကွာတာ​ပေါ့


လက်ရှိဘဝက​နေ စုတေပြီး တဖန်ဘဝမဖြစ်မီ ကြားကာလဆိုတာ မရှိပါဘူး စု​တေစိတ်ပြီး ပဋိသန္ဓေစိတ် ချက်ချင်း​ပေါ်ပါတယ် ဒီဘဝ​သေပြီး တဖန်ဖြစ်မယ့်ဘဝဘဝမှာ ချက်ချင်း ပဋိသန္ဓေယူတယ်


 ၇ရက် မကျွတ်ဘူး ဘာညာဆိုတာ ဗုဒ္ဓဘာသာ အယူအဆမဟုတ်ပါဘူး ကိုယ်ထင်ရှားပြတယ် ချောက်တယ်လှန့်တယ်ဆိုတာ အဲ့ဒီလို ပြုလုပ်နိုင်တဲ့ ဘဝတစ်ခုခု ဥပမာ တ​စ္ဆေ ပြိတ္တာ ဆိုတဲ့ဘဝမှာ ဖြစ်​နေတာမျိုးပါ


ပဋိသန္ဓေကျိုး ဆိုတာက​တော့ ကိုယ်ပြုခဲ့ ပြုစဲ အား​လျော်စွာ ဖြစ်​ပေါ်လာတဲ့ကံ​ကြောင့် ဘဝတစ်ခု သ​​န္ဓေယူ​စေတာမျိုး​ပေါ့


ပဋိသန္ဓေကျိုးအား​ကောင်းရင် သုဂတိဘုံ​တွေဖြစ်တဲ့ နတ် လူ ဗြဟ္မာ စသည့်ဘုံ​တွေမှာ ဖြစ်စေတတ်တယ် အားနည်းရင်​တော့ ဒုက္ခတိဘုံတွေဖြစ်တဲ့ ငရဲ တိရိစ္ဆာန် ပြိတ္တာ စသည်တို့မှာ ဖြစ်စေတတ်တယ်


ပဝတ္တိကျိုးဆိုတာက​တော့ ဘဝဖြစ်ပြီး ဆက်လက်အကျိုး​ပေးတဲ့ ကံမျိုးပါ


ဥပမာ

သင်ဟာ ပဋိသန္ဓေကျိုးလည်း​ ကောင်းမယ် ပဝတ္တိကျိုးလည်း ကောင်းမယ်ဆိုရင်

ပဋိသန္ဓေကျိုး​ကောင်းတဲ့အတွက် လူလည်းဖြစ်မယ် ပဝတ္တိကျိုးကောင်းတဲ့အတွက် လူထဲမှာ​တောင် ကောင်းမွန်တဲ့ မိသားစုအသိုင်းအဝိုင်း ငွေ​ကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာ ဖြစ်ခွင့်ရမှာပါ


အဲ ပဋိသန္ဓေကျိုး​ကောင်းလို့ အဲ့ဒီမှာ​တော့ဖြစ်ပါရဲ့ ပဝတ္တိကျိုးမ​ကောင်းလို့ စွန့်ပစ်ခံရတာတို့ သူ့​မွေးပြီးမှ ဆင်းရဲသွားတာမျိုးလည်း ဖြစ်တတ်တာ​ပေါ့


နတ် ဗြဟ္မာလည်းထိုနည်း၄င်း​ပေါ့ ပဝတ္တိကျိုးကောင်းရင် ပိုပြီး ကိုယ်​ရောင်ကိုယ်ဝါ​တောက်ပတာမျိုး ပိုပြီး အစွမ်းတန်ခိုး ကြီးမြင့်တာမျိုး ဖြစ်​စေတာမျိုး​ပါ


ပဋိသန္ဓေကျိုး ကောင်းလို့ လူဖြစ်ရ​ပေမယ့် ပဝတ္တိကျိုးမ​ကောင်းလို့ မပြည့်စုံတဲ့ ဆင်းရဲတဲ့ ဘဝကိုလည်း ခံစားရနိုင်ပါတယ်


ပဋိသန္ဓေကျိုး မ​ကောင်းလို့ တိရိစ္ဆာန်ဖြစ်တဲ့ ခွေးဘဝကို ပိုင်ဆိုင်ရ​ပေမယ့် ပဝတ္တိကျိုးက ကောင်း​တော့ လူချမ်းသာ​တွေအိမ်မှာ ခွေချစ်တတ်သူ​တွေဲ့အိမ်မှာ ဖြစ်ခွင့်ရပြီး ရေချိုး​ပေးမယ့်သူနဲ့ စားတာ​တောင် အသားပြုတ်နဲ့ သွား​တော့လည်း အ​ကောင်းစားကားနဲ့ ဒီလိုမျိုး​ခွေး​တွေ တွေဖူးမယ်ထင်တယ်


 ပဝတ္တိကျိုးပါ မ​ကောင်းတဲ့​ခွေးကြ​တော့လည်း အဲ့ဒီအိမ်မှာ​မွေးဖွားခဲ့​​စေအုံး စွန့်ပစ်ခံရတာတို့ လမ်း​ဘေးမှာ ဟိုလူက ခဲနဲ့ထုလိုက် ဒီလူက ခဲနဲ့ထုလိုက်တို့ပေါ့


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Tuesday, November 10, 2020

မေတ္တာလက်​ဆောင် (၄) ကျောက်သင်ပုန်း


ငယ်မိုး မှ

အားလုံးကြုံဖူးကြမယ်ထင်တယ်
ကိုယ်အရမ်းလိုချင်​နေတဲ့အရာတခုကို ရရှိချိန် ကြည်နူးရတဲ့ အခိုက်အတန့်မျိုး

ကျွန်တော်က ဘယ်အရာမှ  ရခါမှရ​ရော​ သိပ်ပြီးလိုချင်လှတယ်ရယ်လို့ ရှိခဲ့တာမျိုးမဟုတ်ပါဘူး အရာအားလုံးလို့ဆိုနိုင်တယ် ဒါ​ပေမယ့် ကျောက်သင်ပုန်းကလွဲလို့​ပေါ့

ဒီအရာကို လိုချင်​တောင်းတ​နေတာ သုံး​လေးနှစ်ဝန်းကျင်ကတည်းကဆိုပါ​တော့ ရှားပါပစ္စည်းတစ်ခုဖြစ်တာ​ကြောင့် နေရာ​ဒေသတိုင်းမှာ ဝယ်လို့ရနိုင်တာမျိုးမဟုတ်ပါဘူး 

ကျောက်သင်ပုန်းထွက်ရှိရာအရပ်မှာ မိတ်​ဆွေအချို့ရှိ​ပေမယ့် အ​ကြောင်း​ကြောင်း​​ကြောင့် မမှာဖြစ်ဘူး ကိုယ်ရဲ့ဆန္ဒက အခြားလူအ​ပေါ် ဝန်မဖြစ်​စေလိုတာလည်း ပါတာ​ပေါ့

ဒါ​ပေမယ့် တစ်ရက်မှာ သူဖုန်းဆက်လာတယ် ကျောက်သင်ပုန်း ဝယ်​ပေးမယ်ဆိုတာ ကိုယ့်ရဲ့နှစ်ရှည်လများ ဆန္ဒတစ်ခု အမှတ်မထင်ပြည့်စုံရတဲ့ အခိုက်အတန့်ရဲ့ ဝမ်းသာပီတိဟာ ပြောပြဖို့လွယ်မယ်ထင်ဘူး သိပ်ကြည်နူးရသလို သိပ်ဝမ်းသာရ​တယ်​ သိပ်​ကျေးဇူးတင်ပါတယ်လို့သာ ပြောခဲ့​ပေမယ့် ဒီစကား​တွေက ကိုယ့်ဆန္ဒပြည့်ဝမှုကို ၄ပုံ၁ပုံ​လောက်​တောင် ပုံ​ဖော်နိုင်စွမ်းမရှိပါဘူး အဲ့ဒီထက်ပိုပါတယ်

နှစ်ချပ်ရ​တော့ ပိုပြီး​တောင် သ​ဘောကျမိတယ် တစ်ချပ်ကို အလုပ်မှာအမှတ်တရချိတ်ထားတယ် နောက်တစ်ချပ်က ရွာကအိမ်မှာ​ ကျောက်သင်ပုန်းဆိုတာ ဒါပဲကွလို့ နောက်မျိုးဆက်ကို ပြရင်း​ပေါ့

အမှန်​တော့ ကျွန်​တော်​ကျောက်သင်ပုန်း လိုချင်​ကြောင်း ဘယ်သူ့ကိုမှမ​ပြောဖူးဘူးလို့ထင်တယ် သူ့ကိုတစ်ခါမှမ​ပြေားဖူးသလို ဘယ်ကဘယ်လို သူသိ​နေလဲဆိုတာ မစဥ်းစားတတ်​အောင်ပဲ အဲ့ဒီအချိန် သူဖုန်းဆက်တုံးက သူ့ဖုန်းနံပါတ်တောင် ကျွန်​တော့်မှာ ရှိ​နေတာမျိုးမဟုတ်ဘူး အမှတ်မထင်မှ လုံးဝကို အမှတ်မထင်လို့ ဆိုရမှာဘဲ

ကျွန်​တော်တို့ မိတ်​​ဆွေသူငယ်ချင်းအဖြစ် ပေါင်းသင်းချိန်က ၂နှစ်၃နှစ်ဝန်းကျင်ထက် ပိုခဲ့လိမ့်မယ်မထင်ဘူး နောက်​တော့ သူလည်း သူ့အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြား သွား​ရောက်ကတည်းက အဆက်အသွယ်မရှိ​တော့တာ 

သူငယ်ချင်းတွေဆိုတာ အချိန်ကာလနဲ့ ပိုင်းခြားလို့ ဆုံးဖြတ်လို့ရမယ်မထင်ပါဘူး 
ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးနဲ့ ရင်းနှီးရတာ အ​ကောင်းဆုံးလို့ထင်တယ်

ဒါက ကျွန်​တော်အလိုချင်ဆုံး​ မေတ္တာလက်​ဆောင်ပါဘဲ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Monday, November 9, 2020

မေတ္တာလက်​ဆောင် (၃) ဒေါက်တာနန္ဒမာလာဘိဝံသ ၏ အဂ္ဂညသုတ္တန်


(ကမ္ဘာဖြစ်တည်ခြင်းအ​ကြောင်း)
ခြေနင်း​ခေါင်းဆင်းအစ်ကိုရင်းမှ


အ​စောက​ပြောခဲ့သလိုပဲ ကျွန်​တော်က အသိုင်းအဝိုင်းနဲ့ ပတ်သက်ရင် ကံ​ကောင်းတယ် မိတ်​ဆွေသူငယ်ချင်း  လုပ်ငန်းခွင် ပတ်ဝန်းကျင် မိသားစု အားလုံးပဲဆိုပါ​တော့


အရွယ်​ရောက်​တော့ မိသားစုရဲ့ အရိပ်မှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ထိန်း​ကျောင်းကြီးပြင်းလာရ​ပေမယ့် မိသားစုက လျှောက်ရမယ့်လမ်းနဲ့ လျှောက်ရမယ့်ပုံစံကို လမ်းပြတာပါ အထူးသဖြင့် ခြေနင်း​ခေါင်းဆင်းအစ်ကိုရင်းပေါ့


တစ်နှစ်​သော​နွေတစ်​နွေ အိမ်အပြန်မှာ သူက ကျွန်​တော်ဖုန်းထဲကို ပါ​မောက္ခချုပ်ဆရာ​တော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားထားတဲ့ အဂ္ဂညသုတ္တန် (ကမ္ဘာဖြစ်တည်ခြင်းအ​ကြောင်း ) တရားတစ်ပုဒ်ထည့်​ပေးလိုက်တယ် မင်းနာဖြစ်​အောင်နာလိုက်လို့လည်း မှာလိုက်တယ်


 နောင်ပိုင်းမှာသိရတာက သူ့ကိုလည်း တာကြီးကို (အောင်နိုင်မိုး) က ထည့်​ပေးတာလို့​သိရတယ်

 ကျေးဇူးတင်ပါတယ် တာကြီးကို


အမှန်က အဲ့ဒီအချိန်က ကျွန်​တော် တရား​ဒေသနာ​တော်​တွေ နာ​နေပြီဆို​ပေမယ့် စွဲစွဲမြဲမြဲနာဖြစ်တာက ကြာနီကန်ဆရာ​တော် ဦးဇဋိလ ရဲ့ တရား​တော်​တွေပါ သီတဂူဆရာ​တော် ရဲ့ တရား​တော်​တွေလည်း နာ​ဖြစ်တယ်ဆို​ပေမယ့် အ​စောပိုင်း ပါဠိပါတ်သား​တွေ ပြည့်ပြည့်စုံစုံ ကြွယ်ကြွယ်ဝဝနဲ့ ဟော​ကြားထားတဲ့ ရှည်လျှားတဲ့ တရား​တွေမဟုတ်ဘဲ နောက်ပိုင်းမှာ​ဟောကြားတဲ့ သိပ်လည်းအချိန်မကြာ ဒေသန္တရ ဗဟုသုတ​တွေကို အ​ခြေပြု​ဟောကြားထားတာ​တွေကိုပဲ နာဖြစ်တာပါ ပါ​မောက္ခချုပ်ဆရာ​တော် တရားအချို့ နာဖူး​​ပေမယ့် နာမလည်လို့ကို မနာဖြစ်တာ အနှစ်သာရထက် ထူးထူးဆန်းဆန်းလေး​တွေကိုမှ ပိုနှစ်သက်တတ်ချိန်လို့ ဆိုရမှာ​ပေါ့ 


ကျွန်​တော့်လိုအပ်ချက် စိတ်ဝင်စားရာကို သူက​ကောင်း​ကောင်းသိပါတယ် အဲ့ဒါ​ကြောင့်ပဲ ထည့်​ပေးလိုက်တာ​နေမှာ သူ့ရဲ့စကားကို နာခံလိုလို့နာကြားခဲ့ပါတယ် ဒီအခါမှ ကျွန်​တော်သိခဲ့ရတာပါ ပါ​မောက္ခချုပ်ဆရာ​တော် ရဲ့ တရား​တော်​တွေရဲ့ အနှစ်သာရကို ဆရာ​တော်ရဲ့ ဒေသနာ​တော် ၁၉၀၀ ကျော်ပါတဲ့ စတစ် တစ်ခုဝယ်ထားဖြစ်လိုက်တဲ့အထိ​ပေါ့


ကျွန်​တော်ဘဝရဲ့ ကောင်းမွန်တဲ့ လူမှု​ရေး စီးပွား​ရေးတိုင်းဟာ သူရဲ့ လမ်းပြတည့်မတ်မှု​ကြောင့်ပါ ကိုယ့်စိတ်ကူး ကိုယ့်အသိနဲ့သာဆိုရင် ဒီက​နေ့ ဒီအ​ခြေအ​နေမျိုးဖြစ်​နေဖို့ သိပ်မ​ရေရာပါဘူး


သူ့ရဲ့လက်​ဆောင်က ကျွန်​တော်အတွက် အ​ရေးပါသလို

သူလိုလူမျိုးနဲ့ အသိုက်အဝန်းတစ်ထဲမှာ ပေါက်ဖွားရတာကိုက

ကျွန်​တော့်အတွက် အ​ကောင်းဆုံးလက်​ဆောင်ပပာပဲ


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Saturday, November 7, 2020

မေတ္တာလက်​ဆောင် (၂) ဆရာနန္ဒသိန်းဇံရဲ့ အ​နေခက်​အောင်ကူညီကြသူများ


 


အဲ့ဒီစာအုပ်​လေးက ကျွန်​တော်ဘဝမှာ အမှတ်မထင် ရခဲ့တာလို့ဆိုနိုင်သလို ပထမဆုံး သတိတရ ရှိခဲ့တယ်ဆိုလည်း မှားမယ်မထင်ဘူး 


အဲ့ဒီအသက်အရွယ်ထက် စောပြီးခဲ့ရင်လည်း အဲ့ဒီစာအုပ်ရဲ့တန်ဖိုးကို ထိသိနိုင်မယ်မထင်သလို နောက်ကျသွားရင်လည်း ဒီလိုအရာမျိုး ငါဘာ​ကြောင့်များအ​တွေ့မိပါလိမ့်လို့ နောင်တရ​​စေနိုင်တဲ့အထိ ကျွန်​တော့်စိတ်ကူး အ​တွေး​တွေကို လွှမ်းမိုးနိုင်တဲ့ စာအုပ်ဖြစ်ပါတယ် 


အဲ့ဒီအချိန်တုန်းက အဲ့ဒီစာအုပ်​လေးသာ မရခဲ့ဘူးဆိုရင် အခုချိန် ကျွန်​တော် ဘယ်လိုအ​တွေးဘယ်လိုစိတ်ကူး​တွေနဲ့ ရှင်သန်​နေမလဲဆိုတာ စဥ်စားလို့​တောင်မရဘူး


ပေးသူကလည်း သာမန်အားဖြင့် ကျွန်​တော်နဲ့ အသိမိတ်​ဆွေဖြစ်ဖို့ အင်မတန်အလှမ်းကွာပါတယ် အသက် ပညာအရည်အချင်း နေရပ် အလုပ်အကိုင်ကစလို့ ဘာမှကို နီးနီးစပ်စပ်မရှိပါဘူး ဒီလိုကွဲပြားချင်းများစွာထဲက တစ်ခုတည်း​သော တူရာတစ်ခုနဲ့ပဲ ကျွန်​တော်တို့ မိတ်​ဆွေဖြစ်သွားတာပါ 


အဲ့ဒီအရာကလည်း ကျွန်​တော်တို့နဲ့ မိုင်​ပေါင်းများစွာ​ဝေးတဲ့အရပ်က စာရွက်​တွေမှာသာ ထိသိရင်ခုန်ရူးသွပ်​စေတဲ့ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အားကစားအသင်းတစ်သင်းပါ


တွေ့ပုံကဆန်းတယ် မန်ယူပွဲကြည့်ဖို့  လက္ဖက်ရည်ဆိုင်မှာ ထိုင်ဖို့ခွင့်​တောင်းရင်း ရင်းနှီးတဲ့သူတစ်​​ယောက်က ကိုယ့်အတွက် အမြဲအ​ထောက်အကူဖြစ်နိုင်တဲ့ အသိပညာကို လက်​ဆောင်​ပေးလိမ့်မယ်ဆိုတာ လုံးဝဖြစ်နိုင်ခဲတယ်မဟုတ်လား 


ကျွန်​တော်မန်ယူကို နှစ်သက်ခြင်းအ​ကြောင်းများစွာထဲမှာ ဒီအ​ကြောင်းကလည်း အဓိကပါဝင်ပါတယ် သူ့​ကြောင့်သာမဟုတ်ရင် ဒီလိုမိတ်​ဆွေမျိုးနဲ့ ဆုံစည်းရပါ့မလား ဒီလိုလက်​ဆောင်မျိုးကို ရရှိနိုင်ပါ့မလားဆိုတာ မ​ရေရာပါဘူး


ဒိလက်​ဆောင်က အချိန်ကာလကွက်တိ အံဝင်ဂွင်ကျ အဖြစ်ဆုံး မေတ္တာလက်​ဆောင်ပါပဲ


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Friday, November 6, 2020

မေတ္တာလက်​ဆောင်

 


မေတ္တာလက်​ဆောင်( ၁) ၆၀၀၀ကျပ် မမဝ မှ 

ဘဝမှာလူတိုင်း မေတ္တာအားဖြင့် လက်​ဆောင်တစ်ခုမဟုတ်တစ်ခု ရဖူး​ပေးဖူးလိမ့်မယ်ထင်တယ်
အချို့က မေတ္တာအားဖြင့်​ပေးတယ်
အချို့က လေးစားခြင်းအားဖြင့်​ပေးတယ်
အချို့က သတိရ​ကြောင်း အထိမ်းအမှတ်အဖြစ်
အချို့က ဝေမျှလို​သောအားဖြင့် အမျိုးမျိုး​ပေါ့

ပုဂ္ဂိုလ်အား​လျော်စွာ လိုအပ်မှုအား​လျော်စွာ အသုံးဝင်မှုအား​လျော်စွာ တန်ဖိုးအားလျော်စွာ  ပေးသူ​ကောလက္ခံသူပါ အ​လေးအနက်ထားပုံချင်း တူကြမှာ​တော့မဟုတ်ဘူး​ပေါ့ 

ကိုယ်တစ်ကယ်လိုချင်နှစ်သက်​​တာ​မျိုးရရင် တမြတ်တနိုး ယုယုယယသိမ်းစည်းထားတတ်​ပေမယ့် အချို့​သော မေတ္တာလက်​ဆောင်တွေကို မေ့​မေ့​လျော့​လျော့ ချောင်တစ်​ချောင်မှာ စင်တစ်စင်မှာ ဆွေး​မြေ့​စေတာ မျှတမှု​ကောရှိရဲ့လား 

ကျွန်​တော်ကိုယ်တိုင်လည်း အချို့​သော မေတ္တာလက်​ဆောင်တွေအတွက် မေ့​မေ့​လျော့​လျော့ ရှိခဲ့ပါတယ် 
ဒါ​ပေမယ့် တွေးမိတိုင်း မြင်မိတိုင်း တသိမ့်သိမ့်သ​ဘောကျတဲ့ လက်​ဆောင်မျိုး ဘဝလမ်း​ကြောင်းမှာ ကြီးမားတဲ့ မှီရာအားကိုးရာ ဖြစ်​စေတဲ့လက်​ဆောင်မျိုးလည်း ရှိတတ်ပါတယ်

ကျွန်​တော့်ဘဝက မေတ္တာလက်​ဆောင်တွေနဲ့ ကြီးပြင်းလာတာပါ ငယ်ငယ်ကဆိုရင် ဆွေမျိုးရင်းချာ​တွေနဲ့ အမြဲနီးနီးကပ်ကပ်ရှိခဲ့တယ် ကိုယ့်မှာမရှိ​ပေမယ့် သိပ်ပူပင်စရာ​တော့ မဖြစ်ခဲ့ဘူးလို့ဆိုနိုင်တယ်အဝတ်အစား အစားအ​သောက်က စလို့​ပေါ့ 

အ​မေ့ရဲ့မောင်နှမ​တွေနဲ့ အ​ဖေ့အစ်ကို စိန်လင်း​လေး​လေး ကြင်ကြင်မတို့က မှတ်မှတ်ထင်ထင်ကို ကျေးဇူးပြုခဲ့တာပါ သူတို့မရှိရင် ကျွန်​တော့်ရပ်တည်ရာဟာ ဦးတည်ချက်​ပြောင်းသွားမှာ သေချာပါတယ်

ဒီအထဲကမှ ကျွန်​တော့်ဘဝလမ်း​ကြောင်းကို  ပြဌာန်းခဲ့တဲ့  ပြောင်းလဲသွား​စေတဲ့ မေတ္တာလက်​ဆောင်​တွေအ​ကြောင်းကို ရေးသားလိုပါတယ်

.................
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲစာ​လောက်က ကျွန်​တော်တို့ မိသားစုလက်ထဲမှာ ငွေဆိုတာ နေ့နဲ့ည နှစ်နဲ့လ ဆက်မိရုံပဲ ရှိတတ်ပါတယ် 

ဒါ​ကြောင့်ပဲ တစ်ရပ်တ​​ကျေးသွားဖို့ လမ်းစရိတ်လောက်ကို ပိုပိုလျံလျံမရှိတာပါ ဒီအခါမှာ အ​မေ့ရဲ့ ဝမ်းကွဲညီအစ်မဖြစ်တဲ့ မမ၀ က မေတ္တာအားဖြင့် ကူညီခဲ့တယ်

ဒီ​ခေတ်ဒီအခါအရ မ​ပြောပ​လောက်​ပေမယ့် အဲ့ဒီအချိန်က ကိုယ့်အရပ်​ဒေသမှာ အားလုံးက ရှားပါးကြတာဆို​တော့ အင်မတန်မှ များပြားတဲ့ ပမာဏဖြစ်သလို အင်မတန်မှ ကြီးမားတဲ့ ယုံကြည်မှုလည်းဖြစ်ပါတယ် ချေးတယ်ငှားတယ်ဆိုတာ ကိုယ်လက်က​နေ သူ့လက်ကို လွဲ​ပြောင်းလိုက်တာမဟုတ်လား အခန့်မသင့်ရင် ဆုံးရှုံးသွားတတ်တယ်​လေ 

မမဝ ရဲ့ ဒီယုံကြည်မှုနဲ့ထုံမွှမ်းထားတဲ့ ဒီ​မေတ္တာလက်​ဆောင်သာ မရရှိခဲ့ဖူးဆိုရင် ဒီက​နေဒီအချိန်မှာ ကျွန်​တော်ဒီလိုဘဝမျိုးမှာ ရှိ​နေမှာမဟုတ်တာ လုံးဝ​သေချာပါတယ်

ဒီ​မေတ္တာလက်​ဆောင်ဟာ ကျွန်​တော်ဘဝကို အကြီးမားဆုံး​ပြောင်းလည်း ပြဌာန်း​ပေးခဲ့တာဖြစ်ပါတယ် အလိုအပ်ဆုံးအချိန်မှာ ရရှိခဲ့တာဖြစ်သလို အ​ရောက်သင့်ဆုံး​နေရာကို ရောက်ရှိနိုင်ဖို့ ပထမဆုံး​ခြေလှမ်းအတွက် အကြီးမားဆုံး အ​ထောက်အပံ့လည်း ဖြစ်ပါတယ်

ကျွန်​တော်အတွက် ဖြစ်နိုင်တာ​တွေထဲက အမြင့်ဆုံးကို ရရှိ​စေခဲ့တာဖြစ်သလို ကျေနပ်​သင့်တဲ့ ဘဝဖြတ်သန်းမှုကို ရရှိ​စေခဲ့တာဖြစ်ပါတယ်

ဒီ ၆၀၀၀ ကျပ်က ကျွန်​တော့်ကို ဘဝတစ်ခု​ပေးခဲ့တာပါ

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Wednesday, November 4, 2020

ယုံကြည်မှုမျဉ်းကြောင်းများ

ကမ္ဘာမှာ အတော်အတန်ကြီးစိုးခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုနဲ့ ဆက်စပ်တဲ့ ပုံလေးတစ်ခုကြားဖူးတယ်


အဖေက သားဖြစ်သူအရွယ်ရောက်လာချိန်မှာ ပညာအစုံသင်ပေးပြီးနောက်မှာ အိမ်ရဲ့အနောက်ဖက်က အတော်အတန်မြင့်တဲ့ သစ်ပင်တစ်ခုကို ခေါ်သွားပြီး သစ်ပင်ရဲ့ထိပ်ဖျားအထိ တက်ခိုင်းတယ် ပြီးတော့ခုန်ချခိုင်းတယ် 


သူအရပ် လေးငါးဆယ်ပြန်မက မြင့်တဲ့နေရာကဆိုတော့ ဘယ်ခုန်ချရဲပမလဲ ဒီတော့ အဖေဖြစ်သူကပြောတယ် ရဲရဲသာခုန်ချလိုက်ပါကွာ အောက်မှာ အဖေရှိသားပဲ အဖေဖမ်းထားမှာပိုဆိုပြီး လက်ကိုဆန့်တန်းထားတယ်


ဒီတော့ သားဖြစ်သူက ခုန်ချတာပေါ့ တကယ်ခုန်ချလိုက်ချိန်မှာ ဆန့်တန်းထားတဲ့ လက်ကို အဖေဖြစ်သူက ရုတ်ပစ်လိုက်တယ် သားဖြစ်သူက မြေပြင်မှာ အလူးလူးအလိမ့်လိမ့်ပေါ့ 


ဒီတော့မှ အဖေဖြစ်သူကပြောတယ် ငါ့သားလောကမှာ အဖေအရင်းတောင်မယုံနဲ့တဲ့


ပညာရှင်အချို့က အင်မတန်အားကောင်းခဲ့တဲ့ ဒီဂိုဏ်းကြီး ပျက်စီးသွားတာ ဒီလို အဖေနဲ့သားတောင် မယုံနဲ့ဆိုတဲ့ ယုံကြည်မှုမျဉ်းသိပ်တိုတာကြောင့်လို့ဆိုတယ်


တကယ်တော့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းသာမက နိုင်ငံရေး စီးပွားရေး အသင်းအဖွဲ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယာက် အထိုက်အလျောက်တော့ ယုံကြည်မှုထားပေးဖို့ လိုအပ်တယ်လေ


သူ့ကိုယ်မယုံ ကိုယ့်သူမယုံဆိုရင် လက်တွဲလို့မှ မဖြစ်နိုင်တာ


တစ်ချို့လည်း ရှိတတ်ပါတယ် ကိုယ်ကယုံကြည်မှုဘယ်လောက်ထားထား အကြိမ်ကြိမ်ဖောက်ဖျက်ပြီး ဘယ်လိုမှကို နေရာပေးလို့မရယူသူတွေ တွေ့ဖူးကြမှာပါ နည်းနည်းလေးအခွင့်အရေးပေးလိုက်တာနဲ့ ဗွေဖောက်လာကြတာမျိုးပေါ့


ဒါ့ကြောင့်ထင်ပါရဲ့ ရှေးဗမာ့စကားပုံမှာ 

ကိုယ်ကကျူးကိုယ့်ဒူတောင်မယုံနဲ့ လို့ ဆိုခဲ့ကြတာ


တစ်ကိုယ်ထဲမှာတောင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းခွဲထားသေးတယ်


တကယ်တော့ အဖေနဲ့သားတောင် မယုံနဲ့ဆိုရလောက်အောင်အထိ ယုံကြည်မှုမျဉ်း အရမ်းတိုနေတာလည်း မကောင်းသလို လူတိုင်းကို ယုံကြည်တယ်ဆိုတဲ့အထိ ယုံကြည်မှုမျဉ်း အရမ်းရှည်နေတာလည်း မကောင်းပါဘူး


လောကသဘာဝအရ ကောင်းသူဆိုးသူ ဒွန်တွဲနေတာမို့ သင့်တင့်တဲ့ ယုံကြည်မှုမျဉ်းထားရှိနိုင်စေဖို့ ရည်ရွယ်ရင်း.....


သန်းထွန်းလေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Koloneypoe@gmail.com

Monday, November 2, 2020

ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်




       ကျွန်တော်တို့လူတိုင်းနီးပါ ရင်းနှီးနေတဲ့ စကားလုံးပါ 

        ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင် အဲ့ဒီစကားရဲ့ အဓိပ္ပါယ်ကို သေသေချာချာ လေးလေးနက်နက် မခံစား မသိဘဲ သုံးခဲ့ကြမိတာ များမယ်ထင်တယိ

         တစ်ချို့ဆို ဟုတ်ဟန်မတူပါဘူး ငါတို့ဖြင့် တစ်ရက်လုံး ရေမသောက်ပဲ နေနိုင်တယ် တစ်ချို့ လူနာဖြင့် တစ်လကြာ ထမင်းမစားရဘူး သေမှ မသေပဲ 
        ရှေးလူကြီးတွေရဲ့ မှားယွင်း ခေတ်မမှီတဲ့ အယူအဆကြီးပါပေါ့တဲ့ 
        စသည်ဖြင့် ဝေဖန်ကဲ့ရဲ့ စကားတင်းဆိုကြတယ်

      အမှန်က ......

ရေအသက် တစ်မနက်
******************

 ကိုယ့်ကိုယ်ကို သတိထားကြည့်ပါ တစ်မနက်လုံး ရေမသောက်မိတဲ့ အခါမျိုးပေါ့ အနည်းဆုံး နှုတ်ခမ်းသားတွေ ခမ်းခြောက်လာတယ် ဒီထက်ဆိုးတဲ့သူဆိုရင် နှုတ်ခမ်းသားမှာ အ​ရေလန်လာတာမျိုး ဒါဟာ ရေဓာတ် ခမ်းခြောက်လာတဲ့သဘော ရေရဲ့ အဟာရ ပြတ်တောက် သွားတဲ့ သဘောပါ

အဲ့ဒါကို ရေအသက် တစ်မနက်လို့ ခေါ်တယ်
ရေတစ်မနက် မသောက်ရင် လူသေလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး ရေရဲ့ အဟာရဓါတ်က တစ်မနက်စာဘဲခံတယ် ခန္ဓာကိုယ်မှာ ရေဓါတ် ခမ်းခြောက်သွားတယ်လို့ ဆိုလိုတာပါ
       
  ဒါကြောင့် ခုခေတ်မှာ ဆရာဝန်တွေက ရေကို မကြာခဏ သောက်သင့်တယ် တစ်နေ့ကို ဘယ်၍ဘယ်မျှ သောက်သင့်တယ်လို့ ဆိုကြတာပါ

ထမင်းအသက် ခုနှစ်ရက်
*********************
         ထမင်းရဲ့ အဟာရဟာ လူ့ခန္ဓာကိုယ် အတွက် ခုနှစ်ရက်တာ အတွက်သာ အဟာရ ထောက်ပံ့ပေးနိုင်တယ် ခုနှစ်ရက်လွန်သွားရင် သေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ထမင်းရဲ့ အဟာရ ကုန်ခမ်းသွားတယ်လို့ ဆိုလိုတာပါ

ဒါ့ကြောင့် 

***************************************
ရေအသက် တစ်မနက် ထမင်းအသက် ခုနှစ်ရက်
***************************************

ဆိုတာ သာမန် စကားလုံးမဟုတ်ပါဘူး မြန်မာ့ရှေးလူကြီးတွေရဲ့ အင်မတန်မှ ခေတ်မှီပြီး ဆေးပညာသဘောအရ အဆင့်အတန်းမြင့်မားတဲ့ ဆိုရိုး စကားစု တစ်ခုဖြစ်ပါကြောင်း 
      လျှောက်လှဲ ထုချေပါတယ်

♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ 

သန်းထွန်းလေး 
အင်းတဲရွာ

Friday, October 30, 2020

ကောဓ


တိုက်ရိုက်ဖွင့်ရင်တော့ အမျက်ပေါ့


ဒေါသလို ရိုက်လိုက်မယ် နှက်လိုက်မယ် အော်လိုက်မယ် ဟစ်လိုက်မ်ဆိုတဲ့ ထင်ရှားတဲ့ အမှတ်အသားမရှိပေမယ့် အားလုံးမှာ မသိမသာစွဲကပ်နေနိုင်တာမျိုးမဟုတ်လား


အကြောင်းတစ်ခုကြောင့် စိတ်မှာမျက်သွားခဲ့ရင် ပြင်ဖို့ဖျက်ဖို့ ခက်တတ်တယ်

လက်သည်းကြားဆူးဝင်သလိုပေါ့ လှုပ်မရနှုတ်မရ မျက်တက်မျက်တက် အောင့်သက်သက်နဲ့ အတော်ခံရခက်တာမျိုးပေါ့ 


သာမန်ဖြစ်ရပ်တွေမှာတောင် ငြိုငြိုငြင်ငြင် အပြစ်တင်မိရက်သားဖြစ်သွားတတ်တယ်  လွယ်လွယ်ကူကူပဲဆိုပါတော့ သူ့ဘဝသူ့အကြောင်း စာနာကိုယ်ချင်းစာပြီး ဝင်ရောက်တွေးကြည့်ပေးဖို့ကို မဖြစ်နိုင်တော့တဲ့အထိပေါ့ 


ပြင်ပြင်းထန်ထန်ပေါက်ကွဲတတ်တဲ့ သဘာဝမရှိပေမယ့် ကာလရှည်ကြာအောင် စွဲဝင်နစ်မြုပ်နေတတ်ပြီး ဆွဲနှုပ်ထုတ်ပြစ်ဖို့ခက်တဲ့ ကောဓကို သတိပြုမိဖို့ ဆန္ဒပြုရင်း....


သန်းထွန်းလေး (အင်းတဲရွာ)

Tuesday, October 27, 2020

အင်းတဲရွာ မှ ဖိတ်​ခေါ်ပါသည်

 

ဗီဒီယို ဖန်တီး အရှင်ဇာဂရိယ
ရေး ဆို သန်းမြတ်စိုး (ခ) ကို​ထွေး
တီး နိုင်လင်းထွန်း
အသံဖမ်း ဒို့သျှိုင်​အောင်


Friday, October 23, 2020

ဝေးမှလေး

အဝေးကလူရဲ့ လေးစားမှုကို ရဖို့ထက် 

အနီးကလူရဲ့ လေးစားမှုကို ရနိုင်ဖို့က ပိုခက်ပါတယ်


ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှ တွေ့ဆုံရသူကို ကိုယ့်ရဲ့အားနည်းချက်တွေ ဖုံးကွယ်ပြီး သို့တည်းမဟုတ် မပေါ်လွင်အောင် ဖုံးဖိဟန်ဆောင်ပြီး ဆက်ဆံလို့ ရနိုင်တယ်မဟုတ်လား


အမြဲအတူနေသူတစ်ယောက် အနီးကပ်နေသူတစ်ယောက်ကို ရည်ရှည်ဟန်ဆောင် ဆက်ဆံနိုင်မှာမဟုတ်ဘူးလေ  ဘုရား ရဟန္တာတွေလို မကောင်းမှုကို လုံးဝမပြုလုပ်တော့တဲ့ အဆင့်မှာမဟုတ်တဲ့ ပကတိလူသားတွေမှာ အားနည်းချက်တွေ အပစ်တွေက တစ်ပုံတပင်မဟုတ်လား တစ်ကွေ့ကွေ့တော့ ပေါ်လာမှာပါပဲ


အဲ့ဒါကြောင့် အပြင်မှာဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက် 

ပေါင်းရသင်းရကောင်းသူတစ်ယောက် 

လူချစ်လူခင်ပေါသူတစ်ယောက် 

သဘောကောင်းဖော်ရွေသူတစ်ယောက်ဟာ 

သူ့အိမ်သူရဲ့ မိသားစုရဲ့  အနီးကပ်နေသူရဲ့ လေးစားမှုကို အပြင်ကလူတွေရဲ့ လေးစားမှုလောက် မရကြတာမျိုးရှိနေတာပါ


အပြင်မှာလူတိုင်းအပေါ် သြဇာညောင်းပေမယ့် သူ့အိမ်သူကိုကိုတော့ သြဇာမညောင်းတဲ့အပြင်  သြဇာခံဖြစ်နေသူတွေကို တွေ့ဖူးမြင်ဖူကြမယ်ထင်တယ် ဒါကြောင့်ပါ


နောက်တစ်နည်းကတော့ ဝေးနေစဥ်က ကိုယ်နဲ့ သဘောညီလိမ့်မယ် ကိုယ့်အလိုကျလိမ့်မယ်ထင်ခဲ့တဲ့ ကိုယ်လေးစားသူတွေဟာ တကယ်အနီးကပ်ပေါင်းကြည့်တော့မှ  ကိုယ့်အလိုမလိုက်လို့ ကိုယ်နဲ့သဘောမညီလို့ စိတ်ကွက်ငြိုငြင်တာမျိုး စွပ်စွဲအပြစ်တင်တာမျိုး ဖြစ်တတ်တယ်မဟုတ်လား 


ဒီလိုမျိုး အနီးနေပုဂ္ဂိုလ်တွေရဲ့ စွပ်စွဲပြစ်တင်မှုကို ဘုရား ရဟန္တာတွေမှာတောင် မလွတ်ကင်းပါဘူး ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် တစ်ခါတလေထပ်တူမကျနိုင်တာ တစ်ပါးသူက ကိုယ့်အလိုကို အမြဲ လိုက်လိမ့်မယ်ဆိုတာ ဖြစ်နိုင်ခဲတဲ့ကိစ္စပါ


သင် လေးစားသူနဲ့ ဝေးနေတာကောင်းပါတယ်

ဒါမှ ပိုပိုပြီး လေးစားနေနိုင်မယ်မဟုတ်လား


သန်းထွန်းလေး အင်းတဲရွာ

Thursday, October 22, 2020

လုပ်ကြံခံရသော စကားလုံးများ

ယေဘုယျအားဖြင့် စကားလုံးဆိုတာ ကိုယ်ပိုင်အသက် ကိုယ်ပိုင်ဘဝနဲ့ ရှင်သန်နေတဲ့ သက်ရှိတွေမဟုတ်ပါဘူး


သက်ရှိထင်ရှား လူသားတွေရဲ့ နှုတ်ကိုမှီတည်ပြီးမှ ရှင်သန်လှုပ်ရှားနိုင်တဲ့ အထောက်ကူကို ​မျှော်ကိုးနေတဲ့ အရာမျှသာပါ


ဒါပေမယ့် သူ့ရဲ့အစွမ်းဟာ သိပ်ကြီးမားတယ် ချစ်စေ မုန်းစေ ညီညွတ်စေ ပြိုကွဲစေ ဆင်းရဲစေ ချမ်းသာစေက အစပြုလို့ ရက်စက်စေ ကြမ်းကျုပ်စေ အရာအားလုံးကို ဖြစ်စေနိုင်တယ် 


အဲ့ဒီစကားလုံးတွေကို ရှင်သန်အောင် ကြီးထွားအောင် နဲ့ သေဆုံးအောင် လုပ်ကြံနိုင်ခွင့်လိုင်စင်ဟာ အများအားဖြင့် နိုင်ငံရေးသမားတွေ ဖျော်ဖြေရေးသမားတွေမှာရှိတယ်လို့ ယူဆရတယ်


သူတို့ဟာ သူတို့နှစ်သက်တဲ့ စကားလုံးကို ရှင်သန်အောင် ကြီးထွားအောင် သိပ်အမွှန်းတင်သည့်အလျောက် ပြိုင်ဘက်အသင်းအဖွဲ့ လက်သုံးစကားကို သေးသိမ်သွားစေချင်တယ် အရည်အသွေးမဲ့သွားစေချင်တယ် ဒါတင်မက သတ်ဖြတ်ပစ်ချင်တယ် လုပ်ကြံချင်တယ် သေဆုံးသွားစေချင်တဲ့ သဘောရှိတယ်


ပုံစံတူစကားလုံးကိုပဲ ကိုယ့်လူကအသုံးပြုရင် ဘယ်လိုကောင်းတာကွ ဘယ်ညာကောင်းတာကွနဲ့ ရှင်သန်ကြီးထားစေကြသလို ပြိုင်ဖက်က သုံးစွဲလာရင် သေဆုံးဖို့လုပ်ကြံဖို့ ဝန်မလေးကြဘူး


မူရင်းအဓိပ္ပါယ်မှာ မကောင်းတဲ့သဘော မကောင်းတဲ့အယူအဆ မပါပေမယ့် အသုံးပြုသူကြောင့်၄င်း ပြိုင်ဖက်ရဲ့ အာဃာတကြောင့်၄င်း အချို့သောစကားလုံတွေဟာ  ယနေ့မှာ ပစ်မှတ်ထား လုပ်ကြံမှုခံနေရတယ်


ဥပမာ...


အာဏာရှင်

..............

တစ်ခေတ်တစ်ခါက တော်လှန်သူများကိုယ်တိုင် ဂုဏ်ထူးဝိသေသနပုဒ်အဖြစ် နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုး မိမိအမည်ရှေ့မှာထည့်သွင်းခေါ်ဝေါ်ခဲ့ကြတဲ့  အာဏာရှင် ဆိုတဲ့ စကားလုံးဟာ တစ်သင်းတဖွဲ့ရဲ့ မှားယွင်းတဲ့ ဆိုးယုတ်တဲ့ ပုံရိပ်ကြောင့် လူတန်းစာတစ်ရပ်လုံးက နာကျဥ်းမုန်းတီးပြီး မကြားခြင်လောက်အောင် စက်ဆုပ်တဲ့ စကားလုံးတစ်ခုဖြစ် သေဆုံးသွားအောင် ခေတ်က ကာလက လုပ်ကြံလိုက်တယ်


အဘ

.......

 ဒီစကားလုံးဟာ မြေလတ်ဒေသမှာ ကိုယ့်ကို မွေးဖွားစောင့်ရှောက်တဲ့ အနန္တဂိုဏ်းဝင်ကို တမြတ်တနိုး ခေါ်တဲ့အမည်ပါ ဒါပေမယ့် အသင်းအဖွဲ့တစ်ခုရဲ့  ကိုယ်ကြိုးအတ္တတစ်ခုတည်းအတွက် မြှောက်ပင့်ကပ်ယပ်ဖားယားဖို့ ဆွဲယူသုံဆွဲရင်းက  တော်လှန်သူတို့ရဲ့ လုပ်ကြံမှုကြောင့် ဘာလိုလို ညာလိုလိုနဲ့ သေဆုံးသွားရတယ် 


ရဟန်းရှင်လူ မျိုးချစ်စိတ်ဓာတ်  အမျိုးဘာသာသာသနာ 

...............

ဒီစကားလုံးဟာလည်း ဒီအရေးနဲ့ ကြုံတွေ့နေရတယ်


အခုဆိုရင် စကားလုံးတွေသာမကဘဲ ပြိုင်ဖက်ရဲ့ အမှတ်တံဆိပ်တွေ အသုံးပြုတဲ့အရောင်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာကြတာ အများအပြားတွေ့ရတယ် 


အင်မတန်မြန်တဲ့နှုန်းနဲ့ အမုန်းတရားကြီးရှင်သန်ကြီးထွားလာအောင် လုံ့ဆော်နိုင်စွမ်းမြင့်မားလာတာတွေ့ရတော့ အံ့သြမိသလို သိပ်ပြင်းထန်တဲ့ အာဃာတဟာလည်း သတိပြုစရာသိပ်ကောင်းတယ်


သန်းထွန်းလေး 

အင်းတဲရွာ


Wednesday, September 30, 2020

ပြောင်းလဲခြင်းများ

လွန်ခဲ့တဲ့ရာစုနှစ်အစောပိုင်းကာလက တစ်ဦးတစ်ယောက် ဒေသတစ်ခုကို ဆက်သွယ်ဖို့ အင်မတန်ခက်ခဲခဲ့တယ် 

သုံးလေးမိုင်ခရီးကို တစ်နာရီဝန်းကျင် မောင်းနှင်ရတဲ့ နွားလှည်းတွေအသုံးပြုကြတယ်

တစ်ရပ်တစ်ပါးကိုရောက်ဖူးသူဟာ သူ့ရပ်သူ့ရွာမှာ အတော်လူရေလည်သူဖြစ်တယ်

ဒေသအခြားက မိတ်ဆွေ​တစ်ယောက်ရဲ့ သာကြောင်းမာကြောင်း သတင်းသိရဖို့ နှစ်ပေါက်မှ တစ်ယောက်လောက်သာရှိတဲ့ လူကျုံကို မျှော်ရတယ်

ကာလသားလေးက မိန်းမပျိုလေးတစ်ယောက်ကို ပိုးပန်းဖို့အတွက် သုံးနှစ်သုံးမိုးမက ကြာတယ် နာမည်လေးသိရဖို့ လပေါင်းများစွာကြာတယ်

သံစဥ်နုတ်တွေဟာလည်း ခပ်ကြကြဲနဲ့ လေးလေးလံလံ ဆွဲဆွဲငင်ငင် သီဆိုရတာမျိုးပေါ့ တိုင်ပင်ကြဲတယ် ခေါ်မလားပဲ

လေးလံထိုင်းမှိုင်းတဲ့ကာလ တွေးရင်းဆွေးရင်းငေးရင်းနဲ့ ပျော်ရွှင်စွာနေထိုင်ကြတဲ့ကာလလို့ သတ်မှတ်ရမယ်ထင်တယ်

ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အ​ရာအားလုံးခြားနားသွားတယ်

သုံးလေးမိုင်ခရီးကို ဆယ်မိနစ်ဆယ့်ငါးမိနစ်လောက်သာ အချိန်ယူရတဲ့ ယာဥ်တွေပေါ်လာတယ် 

တစ်ရပ်တစ်ပါးသာမက နိုင်ငံရပ်ခြားအထိပါ ဝမ်းရေးအတွက် သွားလာလုပ်ကိုင်လာရတယ်

သူတို့အကြောင်းသိရဖို့လည်း သိပ်မခက်ပြန်ပါဘူး လက်ဖဝါးပေါ်က စက်ကရိယာလေးကို  တစ်ချက်တောက်ကြည့်ရုံနဲ့ သာကြောင်းမာကြောင်းသာမက ဘယ်သွားတယ်ဘာလုပ်တယ် ဘယ်အချိန်-ျီးပါတယ်ကအစ သိနိုင်သွားပြီ

သုံးစက္ကန့်အတွင်းမှာပဲ ကိုယ်စိတ်ဝင်စားသူရဲ့ အချက်အလက်တစ်ချို့ကို ရယူနိုင်လာတယ်

လျှင်မြန်လာတဲ့ ခေတ်ရေစီးနဲ့အတူ သံစဥ်နုတ်တွေဟာလည်း နောက်ကျမကျန်ခဲ့ပါဘူး ခပ်မြန်မြန် ခပ်သွက်သွက် ဘိအစိတ်တွေ​နဲ့ မြန်လာတယ် 

နည်းပညာတွေရဲ့ အကျိုးကျေးဇူးလို့ပဲ ပြောရမလား အရာအားလုံးရဲ့ လျှင်မြန်မှုဟာ မထင်မှတ်အောင်ပါပဲ ဒီကြောင့်ပဲ ဆိုးကျိုးတစ်ချို့ကလည်း ရှိနေပြန်ရော

အလွန်အလျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ လိုက်ပါစီးဆင်းနေတော့ အချိုးအကွေ့တွေ ခလုပ်ကန်သင်းတွေ အပြောင်းအလဲတွေကို အရင်လို ကြိုမမြင်ကြရ​တော့ဘူး ကြိုသိရဖို့လည်း အချိန်မပေးနိုင်ကြဘူး မိုးလင်းမိုးချုပ် တကုပ်ကုပ်နဲ့ လှုပ်ရှားရုံးကန်မှ ပြေလည်ကြတာမျိုးပေါ့

ရောက်လာမှဘွားခနဲ့ ရင်ဆိုင်ကြရတယ် ဖြေရှင်းကြရတယ် ဒီတော့ လဲသူလဲကွဲသူကွဲ 

လျှင်မြန်မှုကို ကျွန်တော်လည်း ကြိုက်ပါတယ် 

ဥပမာ ဆိုင်ကယ်စီးတယ်ဆိုပါတော့ လိုရာခရီးကို မပင်မပန်း အချိန်မကြာပဲ ရောက်နိုင်တာမဟုတ်လား 
ဒါပေမယ့် မလိုရာခရီးကိုလည်း သာသာယာယာ အချိန်မကြာပဲ ဆွဲခေါ်သွားတတ်တယ်ဆိုတာ သတိချပ်စေဖို့ပါ 

လွန်သွားမှ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပဲ လဲလဲကွဲကွဲဖြစ်နေနိုင်တာမို့...

သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Tuesday, September 29, 2020

ဥပနိဿယ ပစ္စယော




ဗုဒ္ဓဘာသာဝင်တိုင်း အလွတ်မရတောင် ကြားဖူးနားဝရှိပြီးသား စကားလုံးပါ
ပဋ္ဌာန်းပါဠိတော်မှာပါတဲ့ ပစ္စယ​တစ်ခုပေါ့

ငယ်ငယ်ကတည်းကတော့ ရွတ်ဆိုခဲ့တာပဲ 
ကုသိုလ်ရတယ် အန္တရာယ်ကင်းတယ် စသည်ဖြင့် အတွေးမျိုးစုံနဲ့ပေါ့.....

တိုက်ရိုက်အားဖြင့်အန္တရာယ်ကင်းစေတဲ့ ကုသိုလ်ရစေတဲ့ စာသားမျိုးမပါဝင်သလို ဒီသဘောနဲ့ရွတ်ဆိုရတဲ့ ဂါထာမျိုးလည်းမဟုတ်ဘူးလို့ ထင်ပါတယ် 

အန္တရာယ်ကင်းလိုလျှင် လူချစ်နတ်ချစ် ဖြစ်စေလိုလျှင် ဒီအတွက် မြတ်စွာဘုရားဟောကြာထားတဲ့  ရတနာ့သုတ်တို့ မေတ္တာသုတ်တို့လို ပရိတ်ကြီး ၁၁ သုတ်ရှိပါတယ်

ပရိတ်ဆိုတာရဲ့ အဓိပ္ပါယ်ကိုက အရံအတားလို့ ဆိုပါတယ်
မကောင်းတာတွေကို တားမြစ်ပေးခြင်း ကောင်းတာတွေကို ယူ​ဆောင်ပေးခြင်း သဘောပေါ့

ပဋ္ဌာန်းဒေသနာတော်ကတော့ ဆင်ခြင်နှလုံးသွင်းရမယ့် အကျိုးအကြောင်းပြ လမ်းစဥ်လို့ မှတ်ယူမိပါတယ်ကိုယ်နဲ့စိတ်ရဲ့ ဖြစ်တည်လာခြင်း ပျက်ခြင်းသဘောကို အနုစိတ်အသေးစိတ် သရုပ်ခွဲပြထားတာလို့ပဲ ကျွန်တော်ယူဆပါတယ်

ဒီလိုဆိုလို့ အန္တရာယ်ကင်းမဟုတ်ဘူး ကုသိုလ်မရဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော် 
ကောင်းမွန်မှန်ကန်တဲ့ ဓမ္မကို ရွတ်ဖတ်ပူဇော်နေခြင်းအတွက် ကိုယ်ကိုယ်တိုင်က အဓိပ္ပာယ်ကို နားမလည်သည်ထားအုံး နားလည်တဲ့သူတွေအဖို့ နှလုံးသွင်းဆင်​​ခြင်ခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေလို့ ကိုယ့်မှာကုသိုလ်ရနိုင်သလို

ကိုယ်မမြင်နိုင်တဲ့ နတ်ကောင်းနတ်မြတ်တွေ လာရောက်နာယူလျှင်လည်း သူတို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်ကို မကောင်းတဲ့ သတ္တဝါတွေ နတ်တွေ မလာရောက်နိုင်ဘူး ဒုက္ခမပေးနိုင်ဘူး ဒီလိုနည်းနဲ့ အန္တရာယ်ကင်းနိုင်ပါတယ် 

        ဥပ                 နိဿယ         ပစ္စယော      
အားကြီးသော         မှီရာ         ကျေးဇူးပြုခြင်း
လို့ ဖွင့်ရမယ်ထင်တယ်

ပစ္စယနိဒေသမှာ သူ့အကြောင်းဖွင့်ချက်တွေထဲက အချို့ကို ကောက်နှုတ်ကြည့်ရင်
ကုသိုလ်ကနေ ကုသိုလ်ကို အားကြီးတဲ့မှီရာအဖြစ် ကျေးဇူးပြုတာမျိုးရှိသလို ဖြစ်စေတာမျိုးရှိသလို အကုသိုလ်ကိုလည်း ဖြစ်စေတတ်တယ် ကျေးဇူးပြုတတ်တယ်

ဥပမာအားဖြင့် ကိုယ်က  ရဟန်းတစ်ပါးကို လှူဒါန်း ပေးကမ်းလိုက်တယ် ဒါပေမယ့် နောက်တစ်ခါတွေ့တော့ အဲ့ဒီရဟန်းဟာ ရဟန်းအစစ်မဟုတ်ဘဲ ရဟန်းဝတ်နဲ့ လိုက်လိမ်စားနေသူတစ်ယောက်ဆိုပါစို့

ပထမတွေ့လိုက်တုံးက အမှန်တကယ် စိတ်ကောင်းစေတနာကောင်းနဲ့ ပေးကမ်းလှူဒါန်းလိုက်တဲ့အတွက် အဲ့ဒီအခိုက်မှာ ကုသိုလ်ရတယ်

ဒါပေမယ့် ဒုတိယတစ်ခေါက်တွေ့ချိန်မှာ ငါ့နယ်နော် ဒီလိုလူလိမ်ကိုမှ ပေးမိလိုက်လေခြင်းလို့ ကိုယ့်ရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ် စိတ်ကွက်သွားမယ်ဆိုရင် ပေးကမ်းခဲ့ခြင်းဆိုတဲ့ ဒါနကုသိုလ်အပေါ် အခြေခံပြီး ကိုယ့်စိတ်မှာ ညစ်ညူးတဲ့ အကုသိုလ်စိတ်ဝင်စေတာမျိုးပါ

မကောင်းမှုကိုအခြေခံပြီးလည်း ကောင်းမှုဖြစ်တတ်ပါသေးတယ်
ထားပါတော့

ပြောချင်တာက အောက်ဆုံးနှစ်ပိုဒ်ပါ
ဥတု ဘောဇဥ် နဲ့ ပုဂ္ဂိုလ်ဟာလည်း ကြီးမားတဲ့အကြောင်းအထောက်အပံ့ကို ဖြစ်စေတတ်တယ်ဆိုတာပါ

ဥပမာ ပူလောင်အိုက်စပ်တဲ့နေရာမျိုးမှာ စိတ်လက်ကြည်ရွှင်မှာမဟုတ်သလို အနံ့အသက် အရသာမကောင်းတဲ့အရာကို စားသောက်ရချိန်မှာလည်း ကိုယ်စိတ်ချမ်း​မြေ့မှာမဟုတ်ပါဘူး

ပုဂ္ဂိုလ်အနေနဲ့ဆိုရင် ပိုရှင်းပါတယ် အမှီကောင်းရင် ပိုပြီးလုပ်ရကိုင်ရလွယ်ကူပါတယ် 
စီးပွားရေးအတွက်ဆိုပါတော့ ကိုယ့်ရဲ့ မိဘ ညီအစ်ကိုမောင်နှမ ဆွေမျိုး သူငယ်ချင်းတွေက ငွေကြေးပြည့်စုံရင် အဆက်အသွယ်ကောင်းရင် ထိုသူတို့ကို မှီပြီး ကိုယ့်မှာ ကြီးပွားဖို့ ဖြစ်စေနိုင်တယ်လေ

တရားစီရင်ရေးဆိုပါစို့ အမှုတစ်ခုဖြစ်တယ် ကိုယ်က ရာထူးကြီးတဲ့သူတွေနဲ့ သိတယ်ကျွမ်းတယ်ဆိုရင် ကိုယ့်အမှုက ကြီးနေရင်ပေါ့သွားအောင်စီမံနိုင်သလို သေးငယ်ရင်လည်း ပပြောက်သွားအောင်လုပ်နိုင်တယ် ဒီသဘောကိုပြောတာပါ

ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုပေမယ့် မကောင်းတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရသူအတွက် သူ့ပတ်ဝန်းကျင်ကပေးတာဟာ မကောင်းတဲ့အထောက်အပံ့တွေကြီးပဲမို့ သူကိုယ်တိုင်က အသိဉာဏ်မခိုင်မာရင် အားကြီးတဲ့ ပတ်ဝန်းကျင်ရဲ့ စွဲဆောင်ရာနောက်ပဲ ပါသွားတတ်တာမျိုးပါ

ဥပမာ အသောက်အစားလောင်းကစားမှာ ပျော်မွေ့သူနဲ့ အကျွမ်းတဝင်ပေါင်းသင်းနေသူဟာ အသောက်အစားလောင်းကစားမှာ မွေ့လျော်လာတတ်ပါတယ် 

ဒါကြောင့်ပဲ အသိဉာဏ်မခိုင်မာသေးတဲ့ လူငယ်တွေကို လူကြီးတွေက ဘယ်သူနဲ့မပေါင်းနဲ့ ဘယ်ဝါနဲ့မပေါင်းနဲ့ဆိုပြီး ပြောဆိုဆုံးမကြတာပါ အလကားနေ ချုပ်ချယ်နေတာလို့ မထင်မှတ်စေချင်ပါဘူးလို့ ညီငယ်ညီမငယ်တွေကို ပြောပရစေ

ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့  မျိုးဆက်တွေကို ချစ်သူခင်သူတွေကို ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ စီမံဖို့လိုအပ်ကြောင်း သတိချပ်စေလိုရင်း.....

သန်းထွန်းလေး အင်းတဲရွာ 

ဒါဟာ ကျွန်တော့်ပုဂ္ဂလအတွေးအမြင်မျှသာ ဖြစ်ပါတယ် 
မမှားအယွင်းရှိခဲ့ရင်လည်း တည့်မတ်ပေးဖို့ တောင်းဆိုပါရစေ....

Monday, September 28, 2020

အဒိန္နာဒါနနှင့်အတွေးများ




ကျွန်တော်တို့ နေ့တိုင်းရွတ်ဆိုနေကြပဲ သိတာပေါ့

အဒိန္နဒါနာ ဝေဒမဏိ သိက္ခာပဒံ သမ္မာဒိယာမိ

သူ့ဥစ္စာခိုးခြင်းမှ ​ရှောင်ကျဥ်ပါ၏


ရုတ်တရက်ဆိုရင် ခိုးခြင်းဖြစ်ဖို့ သူ့ဥစ္စာရယ် ကိုယ်ရယ် ရယူခြင်းရယ်ဆိုပြီး သုံးမျိုးပြားတဲ့အတွက် ဖြစ်ဖို့ သိပ်မလွယ်လှဘူးလို့ ထင်စရာရှိတယ်ဗျ 


သမန်ကာရှန်ကာမျှတွေးရင်တော့ ဒီလောက်ပဲဆိုပေမယ့် တကယ်သုံးသပ်တော့ ဖြစ်ဖို့ရာသိပ်လွယ်ကူတဲ့ အကြောင်းအရာများစွာရှိပြီး ​ရှောင်ကျဥ်နိုင်ဖို့ကလည်း သိပ်တော့မလွယ်လှဘူး


အတန်တဆ စျေးတင်ခြင်းဟာလည်း  ခိုးခြင်းမှာ အကြုံးဝင်ပါတယ်


အချိန်အတွယ်မပြည့်မီခြင်း ကလည်း ခိုးယူခြင်းသဘောပါပဲ

ဘာကြောင့်လည်းဆိုတော့ တကယ်ရသင့်ရထိုက်တာထက် ထိုက်တန်တဲ့ ပမာဏထက် တစ်ဖက်သူဆီက ရယူခြင်တဲ့သဘောမဟုတ်လား


ကံစမ်းမဲတွေမှာလည်း အမှန်တကယ်မပေးတဲ့ ဆုမဲတွေနဲ့ လှည့်ဖြားသွေးဆောင်ပြီး အသုံးပြုသူတွေကို ဆွဲဆောင်ခြင်းဟာလည်း ခိုးယူခြင်းပါပဲ 


အရည်အသွေးမပြည့်မီခြင်း ကလည်း ခိုးယူခြင်းပါပဲ

 ဒီကုန်ဒီပစ္စည်းဟာ ဒီလိုဒီလို ပစ္စည်းတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားပါတယ်ပြောပြီး တကယ်မပါတာမျိုး ဆောက်လုပ်ရေးကိစ္စမှာလည်း ဘယ်လိုအရည်အသွေးနဲ့ဆောက်လုပ်ပါမယ်ပြောပြီး အရည်အသွေးနိမ့်တာသုံးတာမျိုးတွေလည်း အကြုံးဝင်ပါတယ် 


ကိုယ့်ကို  ဆယ်ကျပ်တန်ရာထူးနဲ့ ခန့်အပ်ထားတယ်ဆိုပါစို့ ကိုယ်က ငါးကျပ်လောက်သာ ကျိုးစားအားထုတ်ခြင်းဟာလည်း ခိုးယူခြင်းပါပဲ 


ငါးနာရီနဲ့ ပြီးနိုင်တဲ့အလုပ်ကို ကိုယ်ကလုပ်ခ ဆယ်နာရီစာလိုချင်တဲ့အတွက် တမင်အချိန်ဆွဲပြီး ဆယ်နာရီလုပ် ဆယ်နာရီစာလုပ်ခရယူခြင်းဟာလည်း ခိုးယူခြင်းပါပဲ


ကိုယ့်အလုပ်ရှင်က တရားဝင်ပေးတာမဟုတ်ပဲ လှည့်စားရယူတာမျိုးဟာလည်း ခိုးခြင်းပါပဲ

ဒီခေတ်မှာအပြောများတယ် လစာကတော့ ဘယ်လောက်ပါပဲ အောက်ဆိုဒ်နဲ့ဆိုရင် ဘလောက်စသည်ဖြင့်ပေါ့


အချိန်နဲ့သတ်တမှတ်ထားတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်အတွက် ဖဲ့ယူသုံးစွဲခြင်းကလည်း ခိုးယူခြင်းပါပဲ

အလုပ်ချိန် ဘယ်နှနာရီမှဘယ်နှနာရီအထိဆိုတဲ့ စည်းမျဥ်းသတ်မှတ်ချက်နဲ့ ကိုယ့်ကို အလုပ်ခန့်ထားတယ်ဆိုပါစို့  အလုပ်အချိန်မီမရောက်တာ စောပြီးအလုပ်သိမ်းတာ အလုပ်ချိန်အတွင်း ကိုယ့်ရဲ့ ပုဂ္ဂလကိစ္စတွေအတွက် အသုံးပြုတာ  စတာတွေအပါအဝင်ပေါ့


စသည်စသည်ဖြင့်.........


အင်မတန်မှ ဖြစ်တတ်လွယ်တဲ့အတွက်

ဉာဏ်အသိဖြင့် သတိကပ်စင်ကျဥ်နိုင်ပါစေကြောင်း ရည်ရွယ်ရင်း....


သန်းထွန်းလေး (အင်းတဲရွာ)



Friday, September 25, 2020

မိမိအောင် (အင်္ဂါဂြိုလ်ပေါ်မှာ ပျံဝဲမယ့် မြန်မာအမျိုးသမီး)



သူမကို ၁၉၆၈ ခုနှစ်တွင် မွေးဖွားသည်


 အမေရိကန် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး နာဆာမှ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး စေလွှတ်မည့် ဟယ်လီကော်ပတာ တည်ဆောက်ရေး ပရောဂျက်၏ ဦးဆောင် အင်ဂျင်နီယာ တစ်ဦးလည်းဖြစ်သည်။


အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားပြီး အသက်နှစ်နှစ်ခွဲသား အရွယ်တွင် မြန်မာနိုင်ငံသို့ ပြောင်းရွေ့ခဲ့သည်။


သူမ၏ မိခင်သည် မြန်မာနိုင်ငံတွင် သင်္ချာ ပါရဂူဘွဲ့ ရှိခဲ့သော ပထမဦးဆုံး အမျိုးသမီး တစ်ဦး လည်းဖြစ်သည်။


 သူမသည် အာကာသသိပ္ပံ ကို ငယ်ရွယ်စဉ် ဗြိတိန်အထက်တန်းကျောင်းသူ ဘဝ ကပင် စတင် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်သည်။ 


 အသက် (၁၆)နှစ် အရွယ်တွင် သူမ၏ ပညာရေးအတွက် အမေရိကန်ပြည်ထောင်စုကို တစ်ဦးတည်း ပြောင်းရွေ့လာခဲ့သည်။


 သူမသည် လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို အာဘာသား ရှန်ပိန်း အီလီနှိုက်စ် တက္ကသိုလ် မှ ၁၉၈၈ခုနှစ် တွင် ရရှိခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာ မဟာဘွဲ့ကို ၁၉၉၀ခုနှစ်တွင် ရရှိခဲ့သည်


သူမ၏ မဟာဘွဲ့ စာတမ်းအတွက် အချက်ပြလုပ်ငန်းစဉ်နှင့် ဆက်သွယ်ရေးဆိုင်ရာ အကြောင်းများ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်


ကိုး ဝိကိပိဒိယ

#သန်းထွန်းလေး

Tuesday, September 22, 2020

ဆွယ်


 

ဒီစကားလုံးလေးက မျက်မှောက်ခေတ်မှာ အင်မတန်အသုံးများတယ် 

တစ်ဖက်မှာ ရှိသူတွေကို ကိုယ့်ဖက်ပါလာအောင် ပြုလုပ်ခြင်းလို့ပဲ အဓိပ္ပာယ်ဖော်ရမယ်ထင်တယ်


အိမ်ရှေ့ကြည့်လိုက်ပြန်တော့လည်း လူအုပ်စုကြီးတွေ တစ်အုပ်ကြီးနဲ့ 

အလံကိုင်းကိုင်လို့ ကြွေးကြော်သံတွေညံလို့ 


ပြီးတော့ နောက်တစ်အုပ် အရောင်မတူပေမယ့် ကြွေး​ကြော်သံ​​ခြင်းကတော့ ခပ်စင်စင်


သူတို့ရွတ်ဆိုနေတာ ဗိုင်းရပ်ပြေးစေတဲ့ အစွမ်းထက်ဂါထာများလား

သူတို့မှာ ဗိုင်းရပ်မမြင်နိုင်တဲ့ ကိုယ်ပြောက်ဝတ်စုံဆင်မြန်ထားတာလား

သူတို့ရဲ့အရောင်ဟာ ဗိုင်းရပ်ကို ချောက်လှန့် မောင်းထုတ်နိုင်လို့ပဲလား

ဗိုင်ရပ်ထက် ကူးစက်လွယ်တဲ့ အရာတခုပဲ ရင်ဝယ်ပိုက်ထားကြလို့လား


သို့တည်းမဟုတ် 


တစ်ဖက်မှာရှိသူကို ကိုယ့်ဖက်ပါလာအောင် ဆွယ်ခြင်းလား

သူ့တို့အတွက်လိုအပ်တဲ့ အရာကို လူတွေက ပေးမှပေးပါ့မလားဆိုတဲ့ ကိုယ့်ကိုယ်ကို သံသယစိတ်နဲ့လား


သို့တည်းမဟုတ် 


လူပိုများများနဲ့ လှည့်လည်နိုင်ခဲ့ရင်အနိုင်လို့  ဆိုရိုးရှိလို့များလား

လူများတဲ့ဖက်ကို လူအများက ပိုနှစ်သက်လိမ့်မယ်လို့ ယုံကြည်ချက်ကြောင့်ပဲလား

ဝမ်းရေးအတွက်လား

ခိုင်းစေချက်ကြောင့်လား

ယုံကြည်ချက်ကြောင့်လား.....


ဉာဏ်တိမ်တဲ့ကိုယ့်အတွက်တော့ စဥ်းစာရခက်တာတော့ အမှန်ပဲ

တစ်ခုခုတော့ တစ်ခုခုပဲလို့သာ မှတ်ယူလိုက်ရတယ်

ဘာမှန်းတော့ အသေအချာမသိပါဘူး...


သန်းထွန်းလေး အင်းတဲရွာ

Friday, September 11, 2020

မှားတတ်တဲ့ အက္ခရာများ




ဌ  နှင့် ဋ္ဌ

ဌ ဒါကတော့ အားလုံးသိပါတယ် ထဝန်ဘဲ ပါ

သူရဲ့အသံကတော့ ထဆင်ထူးနဲ့ တူပါတယ်

ဥပမာ ဌေး (ထေး)


ဋ္ဌ ဒီအက္ခရာက မြန်မာအက္ခရာလို့ မုချပြောလို့မရဘူးဗျ

သူ့မှာ အပေါ်က င နဲ့ အောက်က ခြေထောက်ကြားမှာ လည်ပင်းလေးပါတာ သတိထားမိမှာပါ 

အဲ့ဒါက ဋ အောက်က ထဝမ်းဘဲ နှလုံးဆင့်ပြီး ရေးတဲ့သဘောပါ ရှုပ်ထွေးနေမှာစိုးတဲ့အတွက် ဋ္ဌ အက္ခရာကို ဖန်တီးထားတာပါ


ဌေး ကို ဋ္ဌေး လို့ ရေးကြတာရှိတယ် ဘယ်လိုအသံထွက်ရမလဲတောင် စဥ်းစားမရအောင်ပါပဲ


ဥပမာ 

ပဌာန်းကို ဒီလိုရေးရင် ပဌာန်း (ပထာန်း) လို့ပဲ အသံထွက်ပါတယ်

ပဋ္ဌာန်း ဆိုပြီး ဒီလိုရေးရင် ပဋ်ဌာန်း ( ပတ်ထာန်း )လို့ ဖတ်ရပါတယ်

(ဋတလျင်းချိပ် က တဝမ်းပူနဲ့ အသံတူပါ)


ဠ နဲ့ ဋ္ဌ

ဠ ဒါကတော့ လကြီးပါ လနဲ့အသံတူပဲ ဖတ်ပါတယ်

ဥပမာ စူဠာမုနိဘုရား (အသံထွက် စူလာမုနိ)


အချို့မှားပြီးရေးတတ်ကြတယ် စူဠာမုနိ ကို စူဋ္ဌာမုနိ ဆိုပြိးတော့ပါ

ဒီတော့ စူဋ်ဌာမုနိ ဆိုပြီးရေးသလို ဖြစ်သွားတယ် 

(အသံ စူတ်ထာမုနိ)


ဒါကတော့ တောင်ကြီးမြို့ စူဠာမုနိဘုရားအနီး လမ်းညွှန်ဆိုင်းဘုတ်တစ်ခုမှာ စူဋ္ဌာမုနိလို့ ရေးထားတာတွေ့လို့ ရေးရခြင်းပါ


ဥ နဲ့ ဉ

ဥ ဒီအက္ခရာကတော့ အု လို့အသံထွက်ပါတယ်

ဥပမာ (အုပမာ) ဥ ကို လုံးကြီးတင်စံခတ်တော့ ဦး (အူး) ဖြစ်သွားတယ်


ဉ ဒါကတော့ ညလေးပါ ဥ ထက်ပိုပြီး ခြေထောက်ရှည်ပါတယ်

 

သူက တစ်ပုဒ်တည်း ရပ်တည်နိုင်စွမ်းရှိဟန်မတူဘူးဗျ ဘာကြောင့်လဲ ဆိုတော့ သူ့ကို ရေးချတွေ အသတ်တွေနဲ့သာတွဲတွဲတွေ့နေရတာများလို့ပါ


သူက ဒီအတိုင်းတော့ ညသံပါပဲ အသတ်တင်လိုက်ရင် ငသံနဲ့တူတယ်


သူ့ကို မလွဲမှားနိုင်တဲ့ နေရာတွေမှာ ခြေထောက်အတိုနဲ့ ရေးတာတွေတော့ရှိတယ် 

ဥပမာ စဥ် (စင်)


ဒါကြောင့်ပဲ  ဥ နဲ့ မကွဲပြားကြတော့တာ နေမှာပါ


ဥပမာ 

ဉာဏ် ဆိုရင် ဒီလို့ရေးမှ မှန်တယ် 

ဒါပေမယ့် ဥာဏ် ဒီလိုရေးတာတွေလည်းရှိနေကြတော့ အမှားက လူသိများသလိုဖြစ်နေတယ်


ညလေးနဲ့မှ ဉာဏ် လို့ အသံထွက်မှာဖြစ်ပြီး ဥ ရင်နဲ့ရေးရင်း အွမ်န် လို့အသံထွက်မယ်ထင်တယ်


မှားတတ်တာတော့ လူတိုင်းပါပဲ

မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ မှားလို့ကို လူဖြစ်လာတာမဟုတ်လား

ဒါပေမယ့် အမှားမှ အမှန်သို့ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ရင်းပါ


ကိုယ့်မှာလည်း မသိလို့ဖြစ်ဖြစ် သိပြီးဖြစ်ဖြစ် အမှားတွေ တစ်ပုံတခေါင်းနဲ့ပါ တမင်ပုတ်ခတ်တာမျိုးမဟုတ်ပါဘူး


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Wednesday, September 9, 2020

မြတ်ဗုဒ္ဓ၏မွေးစားသားမှပြောကြားသော လူမှုဆက်ဆံရေး


မြတ်ဗုဒ္ဓမှာ မွေးစားသားလို့ ဆိုရမယ့် သားတစ်ယောက်ရှိပါတယ်
သူ့အကြောင်းကတော့
တစ်နေ့သောအခါ မင်းကြီးတစ်ပါးဟာ တောလည်လာရင်း ညောင်ပင်ကြီးတစ်ပင်အာက်မှာ ခေတ္တနားနေတယ်

အဲ့ဒီညောင်ပင်ကြီးဟာ အမတန်မှ ရက်စက်ကြမ်းကြုပ်တဲ့ ဘီလူးကြီးတစ်ကောင်ရဲ့ အစိုးရရာနေရာပါ သူ့ညောင်ပင်အောက်က ဖြတ်သန်းသွားလာသူ နားနေတည်းခိုသူတို့ကိုလည်း စားသောက်ပိုင်ခွင့်ရှိတယ်

ဒီတော့ ဘုရင်ကြီးကို ဘီလူးက စားမယ်လုပ်တော့ ဘုရင်ကြီးက ကျွန်ုပ်ကို မစားရင် သင့်ကို တစ်နေ့ကို တစ်ယောက်ကျ လူသားများဆက်သပါ့မယ်ဆိုပြီး သဘောတူခဲ့ကြတယ်

ဒီလိုနဲ့ ဆက်သလာရာ ပထမ အကျဥ်းသား နောက်တမင် အပြစ်ကျူးလွန်အောင်ဖန်တီးထားတဲ့ အကျဥ်းသား နောက်တော့ လူမမယ်ကလေးငယ်များကိုပါ ဆက်သလာရတယ် 

နောက်ဆုံးတော့ သူ့ရဲ့ သားကလေးကို ဆက်သဖို့ဖြစ်လာတယ် ဒီတော့ မင်ချင်းတွေကို သူ့ရဲ့သားလေးကို ပွေ့ယူစေပြီး သွား​ေရာက်ဆက်သစေတယ်

ဒါပေမယ့် အဲ့ဒီနေ့မတိုင်ခင်ညကပဲ ထိုဘီလူးကြီးဟာ မြတ်ဗုဒ္ဓရဲ့ ဆုံမမှုကြောင့် မှန်ကန်တဲ့အသိတရား ရပြီးသွားပြီ

ဒီလိုနဲ့ မင်းချင်းက ဘီလူးကြီးကိုစားသောက်ရန် မင်းသားလေးအားဆက်သတယ် ဒါပေမယ့် အမြင်မှန်ရပြီး ဘီလူးက မင်းသားလေးကို မစားလိုတော့ပဲ ဘုရားအားလှူလိုက်တယ် 

ဘုရားက သူ့အားပေးလှူလာတဲ့ မင်းသားငယ်အား မင်းချင်းကို ပြန်ပေးလိုက်တယ်

ဒီလိုနဲ့ ဘီလူးရဲ့လက်မှ ဘုရားရဲ့လက်တော်သို့ ပြောင်ခြင်းကို အစွဲပြုပြီး အဲ့ဒီမင်းသားလေးကို 

ဟတ္ထကအာဠာဝက တနည်း အာဠာဝကရဲ့ လက်မှ ပြောင်းလာသူလို့ နာမည်ကျော်လာပါတော့တယ်

နောင်အခါ မြတ်ဗုဒ္ဓသာသနာတော်မှာ ညီညွတ်သော နောက်လိုက်တို့ကို စည်ရုံးနိုင်မှုမှာ မြတ်စွာဘုရားရဲ့ ဧတဒဂ်ပေးခြင်းကို ခံရသူပါ

သူပြောခဲ့ဖူးတဲ့ လူမှုဆက်ဆံရေးအကြောင်းကတော့ 
တပည့်တော်က အရှင်ဘုရား ဟောကြားတော်မူထားတဲ့ သင်္ဂဟဝတ္ထုတရားလေးပါးနှင့်အညီ လူတွေကို စည်းရုံးပါတယ်တဲ့

လူမျိုးဘာသာမရွေး လူတိုင်းလူတိုင်းမှာ ဒီအခြေခံစိတ်ကလေးတွေရှိပါတယ်

၁ အချို့သောသူတွေဟာ ရယူလိုသော သဘောရှိတယ်
အဲ့ဒီသူတွေကို ပေးကမ်းပြီး ပေါင်းသင်းပါတယ်

၂ အချို့သောသူတွေဟာ ပေးမှကမ်းမှရယ်လို့မဟုတ်ဘဲ  နှုတ်ချိုဖော်ရွေမှုကို နှစ်သက်တယ်
အဲ့ဒီသူတွေကို ဖော်ဖာ်ရွေရွေဆက်ဆံပြီး ပေါင်းသင်းပါတယ် 

၃ အချို့သောသူတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီလုပ်ဆောင်ပေးတာကို နှစ်သက်တယ်
အဲ့ဒီသူတွေကို ကူညီလုပ်ဆောင်ပေးပြီး ပေါင်းသင်းပါတယ်

၄ အချို့သောသူတွေဟာ ပေးမှကမ်းမှရယ်လို့မဟုတ် ဖော်ဖော်ရွေရွေ မဆက်ဆံချင်လည်းနေ ကူညီပြီး မလုပ်ဆောင်ပေးလည်း ကိစ္စမရှိ  လေးလေးစားစား ဆက်ဆံတာကိုမှ နှစ်သက်တယ်
အဲ့ဒီသူတွေကို လေးလေးစားစား ပြောဆိုဆက်ဆံပြီး ပေါင်းသင်းပါတယ်

လူမှုအဖွဲ့အစည်းဆိုပေမယ့် နိုင်ငံနဲ့တိုင်းပြည်နဲ့ ယှဥ်ပြီးစဥ်းစားမနေပါနဲ့ 
အသေးဆုံးလူမှုအဖွဲ့အစည်းဖြစ်တဲ့ မိသားစုအတွင်းကစပြီး မိဘကဖြစ်စေ သားသမီးကဖြစ်စေ ညီအစ်ကိုမောင်နှ​မပင်​ဖြစ်စေအထက်ပါနည်းအတိုင်း 

ပေးကမ်းသင့်သူကို ပေးကမ်း
ရင်းရင်းနှီးနှီး ဆက်ဆံသင့်သူကို ဆက်ဆံ
ကူညီညာ လုပ်ပေးသင့်သူကို လုပ်ပေး
လေးလေးစားစား ဆက်ဆံသင့်သူကို ဆက်ဆံခြင်းအားဖြင့် 
ပိုမိုကောင်းမွန်သော လူမှုဆက်ဆံရေးကို ရရှိနိုင်မည်ဖြစ်ပါကြောင်း 

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

မြန်မာတွေတကယ်ညံ့တာလား


အခုတလော ရာသီကအေးအေး စောင်ထဲမှာပဲ တကွေးကွေးနဲ့ စဥ်းစားစရာတွေက အများသား 


စီးပွားရေးမှာ မြန်မာတွေညံ့တယ် တရုတ်တွေ ကုလားတွေက ဘယ်လိုဘယ်ပုံ စသည်ဖြင့်တွေ့ရတယ် ဒါဟာအမှန်လားဆိုတာတော့ လက်တွေ့ကျကျ စဥ်းစားသုံးသပ်ကြည့်ဖို့လိုတယ်


ဒီစကားက ဘယ်ကလာတာလည်း စဥ်းစားကြည့်ဖို့လိုတယ် 

၁ ကိုယ့်လူမျိုးအပေါ် ကရုဏာကြီးတဲ့ ကြီးပွားစေလိုတဲ့ ချမ်းသာစေလိုတဲ့ ပညာရှင်တွေဆီကလာတာရှိတယ် 

၂ ကိုယ့်လူမျိုးကို အထင်သေးတဲ့ သူဆီက လာတာရှိတယ်


ဒီပုံစံစကားမျိုးက ကျွန်တော်တို့နိုင်ငံမှ မဟုတ်ပါဘူးနိုင်ငံတိုင်းမှာ ပညာရှင်အတွေ ​ပြောကြပါတယ် ဘာကြောင့်လည်းဆိုတော့ ကိုယ့်လူမျိုးတွေ ဆင်းရဲနေတာကို မကြည့်ရက်လို့ပါ


သူတို့တောင်တရပ်တပါးကနေ စားဝတ်ဒုက္ခခံပြီးလာရောက် ကြီးပွားဖို့ အခွင့်အလမ်းရှာကြသေးရင် ဒီမှာမွေးဒီမှာကြီးတဲ့ မင်းတိုက သူတို့ထက်အများကြီးအခွင့်အလမ်းသာတယ်ဆိုတာ သိစေချင်လို့ ဖြစ်မှာပါ


တရုတ်တွေ ကုလားတွေဟာ တစ်ကယ်ပဲ စီးပွားရေးမှာတော်တာလား ဒါဆိုရင် တရုတ်ပြည် ကုလားပြည်မှာ ဆင်းရဲသူမရှိဘူးပေါ့


ကုလာထဲကမှ ဟိန္ဒူ မွတ်ဆလင်ခွဲကြည့်အုံးမလား အန္ဒိယမှာကော ဘင်္ဂလားဒေ့မှာကော ဆင်းရဲသူမရှိဘူးလား


ဒီလိုမဟုတ်ပဲ သူတို့ရဲ့ မူလနေရပ်တိုင်းပြည်တွေမှာ ဆင်းရဲသူရှိနေရင် လူမျိုးနဲ့ မဆိုင်ဘူးဆိုတာ သေချာနေပြီ ဒါဆိုရင် ကျွန်တော်တို့ ပြည်တွင်းက တိုင်းတပါးသားတွေပဲ ကွက်ပြီးပြီး စီးပွားရေးဉာဏ် ထက်သန်နေတာလား


ကျွန်တော်တော့ ဒီလိုစဥ်းစားမိတယ်

လူဆိုတာ ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင် နေဖို့စားဖို့ရာ သိပ်အပူအပင်ဖြစ်လှတာမဟုတ်ဘူး ဖြစ်စရာလည်းမလိုဘူးလေ


တစ်ရပ်တပါးမှာ သွားပြီး စီးပွားရှာသူတွေဆိုတာ

၁ ကိုယ့်ရပ်ကိုယ့်ရွာမှာ လုပ်ကိုင်စရာအခွင့်အလမ်းနည်းလို့

 ၂ ပိုမိုကြီးပွားတိုးတက်စေဖို့ ရည်ရွယ်ချက်ရှိလို့


ဒီတော့ မူရင်းနေသူတွေထက် လုံးလဝီရိယသာရမှာပဲ မသာလို့မှ မရတာ သူတို့နေသလို နေနေလို့မှမဖြစ်တာ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တဲ့အတွက် ဘယ်သူမှ အလကားပေးမနေဘူး အလကားကျွေးထားမှာမဟုတ်ဘူး ဒါကြောင့် နေဖို့စားဖို့ ကြီးပွားဖို့ တိုးတက်ဖို့ အမြဲရုံးကန်ရတယ်


ပေါင်းသင်းဆက်ဆံရေးမှာလည်း မိတ်ဆွေရဖို့ ခယပေါင်းသင်းကြတယ် ဘာကြောင့်လည်းဆိုတော့ သူက ဒီအရပ်မှာ တစိမ်းမဟုတ်လား


သူတို့က ပိုပြီးစည်းလုံးကြတယ်ဆိုတာက တစ်ရပ်တပါးမဟုတ်လား အရေးအကြောင်းဆိုရင် ပြေးဟယ်လွှားဟယ်ကိစ္စဖြစ်လာရင် ကိုယ့်အချင်းချင်းမှ ပိုပြီး ကူညီနိုင်တာမျိုးမဟုတ်လား


ရန်ကုန်မှာပဲ ဥပမာကြည့် လက္ဖရည်ဆိုင်ဆိုရင် ရန်ကုန်သားထက် အညာသားတွေရဲ့ ဆိုင်က ပိုများတယ် 


အချို့ဆိုပြောကြတယ် အညာသားတွေက စည်းလုံးတယ် တစ်ယောက်ဆိုင်ဖွင့်ပြီးရင် သိပ်မကြာဘူး နောက်တစ်ယောက်နောက်တစ်ယောက်နဲ့ များလာတာပဲတဲ့


ဒါကြောင့် ဘယ်နိုင်ငံဘယ်ဒေသမှာ ဖြစ်ဖြစ် မူရင်းနေလူမျိုးတွေထက် တစ်ရပ်တစ်ပါးက လာပြီးအခြေချသူတွေက ပိုပြီး ချမ်းသာနေတာ စည်းလုံးနေတာဖြစ်ပါတယ်


လုပ်ငန်းချင်းအတူတူ ဝင်ငွေချင်းအတူတူဖြစ်နေအုံး 

တစ်ရပ်တပါးကလာတဲ့သူက နေဖို့နေရာတစ်ခုပိုင်ဆိုင်ပြီဆိုရင် အောင်မြင်မှုအနေနဲ့ ချီကျူးကြတယ်


မူရင်းနေသူကို သိပ်ထူးထွေချီကျူးကြမှာမဟုတ်ဘူးလေ သူက နေဖို့ရှိနေပြီပဲ ဒီတော့ငွေရှိစေအုံး ထပ်ဝယ်စရာမလိုတော့ မှတ်တိုင်မရှိဘူး အကောင်အထည်မရှိဘူး


ပြီးတော့ သူကဖြစ်မှာပေါ့ ဘတ်ဂရောင်းကောင်းတာကိုး သူ့မိဘကဘာကြီး သူ့ညီအစ်ကိုမောင်နှမကဘာကြီး သူ့သူငယ်ချင်းကဘာကြီး စသည်ဖြင့် အကြောင်းတွေသိုင်းဝိုင်းပြီး ပြောကြတာများပါတယ် ချီကျူးဖို့ဝေးပါတယ် လောင်းရိပ်မိနေတာများတယ်


ဒါကြောင့် ချမ်းသာတဲ့ အရှိန်အဝါရှိတဲ့ မိဖတွေရဲ့ သားသမီးတွေက အောင်မြင်ဖို့သိပ်ခက်တယ် ​ရှေ့လူတွေထက် လေးငါဆလောက် သာအောင်ကျိုးစားနိုင်မှ ရေးရေးလေးသာ အချီးကျူးခံရတာမျိုး 


ဒါကြောင့် လောင်းရိပ်အောက်ကထွက်ပြီး ရုံးကန်လိုကြတာပါ

​ဒီလိုမှမဟုတ်ရင် ငါလုပ်နေလည်း မထူးပါဘူးဆိုပြီး လက်လျော့သွားကြတာများတယ်


အခုအမေရိကန်နိုင်ငံတိုးတက်တယ် စည်ကားတယ်ဆိုတာ သူတို့ရဲ့ မူရင်းနေ လူမျိုးဖြစ်တဲ့ ရက်အန္ဒိယန်းတွေရဲ့အစွမ်းက နည်းနည်းရယ် လာရောက်အခြေချတဲ့ တိုင်းတပါးသားတွေကြောင့် တိုးတက်နေတာပါ မူရင်းနေလူမျိုးတွေက အချို့ဒေသတွေမှာဆိုရင် လူရိုင်းသာသာအရယ် သိပ်ပြီး အတွေးအခေါ် အယူအဆတိုးတက်သေးတာမဟုတ်ဘူး


မူရင်းနေလူမျိုး ဒွာဝီယံ တွေထက် နောက်မှလာအခြေချတဲ့ အာရီယံတွက သာတာ

မူရင်းနေလူမျိုး ဂျာမန်တွေထက် နောက်မှလာအခြေချတဲ့ ဂျူးတွေကသာတာ


ဒီအကြောင်းအချက်တွေကြောင့်ပါ


မြန်မာတွေတကယ်ညံ့တာလား သင်လည်းသုံးသပ်ကြည့်ပါအုံး..


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


Tuesday, September 8, 2020

အမုန်းများနှင့်ဖွဲ့စည်းသော



အဖွဲ့တစ်ခု အသင်းတစ်သင်းကို အမုန်းတွေမှာ အခြေခံပြီး ဖွဲ့စည်းလို့ရတယ်ဆိုရင် ယုံမလား


ဒီလိုစဥ်းစားကြည့်ရအောင် ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ အယူအဆနဲ့ ပေါင်းမိသွားတာမျိုးပေါ့ 


ဒီအသင်းအဖွဲ့ ဒီပေါင်းသင်းဆက်ဆံမှုဟာ ခေတ္တခဏတော့ ညီညွတ်သယောင် အားကောင်းသယောင် တည်မြဲသယောင် အထွဋ်အထိပ်ရောက်ကောင်းရောက်နိုင်ပေမယ် ရေရှည်မှာ ရပ်တည်နိုင်မှာမျိုးတော့မဟုတ်ဘူး 


ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ကိုယ်ပိုင်ရပ်တည်ချက် ကိုယ်ပိုင်ရည်မှန်းချက်ထက် အမုန်းတရားအပေါ်မှာ အခြေခံဖွဲ့စည်းထားတာမို့ပါ


ဥပမာအားဖြင့် သူ့ကျွန်ခေတ်က တစ်မျိုးသားလုံးပေါင်းစုမိတာဟာ ကျွန်လာပြုတဲ့ ကိုလိုနီတွေကို မုန်းခြင်းကနေ အခြေခံလာတာမဟုတ်လား


ဒါကြောင့်ဘဲ သူ့ကျွန်ဘဝကလည်းလွတ် လွတ်လပ်မှုလည်းရရော အချင်းချင်း ပြန်ပြီး မတည့်ကြပြန်ဘူးလေ


နိုင်ငံရေးမှာတော့ ဒီသဘောက အမြဲတစေတွေ့နေရနိုင်တာပဲ သိပ်အထူးအဆန်းကြီးတော့မဟုတ်ဘူးမို့လား...


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း


ဘက်စုံသုံးဆပ်​ပြာပြုလုပ်နည်



 

Friday, September 4, 2020

အိမ်ထောင်ရေး



ရှေးအခါက ကုန်သည်တစ်စု ကုန်သွယ်ဖို့ လှည့်လည်ရင်း ကန္တာရတစ်ခုကို ရောက်ရှိလာခဲ့ကြတယ် 


တစ်ခုသောညမှာ တွင်းတစ်တွင်းကိုတွေ့ကြတယ်

တွင်းထဲကို ငုံ့ကြည့်ကြပြန်တော့ အပေါ်ကလရောင်နဲ့ အထဲမှာ လိုးလိုးလက်လက်ပျိုးပျိုးပျက်ပျက် အရာတွေကိုတွေ့တယ်

ဒီတော့ အဖိုးတန်ရတနာတွေ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်


ဒီတော့တစ်​ယောက်က စဆင်းပြီး စနည်းနာတယ် ခဏကြာတော့ ထိုလူက ဟေ့လူတွေဆင်းမလာကျနဲ့ တွင်းထဲက ရတနာတွေမဟုတ်ဘူး အဆိပ်ပြင်းတဲ့ မြွေတွေ ပျိုးပျိုးပျက်ပျက် အရောင်ထွက်နေတာက ရတနာတွေရဲ့ အရောင်မဟုတ်ဘူး သူတို့ရဲ့ မျက်လုံးတွေ သိပ်အန္တရာယ်များတယ် ဒီအနားမှာမနေကြနဲ့ ဝေးဝေးကို မြန်မြန်သွားကြတော့လို့ လှမ်းအော်ပြောတယ်


ဒါပေမယ့် အပေါ်က လူတွေက မယုံဘူး 

ဒီကောင် ရတနာတွေအားလုံး သူတစ်ယောက်တည်းအပိုင်စီးချင်လို့ ညာနေတာဖြစ်မှာပါဆိုပြီး နောက်တစ်ယောက်က ထပ်ပြီးဆင်းပြန်တယ်


အဲ့ဒီတစ်ယောက်ကလည်း ​ရှေ့ကလူအတိုင်း အော်ပြန်တယ်

အပေါ်ကလူတွေက ဒီနှစ်ယောက် ညှိပြီး သူတို့သာစီးစိမ်ခံချင်လို့ ငါတို့ကို လှည့်စားတာနေမှာ ငါတို့မြင်နေရသားပဲ အရောင်တစ်လက်လက်နဲ့ ရတနာတွေကို


ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆင်းရင်းက အားလုံး မြွေတွေရှိတဲ့ တွင်းထဲမှာ ဒုက္ခအတိနဲ့ ဘဝဆုံးသွားကြတယ်


အိမ်ထောင်ရေးဆိုတာ ဒီလိုပါပဲ ​


ရှေ့က လူတွေက ဟေ့ကောင်တွေ မယူကြနဲ့ အိမ်ထောင်ရေးဆိုတာ မင်းတို့ထင်သလို မဟုတ်ဘူး​နော် သိပ်ဒုက္ခများတာ သားရဲတွင်းထဲ ခုန်ချရသလိုပဲ ပကတိထောင်ကမှ လွတ်ရက်ရှိသေးတယ် အိမ်ထောင်က တစ်သက်လုံးလွတ်ရက်မရှိဘူးနော် စသည်ဖြင့်ပြောကြတာပဲ 


ဒါပေမယ့် နောက်လူတွေက ဘယ်ယုံမလဲ သူကဖြင့်ယူပြီး ငါ့တို့ကျ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောမယ်သာပြောတာပါကွာ သူကယူပြီးမှကိုး


အဲ့ဒီလိုတွေးပြီး ယူဖြစ်ကြ

ကိုယ့်တွေ့ကြုံပြီး နောက်လူကိုလည်း ရှေ့လူစကားအတိုင်း​​ပြန် ပြောပြကြတယ်

ဒါမေယ့်မယ့် မယုံကြဘူး


ဒီလို မယုံမယုံနဲ့ တွင်းထဲကို ခုန်ခုန်ချနေကြတာ ဒီနေ့ထက်ထိပဲ 

နောက်လည်း ခုန်းချကြအုံးမယ်မဟုတ်လား


ဆရာနန္ဒသိန်းဇံ စာအုပ်မှ


သန်းထွန်း​လေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

Saturday, August 29, 2020

ပန်းပန်ရင်နန်းဆန်မယ်


မြန်မာ့ယဉ်ကျေးမှုမှာ ပန်းတွေရဲ့ သဘောသဘာဝနဲ့ ဆက်နွယ်နေတဲ့အတွက် ပန်းယဉ်ကျေးမှုလို့တောင် ခေါ်ဆိုထိုက်မယ်ထင်တယ်

ငယ်ငယ်ကတည်းက ဘဝနဲ့ဖြစ်စေ အလှနဲ့ဖြစ်စေ လောကဓံနဲ့ဖြစ်စေ နိယာမသဘောတရားတွေအတွက် ဖြစ်စေ ပန်းတွေနဲ့ တင်စားချိုးစပ် သုံးနှုံးကြတဲ့ ကဗျာ အလင်္ကာ စာ နဲ့ စကားအသုံးအနှုံးပေါင်းများစွာကို ရင်းရင်းနှီးနှီး ထိသိခဲ့ဖူးပါတယ် 

ဂေါတမဗုဒ္ဓအလောင်းလျာ သုမေဓာ ရသေ့ဘဝမှာကတည်းက ကြာငါးခိုင်ကိုင်ပြီး ဒီပင်္ကရာမြတ်ဘုရားမှာ ဆုပန်ခဲ့ကြောင်းကို အမေက ပြောပြတယ်

ဘုန်းကြီးကျောင်းဝင်းအတွင်းက ညောင်ပင်ရဲ့ နံဘေးက စိုက်ထားတဲ့ ကံ့​ကော်​ပင်​ဟာ နောင်ပွင့်လာမယ့် အရိမေတေ္တးယျ မြတ်​စွာဘုရားကို ကိုယ်စားပြုတဲ့အတွက် မရိုမသေမလေးမစား ချိုးဖဲ့တာမျိုးမလုပ်ဖို့ အဘိုးက ဆုံးမခဲ့ဖူးတယ်

လူကြီးသူမတွေ ကန်တော့ရင်တောင် ပေးတဲ့ဆုက ရေလိုအေးလို့ ပန်းလိုမွှေးပါစေတဲ့

ညအခါ အိပ်စက်ခါနီးတိုင်း ဖွင့်တတ်တဲ့ ဓာတ်စက်ဆရာရဲ့ ပန်းစံပယ် နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ယုံပ ခံပွင့်ကိုကုံး ဆိုတဲ့ 
တွံတေးသားကြီးရဲ့ ရင်တွင်းသံစဉ်ဟာလည်း ဘဝရဲ့ဖြည့်စည်းရာတွေကို သင်ပြပေးနေသလိုပဲ

ဂီတငှက်ရဲ့ သံစဉ်ဟာလည်း နှလုံးသားနဲ့ သိပ်နီးနီးစပ်စပ်ဖြစ်ခဲ့ဖူးတယ် 
သူဆင်မြန်းတဲ့ ပန်းနီနီ နေရာခဏ လဲချင်သည် ကြင်နာသူလေး လှဖို့အစွမ်းကုန် ကျိုးစားမည်တဲ့ သိပ်နူးညံ့တဲ့ စိတ်ကူး ချစ်ခြင်းထက်အများကြီးသာလွန်တဲ့ မေတ္တာတွေစိမ့်ဝင်နေတယ်

ကြားခဲ့ဖူးတဲ့ အိုင်ချင်းတစ်ပုဒ်မှာလည်း 
မပွင့်ခင် အရင်ချိုးရင် ညှိးတတ်တယ်လေးဆိုပြီး 
အမျိုးသမီးတို့ရဲ့ ဘဝ အလှကို တန်ဖိုးထားဖို့ စပ်ဆိုထားတယ်

လောကသဘာဝ လူ့သဘာဝကို ဖော်ကြူးတတ်တဲ့ ဆရာဇော်ဂျီကလည်း ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဆိုပြီး 
မည်သို့သော အခက်​အခဲအတားအဆီး ရှိနေပါစေ ဘဝကို အားမလျော့ဖို့ ခရမ်​း​ရောင်​ အပွင့်ကလေးတွေနဲ့ ဗေဒါပန်းလေးရဲ့ အားမာန်​နဲ့ နှိုင်းယှဉ်ပြဖူးတယ်

ဆရာကြီးဦးဝံကလည်း 
လယ်တောကအပြန် 
ပန်ချင်တယ် ခရေဖူးဆိုလို့ ဆိုတဲ့ ကဗျာလေးနဲ့ အင်မတန်ထားဖို့ခက်တဲ့ မုဒိတာသဘောလေး ပြထားတယ်  

အမျိုးသမီးတွေရဲ့ ဆံကေသာမှာ ပန်းပန်တာကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြတယ်

ဒီအကြောင်းကို ဟေမာနေဝင်းရဲ့ ပြန်ဆိုတေးမှာ ပန်းပန်ရင် နန်းဆန်တယ်တော့ ဆိုပြီး သီကျူးထားတယ်

ကိုတိုးကြီးကလည်း သူ့ရဲ့ အသံဝါကြီးနဲ့ သီဆိုထားတာ ရှိသေးတယ် ခံစားနားစဉ်ရတာ သိပ်အရသာရှိတယ်ဗျ 
ပန်းချစ်သူကိုယ့်လက်နဲ့ကွယ် 
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ်ဟန်ပြင်ကာပင် ယုယလို့ ထွေးပွေးထားခြင်တယ်ဆိုပြီး 

အမျိုးသမီးတို့ ဘဝကိုလည်း ပန်းလေးတစ်ပွင့်လို   မြတ်နိုးတန်ဖိုးထားကြောင်း သီဆိုထားတယ်

မိန်းမကောင်းပန်းပန် တစ်ပွင့်တန်ဆိုပြီးတော့လည်း ရည်းစားသနားမများဖို့ ဆုံးမကြတယ် 

ရတနာဦးဆိုထားတဲ့ ပန်းနီနီမပေးနဲ့ဆိုတဲ့ သံစဉ်ကလေးကလည်း 
ပန်းနီနီပေးရင် ကွဲတတ်တယ်ဆိုပြီး သမီးရီးစားကြားထဲ အယူအဆယုံကြည်မှုလေး စိမ့်ဝင်သွားတဲ့အထိပဲ

~~~~~~~~~~~~~~~~~~~

ဒီခေတ်မှာတော့ ပန်းပန်ထားတဲ့ အမျိုးသမီးလေးတွေ မတွေ့ရသလောက်ပဲဗျ 

ပန်းနဲ့ဝေးကွာလာတော့ နှလုံးသားတွေ မာလာတယ်လို့လည်း ခံစားရတယ် ကျွန်တော်တို့ ငယ်စဉ်ကထက်  မြတ်နိုးတန်ဖိုးထားတတ်တဲ့့ စံတန်ဖိုးတွေ လျော့ကျလာသလိုပဲ

ပန်းတိုင်း ပွင့်စေ လန်းစေ မွှေးပျံ့စေချင်ပါတယ်.....

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း

Friday, August 21, 2020

အရိပ်အယောင်

လက်ချောင်းတွေက စကားပြောနေတယ်

မျက်လုံးနဲ့ နားထောင်မှ ကြားနိုင်မှာပါ


အသံတွေလည်းကြားနေတယ်

အဲ့ဒီအသံဟာ ကိုယ့်အနီးအပါးကလားဆိုတော့ မဟုတ်ဘူး


ဝေးကွာရာအရပ်က ရင်နှီးသူတို့နဲ့ ပြောဆိုနေကြတာတော့မှန်တယ် 

သူတို့ရဲ့ အသံလည်းဟုတ်တယ် သူတို့နဲ့ ပြောနေသလားဆိုတော့ မဟုတ်ပြန်ဘူး


သူတို့နဲ့မြင်တွေ့ကြားသိပြီး သာကြောင်းမာကြောင်း နှုတ်ဆက်နိုင်တယ်

ဒါပေမယ့် ကိုယ်မြင်တွေ့နေရတာ သူတို့လားဆိုတော့ မဟုတ်ဘူး

မဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူးလို့လည်း မဆိုနိုင်ဘူး 


အရိပ်အယောင်တွေမဟုတ်လား....


သန်းထွန်းလေး အင်းတဲရွာ

Thursday, August 13, 2020

ရောက်ရာအရပ်မှာ မပျော်နိုင်တော့ပြီလား

ကိုယ်လက်ထဲကအရာထက် အခြားသူလက်ထဲကအရာက ပိုပြီးကောင်းမွန်တယ်လို့ အမြဲတွေးမိနေသလားဗျ ဒါဆိုရင်သေချာတယ် ခင်ဗျားတစ်ခုခုမှားနေပြီ

ကိုယ့်လက်ထဲကအရာကို ပိုကောင်းလာအောင်လုပ်ဖို့ ရွေးချယ်ဖို့ပဲလိုတာပါ အခြားသူရဲ့ လက်ထဲကအရာဟာ ဘာပဲဖြစ်နေဖြစ်နေပေါ့ လိုက်တွေးနေသမျှ စိတ်မောရုံမှအပ ဘာကောင်းကျိုးမှဖြစ်မလာနိုင်ဘူးလေ

လူတိုင်းမှာ အိမ်မက်တွေ ရည်မှန်းချက်တွေအသီးသီး ရှိခဲ့ကြမှာပါ ကိုယ်စိတ်ဝင်စားရာ ဝါသနာပါရာအလျှောက်ပေါ့

အချို့လည်း ရည်မှန်းချက်အတွက် ကျိုးစားရင်းရုံးကန်ရင်း
အချို့လည်း ကြောင်းကြောင်းကြောင့် ရည်းရွယ်ရာနဲ့ လားလားမှမဆိုင်တဲ့ အခြေအနေမှာ ကျိုးစားရုံးကန်နေကြတယ်

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုကြားမှာ အလွယ်တကူပဲ ဖြစ်သင့်တာနောက် ကောက်ကောက်ပါအောင် ေလိုက်ခဲ့မိရင်းပေါ့

ကျွန်တော်အလိုအရဆိုရင် ဖြစ်ချင်တာကို ဦးစားပေးသင့်တယ်ထင်တယ် ကျိုးစားပုံဖော်စေချင်တယ် လုံးဝကိုပဲ မဖြစ်နိုင်တော့ဘူးဆိုမှ လျှော့စျေးပေးတဲ့အနေနဲ့ ဖြစ်သင့်ရာကို ကျေကျေနပ်နပ်ရွေးချယ်ရတာမျိုးဆိုရင် ပိုမကောင်းဘူးလားပေါ့

ဒါမှ နောင်တစ်ချိန် ပြန်တွေးမိတိုင်းမှာ ကိုယ်ရည်ရွယ်ရာကို ကိုယ်က အလွယ်တကူ စွန့်လွှတ်လိုက်တာ မဟုတ်ဘဲ လုံးဝမဖြစ်နိုင်တော့လို့သာ လက်လျော့လိုက်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နိုင်လိမ့်မယ်ထင်တယ် ပြီးတော့ ကိုယ်ရွေးချယ်ထားရာမှာလည်း ကျေနပ်ပျော်ရွှင်နိုင်ပါလိမ့်မယ်

ခုတလော ခပ်စိပ်စိပ်ကို တွေ့ရတယ်ဗျ
သာသနာနွယ်ဝင်တွေက ဓမ္မထက် လောကီရေးရာမှာ ပိုပြီးစိတ်ဝင်စားလာတာမျိုး
ကျောင်းသားတွေက ကျောင်းစာထက် ပြင်ပကိစ္စတွေမှာ ပိုစိတ်ဝင်စားလာတာမျိုး
လုပ်ငန်းခွင်ဝင်နေသူတွေကလည်း မိမိလက်ရှိလုပ်ဆောင်နေတဲ့အလုပ်ထက် အခြားသောအရာတွေမှာ ပိုပိုစိတ်ဝင်စားလာတာမျိုး
အနုပညာသမားတွေက စစ်မှန်တဲ့ ရင်တွင်းခံစားချက်တွေထက် အခြားအခြားသောအရာတွေကို ပိုအသားပေးလာတာမျိုး စသည်စသည်ဖြင့်ပေါ့

ဒါက ကိုယ့်လက်ရှိရောက်​နေရာမှာ မပျော်ပိုက်နိုင်ခြင်း သဘောပေလား

ကိုယ့်လက်ထဲကအရာထက် အခြားသူတွေရဲ့အရာဟာ ပိုပြီးကောင်းမွန်နေတယ်လို့ ယူဆနေခြင်းပေဘဲလားလို့ စဥ်းစားမိရင်း

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် နှင့် ရွှေပန်းထိမ်လုပ်ငန်း
koloneypoe.blogspot.com

I am the only one

 
Labels
 I'm in a trance
 Because it is a real universe

 Labels
 It's happening
 Because it is a real universe

 Labels
 I'm sad
 Because it is a real universe

 It is called Putuzana Naw Ommatta
 The same idiots who do not know the truth
 I am more qualified
 Because it is a real universe

 Than Tun Lay (Inte Village)

Tuesday, August 11, 2020

ဆုတောင်းပြည့်ဖို့ရာ

ကျွန်တော်တို့ရဲ့ လူမှုဘဝယဥ်ကျေးမှုမှာ ဆုတောင်းဆုယူမှုက လေးလေးနက်နက်ကို စိမ့်ဝင်စီးဆင်းနေတယ်လို့ ပြောရမလိုပဲဗျ နေရာဒေသ လူမျိုးဘာသာမရွေးဆိုပါတော့

စာမေးပွဲအောင်ဖို့ စီးပွားရေးအဆင်ပြေဖို့ ရာထူးတက်ဖို့ ချစ်ရေးချစ်ရာအဆင်ပြေဖို့ စသည့် ပုဂ္ဂလခံစားချက်အားလျှော်စွာ ခေါင်းစဥ်တွေအမျိုးမျိုးနဲ့ပေါ့

ဆုတောင်းသူတို့ရဲ့ ဆန္ဒတွေက အမျိုးမျိုးပြားသည့်အလျှောက်ပဲ ဆုတောင်းခံအရာတွေကိုလည်းအမျိုးမျိုးသောအမည်နာမတွေနဲ့ ပြောင်းလည်းပြစ်ခဲ့ကြပါတယ်

ယခင်က မြတ်စွာဘုရားကို ရည်းစူးသည့်အလျှောက် ဘာစေတီ ညာစေတီ ဘာဆင်းတုတော် ဘာဆင်းတုတော် စသည်ဖြင့်သာ အမည်နာမများရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အမည်နာမနောက်မှာ ဆုတောင်းပြည့်တို့ ဆန္ဒတော်ပြည့်တို့ အလိုတော်ပြည့်တို့ စတဲ့ ဝိ​သေသနတွေပါ ထည့်သွင်း မှည့်ခေါ်လာကြတယ်

မြတ်ဗုဒ္ဓနည်းကျ ဆုတောင်းပြည့်ဖိုဆိုရင် ဆုတောင်းခံအရာထက် ဆုတောင်းသူရဲ့ သန္တန်မှာရှိနေတဲ့ သဒ္ဒါ သီလ သုတ စာဂ ပညာ ဆိုတဲ့ အချက်ငါးချက်နဲ့ ပြည့်စုံရမယ် ဆိုလိုတာက ဆုတောင်းခံက ရွှေတိဂုံဖြစ်ဖို့ ကျိုက်ထီးရိုးဖြစ်ဖို့ထက် ဆုတောင်းသူရဲ့ သန္တန်မှာရှိတဲ့ စိတ်ဆန္ဒကသာ ပိုပြီးအရေးကြီးတယ်လို့ ဆိုတာပါ

ဘုရားက ရှင်သာရိပုတ္တရာကို လှူတာက ရှင်သာရိပုတ္တရာက ဘုရားကို လှူတာထက်ပိုမြတ်ပါတယ် ဘာကြောင့်လည်းဆိုတော့ လှူသူဘုရားက ဒါနအကျိုးကိုပိုပြီး ပြည့်ပြည့်စုံစုံသိပြီး ကိုယ်ကျင့်တရားလည်းပို စင်ကြယ်လို့ပါ

ဒီလိုဆိုလိုက်တော့ ဘုန်းကြီးစာနဲနဲဆန်နေတယ်ဗျ အလှူခံမှာဟစ်တဲ့ ဂေါပကလေသံကြီးလိုဖြစ်နေတယ်မဟုတ်လား နားလည်ဖို့ဝေးနေတယ် ကိုယ်နဲ့မဆိုင်တာမျိုး ဘုန်းကြီးကျောင်း စာအုပ်ဗီယိုထဲက လက်လေးလုံးလောက်ရှိတဲ့ ငါတို့နားမလည်တဲ့ စာအုပ်ထဲက အက္ခရာတွေလို့သာ မှတ်ယူစရာရှိတယ်ဗျ

ဒီတော့ ဒီစကားတွေကို ကျွန်တော်တို့နဲ့နီးစပ်နိုင်သမျှ နီးစပ်ဖို့ ကျွန်တော်တို့ဘဝထဲကို ဆွဲသွင်းကြည့်ကြရအောင်လား

သဒ္ဒါဆိုတာက ယုံကြည်မှုပါ
ဒါလုပ်ရင် ဒါရဲ့အကျိုးကို မုချခံစားရမယ်ဆိုတဲ့ အသိပေါ့ တနည်းအားဖြင့် ကံကံ၏အကျိုးကို ယုံကြည်ခြင်း

သီလဆိုတာက ကိုယ်ကျင့်တရားကောင်းမွန်ခြင်းပါ
ဒီနေရာမှာ သီလဆိုတာ အခုဆောက်တည် မချိုးမဖောက်သမျှ ပြည့်စုံနေတယ်လို့ပဲ ပြောရမှာပါ အတိတ်ကပြုလုပ်ပြီးခဲ့သမျှနဲ့ မဆိုင်ပါဘူး

သုတဆိုတာက မှန်ကန်တဲ့ တရားဒေသနာတော်တွေကို ကြားနာဖူးသူလို့ ဆိုလိုတာပါ
ကံ ကံ၏အကျိုးကို ယုံကြည်ဖို့အတွက် ဒီဒေသနာကို နာကြားလေ့လာဘူးဖို့ လိုတယ်မဟုတ်လား

စာဂဆိုတာက စွန့်လွှတ်မှုပါ
ကိုယ့်ဘက်က တစ်ခုခုကို စွန့်လွှတ်လှူဒါန်းမှုပြုလုပ်ပြီးပေါ့ ငွေရယ် ပစ္စည်းဥစ္စာရယ်လို့မဟုတ်ပါဘူး ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကစလို့ပေါ့

ပညာဆိုတာက ဝေဖန်သုံးသတ်နိုင်စွမ်းပါ
လှူဟာအလကားစွန့်ပစ်တာမဟုတ်ဘူး ဒီရဲ့အကျိုးဆိုတာရှိတယ်လို့သိတဲ့ အသိစိတ်ပါ

ဒီငါးချက်ပြည့်စုံရင် မုချပြည့်စုံမယ်လို့လည်း မြတ်ဘုရားက အာမခံခဲ့ပါတယ်

သာသနာတော်မှာလည်း ဆုတောင်းသူတွေအများအပြားရှိပါတယ် ဒါပေမယ့် သူတို့နဲ့ကျွန်တော်တို့မတူတဲ့အချက်က ကျွန်တော်တို့ရဲ့ ဆုတောင်းမှုက လောဘနဲ့ယှဥ်ပြီး သူတို့ရဲ့ ဆုတောင်းမှုက ဆန္ဒပြုတာသက်သက်ဖြစ်တာကြောင့်ပါ

ဒါကြောင့်ဆုတောင်းပါ ကိုယ့်ကိုယ်ကိုလည်း ပြည့်စုံအောင်ဖြည့်စည်းပါအုံးလို့ ဆန္ဒပြုရင်း....

သန်းထွန်း​လေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်​ရွှေပန်းထိမ်လုပ်ငန်း

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...