သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, February 25, 2019

ဆရာနန္ဒာသိန်းဇံ (နန္ဒသိန်းဇံ)

...........................

မွေးသက္ကရာဇ် ၂၅၊ဖေဖော်ဝါရီ၊၁၉၄၈ခုနှစ်
အမည်ရင်း သိန်းဇံ
နိုင်ငံ  မြန်မာ
မိဘအမည် ဦးညီထွန်း၊ဒေါ်ဟန်တင်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ကလောင် အမည်ခွဲများ စိတ်ခိုင်၊လွမ်းဝေ
အလုပ်အကိုင် စာရေးဆရာ၊ ပါမောက္ခ(ဒဿနိကဗေဒ)
မွေးဖွားရာဒေသ ပေါင်းတည်မြို့၊ပဲခူးတိုင်းဒေသကြီး
ထင်ရှားကျော်ကြားမှု
နန္ဒာသိန်းဇံ (၁၉၄၈ - ၂၀၁၁) သည် ဒဿနိကဗေဒ ပါမောက္ခ တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ထင်ရှားသော စာရေးဆရာလည်း ဖြစ်ခဲ့သည်။

ငယ်ဘဝ
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ဇာတိဖြစ်သည်။ မိဘနှစ်ပါးမှာ အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင် ဖြစ်သည်။ ၁၉၄၈ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ သောကြာနေ့၌ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။

၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ မြို့မ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အခြေခံပညာကို သင်ယူခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်။

ကလောင်အမည်
၁၉၆၃ - သိန်းဇံ ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် မှတ်ဉာဏ်နှင့် အတွေးအခေါ် (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘဝ)ကို စတင်ရေးခဲ့သည်။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် နန္ဒသိန်းဇံအမည်သို့ ပြောင်းလဲရေးသားခဲ့သည်။ ကလောင်ခွဲများမှာ "စိတ်ခိုင်" နှင့် "လွမ်းဝေ" တို့ဖြစ်သည်။

ကိုယ်ရေးအကျဉ်း
၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။

၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့် ရတနာမွန်အပါအဝင် အခြားစာနယ်ဇင်းအမျိုးပေါင်း(၄)ခုတွင် ဗုဒ္ဓဘာသာ၊ ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့သည်။

၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့သည်။

၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ဘဝအဓိပ္ပာယ်နှင့်ဘဝသစ္စာ ဖြစ်သည်။

၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၇၀ - ၇၂ - (၂၄ရက် ဩဂုတ် ၁၉ရဝမှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။

၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထားဝယ်ကောလိပ်၊ ဒဿနိကဗေဒဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၉ - (၁၉ရက် ဩဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ဘဝခရီးအတွက် အတွေးအမြင်များ ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်သည် ထင်ရှား လူကြိုက်များခဲ့သည်။

၁၉၈၀ - ၈၆ - (၈ရက် ဖေဖော်ဝါရီလ ၁၉၈ဝမှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိကအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိက/ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်နဝါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် ပြန်လည်အမှုထမ်းဆောင်ခဲ့သည်။

၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉ရထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။

၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉ရမှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်းခဲ့သည်။

၁၉၉၈ - ဒီဇင်ဘာလတွင် ပရိယတ္တိ သာသနတက္ကသိုလ်(ရန်ကုန်)၊သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရင်း ထေရဝါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရဝါဒဗုဒ္ဓဘာသာမှ ပြန်လည်ချေပချက်များနှင့် စိန်ခေါ်မှုကိုတုံ့ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ကွယ်လွန်သည့်အချိန်ထိ အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် ပါမောက္ခ/ဌာနမှူးအဖြစ် ထမ်းဆောင်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အငြိမ်းစားယူခဲ့သည်။

၂၀၀၄ - ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ နိုင်ငံတော်မှ ချီးမြှင်သည့် သာသနပြုဆိုင်ရာ ဘွဲ့တဆိပ်ဖြစ်ပြီး "ကြီးကျယ်မြင့်မြတ်၍ သာသနာကို ထွန်းလင်းတောက်ပစေသည့် အောင်လံတော်ကို လွှင်ထူနိုင်သူ" ဟုအဓိပ္ပါယ်ရသည်။ ဓမ္မဗိမ္မာန်မှ ချီးမြှင့်သော တစ်သက်တာဓမ္မစာပေဆု ရရှိခဲ့သည်။

၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှူးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်၊ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ၊ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ၊ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည်။ ဆရာသည် ၂၀၀၅ ခုနှစ်တွင် ဒဿနိကဗေဒဆိုင်ရာ ပါရဂူဘွဲ့ကျမ်းကို "The Nature of Pure Fact in Satpatthaha Vipassana" ခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်သို့ တင်သွင်းပြီး ပါရဂူဘွဲ့ အပ်နှင်းခြင်းခံရသည်။

၂၀၀၉ - ဆရာဝန်တင်ရွှေ စာပေဆုကို "နောင်တကင်းရာသို့"အမည်ရှိ စာအုပ်ဖြင့် ရရှိခဲ့သည်။

ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ
ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ(၁၉၇၃)
စိတ်အဆင့်ဆင့်မြင့်တက်ခြင်း သဘာဝ(၁၉၇၅)
ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်(၁၉၇၇)
ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း(၁၉၇၉)
မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း(၁၉၈၀)
အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ(၁၉၈၃)
Through Life's Perils (ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ကို မိုးဟိန်း - သားဂျာနယ်ကျော် ဘာသာပြန်ဆို) (၁၉၈၃)
မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ(၁၉၈၈)
ဖြေဆည်ရာ(၁၉၈၉)
မြန်မာ့ယဉ်ကျေးမှု သင်္ကေတကြာ(၁၉၉၂)
စီးပွားရေးနှင့် စစ်ရေးဗျူဟာ(၁၉၉၂)
အသွင်သဏ္ဌာန်တို့ နောက်ကွယ်၌(၁၉၉၃)
အရိမဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ(၁၉၉၅)
တွေးချိန်ချင့်စရာ(၁၉၉၆)
နက္ခတ်ဗေဒင်နှင့် မြန်မာ့အတွေးအမြင် အစဉ်အလာ(၁၉၉၉)
ထေရဝါဒနှင့် ပတ်သက်သော မှတ်ချက်များ(၂၀၀၁)
မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ(၂၀၀၃)
ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ(၂၀၀၄)
သမုဒ်ပင်လယ်ပြာနှိုင်းပမာ(၂၀၀၈)
နောင်တကင်းရာသို့(၂၀၀၉)
အနေခက်အောင် ကူညီကြသူများ(၂၀၁၁)

သုတေသနစာတမ်းများ
မြန်မာ့ကိုယ်ကျင့်တရားအမြင်နှင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းခြင်း။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံရှိ ပညာသင်္ကေတကို အနုပညာဆိုင်ရာ သင်္ကေတဝါဒမှ လေ့လာတင်ပြခြင်း။
The Response to Nihilism
A Study of Cakka Symbol
A Study of Lotus Symbol in Bagan Art and Architecture from the Perspective of Religious Symbolism

ဘဝနိဂုံး
၂၀၁၁ ဩဂုတ်လ ၁၄ ရက် ည ဂ နာရီ ၃၀ မိနစ်ဝန်းကျင်(တနင်္ဂနွေနေ့၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့))တွင် ရန်ကုန်ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ (၆၄) နှစ် ရှိပြီ ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်မာမာ သာ ကျန်ရစ်ပြီး သားသမီး မရှိပေ။

ဝိကိပိဒိယ

Sunday, February 24, 2019

သိန်းဖေမြင့်

သိန်းဖေမြင့် (ငယ်အမည် သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်တွင် မွေးဖွားခဲ့သည်။ စာပေစတင် ရေးသားသည့် အချိန်မှစ၍ ငယ်အမည် သိန်းဖေတွင် မိခင်၏အမည် ဒေါ်မြင့်မှ မြင့်ကိုယူကာ ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ် မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ သိန်းဖေမြင့်သည် ခင်ကြည်ကြည်နှင့် ၁၉၄၆ ခုနှစ်တွင် အိမ်ထောင်ကျကာ သားသမီး လေးယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၈ ခုနှစ် အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သိန်းဖေမြင့် (သခင်သိန်းဖေ) ၁၀ ဇူလိုင် ၁၉၁၄ - ၁၅ ဇန်နဝါရီ ၁၉၇၈) သည် ဩဇာညောင်းသော မြန်မာ့နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ ထင်ရှားလှသည့် မြောက်မြားစွာသော နိုင်ငံရေးနှင့် လူမှုရေးစာအုပ်များကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဩဇာလွှမ်းမိုးသောဗိုလ်တထောင် သတင်းစာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သိန်းဖေမြင့်သည် မာက်(စ်) ဝါဒ အသိပညာဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ်နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ [၁]
သိန်းဖေမြင့်
Thein Pe Myint.jpg
မွေးဖွားသိန်းဖေ
၁၀ ဇူလိုင်၊ ၁၉၁၄
ဘုတလင်မြို့နယ်ဗြိတိသျှဘားမား
ကွယ်လွန်၁၅ ဇန်နဝါရီ၊ ၁၉၇၈(အသက် ၆၃)
ရန်ကုန်မြို့
ကလောင်အမည်ဝနေငဖေ(ဘုတလင်)၊ သိန်းဖေ၊ တက်ဘုန်းကြီး မောင်သိန်းဖေ၊ တက်ဘုန်းကြီး သခင်သိန်းဖေ၊ တစ်ကောင်ကြွက်၊ တက္ကသိုလ် အကျော့၊ မောင်ကို၊ မောင်သိန်းဖေ၊ မောင်သိန်းဖေ (ဘီအေ)၊ ရဲကျော်၊ ရဲဘော်ကျောက်လုံး၊ ဦးကျောက်လုံး၊ သိန်းနေနွယ်၊
အလုပ်အကိုင်စာရေးဆရာ၊ ထုတ်ဝေသူ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား
နိုင်ငံလူမျိုးFlag of Myanmar.svg မြန်မာ
လူမျိုးဗမာ
အိမ်ထောင်ဖက်ခင်ကြည်ကြည် (၁၉၄၆ - ၁၉၇၈)

နိုင်ငံရေးလှုပ်ရှားမှု သက်တမ်းပြင်ဆင်

၁၉၃၀ ခုနှစ် အလယ်ပိုင်းနှစ်များတွင် သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၂ - ၃၃ တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်ကောင်း၍ ဥပစာတန်းကို တစ်နှစ်တည်း တက်ခွင့်ရခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကိုပိတ်ရန် စီစဉ်သည်ကို ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန်(နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူသည်။
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄ - ၃၅ တွင် ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ ဥက္ကဋ္ဌကို ဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့် ပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေး ကို ဆန့်ကျင်ခဲ့သည်။ သိန်းဖေမြင့်သည် ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။[၂]
ထို့နောက်တွင် သူ့အား အမည်ရင်း သိန်းဖေ အဖြစ်လူသိများနေဆဲဖြစ်ပြီး ဩဇာလွှမ်းမိုးမှုရှိသော ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့်တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ထိုအသင်းကြီးတွင် သခင်အောင်ဆန်း၊ သခင်နုသခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့ မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှု တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့သည်။ [၃]
သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက “ထိန်းမရသိမ်းမရ သိန်းဖေ” ဟု ကင်ပွန်းတပ်ခဲ့သလို၊ ဦးနုကမူ “သိန်းဖေမြင့်သည် မြန်မာစာပေလောက တွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ” ဟူ၍ မှတ်ချက်ချခဲ့သည်။ [၂]
သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့ပါ
ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင် သော်လည်းကောင်း၊ လျော့နေလျှင် သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှတီး၍ရကာ ဂီတသံထွက်လာပေမည်။
သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။[၄]
အကယ်၍ အငြင်းပွားဖွယ်ဖြစ်ကောင်းဖြစ်မည်၊ လူသိများသော စာရေးဆရာတစ်ဦး ဖြစ် သည့် သခင်သိန်းဖေသည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ ၁၉၃၆ ခုနှစ် Aအတွင်း ဖြစ်ပွားခဲ့သော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှ ကိုလိုနီအစိုးရ ကို သပိတ်မှောက် ဆန့်ကျင်ဆန္ဒပြ ပွဲများနှင့် ၁၉၃၈ ခုနှစ်Bက ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ"Cတွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ [၃]

နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေး သော စာနယ်ဇင်းသမားအဖြစ်ပြင်ဆင်

ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် ဖက်ဆစ်ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေးဦးဆောင်လှုပ်ရှားသူ လူနည်းစုဝင် တစ်ဦးဖြစ်သည်။ အခြား အောင်ဆန်းကဲ့သို့ ထင်ရှားသော ကျောင်းသားခေါင်းဆောင်အများစုနှင့် သဘောထားကွဲလွဲပြီး ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်အင်ပါယာ မှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါတွင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။
ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်းကို သိလာရသောအခါတွင်ဂျပန်တို့ နှင့် မဟာမိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှားလာခဲ့သည်။ ဂျပန်တို့နှင့်ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူအညီ ရယူရန် သိန်းဖေမြင့်ကို အိန္ဒိယနိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှတပ်မဟာ ၁၃၆ ၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ်တို့အကြားတွင် ဝါဒဖြန့်ချိရေးလုပ်ငန်းများနှင့် ဆက်ဆံရေးလုပ်ငန်းဆောင်တာများကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။ စစ်ပြီးခေတ်တွင်ဗမာပြည် ကွန်မြူနစ်ပါတီ၊ တရုတ်ဗမာချစ်ကြည်ရေးအသင်း ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်းများ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲကာလအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်အောက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဋ္ဌာန၏ ပထမဆုံးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေးသော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။

စာရေးဆရာနှင့် သတင်းစာဆရာ အသက်မွေးမှု လုပ်ငန်းပြင်ဆင်

သိန်းဖေမြင့် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် အတွင်း စာပေစတင်ရေးသားခဲ့သည်။D E ၁၉၃၇တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် တက်ဘုန်းကြီးF မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်း လင်း ဖော်ပြထားသောစာပေဖြစ်သည်။ သူ၏ မိတ်ဆွေဖြစ်သော တို့ဗမာ အစည်းအရုံးဝင် သခင်နု က ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ယင်း ကြိုတင်တုံ့ပြန်သည့် စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည် အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာ လူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှု ကြီး တစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက် မှုများခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။ သူ၏ ထင်ရှားသော စာပေလက်ရာများမှာ-
  • တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး)
  • တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး)
  • သပိတ်မှောက် ကျောင်းသား
  • သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း ၏ အတ္ထုပ္ပတ္တိ )
  • အရှေ့က နေဝန်းထွက်သည့်ပမာ -- မြန်မာစာပေဆုရ
  • ချင်းပြည် သမိုင်း-- မြန်မာစာပေဆုရ
What Happened in Burma (မြန်မာပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အ ပျက်များ) နှင့် Over the Ashes ( ပြာပုံပေါ်တွင်) တို့အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်၍ ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ စစ်အတွင်းခရီးသည် သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်(ခ်ျ) တေလာ မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။သူသည် ယောက်ျား ဂုဏ်ရည် ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။
၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာကို တည် ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်း သတင်းစာ၏ သတင်းထောက်ဟောင်း တစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ၏ တစ်စိတ်တစ်ဒေသ အဖြစ် သူ၏ သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ [၃] ထို့နောက် ၁၉၇၅ ထိ ဗိုလ်တထောင် သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ပင်တိုင်ဆောင်းပါးရှင် အဖြစ်လုပ်ကိုင်ရင်း ထိုနှစ် မေလတွင် သမ္မတကြီး ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ် ပါတီခေတ်တွင် အကြံပေး အဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်း ကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီး ဦးလွင်က သူ့ကလောင်အားပိတ်၍စာပေစိစစ်ရေးဌာန သည် ထုတ်ဝေမည့် စာမူများ အားလုံးကို ထုတ်တင် စနစ်မှ တင်ထုတ် စနစ်သို့ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။ [၂]

မှတ်စုပြင်ဆင်

A.^ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ဝါဒဖြန့်ဌာန တွဲဖက် အတွင်းရေးမှူး
B.^ နဂါးနီ စာအုပ်သင်း ပညာရေးအဖွဲ့ဝင် အမှုဆောင်
C.^ ၁၉၃၉ ဇန်နဝါရီ တွင် ထောင်နှစ်ပတ် ကျခဲ့
D.^ တက္ကသိုလ်ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ [၂]
E.^ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။[၂]
F.^ နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။

သန်းထွန်းလေး (အင်းတဲရွာ)

သခင်ကိုယ်တော်မှိုင်း

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်း
Kodawmhine.jpg
မွေးဖွားမောင်လွန်း
မတ် ၂၃၊ ၁၈၇၆
ဝါးလယ်ရွာ၊ ရွှေတောင်မြို့ပြည်ခရိုင်၊ မြန်မာနိုင်ငံ
ကွယ်လွန်ဇူလိုင် ၂၃၊ ၁၉၆၄(အသက် ၈၈)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ထာဝရ အိပ်စက်ရာကန်တော်မင်ဉယျာဉ်ဂူဗိမာန်၊ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ကလောင်အမည်ပဏ္ဍိလေး၊ မောင်သမာဓိ၊ ဆရာလွန်း၊ ဘိုးဘိုးအောင်၊ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်း
အလုပ်အကိုင်ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ နိုင်ငံရေးသမား
ကာလ၁၈၉၈–၁၉၆၄
စာပေအမျိုးအစားအမျိုးသားရေး
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများမစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု (၁၉၁၆)
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့ (၁၉၅၀)
စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်) (၁၉၅၄)
ဒေါက်တာဘွဲ့ (University of Hamburg) (၁၉၆၀)
အိမ်ထောင်ဖက်ဒေါ်ရှင် (၁၉၀၃–၁၉၁၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ငယ်ဘဝနှင့်ပညာရေးပြင်ဆင်

ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးထံတွင် စာပေပညာကို ဆည်းပူးလေ့လာ သင်ယူခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဦးလေးတော်သူ ဦးပဇင်း ဦးသီရိနှင့်အတူ မန္တလေးသို့ လိုက်ပါသွားပြီး မြတောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံတွင် ကိုရင်ဝတ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရှင်အမည်မှာ ပဏ္ဍိတ ဖြစ်သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းနှင့်မိဖုရား ပါတော်မူသည့် မြင်ကွင်းကို စာတော်ဝန် ဦးစံကျောင်း လက်ယမ်းပေါ်မှ မြင်တွေ့ခဲ့ရသည်။ ထိုနေ့မှာပင် စစ်ကိုင်းဘက်သို့ တောထွက်ခဲ့သည်။ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကန္နီ ဒေသများတွင် (၆) နှစ်ခန့်လှည့်လည်၍ စာပေပညာသင်ယူခဲ့ သည်။ အဂ္ဂိရတ်ဖိုထိုးခြင်းကိုလည်း ဝါသနာပါခဲ့သည်။

အိမ်ထောင်ရေးနှင့်အလုပ်အကိုင်ပြင်ဆင်

၁၈၉၄ ခုနှစ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ၁၈၉၇ ခုနှစ်တွင် အစိုးရစစ် (၇) တန်းစာမေးပွဲကို မုံရွာမြို့အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင်မော်လမြိုင်မြို့သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာတွင် ပဏ္ဍိလေးဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။[၁]
၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။
၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးကျော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါခဲ့သည်။ ထိုနှစ်မှာပင် ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန်တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

မောင်လွမ်းမှဆရာလွမ်းဘဝပြင်ဆင်

ဇာတ်စာအုပ်များလည်း အများအပြား ရေးသားခဲ့သည်။ ပြဇာတ်ပေါင်း ၈၀ ခန့် ရေးသားပြုစုခဲ့သည်။ ထို့နောက်မော်လမြိုင်မြို့ မြန်မာတိုင်းမ်သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရွှေတောင်မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင်ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့သည်။
ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တသံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ်သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့အမရဝတီစာပုံနှိပ်တိုက်တွင် စာပြုအဖြင့်နှင့် အယ်ဒီတာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။
၁၉၁၀ ပြည့်နှစ်တွင် သူရိယသတင်းစာစတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီးဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရမတ္တသင်္ဂြိုဟ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာရာဇဝင်ချုပ်၊ ရွှေနတ်တောင်ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။[၂]

ချဉ်ပေါင်ရွက်သည်မောင်မှိုင်းပြင်ဆင်

၁၉၁၂ ခုနှစ် တဝိုက်တွင် ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားကာ အင်္ဂလိပ်ကို အထင်တကြီး ရှိနေကြသည်။ အသင်းအစည်းအဝေးများတွင်ပင် မစ္စတာမေအောင်၊ မစ္စတာဘဖေ၊ မစ္စတာသိမ်းမောင် စသည်ဖြင့် မှတ်တမ်းတင် ရေးသားနေကြလေရာ ဆရာကြီးမှာ လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်ကြရမည့် လူငယ်များအမည်ရှေ့က မစ္စတာအမြီးပြုတ်သွားအောင် လုပ်မှဖြစ်တော့မည်ဟု ကြံစည်မိသည်။
ထိုအချိန်က ဝန်စာရေးဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည်မောင်မှိုင်း” ဝတ္ထုထွက်နေသည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြာသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထိုမောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယသတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယသတင်းစာတွင်ပင် မစ္စတာမောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများအကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။

အယ်ဒီတာဘဝပြင်ဆင်

ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။
ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။

ရေးသားခဲ့သည့်ဋီကာများပြင်ဆင်

မှန်နန်းရာဇဝင်တော်ကြီးကို ပြင်ဆင်တည်းဖြတ်ကာ ၁၉၂၁ ခုနှစ်မှာပင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော ဒေါင်းဋီကာကိုလည်း အမျိုးသား ပညာရေး အဖွဲ့ သင်ခန်းစာ (သင်ရိုး) ကော်မတီကကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်း ပေးခဲ့ သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။
၁၉၂၂ ခုနှစ်တွင် မျောက်ဋီကာ၊ ၁၉၂၃ နိုင်ငံရေး အကွဲအပြဲ ခေတ်တွင် မြောက်ကဏ္ဍိ တို့ကိုရေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မူလဂျီစီဘီအေ ဝံသာနုများနှင့် ၂၁ ဦးဂိုဏ်းသားများ စင်ပြိုင်ဖြစ်လာသည်ကို ပြန်လည် ညီညွတ်ကြစေရန် ဗန္ဓုလ ဂျာနယ်မှနေ၍ ခွေးဋီကာ ဆောင်းပါးများ ရေးသား သတိပေးခဲ့သည်။ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကို မော်ကွန်းတင်ထားသော ဘွိုင်းကောက်ဋီကာကိုလည်း ရေးသားကာ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဘဝပြင်ဆင်

၁၉၂၈-၂၉ ခုနှစ်များတွင် တောပုန်းကြီး စံဖဲ ကြိုးမိန့်ကျသည့် အမှုတွင် အယူခံ ကိစ္စကို ဆရာကြီး ဦးဆောင်ပေးခဲ့ပြီး မြင်းခြံထောင်အထိသွားကာ စံဖဲကို တွေ့ဆုံအားပေးခဲ့ သည်။
၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ သူရိယ သတင်းစာတွင် ဂဠုန် ဒီပနီ ဆောင်းပါးများရေးသားကာ လွတ်လပ်ရေးအတွက် တောင်သူလယ်သမား တော်လှန်သူများ ဘက်မှ ဆရာကြီးသည် မားမားရပ်ခဲ့သည်။
၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။
၁၉၃၈ ခုနှစ်တွင် သခင်ဋီကာကို ရေးသားသည်။ ရေနံမြေ အလုပ်သမား အရေးတော်ပုံတွင် လည်း တက်ကြွစွာ အားပေးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်ညီလာခံကို တက်ရောက် သည်။ ထိုခရိုင်အတွင်း အနှံ့ တရားဟောထွက်ခဲ့သည်။ ၁၉၄၀ သာယာဝတီ ညီလာခံ၊ ၁၉၄၁ ခုနှစ် မန္တလေး ညီလာခံနှင့် ပဲခူး လယ်သမား ညီလာခံများကို တက်ရောက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး နာယကအဖြစ် နိုင်ငံတစ်ဝှမ်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားများ ဟောခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးအတွက် ဆရာကြီး မြေအောက် လျှိုး ခဲ့ရသည်။ ဗြိတိသျှ၏ နံပါတ် တစ် ရန်သူတော်အဖြစ် ကြေညာကာ ဖမ်းဝရမ်း အထုတ်ခံခဲ့ရ သည်။ ဟင်္သာတ ခရိုင် ဒေါင့်ကြီးရွာ၊ ထိုမှတဆင့် ဇလွန် တစ်ဘက်ကမ်း၊ ထိုနောက် သာယာဝတီ၊ အနောက်စံရွေး၊ ဘိုခေါင်၊ ထိုမှ ပဲခူး စသဖြင့် အမျိုးမျိုး ဒုက္ခခံကာ လှည့်လည် တိမ်းရှောင်နေခဲ့ရသည်။
၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များပြင်ဆင်

၁၉၅၃ ခုနှစ်တွင် တရုတ်ပြည်၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ကွယ်လွန်ချိန်ပြင်ဆင်

၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက် မြေး ၁၅ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များပြင်ဆင်

  1. ညီတော်မင်းနန် ချွတ်ခန်း ဟောစာသစ် (၁၉၀၂)
  2. ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ဇာတ်ဆန်း(၁၉၀၃)
  3. ကျမိုင်းမောင်နှင့် စောမြိုင် ပြဇာတ် (၁၉၀၃)
  4. ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (၁၉၀၃)
  5. မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ) (၁၉၀၅)
  6. ကဗျာ သာရမဉ္ဇူ (၁၉၀၆)
  7. ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ) (၁၉၀၆)
  8. အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (၁၉၀၇)
  9. ချင်းမလေး ဝါနု ပြဇာတ်သစ် (၁၉၀၈)
  10. သူခိုး ထိလပ် ပြဇာတ် (၁၉၀၈)
  11. ကျောက်ဝိုင်းသမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်(၁၉၀၉)
  12. ကဗျာ့သာရတ္တ သဂြိုဟ် (၁၉၁၀)
  13. သီရိဓမ္မာသောကမင်းကြီး ပြဇာတ် (ပထမတွဲ) (၁၉၁၁)
  14. ရွှေနန်းတော်သမိုင်းနှင့် ရာဇဝင်ချုပ် (၁၉၁၁)
  15. လက်မှုပညာ ဋီကာ (Hand Book of Useful Recipes) (၁၉၁၃)
  16. ဗိုလ်ဋီကာ (၁၉၁၄)
  17. ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း(၁၉၁၄)
  18. ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (၁၉၁၄)
  19. မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (၁၉၁၆)
  20. အီနောင် နန်းတွင်း ဇာတ်တော်သစ် (၁၉၁၇)
  21. ဓမ္မစေတီမင်း အတ္ထုပ္ပတ္တိ (၁၉၁၈)
  22. ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး (၁၉၁၈)
  23. ပဲခူး ရာဇဝင် ဇာတ်တော်ကြီး (၁၉၁၉)
  24. ဒေါင်းဋီကာသစ် (၁၉၂၀)
  25. မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) (၁၉၂၁)
  26. ဘွိုင်းကောက် ဋီကာ (၁၉၂၁)
  27. မှာတော်ပုံ ဝတ္ထု (တတိယတွဲ) (၁၉၂၁)
  28. မှန်နန်း ရာဇဝင်တော်သစ် (ပထမတွဲ) (၁၉၂၂)
  29. မျောက်ဋီကာ (၁၉၂၃)
  30. မျောက်ကဏ္ဍိ (၁၉၂၃)
  31. ခွေးဋီကာ (၁၉၂၅)
  32. ဒေါင်းကဏ္ဍိ (ပထမတွဲ) (၁၉၃၁)
  33. ဂဠုန်ပျံ ဒီပနီ ဋီကာ (၁၉၃၁)
  34. မန္တလေးမြို့ ရွှေရေးဆောင်ဆရာတော်ကြီ: ဦ:ကြည်၏ ထေရုပ္ပတ္တိကထာ (၁၉၃၅)
  35. ခွေးကဏ္ဍိ (ပထမတွဲ) (၁၉၃၆)
  36. ခွေးကဏ္ဍိ (ဒုတိယတွဲ) (၁၉၃၆)
  37. သခင်ဋီကာ (၁၉၃၈)
  38. အာဇာနည် ဗိမာန် ဋီကာ (၁၉၄၈)
  39. ဗမာပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်းမည်နည်း၊ သခင်ကိုယ်တော်မှိုင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၁၉၄၈)
  40. အနာဂတ်ဇာတ်ခုံ ဒီဠုံ ဋီကာ (၁၉၅၀)
  41. လေးချိုးပေါင်းချုပ် (ပထမတွဲ) (၁၉၅၅)
  42. စစ်ကိုင်းပြန် မှာတော်ပုံ (၁၉၇၁)
  43. လက်ရွေးစင် လေးချိုးတရာ (၁၉၇၃)
  44. တို့ဗမာ ဝတ်ရွတ်စဉ် (၁၉၇၆)
  45. အနုသာသန ခေါ် ဂမ္ဘီရပျို့ အဖြေ
  46. ဦးပုည မေတ္တာစာ
  47. မှန်နန်း ရာဇဝင်ချုပ်
  48. ကုန်းဘောင်ပေါ်လစ်တစ်
  49. ကလဟ ဝိနစ္ဆယ
  50. တက္ကသိုလ် ပန်တူဝိနစ္ဆယ
  51. ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
  52. အဝနန်းတော်
  53. မြန်မာ့ဇေယာသဝဏ်
  54. ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
  55. သခင်ညီလာခံ ဩဘာဆောင်းပါးများ
  56. မင်္ဂလာရတုများ
  57. အရေးတော်ပုံ ဆောင်းပါးများ
  58. အရမ်းကာရ ဝိသောဓနီ
  59. စုန်တော်မူ မှာတမ်း

တည်းဖြတ်ခဲ့သောစာအုပ်များပြင်ဆင်

  • မောင်စံသူ၊ ရွှေနန်းဘွဲ့ မှာတမ်း (၁၉၁၃)
  • မဏိကက်၊ နန်းတွင်း ဇာတ်တော်ကြီး (၁၉၁၇)
  • ဦးဘိုးသစ်၊ ကဗျာရေးနည်း နိသျှည်းကျမ်းကြီး(၁၉၂၄)
  • မောင်ချစ်စရာ၊ မြန်မာစာ ညွန့်ပေါင်း ဋီကာ (၁၉၂၅)
  • တောင်တွင်းကြီးမြို့ ဆရာတော်၊ ဟိတသိဒ္ဓက ဝတ္ထု(၁၉၂၉)
  •  ? ၊ ပုံတောင်နိုင် မော်ကွန်း
  • ဦးထွန်းဖေ၊ မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်(၁၉၃၃)
  • ဒုတိယ နဝဒေး၊ စကြာမင်းမယ်တော် ဆင်ဖြူရှင်မ ဧချင်း(၁၉၃၄)
  • သခင်လေးမောင်၊ ဒို့ဝတ္တရားကြီး
  • မြဒေါင်းညို (ဦးအောင်သိန်း)၊ ဝသုမြေ (ပထမပိုင်း) (၁၉၃၈)
  • ဦးအုန်းမောင်၊ ကျောင်းသုံး မြန်မာရာဇဝင်သစ်(၁၉၄၈)
  • ဗိုလ်သိမ်းဆွေ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ(၁၉၅၁)
  • မဟာတင်၊ လွတ်လပ်ရေးနှင့် ဗိုလ်ချုပ် မော်ကွန်း(၁၉၅၂)
  • ဆရာရွှေ၊ မြန်မာ ရှေးဟောင်းကဗျာ ညွန့်ပေါင်း
  •  ? ၊ တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ

ဓာတ်ပုံများပြင်ဆင်

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...