လူသားတိုင်းရဲ့ ရှင်သန်ရာဘဝတိုင်းမှာ စိတ်ကူးမျှော်လင့်မှုတွေ ရည်းမှန်းချက်တွေ အားလုံးမှာရှိမှာပါ ဒီမျှော်လင့်ချက်ကို ပုံဖော်အရောက်လှမ်းဖို့ လျောက်လှမ်းကြမယ့် အစီအစဥ်တွေနဲ့ပေါ့
ကိုယ့်ရဲ့ရည်မှန်းချက်အတွက် ချမှတ်ထားတဲ့ အစီအစဉ်ပေါ်မှာပဲ တရှိုက်မတ်မတ် ကျိုးစားနေသူတွေရှိကြသလို့ အချို့ကလည်း ဒီကွေ့မှာ ဒီတက်နဲ့ဆိုသလို အရံအစီအစဥ် plan b ပုံဖော်ထားတာလည်း ရှိတယ်
ဘောလုံးလောကမှာတော့ ဂွာဒီယိုလာ နဲ့ ယာဂင်ကလော့ပ်ဟာ plan b လုံးဝမထားတတ်သူများလို့ဆိုတယ် နိမ့်သည့်အသင်းဖြစ်စေ မြင့်သည့်အသင်းဖြစ်စေ ဘယ်အသင်းနဲ့တွေ့တွေ့ ပုံစံတစ်မျိုးတည်းသာကစားတယ်
ဒီတော့ သူတို့မှာ plan တစ်ခုတည်းရှိတဲ့အတွက် သူတို့ရဲ့ plan a ကိုပဲ ပိုမိုအားကောင်းအောင်ပဲ ပြင်ဆင်တယ် တွေ့ဆုံမယ့်အသင်းရဲ့ အခြေအနေကို သိပ်အများကြီး အာရုံထဲမထည့်ကြဘူး
ရံခါမှာ ကျွန်တော်တို့မှာ plan သိပ်များနေတာမျိုးဟာ ဆိုးကျိုးတွေရှိလာနိုင်တယ် ဒီလိုမဖြစ်ရင် ဟိုလိုလုပ်မယ် ဟိုလိုမဖြစ်ရင်ဤလိုလုပ်မယ် လုပ်မယ်နဲ့ plan တွေသာများများလာတယ် ရည်ရွယ်ရာပန်းတိုင် မရောက်နိုင်တာမျိုးပေါ့
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Sunday, June 23, 2019
Saturday, June 22, 2019
ပါပလူမျိုးကိုးဆယ့်ကိုး
နှုတ်ခမ်းစွန်ဖျားနှစ်ဖက်
ကွေးညွှတ်ရုံသူမဲ့တော့
ငါ့ကိုများဖြစ်ရလား
မုန်းစိတ်မှာပွား....
နှုတ်ထက်က မေတ္တာစကား
လှုပ်ခတ်ရုံသူဆိုတော့
တိုးညှင်းတော့ငါမကြား
သိခက်ပါလား.....
သန်းထွန်းလေး (အင်းတဲရွာ)
Monday, June 17, 2019
မြင်ကွင်းများ
............
ကြည့်ဖူးကြလားဗျ
မျက်လုံးကို တစ်ဖက်ပိတ်ပြီး တစ်ဖက်ခြမ်းကိုကြည့်လိုက်ရင် နှာတံကခံနေတယ် မြင်ကွင်းအပြည့်မမြင်နိုင်ဘူး
ဆိုလိုတာက ပကတိမျက်စိဟာ အကန့်အသတ်ရှိတယ် သူ့ရဲ့မြင်နိုင်စွမ်းအား မြင်ကွင်း အကွာအဝေးကစလို့ပေါ့
ဗုဒ္ဓစာပေတွေမှာတော့ မြင်ခြင်းတစ်ခုဖြစ်ပေါ်လာဖို့ အကြောင်းပေါင်းမြောက်များစွာ စုစည်းဆုံတွေ့ပေးရတယ်လို့ဆိုတယ်
ပကတိမျက်စိ အလင်း အဆင်း အမြင်ကိုသိနိုင်တဲ့ စိတ် ယေဘုယျအားဖြင့် ဒီအကြောင်းတွေရှိဖို့လိုတယ်လို့ ဆိုတယ်
မျက်စိရှိပေမယ့် အလင်းမရှိရင် မမြင်နိုင်ဘူး မြင်စရာ အဆင်းမရှိလို့လည်း မဖြစ်ပြန်ဘူး ဒါ့အပြင်မြင်ကွင်းကို သိမှတ်တဲ့စိတ်ရှိဖို့လည်း လိုအပ်တယ်
မျက်လုံးမပိတ်ဘဲ အိပ်သူတွေရှိတယ်မဟုတ်လား မျက်စိရှိတယ် အလင်းရှိတယ် အဆင်းရှိတယ်ဆိုပေမယ့် အမြင်ကို သိမှတ်တဲ့စိတ်မရှိတော့ မမြင်ဘူးလို့ပဲ ဆိုနိုင်တယ်
ထားပါတော့ ဒါကမြင်ခြင်းကိုအသေးစိတ်ခွဲကြည့်တာပါ
ကျွန်တော်က မြင်ကွင်းတွေအကြောင်းပြောချင်တာ
မြင်ကွင်းတစ်ခုတည်းကိုပဲ ကာလဒေသ အသက်အရွယ်အပိုင်းအခြား အသိဉာဏ်ကွဲပြားသူတွေမှာ အမြင်တူမှာမဟုတ်ပါဘူး
ရှိတတ်တယ်ဗျ တစ်ချို့က လက်တွေ့မှ ကိုယ်တိုင်ထိသိရမှ ယုံတယ်
အချို့ကကိုယ်ရင်းနှီးသူ ပြောတာမို့ယုံတယ် ဆိုတာမျိုးပေါ့
ဒါကြောင့်ထင်ရဲ့ ရှေးစကားပုံတစ်ခုရှိတယ်
ကျွန်ယုံတော့ တစ်ဖက်ကန်း
သားသမီးယုံ စုံလုံးကန်းဆိုတာ
လောကမှာ ကျွန်တော်တို့ မြင်နိုင်သိတာက ပမာဏအနည်းငယ်သာရှိပါတယ်
အနည်းငယ်သော သက်တမ်းအတွင်းမှာ ကျွန်တော်တို့ လူမှုဝန်းကျင် စည်းမျဥ်းဘောင်ကလနားတွေအတွင်းက ကျော်လွန်တွေးသိနိုင်ဖို့ အလွန်ခက်ပါတယ်
ဒါကြောင့် အကြောင်းအရာတိုင်းမှာ
အစဥ်အလာ မိရိုးဖလာဆိုပြီးတော့လည်း
လေးစားအားကျသူ ပြောတယ်ဆိုပြီးတော့လည်း
ရင်းနှီးရသူ ပြောတယ်ဆိုပြီးတော့လည်း မုချမှန်တယ်လို့ မယုံပါနဲ့
သင့်ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်ပါစေကြောင်း......
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Thursday, June 13, 2019
လက္ခဏာ
.........
ပါဠိစာပေကနေ တိုက်ရိုက်မွေးစားထားတဲ့ စကားလုံးဖြစ်ပါတယ်
မြန်မာလိုတော့ အမှတ်အသားလို့ ဆိုရလိမ့်မယ်ထင်တယ်
လက်မှာဖြစ်ပေါ်နေတဲ့ အရေးအကြောင်းတွေသာမက တစ်ကိုယ်လုံးက မည်သည့်နေရာမှာမဆို ဖြစ်ပေါ်နေတဲ့အရာအားလုံးဟာ လက္ခဏာပါပဲ
ထားပါတော့ ဒါကအမှတ်အသားသွင်ပြင် လက္ခဏာတွေဆိုတော့ တွေ့နိုင်သိနိုင်ကြပါတယ်
ကျွန်တော်ပြောလိုတာက စရိုက်လက္ခဏာဖြစ်ပါတယ်
လူတစ်ယောက် လှမ်းလျှောက်တဲ့ ခြေရာကိုကြည့်ပြီး သူ့ရဲစရိုက် အကျင့်ကို လားရာ လာခဲ့ရာအရပ်ကို ပြောချင်လို့ပါ
ကျွန်တော်တို့သိခဲ့မှတ်ခဲ့ဖူးကြတယ် မာဂဏ္ဍီ ပုဏ္ဏားဟာ မြတ်ဗုဒ္ဓရဲ့ မြေပြင်မှာထင်ကျန်ခဲ့တဲ့ ခြေရာကိုကြည့်ပြီး ထူးမြတ်သည့်ပုဂ္ဂိုလ်ဆိုတာ မုချထင်မှတ်မိတာမျိုးပေါ့ အခွင်အခွက်မရှိ မြေပြင်မှာ ခြေဖဝါးတစ်ပြင်လုံး ထင်ပေါ်နေတာကြောင့်ပါ
ခြေဖျားရာသာ ထင်ရှားတဲ့ ခြေရာပိုင်ရှင်တွေကို လောဘစရိုက်ရှိသူလို့ ဆိုတယ် ဘာ့ကြောင့်လည်းဆိုတော့ လိုချင်ရမက်ရှိသူတွေ သူခိုးတွေဟာ သူတစ်ပါးဥစ္စာရယူရန် ခြေဖျားလေးထောက် ဖွဖွလေးလျှောက်တတ်တာကြောင့်တဲ့
ခြေဖျားနဲ့ဖနောင့်သာ ထင်ရှားပြီး အလယ်မထင်ရှားတဲ့ ခြေရာမျိုးကိုတော့ မောဟစရိုက်ရှိသူလို့ဆိုတယ် ပြီးပြီးပြောက်ပြောက် မေ့မေ့လျော့လျော့နဲ့ အဆင်ပြေသလိုပဲ ဘဝကို လျှောက်လှမ်းနေသူတွေလို့ဆိုတယ် သူများဟေ့ဆို လိုက်ဟေ့လိုက်တယ်ဆိုတာမျိုးပေါ့
ခြေဖနောင့်ရာသာ ထင်ရှားသူတွေကိုတော့ ဒေါသစရိုက်ရှိသူတွေလို့ ဆိုတယ်
ဒေါသကြီးသူဟာ စိတ်တွင်းမကြေနပ်မှုကြုံတိုင်း ဆောင့်ဆောင့်အောင့်အောင့် နင်းလျှောက်ပြီး သွားတတ်တာကြောင့်လို့ဆိုတယ်
ဘုရားဟောမဟုတ်လို့ မုချလို့ မဆိုနိုင်ပေမယ့် ဖြစ်နိုင်ခြေတော့ အတော်ရှိနိုင်တာမို့ သိရှိစေဖို့ ဝေမျှရင်း...

Saturday, June 8, 2019
တံခါး
{}{}
တံခါးပေါင်းများစွာ ကျွန်တော်တို့ မြင်ဖူးတွေ့ဖူး အသုံးပြုဖူးကြပါတယ်
သူရဲ့ ဂုဏ်သတ္တိကိုတော့ အလွယ်အားဖြင့် လုံခြုံဖို့လို့ အဓိပ္ပါယ်ဖွင့်ရမယ် ထင်တယ်ဗျ
လောကမှာ တံခါးကြောင့် ခံစားကြရတဲ့ ဒုက္ခတွေ ဖြစ်ပေါ်လာတဲ့ အကျိုးတွေဟာလည်း မရေမတွက်နိုင် အစုနဲ့အဝေး ဒုနဲ့ဒေးပေါ့
~~~~~~~~~~~~~~~~~~~~~~~~~~
စားဖိုမှူးရဲ့ ပေါ့လျော့စွာ တံခါးပိတ်ဖို့ မေ့လျော့ခဲ့တာကြောင့် မင်းမြတ်တစ်ပါးဟာ ဘီလူးအလား လူရဲ့အသားကိုမှ ခုံခုံမင်မင် နှစ်နှစ်သက်သက် စွဲလမ်းနှစ်ခြိုက်မိပြီး ဒုက္ခပင်လယ်ဝေရပုံတွေ
ကိုယ်ကျိုးသာကြည့်ပြီး ခက်ခက်ထန်ထန် မျက်နှာပေးနဲ့ မဟုတ်မဟတ်ကြံစည်တတ်တဲ့ အနာထပိဏ်သဌေးရဲ့ အိမ်ဝတံခါးစောင့်နတ်လိုလူတွေ
ရန်သူပတ်လည်ဝိုင်းနေတဲ့ အစ္စရေးတို့ရဲ့ အထပ်ထပ်ပိတ် အဆင့်ဆင့်စစ်ေဆးတဲ့ ဂိတ်တံခါးပေါက်တွေ
တံခါးအားလုံးပိတ် မှောင်မိုက်ခဲ့ဖူးတဲ့ အတိတ်ကာလတွေ
မလုံမလဲနဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဟာလာဟင်းလင်း ဗလာကျင်း ဖြစ်နေတဲ့ အနောက်က တံခါးတွေ
စသည်စသည်ဖြင့် သတိထားစရာ သင်ခန်းစာယူဖွယ်ရာတွေ တံခါးက ပေးပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးမှန်သမျှဖွင့်ထားရင် အပြင်က ဖုန် အမှိုက်သရိုက်ကအစ ဝင်လာနိုင်တာကိုတော့ သတိရှိဖို့လိုတယ်
ဘေးအန္တရာယ်ကင်းအောင် တံခါးအားလုံးပိတ် ကိုယ့်အိမ်ထဲမှာပဲ တိတ်တဆိတ်နေမယ်ဆိုရင်လည်း အပြင်က လတ်ဆတ်တဲ့လေနဲ့ သဘာဝရဲ့ အလင်းရောင်ကို ရရှိနိုင်မှာ မဟုတ်ဘူးလေ
ဒီတော့ ဖွင့်သင့်တဲ့တံခါးဖွင့်ပြီး လေနဲ့အလင်းရောင်ကို ခံယူပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေကို ခုခံဖို့ ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်မှာ လုံလောက်တဲ့ ကိုယ်ခံအား အမှန်အမှား ခွဲခြားနိုင်တဲ့ အသိပညာ ရှိနေဖို့လိုအပ်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ ငယ်ငယ်က ရပ်ရွာမှာ တံခါးဆိုတာ မည်ကာမတ္တတပ်ဆင်ထားရုံ ပါတယ်ဆိုယုံပါ တကူးတက ဘယ်သူမှ ပိတ်နေဖွင့်နေတာမျိုး မရှိပါဘူး အပ်တိုတစ်ချောင်းတောင် ပြောက်တယ်ဆိုတာမျိုး မကြားဖူးဘူးဗျ
ရပ်ထဲရွာထဲ အားလုံးဟာ တစ်အူတုံဆင်း ညီနောင်သားရင်းတွေလိုပါပဲ တစ်ဦးမရှိချိန် တစ်ဦးက စောင့်လျှောက်ကြည့်ရှုပေးတယ် ထူးထွေကျေးဇူးတင်နေဖို့ မလိုပါဘူး အခြေခံဝတ္တရားတစ်ခုအဖြစ် တည်ရှိနေတာ
ခိုင်မြဲတဲ့ ကိုယ်ကျင့်တရားရှိရာ အဝန်းအဝိုင်းမှာဆိုရင်တော့ တံခါးဆိုတာ မည်ကာမတ္တ ပါတယ်ဆိုယုံကလွဲပြီး သိပ်အသုံးမဝင်တဲ့ အရွက်မျှသာမဟုတ်ပါလားဗျာ..
~~~~~~~~~~~~~~~~~~~~~~~~~
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
ကဗျာ ဆောင်းပါး FB Page
Friday, June 7, 2019
မယ်ခွေ
.......
ရတနာသိင်္ဃမြို့နေ စစ်တောင်းဝန်တွင် မယ်ကေ မယ်ခွေ ဟူ၍ သမီးနှစ်ယောက်ရှိသည့်အနက် သမီးထွေးဖြစ်သည်
ကြင်ဖော်ဖက်မှာ အမွေဝန်ဟောင်း မောင်စွက်ဖြစ်သည်
အရင်ကကျောင်သင်ရိုးမှာ သင်ရပေမယ့် ဆေးလိပ်သောက်သုံးမှု အားပေးသည်ဟူသော အယူအဆဖြင့် ယခုနှစ်သင်ရိုးမှာ ဖြုတ်မည်ဟုသိရ၍ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်
ဆေးလိပ်လက်ဆောင်
.....................
မ၀ယ်ဘူး မယ်ခူးတဲ့ဖက်စို။
မီးမကူ နေပူမှာမကင်အားလို့
ထားရတယ်အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင်ရွှေ၀သွားကို
ပါးလိုက်ကဲ့လေး။

Thursday, June 6, 2019
ဦးသန့်အကြောင်း သိကောင်းစရာအချို့
========================
ဦးသန့်သည် ကမ်ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမားှစွာသော ကမ်ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ်ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ချ်တို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇့ှအလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ်ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာ၀ပတ်၀န်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ်ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာ၀န်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ်ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ်ဘာတစ်၀ှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဝါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယို၀င်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျ၀်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ်ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ်ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥၤမှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နို၀င်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်၀န်းသည်။
Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ ့U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ်ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဉာဏ်ရည်ဉာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ်ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။
Credit- History & Biography Blog

မေမေ့သား တိုက်စစ်မှူး ဘောလုံးသမား (ချစ်ဦးညို)
--------------------
“ဂိုး” ဟူသော တစ်ခဲနက် အော်သံကို ကြားရလျှင်ပင် အမလေး တကာ အထိတ်တလန့် ဖြစ်သွားတတ်သော ကျွန်မ၌ သားလေး တစ်ယောက်ရှိပြီး ထိုသားလေးမှာလည်း ရှေ့တန်း တိုက်စစ်မှူး ဘောလုံးသမား တစ်ယောက် ဖြစ်နေခြင်းမှာ လောကရဲ့ လှပ ပိရိသော လှည့်စားချက် ပေပဲလား မသိ။
အားကစား ဆိုသော အရာကို ကျွန်မသည် စိတ်လည်း မဝင်စား၊ စိတ်ဝင်စားရ ကောင်းမှန်းလည်း မသိ။ အာဖရိက တောနက်ထဲမှ ကပ္ပလီ တစ်ဦးသည် မြောက်ဝင်ရိုးစွန်းမှ ပိုလာ ဝက်ဝံတစ်ကောင် အကြောင်း ဘာမှ တွေးမိခြင်း မရှိနိုင်သလို၊ ကျွန်မ၏ အတွေးအကြံ လှုပ်ရှားမှု မှန်သမျှထဲ၌ အားကစား ဆိုသောကဏ္ဍ မပါရှိခဲ့ပေ။ အားကစား စိတ်ဓာတ်၊ အားကစားဖြင့် တိုင်းပြည် လူမျိုးဂုဏ်ကို မြှင့်တင်အံ့ ...အစရှိသော စကားလုံးတွေကို ကြားနေရ သော်လည်း တစ်ချက်လေးမှ ကျွန်မ (စိတ်ဝင်းစားဖို့ မဆိုထားနှင့်) အတွေးစိတ်ကူး သက်ရောက်ခြင်းတောင် မရှိခဲ့ပေ။
အဲဒီလို မိန်းမသား တစ်ဦးမှာမှ ထူးချွန်သော ဘောလုံးသမား သား တစ်ယောက်ကို ရရှိလာခြင်းမှာ အတော့်ကို ခွကျသော ကိစ္စ ဖြစ်လေသည်။
သို့သော် သား၏ အောင်မြင်မှုတွေကို ကျွန်မ အသိအမှတ် မပြုဘဲ မရတော့အောင် ဖြစ်လာ၏။ ဧည့်ခန်းကို ကြက်မွေး တစ်ချောင်းဖြင့် ကျွန်မ ရှင်းလင်း သန့်စင်ရာမှာပင် ရှိုးကေ့စ်ထဲက သား ရထားသော ဆုဖလားများ၊ တံဆိပ်များ၊ နံရံထက်မှ ဘောလုံး ပိုက်ထားသော သား၏ ဓာတ်ပုံများ၊ ဆုတံဆိပ် လက်ခံ ရယူနေသော ဓာတ်ပုံများကို ကျွန်မ အသေအချာ ကိုင်တွယ် သန့်ရှင်း ပေးရတော့သည်။
သား၏ အားကစား ဝတ်စုံများကို လျှော်ဖွပ် မီးပူတိုက်ရာ တွင်လည်း သမီးကြီးနှင့် လွှတ်ပေး မထားတော့ဘဲ ကျွန်မ ကိုယ်တိုင် ဝင်လှုပ်ရှား ဖြစ်သည်။ နံရံကပ် ဗီရိုမှာလည်း ကျွန်မနှင့် အိမ်ဦးနတ်တို့ အတွက် ဆောင်ထားသော အိမ်သုံးဆေးများကို တော်ရာချောင်တွင် ပြောင်းရွှေ့ကာ သားအတွက် အားဆေး၊ လိမ်းဆေး ပုလင်းများ ဘူးများကိုသာ စီရရီ နေရာချပေး ဖြစ်လာသည်။
ထမင်းစား စားပွဲပေါ်မှာလည်း ကျွန်မတို့၏ ထန်းလျက်ပုလင်း၊ စတုမဓူ ပုလင်းများ နေရာမှာ သားအတွက် သစ်သီးဖျော်ရည်၊ မိုင်လို၊ ဟောလစ် ဘူးများက နေရာယူ လာသည်။
တစ်ခုတော့ ဝန်ခံရပါမည်။ ကျွန်မ ဒါတွေကို လုပ်နေခြင်းမှာ သားကို ချစ်သော မိခင်မေတ္တာ အကြောင်းရင်းခံ တစ်ခုတည်း ကြောင့်ပဲ ဖြစ်၏။ သား၏ အားကစားကို ကျွန်မ အားပေး ဖြည့်စွမ်းခြင်း မဟုတ်ရေးချ မဟုတ်ပေ။ ဟို ဟာသ ပုံပြင်လေးထဲက မိန်းမကြီး ပြောသလိုပင် “ဘောလုံးလေးက တစ်လုံးတည်း၊ လူတွေက အယောက် နှစ်ဆယ်လောက် ဝိုင်းလု ကန်နေကြ ရတာကိုး။ တစ်ယောက် တစ်လုံးစီ ပေးလိုက် ပြီးရောကွယ်” ဆိုသော အဆင့်မျိုးထက် ကျွန်မ မပိုပေ။ သည်မျှပင် ကျွန်မသည် အားကစားဆိုတာနှင့် ဝေးကွာသူ ဖြစ်ပေသည်။
“စပို့တ်စ်မင်း စပရစ်” ဆိုသော စကားလုံးကို သိပါသည်။ သို့သော် ဒါကို ဆက်လက် တွေးတောဖို့ ကျွန်မ ဘယ်တုန်းကမှ မကြိုးစားခဲ့။ အားကစား ဆိုတာ လူတစ်ယောက်ရဲ့ ဘဝ ဖြစ်တည် ရှင်သန်ရေးမှာ လိုအပ်သလား။ ဘယ်လောက် အတိုင်းအတာ အထိ လိုအပ်သလဲ။ တိုင်းပြည် လူမျိုး ဂုဏ်ကို အားကစားနဲ့ မြှင့်တင်တယ် ဆိုတာ ဘယ်လိုပါလိမ့်။ ကျွန်မ မတွေးတတ်ရိုး အမှန် ဖြစ်၏။
တစ်ခါ တစ်ခါတော့ သား၏ မိခင် အနေနှင့် ကျွန်မ အစွမ်း ရှိသလောက် တွေးကြည့်မိ လေသည်။ ဂိုးပေါက်ထဲ ဘောလုံးဝင်အောင် သွင်းနိုင်တာ၊ ခရီးဝေးကြီးကို ပြေးပြီး ရှေ့ဆုံးက ပန်းဝင်သွားတာ၊ သံလုံး သံပြား ဆိုတာကို အဝေးကြီး ရောက်အောင် ပစ်နိုင်တာ၊ တုတ်ရှည်ကြီးနဲ့ ထောက်ခုန်ပြီး သစ်သားတန်း အမြင့်ကြီး လွတ်အောင် ခုန်နိုင်တာ၊ ပုံစံ အမျိုးမျိုးနဲ့ ရေကူးနိုင်တာ ... အင်း ... ဒါတွေ လုပ်နိုင်တော့ကော ဘာဖြစ်လာမှာလဲ။
“စစ်မှန်သော ပြိုင်ဆိုင်မှုသည် တိုးတက်မှုကို မွေးဖွားပေး၏” တဲ့။ “လူသားတို့၏ သန္တာန် ကိုယ်နှိုက်က ပင်လျှင် အားပြိုင်မှုကို နှစ်ခြိုက်တတ်၏” တဲ့။ ဒီအဆိုအမိန့်တွေ ကိုလည်း ကျွန်မ စောဒက မတက်ချင်ပါ။ အင်း ... ဒါပေမယ့် ရုပ်ခန္ဓာကြီးကို ရရှိလာပြီး ကတည်းက အတွင်းအပြင် အာယတနတွေနဲ့ ပြိုင်ဆိုင်ကြရပြီ ဖြစ်တဲ့ ဘဝကြီးမှာ အားပြိုင် လွန်ဆွဲမှုတွေကို ထပ်ပြီး ရှာကြဦးမှာတဲ့လား။ ထားပါတော့လေ။
ကျွန်မသည် အားကစားနှင့် ပတ်သက်လာလျှင် နလပိန်းတုံး မိန်းမသား တစ်ယောက်သာ ဖြစ်လေသည်။
အင်း ... ဒီလို မိခင်မျိုးမှာမှ ဒီလိုသား တစ်ယောက် ထွန်းပေါက်လာတယ် ဆိုတာကတော့ ...။
* * *
ရပ်ကွက်အတွင်း၊ လမ်းအတွင်း၊ အပြေးပြိုင်ပွဲ ဘောလုံးပွဲများမှာ သားလေး ဆုတွေ စရပြီ ဆိုကတည်းက ကျွန်မ ရင်ဖိုရတော့၏။
“သားရယ်၊ မတော်တဆ လဲပြုပြီး ကျိုးပဲ့ သွားမှဖြင့်”
ကျွန်မ သိသည်မှာ ဒါပဲ ဖြစ်သည်။
ကျောင်း လက်ရွေးစင်၊ ရပ်ကွက် လက်ရွေးစင်၊ မြို့နယ်၊ ခရိုင် ... စသည်ဖြင့် သားသည် အသက်အရွယ်နှင့် အမျှ တစ်စတစ်စ တက်လာ၏။ သား၏ ဝါသနာနှင့် ထူးချွန်မှုကို မည်သည့် မိခင်က ကန့်လန့်ဖြတ် နိုင်မည်လဲ။ ကျွန်မမှာ စိုးရိမ်စိတ်များကို ပွေ့ပိုက် ထားရင်းကပင် သား၏ ပျော်ရွှင်မှုကို ကြည်နူးခြင်း တစ်ဝက်၊ စိတ်မပါခြင်း တစ်ဝက်ဖြင့် ခွင့်ပြုရတော့၏။
သားတို့ အဖေက ကျွန်မကို ပြောတတ်ပါသည်။ “ဟေ့ မင်းဖတ်နေတဲ့ စာအုပ်ထဲက နတ်သျှင်နောင်ဟာ ကူလီရိုက် ကစားနည်းမှာ ချန်ပီယံ တစ်ယောက်လေကွာ။ မင်းရဲကျော်စွာ ဆိုတာကော ကျည်းသား ရိုက်ရင်းနဲ့ စစ် ထတိုက်ခဲ့တယ် မဟုတ်လား။ ယောက်ျား တစ်ယောက်ရဲ့ ကိုယ် စိတ် ကြံ့ခိုင်မှုမှာ စပို့တစ်စ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကွ”
အစ်ကိုကြီးက ကမ္ဘာကျော်၊ မြန်မာကျော် အားကစားသမား တွေကို တသီကြီး ရွတ်ပြ၏။ ဘောဘီဘိုး၊ အူဆီဘီယို၊ ပီလီ၊ မာရာဒိုနာ၊ ဘက်ဂီယို၊ ဗဟာဒူး၊ အေးမောင်ကြီး၊ လှဌေး၊ စတိုင်လ်၊ ကျော်မင်း မှသည် သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ မောင်မောင်ဦး၊ ဝင်းအောင်၊ သန်းဝေ၊ ဇော်ဝင်းနိုင်။
“မိုဟာမက်အလီ ကွာ။ အို ဂျေ ဆင်ပဆင် ကွာ။ပြီးတော့ ရော့ကီ မာစီယာနို၊ မိုက်ကယ်ချန်း၊ မြအေး၊ တင်မောင်နီ၊ ဂျနီဖာတင်လေး၊ ခင်ခင်ထွေး၊ မာမာမင်း”
အစ်ကိုကြီးကို စကားပြိုင်ပြောဖို့ အင်အားလည်း မရှိ။ ဝါသနာလည်း မပါသော ကျွန်မသည် စာစောင်အချို့ကို ထုတ်ပြလိုက်၏။
မိုနီကာဆဲလက်စ် တင်းနစ်ကွင်း ထဲမှာပင် ဓားထိုးခံရခြင်း၊ စတက်ကဖီ ဂရပ်၏ ဖခင်ကြီး အခွန်ရှောင်မှုဖြင့် တရားစွဲ ခံရခြင်း၊ ဘောလုံးသမား အက်စကိုဘာ သေနတ်ပစ် ခံရခြင်း သတင်းများ ထိုစာစောင်များတွင် ပါရှိ၏။
အစ်ကိုကြီးက စာစောင်များကို ဖတ်ပြီး ကျွန်မကို ကြည့်ကာ
“မင်းဟာ နဂို ကတည်းကမှ အားကစားနဲ့ ဒုံးဝေးရတဲ့ အထဲ သားအပေါ် စိုးရိမ်စိတ်တွေက လွန်ကဲ နေတာကိုး။ မင်းအတွက် အားကစား ကြောက်စိတ် ဆိုပြီး ဖိုးဘီးယား ဝေါဟာရ အသစ်တစ်ခု ထွင်ရမလို ဖြစ်နေပြီ” ဟု ဆို၍ သား ထရိန်နင်ဆင်း နေရာသို့ ထွက်သွားတတ် လေသည်။
ကျွန်မကတော့ သား ပြန်လာလျှင် ရေချိုးဖို့ ရေနွေးတည်ရင်း၊ လိမ်းဆေးဘူးတွေ ထုတ်ရင်း၊ နွားနို့ကျိုရင်း ... သားလေး ဘေးမသီ ရန်မခ ရှိပါစေလို့ မေတ္တာပို့ ဆုတောင်း နေမိ၏။
ဆုတောင်း ဆိုလို့သာ ... ကျွန်မ သတိထားမိသည်မှာ သားလေးရဲ့ အဖွဲ့ အသင်း အနိုင်ရပါစေဟု ကျွန်မ တစ်ခါမှ ဆုမတောင်းဖူးကြောင်း အမှတ်ရ လာ၏။ တစ်ဆက်တည်း တွေးမိသည်မှာ သား၏ အောင်မြင်မှု အတွက်လည်း ကျွန်မ တစ်ခါမျှ ဂုဏ်ယူ ဝမ်းမြောက်ခြင်း မရှိခဲ့ ဟူသော အချက်ပင် ဖြစ်၏။
* * *
“အာဆင်နယ်လ် အသင်းက ခြေတက် လာတယ်။ တိုက်စစ်မှူး နှစ်ယောက် အားဖြည့် ထားတယ်နော် ဖေဖေ”
“အေးကွ၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အရှိန်အဝါကို သူတို့ အတော် ကြိုးစား ပြိုင်ကြရလိမ့်မယ်။ ယူနိုက်တက် ခံစစ်ဟာ တစ်ချိန်တည်းမှာ ထိုးစစ် အကွက်ကို ဆင်ပေးနိုင်တာ”
“အခုအတိုင်း ကတော့ ပရီမီးယားလိဂ် ပွဲစဉ်မှာ ခြောက်သင်းလောက်က အပြိုင်းအရိုင်းပဲ ဖေဖေရဲ့ ...။ နိုင်တီဆစ် မှာတော့ အဖြေတွေ တစ်မျိုး ထွက်လာမယ် ထင်တယ်”
“ကြည့် ... ကြည့်ထားဟေ့၊ နောက်တန်းလူတွေကို ဖရိုဖရဲ ဖြစ်အောင် လုပ်နေတာ တွေ့လား။ ကွင်းလယ်ကို ပြန်ဆင်းအောင် ပရိယာယ် ဆင်တာပဲ။ ဂိုးရှေ့မှာ ဟင်းလင်းဖြစ် သွားတာနဲ့ နှစ်ဆင့်ပေး လောက်နဲ့ပဲ ဂိုးသွင်းမှာ တွေ့လားကွ၊ သား”
ပရီမီးယားလိဂ် ဘောလုံးပွဲများ လာသော စနေနေ့ နေ့လည်ပိုင်း ဆိုလျှင် တီဗွီရှေ့မှာ သူတို့ သားအဖ နှစ်ယောက် အသံဖြင့် ပွက်လောညံ နေတတ်သည်။ သူကိုယ်တိုင်က အားကစားသမား မဟုတ်သော်လည်း ဘောလုံးပွဲကို အသေအလဲ ကြိုက်တတ်သော ကျွန်မ၏ ခင်ပွန်းသည် တကယ့် ဝါရင့် ပရိသတ် ဖြစ်၏။ သူ၏ ဝါရင့် ပရိသတ် အမြင်သည် သားအတွက် ကြီးစွာသော အထောက်အပံ့ ဖြစ်စေသည် ဟုလည်း သူ ယုံကြည်လေသည်။
အစ်ကိုကြီးသည် သူ၏ ကိုယ်ပိုင် အသုံးစရိတ် များကို လျှော့ချကာ သားအတွက် အားကစား စာစောင်များ၊ အားကစား ပစ္စည်းများ ဝယ်ပေးခြင်း ဖြင့်လည်း တိုက်ရိုက် အားဖြည့်ပေး တတ်၏။ ထိုအခါ ဖခင်ဖြစ်သူ၏ ကိုယ်ရော စိတ်ပါ မြေတောင်မြှောက် အားပေးမှုကို ခံယူသည် ရှိသော သားသည်လည်း ပို၍ ပို၍သာ တက်ကြွ လာတော့သည်။
သူတို့ သားအဖကို ကြည့်ပြီး ကျွန်မမှာသာ ရင်တမမ။
တီဗွီ ဘောလုံးပွဲများ ကြည့်နေကြသည့် သားအဖ အတွက် ကော်ဖီသွား ချပေးစဉ် မျက်နှာ လွှဲထားသည့် ကြားမှ အမှုမဲ့ ကြည့်လိုက်မိသည့် ခဏ။ ဘောလုံးသမား တစ်ယောက် ခွေခနဲ လဲကျ။ ထမ်းစင်နှင့် ထုတ်သွားတာမျိုး မြင်လိုက်ရပြီ ဆိုလျှင်တော့ ကျွန်မ ရင်တုန်ပန်းတုန် ဖြစ်လာကာ သွေးဆေး သွားသောက် ယူရ၏။
သူတို့ သားအဖ ကတော့ ထမ်းစင်ပေါ် ပါသွားသူထံ စိတ်မရောက်။
“ပင်နယ်လ်တီ မပေးသင့်ဘူး ဖေဖေရဲ့”
“ဒါပေါ့ကွာ၊ ဟိုကောင် ဒူးရှေ့ထုတ်ပြီး ခုန်လာတာလည်း ကြည့်ဦးမှပေါ့။ ဘော်ဒီဖို့စ်နဲ့ ကစားကြတာပဲ။ တွေ့လား၊ ကက်ပတိန်က ဒိုင်လူကြီးဆီမှာ ကွန်ပလိန်း တက်နေပြီ”
“ဟော ... ကက်ပတိန်ကို အဝါကဒ် ပြလိုက်ပြီ ဖေဖေ”
“အင်း ... ဘာပဲဖြစ်ဖြစ်၊ ကြည့်ကောင်းပြီပေါ့ကွာ။ အချိန်က ဆယ့်နှစ်မိနစ်ပဲ ကျန်တော့တာကွ”
အစ်ကိုကြီးကို တစ်ခုခုပြောမှ ဖြစ်တော့မည်ဟု ကျွန်မ ဆုံးဖြတ်လိုက် ပါသည်။
* * *
“အာဇာနည် သူရဲကောင်းမိခင် ဆိုတဲ့ ဘွဲ့ကို အမေတွေဟာ မလွှဲသာလို့ ခံယူ လိုက်ရတာပါ အစ်ကိုကြီး။ ဖြစ်နိုင်ရင် အမေတွေဟာ သူတို့ရဲ့ သားတွေကို ရင်အုပ်မကွာဘဲ ထားချင်ကြတာပါ။ ဘယ်မိခင်မှ သူတို့ရဲ့သားကို စစ်မြေပြင် ရှိရာ မလွှတ်ချင် ကြပါဘူး။ အာဇာနည် သူရဲကောင်းရဲ့ မိခင်ဆိုတဲ့ ဘွဲ့ကြီးကိုလည်း သားရဲ့ အသက်သွေးနဲ့ လဲပြီး မပိုင်ဆိုင်ချင် ကြပါဘူး။ မတတ်သာလွန်းလို့ သာပါ”
ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်ထဲမှ စကားအချို့ကို ကိုးကား၍ ကျွန်မ ရေရွတ် ပြလိုက်သောအခါ သား၏ ဖေဖေသည် ကျွန်မကို အထူးအဆန်း လုပ်၍ ငေးကြည့်နေ၏။
“မင်း ဘာတွေ ပြောနေတာလဲ”
“သားဟာ အခု မြို့နယ် လက်ရွေးစင် ဖြစ်လာပြီလေ။ ပြီးတော့ ရှေ့တန်း တိုက်စစ်မှူးတဲ့။ ဘောလုံး တစ်သင်းမှာ ဒီလိုနေရာဟာ အင်မတန် အန္တရာယ် ကြီးတယ် မဟုတ်လား။ ပရိသတ် ထောင်သောင်းက သားကို လက်ခုပ် ဩဘာသံတွေနဲ့ အားပေးနေချိန်မှာ ကျွန်မကတော့ သားလေး တစ်ခုခု ထိခိုက်သွားမှာကိုပဲ တစ်ချိန်လုံး ပူပန်နေရတယ်”
စိတ်ပျက်စွာ သူ ကျွန်မကို ကြည့်ပြီး ...
“ကြုံဖူးပေါင်ကွာ၊ ကိုယ့်သားရဲ့ ထူးချွန် ကျော်ကြားမှုကို မမြင်နိုင်ဘဲ တစ်ဖက်က လှည့်တွေးနေတဲ့ မိခင်မျိုး၊ မင့်ဟာ အနိဋ္ဌာရုံ အမြင်ပဲ”
“အနိဋ္ဌာရုံ အမြင်ပဲ ပြောပြော။ အန္တရာယ်တွေ ကြားက ပေါ်ပေါက်လာတဲ့ ထူးချွန် ကျော်ကြားမှုကို ကျွန်မ အရသာ မတွေ့တာ အမှန်ပဲ။ အို ... သားအတွက် ဂုဏ်ယူတာ မယူတာတွေကို ပြောတာ မဟုတ်ဘူး။ သားအတွက် စိုးရိမ်တာ”
“ဟ မိန်းမရဲ့၊ မင့်လိုသာဆိုရင် တိုက်ပွဲတို့၊ အခက်အခဲတို့၊ ယောက်ျားကောင်းတို့ ဆိုတာတွေ ပေါ်လာစရာ မရှိတော့ဘူး။ ခက်ပါ့ကွာ။ ဒီစကားများ သားကို သွားမပြောလိုက် ပါနဲ့။ မင့် အယူအဆက သားရဲ့ တိုးတက်မှုကို နောက်ဆံတင်းအောင် လုပ်သလို ဖြစ်နေပြီ”
“သားကို ချစ်တဲ့ စိတ်နဲ့မို့ ကျွန်မ သားကို မပြောဘဲ အစ်ကိုကြီးကို ပြောပြ နေတာပေါ့။ သားကို သိပ် သိပ် မြှောက်မပေးပါနဲ့လို့”
“အံမာမင့်သားက ငါ မြှောက်ပေးစရာ မလိုဘဲ သူ့ဘာသာသူ ပါရမီ ထူးချွန်တဲ့ ဘောလုံးသမား ဖြစ်နေတာဗျား ...”
အစ်ကိုကြီးက နံရံပေါ်မှ သား ဘောလုံး ပိုက်ထားသော ဓာတ်ပုံကို တစ်ချက် လှမ်းကြည့်ပြီး ပြော၏။
“မင်း အတွေး လွဲနေတယ်၊ အတွေး ခေါင်နေတယ်။ အမှန်က သားရဲ့ တောက်ပြောင်တဲ့ အနာဂတ်အတွက် ငါတို့က တခြား အရေးကြီးတဲ့ အချက်တွေနဲ့ ဆုံးမ သတိပေးရမှာ။ တွေ့နိုင်တဲ့ အန္တရာယ်တွေကို ကြိုတွက် ပြရမှာ။ မင်းပြောတဲ့ အန္တရာယ်မျိုး မဟုတ်ဘူး”
“ဘာအန္တရာယ်တွေလဲ ... ဟင်၊ အစ်ကိုကြီး”
ကျွန်မ ပို၍ စိုးရိမ်သွား၏။
“ထူးချွန်တဲ့ အားကစားသမားတိုင်း လိုလိုမှာ တွေ့ရ၊ ကြုံရတတ်တဲ့ ဟာတွေပေါ့။ ဥပမာ တစ်ကိုယ်ကောင်း ဆန်တာမျိုး၊ ဘဝင်မြင့်တာမျိုး၊ အသင်းအဖွဲ့စိတ် မရှိဘဲ ငါမှငါဆိုတဲ့ အတ္တ ကြီးမား လာတာမျိုး။ ... အင်း နောက်တစ်ခုက လောင်းကစား ဆိုပါတော့”
ဘောလုံးလောကတွင် ရှိတတ်သော လောင်းကစားခြင်းများ၊ လာဘ် အပေးအယူများ အကြောင်း အစ်ကိုကြီးက ဆက်ရှင်းပြသည်။
“ထူးချွန် ကျော်ကြားမှုကို အသုံးချတတ်ကြတဲ့ မသမာသူတွေ ရှိတယ်။ ငွေကြေး၊ စည်းစိမ် အခွင့်အရေးတွေနဲ့ ဖြားယောင်း သွေးဆောင်ကြတယ်။ အဂတိ တရားတွေ ရှိတယ်။ ဒါတွေကို ငါတို့သား ရှောင်ရှားနိုင်အောင်၊ တောင့်ခံနိုင်အောင် သွန်သင်ဆုံးမ ရမယ်။ တကယ့် အန္တရာယ်ဆိုတာ အဲဒါတွေကွ။ အားကစားသမား ကောင်းရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့တကွ ဘဝတစ်ခုလုံး ကိုပါ ဖျက်ဆီးမယ့် ဟာတွေပေါ့။ မင်း စိုးရိမ်သင့်တာ အဲဒီအပိုင်းကွ”
ဘုရား ... ဘုရား ...။ သူ ပြောပြတော့မှပင် သားလေး၏ ရှေ့ခရီးမှာ မမြင်နိုင်သော အန္တရာယ်တွေ ရှိနေသေးကြောင်း ကျွန်မ သိလာ ရတော့သည်။
အစ်ကိုကြီးက အားကစား လောကရှိ လောင်းကစားမှု ကိစ္စများ အကြောင်း ကျွန်မကို အသေအချာ ရှင်းပြ၏။ ပရိသတ် အချင်းချင်း လောင်းကြေး၊ ပရိသတ်နှင့် အားကစားသမား၊ ဒိုင်လူကြီးနှင့် ပရိသတ်၊ အသင်းအဖွဲ့ချင်း နားလည်မှု၊ ဒိုင်လူကြီးနှင့် အားကစားသမား ... အလိုလေးလေး ရှုပ်ထွေး ပွေလီနေသော လမ်းကြောင်းတွေ ... လမ်းကြောင်းတွေ ... များလှပါကလား။
အစ်ကိုကြီးက စကားတစ်ခွန်း လေးနက်စွာ ဆို၍ အဆုံးသတ်သည်။
“တို့သားလေးဟာ အခုဆိုရင် ကိုယ့်အသင်း အတွက် ဂိုးအများဆုံး ရအောင် ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ဖြစ်နေတယ်။ ဘောလုံးစကားနဲ့ ပြောရရင် ခြေလဲ ပြင်းတယ်။ ရတဲ့ အခွင့်အရေး ကိုလည်း အသုံးချတတ်တယ်။ ခေါင်းတိုက်လည်း ကောင်းတယ်။ တစ်ဖက်သင်း နောက်တန်းကိုလည်း ထိုးဖောက် မွှေနှောက်နိုင်တယ်။ တိုက်စစ်မှူးကောင်း တစ်ယောက်ရဲ့ အရည်အသွေးတွေ အတော်များများနဲ့ ပြည့်စုံတယ်ပေါ့ကွ။ အင်း ... တို့များ သူ့ကို သတိပေး ဆုံးမရမှာက တိုက်စစ်မှူး တစ်ယောက် အနေနဲ့ အားကစား လောကရဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေ၊ အဖျက်အဆီးတွေကို ဘယ်လို ကာကွယ်၊ ဘယ်လို ဖျက်ထုတ်ရမယ် ဆိုတဲ့ ခံစစ်ပဲ”
အစ်ကိုကြီးစကား အဆုံးတွင် ကျွန်မ ခေါင်းထဲသို့ ရောက်လာသော အတွေးမှာ အဂတိတရား လေးပါး ဟူသော အရာပင် ဖြစ်၏။
ဪ ... “သက်လုံကောင်းခြင်း” ဆိုတဲ့ စကား၏ တကယ့် အနက် အဓိပ္ပါယ်ကို သားလေး သဘောပေါက်အောင် ကျွန်မ ရှင်းပြရဦးပေမည်။
* * *
သားတို့အသင်း အုပ်စု ပထမ ရခဲ့ကာ ဖိုင်နယ်ပွဲများသို့ တက်ခဲ့ပြီဟု ဆို၏။ သားသည် စိတ်ရော ကိုယ်ပါ ဘောလုံး၌ နှစ်မြှုပ်ထားခဲ့၏။ ဖအေလုပ်သူ ကလည်း သားနှင့်အတူ အချိန်ပြည့် လိုက်ပါပေးနေသည်။ ထို့နောက် ရှုံးထွက် ပွဲစဉ် အဆင့်ဆင့်များ တွင်လည်း သားတို့အသင်း အနိုင်ရကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားလေသည်။
ကျွန်မသည် အိမ်မှနေ၍ သူတို့သားအဖ ပြန်ရောက်မည့် အချိန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေမိ၏။ ထူးဆန်းသည်ကား သားတို့အသင်း ဗိုလ်စွဲပါစေဟု ကျွန်မ ဆုမတောင်းစဖူး ဆုတောင်း နေမိခြင်း ဖြစ်လေသည်။ ကြိုးပမ်း အားထုတ်မှု၏ အသီးအပွင့် ဖြစ်သော အောင်မြင်မှုကို သားလေး ခံစားစေလို ပေသည်။
ဗိုလ်လုပွဲ ဖြစ်သည့်အလျှောက် သူတို့ မီးကုန်ယမ်းကုန် ကစားကြတော့ မည်မှာ သေချာသည်။ သားသည် အကောင်းဆုံး အနေအထားဖြင့် ပွဲဝင်ရန် အသင့် ဖြစ်နေကြောင်း အစ်ကိုကြီးက ပြောပြ၏။ ဘယ်တုန်းကမှနဲ့ မတူအောင် သားသည် သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေသည်ဟုလည်း ဆို၏။
ဂိုးသွင်း ချန်ပီယံ ဟူသော ပရိသတ်က ပေးသည့်ဘွဲ့ဖြင့် သားလေး ယှဉ်ပြိုင်တော့မည်။ ဘုရား ... ဘုရား ... အစ်ကိုကြီး သတိပေး ဝေဖန်ထား သော်လည်း သားအတွက် ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ပေ။ ရေကုန်ရေခမ်း ကစားကြသည့် ပွဲမျိုးဆိုလျှင် တစ်ဖက်အသင်း ကစားသမား များသည် တိုက်စစ်မှူး ချန်ပီယံကို ဥပဒေဘောင် အတွင်းမှ ဖြစ်စေ၊ ပြင်ပမှ ဖြစ်စေ၊ အနာတရ ဖြစ်အောင် ဆက်မကစား နိုင်အောင် “ချိုး” တတ်ကြသည်ဟု ကျွန်မ ကြားဖူးသည်။ သားလေးသည် သူတို့အတွက် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်နေသည့် အတွက် သားကို “ချိုး”ဖို့ သူတို့ ...။
ဘုရားရှင်နဲ့ သမ္မာဒေ၀ နတ်မြတ်များ စောင်မတော် မူပါ။ ... သားလေး ဘေးအန္တရာယ် ကင်းရှင်းပါစေ။ သားတို့အသင်း အနိုင်ရပါစေ။
* * *
ညဉ့် ၈ နာရီ လောက်မှ သားအဖ ပြန်ရောက် လာကြသည်။
သားတို့အသင်း ဗိုလ်စွဲကြောင်း၊ နှစ်ဂိုးစီ သရေကျ နေရာမှ အနိုင်ဂိုးကို သားက သွင်းယူခဲ့ကြောင်း သားသည် အကောင်းဆုံး အားကစားသမား ဆုကိုလည်း ရခဲ့ကြောင်း၊ ကျွန်မ ညနေကပင် သတင်းရခဲ့ပြီး ဖြစ်၏။
ဂုဏ်ပြု ဧည့်ခံပွဲ တစ်ခု တက်နေရ၍ သားတို့ ညဉ့်မှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ဧည့်ခံပွဲမှာ ဘာတွေ ကျွေးမလဲ မသိ။ ကျွန်မကမူ သားအတွက် သူကြိုက်သော ကြက်ပေါင်း မြူစွမ်ပြုတ်နှင့် အစ်ကိုကြီးအတွက် ကော်ဖီ၊ ပေါင်မုန့်ကင်နှင့် ကြက်ဥတို့ကို ပြင်ဆင်ထားပြီး အိမ်ပေါက်မှ ဆီးကြိုခဲ့၏။
သားသည် ဘေးမသီ ရန်မခဘဲ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ပြီ။ ဝမ်းသာ ကြည်နူးမှု၊ ဂုဏ်ယူ အားတက်မှု၊ အို ... သားအတွက် ခံစား နေရသော ပီတိသောမနဿ ဝေဒနာများအတွက် ကျွန်မ စကားလုံး ရှာမရပေ။
“မေမေ” ဟု အော်ခေါ်ကာ သားသည် အသင့် ဖွင့်ထားသော ကျွန်မ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။ ကျစ်လျစ် သန်စွမ်းသော သားကို တစ်ပွေ့ တစ်ပိုက်ကြီး ဖက်ထားရင်း ကျွန်မ မျက်ရည်တွေ လည်လာ၏။
“ကိုင်း မအေကြီးက မျက်ရည်ထိန်း။ စားစရာတွေ လုပ်ဟေ့။ မင့်သားက ဧည့်ခံပွဲမှာ တစ်ချိန်လုံး အိမ်အမြန် ပြန်ချင်လှပြီ။ မေမေ့ကို တွေ့ချင်လှပြီနဲ့ တဖွဖွ ပြောနေတာ။ အဟင်း ... ကိုယ်ကလည်း မင်းဖျော်တဲ့ ကော်ဖီပဲ သတိ ရနေတာကလား”
ထမင်းစား စားပွဲတွင် ကျွန်မတို့ မိသားစု ဝိုင်းထိုင် လိုက်ကြ၏။ သမီးကြီးက သူ့မောင်အတွက် ဂုဏ်ပြု လက်ဆောင်ကို တကူးတကန့် ရွှေစက္ကူ ဖဲပြားဖြင့် ထုတ်ပိုးချည်နှောင် နေသည်။
“ဖေဖေ၊ သား ပြောရတော့မလား”
“အေး ... ပြောတော့လေကွာ”
အတိုင်အဖောက် လုပ်နေသော သားအဖ နှစ်ယောက်ကို နားမလည် နိုင်စွာ ကျွန်မ ကြည့်လိုက်၏။ သားအဖ နှစ်ယောက်စလုံး လေးနက်တည်ကြည် နေကြသည်ဟု ကျွန်မ ထင်ပေသည်။
“မေမေ့ကို သား ပြောစရာ ရှိတယ်”
“မြူစွမ် သောက်လိုက် ပါဦးကွယ်”
“ဟင့်အင်း ... ခုပဲ ပြောမှ ဖြစ်မှာ၊ ဖေဖေ့ကိုတော့ ပွဲပြီးပြီးချင်း သား ပြောပြီးပြီ။ အဲဒါ မေမေ့ကိုလည်း အခု ပြောချင်တယ်”
“နားထောင်လိုက်ဟေ့၊ မအေကြီး ...”
သား၏ နုငယ်ရွှန်းလက် မျက်လုံးအိမ်များ ဣနြေ္ဒရင့်ကျက် နေကြ၏။
“ဒီနေ့ ဖိုင်နယ်ပွဲမှာ နှစ်ဂိုးစီ ဖြစ်နေတုန်း အချိန်ကလည်း ဆယ်မိနစ် လောက်ပဲ ကျန်တော့တယ် မေမေရဲ့။ ဟိုဘက်ကလည်း တစ်သင်းလုံး ခံစစ် ပိတ်ဆို့ထားတယ်။ တစ်ကွင်းလုံးလည်း အသံတွေ ဟိန်းနေတာပဲ။ ဒီအချိန်မှာ သား ဘောလုံး ရလာတယ်”
“သားရေ၊ မင့်မေမေ နားလည်အောင် ပြော”
“ဟုတ်ကဲ့ပါ ဖေဖေ၊ အင်း ... သားက သူတို့လူ နှစ်ယောက်ကို ဖောက်ပြီး ဘောလုံး ဆက်သယ် သွားတယ်။ သူတို့ ဂိုးစည်းများကို ရောက်နေပြီ။ ဘယ်ဘက်ကို သား ဆွဲယူသွားတော့ သူတို့ နောက်တန်းက တစ်ယောက် သားနဲ့ ယှဉ်ပြီး လိုက်တယ်”
ကျွန်မ အတတ်နိုင်ဆုံး ရုပ်ပုံဖော်ကြည့် နေမိသည်။
“အဲဒီလို လိုက်ရင်း၊ ဖျက်ရင်းပေါ့ မေမေရယ်။ အဲဒီ နောက်တန်းက လူဟာ သားထက် လူကောင်လည်း ကြီးတယ်။ အဖျက်လည်း ကောင်းတယ်။ နောက်ဆုံး ဂိုးရှေ့ ရောက်နေတဲ့ သားရဲ့ တွဲဖက် တိုက်စစ်မှူးဆီကို ခေါင်းတိုက်ဖို့ သား ဘောလုံးပေးမယ် အလုပ်မှာ ... သား လဲကျသွားတယ်”
ဘုရား ... ဘုရား၊ သားလေး ဘာများဖြစ် ...။
“သား လဲကျ သွားတာနဲ့ ဒိုင်လူကြီးရဲ့ ခရာသံ ပေါ်လာတယ် မေမေ အဲဒါကို ပြစ်ဒဏ်ဘော သတ်မှတ်တယ်။ ဂိုးစည်း ဧရိယာထဲမှာ ဖြစ်တာမို့ ဒိုင်က ပိုင်နယ်လ်တီ ပေးတယ်။ ဒီ ပိုင်နယ်လ်တီ ဘောကို တည်ပြီး ကန်ရတယ်။ ဂိုးသမားနဲ့ သား နှစ်ယောက်တည်းပေါ့။ သူ့ ဘယ်ဘက်ထောင့်ထဲ သား အေးအေးဆေးဆေးပဲ လှိမ့်ဘော ကန်သွင်း လိုက်တာပဲ။ အဲဒါဟာ အနိုင်ဂိုးပဲ မေမေ”
အနိုင်ဂိုး ရရှိပုံကို ပြန်ပြောရာ၌ အဘယ်ကြောင့် သား၏ မျက်နှာနှင့် လေသံသည် တက်ကြွ ရွှင်လန်းမှု မရှိဘဲ အေးစက် ခြောက်သွေ့ နေသနည်း။
“ကဲ ... ကျန်တာ ငါ ဆက်ပြောမယ်”
အစ်ကိုကြီး ကလည်း အေးစက် ခြောက်သွေ့။
“မင့်သား လဲကျသွားလို့ ရတဲ့ ပိုင်နယ်လ်တီဟာ မရသင့်တဲ့ ပိုင်နယ်လ်တီ ဖြစ်နေတယ်။ တစ်ဖက် နောက်တန်းလူက လျှောထိုးပြီး ဝင်ဖျက်တာပါ။ ဘောလုံးကိုပဲ သူ ဖျက်တာ။ လူကို လုပ်တာ မဟုတ်ဘူး။ ဒါပေမယ့် သူဝင်တဲ့ အရှိန်၊ သား သယ်လာတဲ့ အရှိန်နဲ့ကြောင့် သား လဲကျသွားတာ။ လူချတာ လုံးဝ မဟုတ်ဘူးကွ။ ဒါကို အမှန်အတိုင်း သိသူက သားရယ်၊ ဟို နောက်တန်းသမားလေးရယ်၊ ငါနဲ့ ပရိသတ် အချို့ရယ်၊ အင်း ... ပြီးတော့ ဒိုင်လူကြီးရယ် ...”
တစ်ခုခုကို ကျွန်မ နားလည် လာသလိုလို ခံစားရ၏။
“သားဟာ ပြောပ လောက်အောင်လည်း အနာတရ မရှိခဲ့ဘူး။ လူ အချခံရလို့ ပုံပျက်ပန်းပျက် လိမ့်သွားတာမျိုးလည်း မရှိခဲ့ဘူး။ ဒါပေမယ့် ဒိုင်ကတော့ ဒါကို ပိုင်နယ်လ်တီ သတ်မှတ်လိုက်တယ်။ ရှင်းရှင်း ပြောရရင် ဒိုင်က ပင်းပေးတဲ့ ဘောလုံးပဲ။ ဒိုင်လူကြီးရဲ့ ခရာသံဟာ မသန့်ရှင်းဘူးလို့ ငါ အသေအချာ ပြောရဲတယ်။ ကဲ သား ဆက်ပြော၊ မင်းမေမေ့ကို မင်းကိုယ်တိုင် ပြောချင်တယ် ဆိုတဲ့ စကားတွေ”
သား၏ မျက်လုံးများ ပကတိ ကြည်လင်နေ၏။
“အနိုင်ဂိုး တစ်လုံးကို သား ကန်သွင်းခဲ့တယ် မေမေ။ ဒါပေမယ့် ဒီဘောလုံးကို မကန်ခင်ကရော၊ ကန်လိုက်စဉ်မှာရော၊ ကန်အပြီး 'ဂိုး' ဆိုတဲ့ အသံကြီး ထွက်လာချိန်မှာရော၊ အို ... အခု မေမေ့ကို ပြန်ပြောပြချိန် အထိ ... ဒီ ဘောလုံးအတွက်၊ ဒီဂိုးအတွက် သား ခြေထောက်တွေကို သား ပြန်ရှက်မိ နေတယ်။ ကျင့်သား ရနေတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ ...”
သားကို ငေးကြည့်ရင်း ကျွန်မ မျက်ရည်တွေ လည်လာပြန်ပေပြီ။
“ဧည့်ခံပွဲမှာလည်း သားဟာ ဒီအကြောင်းကို သူ့အသင်း အုပ်ချုပ်သူ မန်နေဂျာနဲ့ လူကြီးတွေကို ပြောဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့တစ်တွေက ဗိုလ်စွဲလို့ ဝမ်းသာ နေလို့လား၊ ဒါကို ကြားကို မကြားချင်လို့ပဲလား မသိဘူး။ ဘယ်သူကမှ သား ပြောတာကို အရေးတယူ မလုပ်ကြဘူး။ ဂုဏ်ပြု ဆုပေးပွဲတွေ ဆက်လုပ်ဖို့ ဆွေးနွေး နေကြတယ်။ နောက်ဆုံးတော့ ငါက သားကို ဖျောင်းဖျရတယ်။ မင့်မေမေကိုပဲ ပြောပြကွာလို့၊ မင်းမေမေကို ပြောပြခြင်းဟာ ကမ္ဘာလောကကို ပြောပြခြင်းပဲလို့”
အစ်ကိုကြီးကို ကျေးဇူးတင်စွာ ကြည့်မိနေ၏။
သား၏ မျက်နှာလေးကို ပူနွေးဆဲ ကြက်ပေါင်း မြူစွမ် ပန်းကန်၏ တလူလူ လွင့်တက် ခိုးယှက်ဆဲ အငွေ့များ ကြားမှ တွေ့နေရသည်။ ဤ အခိုးအငွေ့များသည် သား၏ ကိုယ်ရောင် ကိုယ်ဝါများဟု ကျွန်မ မှတ်ထင်မိသည်။
မြင့်မြတ် ဖြူစင်သော သား၊ မတရားမှုဖြင့် အနိုင်ရခြင်းကို မလိုချင်သော သား၊ ဒိုင်၏ အဂတိ မကင်းသော ဆုံးဖြတ်ချက်ဖြင့် ရလိုက်သော အခွင့်အရေးနှင့် အနိုင်ရလဒ်ကို မနှစ်မြို့သော သား။
“ကျင့်သားရတဲ့ ခြေထောက်က ဂိုးပေါက်ထဲ ဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ” တဲ့။
ကျွန်မ၏ သားလေးသည် သူ၏ ကံ ဉာဏ် ဝီရိယ အလျောက် ပို၍ ပို၍ ထင်ရှား ကျော်ကြားသော ဘောလုံးသမား တစ်ယောက် ဖြစ်လာချင်လည်း ဖြစ်လာပေမည်။ မြို့နယ်၊ ပြည်နယ်၊ တိုင်း ... နောက်ဆုံး တိုင်းပြည် လက်ရွေးစင် အထိ ဆိုပါစို့။
သားအတွက် ကျွန်မ ယခင်ကလို စိုးရိမ် ပူပန်ခဲ့ခြင်းများ ယခုအခါ မရှိတော့ပေ။ သားကို အတော်အတန် ကျွန်မ စိတ်ချယုံကြည် နိုင်ခဲ့ပါပြီ။
တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား စိတ်ဓာတ်၊ ဝိညာဉ်၊ မြင့်မြတ်သော နှလုံးသား၊ ယောက်ျားကောင်း နှလုံးသား စသည့် ဝိတ္တရ ဝိသေသများဖြင့် ကျွန်မ မချဲ့ထွင်တတ်ပါ။
ဪ ... မေမေ့သား။
ဘောလုံးကွင်းထဲမှာ သာမက လူ့ဘဝဆိုတဲ့ ကွင်းကြီးထဲမှာပါ ဒီစိတ်ဓာတ်လေးကို သား ... အစဉ်တစိုက် ပွေ့ပိုက် သွားနိုင်ပါစေဟု ကျွန်မ လှိုက်လှဲပြင်းပြ ဆုပေး နေမိပါသည်။
----------
ချစ်ဦးညို
ပန်းဝေသီ၊ ဖေဖော်ဝါရီ၊ ၁၉၉၆။
(ခံစားသူအကြိုက် မဂ္ဂဇင်း ဝတ္ထုတိုများ ၁၉၉၆ အပိုင်း ၁ (ဥတ္တရလမင်း၊ ၁၉၉၆၊ နိုဝင်ဘာ))
(စာမျက်နှာ ၆၇-၈၂)

သဏ္ဍာန်မညီ မိတ္တူ
................
ငါးရာ့ငါးဆယ် နိပါတ်တော်တွေထဲက ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်မိရင်း အတွေးစတွေ ဖြန့်ကျက်ဖို့ ဖြစ်လာတယ်
ဇာတ်ရဲ့ဖြစ်စဥ်က ဒီလိုပါ
တစ်နေ့မှာ လှည်းကုန်သည်ငါးရာဟာ တောတွင်းတစ်နေရာမှာ စခန်းချကြတယ် အသောက်အစားလေးလည်း ပါတာပေါ့ သူတို့ တည်းခိုအပြီးမှာ နွားချေးပုံမှာ နွားချေးပိုးတစ်ကောင် ကျက်စားရင်း ကျန်နေခဲ့တယ်
ထိုသူတွေ သောက်စားကြွင်းကျန်ခဲ့တဲ့ သေရည်ကို နွားချေးပိုးလေး အမှတ်မထင် သောက်သုံးမိရာကနေ ဒီဇာတ်လမ်းစတော့တာပဲ
အရည်ကလေးဝင်တော့ ခပ်ထွေထွေ သွေးကလေးကလည်း ဆူဝေဝေကြွတတ
ဒီအချိန်မှာ သူနဲ့မနီးမဝေးလေးမှာ ကျက်စားနေတဲ့ ဆင်တစ်ကောင်ကိုတွေတယ်
သေချာကြည့်လိုက်တော့ အဲ့ဒီဆင်ဆို့တဲ့ သတ္တဝါက သူနဲ့ဘာမှ သိပ်ကွာခြားလှတာမဟုတ်
သူ့မှာလည်းနှာမောင်း
ငါ့မှာလည်းနှာမောင်း
သူလည်းခြေလေးချောင်း
ငါလည်းခြေလေးချောင်း
ဒီတော့လှမ်းပြီး ရန်စတယ် စိမ်ခေါ်တယ်
ဆင်က သူ့ကို လှမ်းခေါ်ရန်စနေတဲ့ အသံသေးသေးလေးက ဘယ်ကလဲလိုက်ရှာတယ် တွေ့တော့ရယ်တာပေါ့ သူကိုစိမ်ခေါ်နေတာ သူ့ရဲ့အသေးဆုံးသွားထက်တောင် များစွာ သေးငယ်တဲ့ သတ္တဝါလေးဖြစ်နေတာကိုး
ဒီတော့ခွန်းတုံ့ပြန်အချေအတင်စကားဆိုမနေတော့ဘဲ သူအပေါ်တည့်တည့် မစင်စွန့်ချပြီး ထွက်သွားတော့တယ်
.
ဒီလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာလည်း ရံခါမှာ မတူညီခြင်းများစွာရှိပေမယ့် ကိုယ်မြင်တဲ့တူညီချက်ကလေးကိုပဲကြည့်ပြီး ခြေရာတိုင်းတာ ပုခုံးခြင်းယှဥ်တာ ပြိုင်တာဆိုင်တာမျိုး ဖြစ်ခဲ့ဖြစ်ဖူး ကြုံခဲ့ကြုံဖူးနိုင်ပါတယ်
ဥပမာပေါ့ သူလည်းလူ ငါလည်းလူဆိုတဲ့ သဘောမျိုးနဲ့ အမျိုးသားအမျိုးသမီး တန်းတူဆိုတာမျိုးပါ သဘာဝဗီဇကိုက ကွဲပြားနေတဲ့ ဒီနှစ်မျိုးဟာ ဘယ်လိုက ဘယ်လိုလုပ် တန်းညှိနိုင်မှာလည်း
အမျိုးသားရာထောင်ချီတောင် မစွမ်းဆောင်နိုင်တာမျိုးကို အမျိုးသမီးတစ်ယောက်တည်းက စွမ်းဆောင်နိုင်တာရှိနိုင်သလို အမျိုးသမီးရာထောင်ချီတောင် မစွမ်းဆောင်နိုင်တဲ့ အမှုကိစ္စကို အမျိုးသားတစ်ယောက်တည်းက မပင်မပန်းစွမ်းဆောင်နိုင်တာမျိုးလည်း ရှိမှာပါ
မတူကွဲပြားတဲ့ ဗီဇသဘောတရားတွေ အရည်အချင်းတွေရှိနေတာကိုက သဘာဝအလှမဟုတ်လား အရာရာတိုင်းမှာ သူ့စွမ်းရည်နဲ့သူ သူ့တန်ဖိုးနဲ့သူ ဖြစ်တည်နေတာဘဲဟာ ထူးထွေညှိနေဖို့ လိုအပ်တယ်မထင်မိဘူးဗျ
လူဝတ်ကြောင်ကို ရဟန်းက တန်းညှိနေထိုင်တာ
အိမ်ထောင်ရှင်က လူလွတ်တွေကို တန်းညှိနေထိုင်တာ
ချမ်းသာသူကို ဆင်းရဲသူက တန်းညှိနေထိုင်တာ
စတာတွေဟာ ညှိသူမှာ ပျက်စီးဖို့ရာသာ ဖြစ်နိုင်တာကြောင့် သတိချပ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း...
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Tuesday, June 4, 2019
လမ်း
~~~
ခါတိုင်းထက်နောက်ကျပြီးမှ ရောက်တော့ နွေးတယ်ဆိုရုံ ရေနွေးကို ခံတွင်းရှင်းရုံပဲ တကြိုက်သောက်လိုက်တယ် ဒီအချိန်ဆို ဒီဆိုင်လေးက ဒီလိုပဲဆိုတာ သိနေရဲ့နဲ့ လာလာဖြစ်နေတာကလည်း ဒီဆိုင်လေးရဲ့ ဝန်ဆောင်မှု စားကောင်းသောက်ဖွယ်တွေကြောင့်မှ မဟုတ်တာ ရနိုင်တာအားလုံးထက် စွဲလန်းစေတာက ဆိုင်ရှေ့က လမ်းကလေးပါ
တွေ့နေကြအတိုင်းပါပဲ ကတ္တရာစေးနည်းနည်း လမ်းသားကျဉ်းကျဉ်းလေးသာရှိပြီး တစ်ဖက်တစ်ဖက် လောဘပြိုင်ရင်းက မယ်မြန်မာလို ခါးသေးရင်ချီ လမ်းကလေးဆိုပါတော့
ကိုယ့်လို လက်လုပ်လက်စား လူတန်းစားတွေရဲ့ အထွက်လမ်းထိပ်က တစ်ခုတည်းသောဆိုင်လေး
နံနက်မိုးသောက်ကနေ ညနေမိုးချုပ်အထိ လပ်ယားလပ်ယား ပျားပန်းခတ်မျှ သွားသူလာသူတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ လမ်းမဟုတ်ဘူးလေ အလုပ်အသွား အလုပ်ပြန်ချိန်ကလွဲလို့ သွေ့သွေ့ခြောက်ခြောက် လမ်းကလေးပါ
တစ်ချို့က တာဝန်အတွက် တစ်ချို့က မိသားစုအတွက် တစ်ချို့က ရည်မှန်းချက်အတွက် တစ်ချို့က ဘဝအတွက် ဒီလမ်းကလေးပေါ်ကနေ ဖြတ်လျှောက်ကြိုးစားရုန်းကန်နေကြတာမဟုတ်လား
ဒီလမ်းကလေးမှာ နောက်ထပ်စိတ်ဝင်စားစရာက ကျွန်တော်ထိုင်နေကျ ထောင့်ကလေးမှာ လမ်းဆုံလေး ရှိနေတာပဲ
ဦးတည်ရာအတွက် သွားလာကြတဲ့အခါ သူတို့ခြေလှမ်းဟာ တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘူး ကိုယ့်လမ်းကိုယ်သွား ပြတ်ပြတ်သားသားပေါ့
တခါတလေ ဝေဝေဝါးဖြစ်နေသူတွေကိုလည်း တွေ့ရတယ် လမ်းဆုံမှာရပ်လို့ ဘယ်လှမ်းရမလို ညာလှမ်းရမလို အနေထားမျိုး စိတ်မရှည်တဲ့ ဆိုင်ကယ်က ဟွန်းတီးလိုက်မှ လန့်ဖြန့်ပြီး ခြေဦးတည့်ရာ ဇွတ်မှိတ်ပြီးလျှောက်လှမ်းလိုက်ရာက ရွေးချယ်မိသား လမ်းပေါ်မှာပဲ လျှောက်လှမ်းသွားတာမျိုး
လမ်းဆုံလမ်းခွတိုင်းမှာ ဖြစ်နေကြ သဘာဝမဟုတ်လား
~~~~~~~~~~~~~~~~~~~~~~~~~
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...