,,,........,
မမျှော်လင့်ဘဲ လက်ဝယ်ပိုက်မိလာတဲ့ အကြောင်းအရာတစ်ချို့ကြောင့် ရည်ရွယ်ချက်ဆိုပြီး မဖြစ်မနေလျှောက်လှမ်းလာမိခဲ့ရာက အိမ်နဲ့တောင် အတော်ဝေးနေပြီ
အသက်ဆယ်စုနှစ် တစ်ခုခွဲစာလောက်ကတည်စက ထွက်ခွာလာခဲ့တယ်ဆိုပေမယ့် အိမ်ပြန်လမ်း မမှတ်မိလောက်အောင်အထိ သိပ်ငယ်နေတာမျိုးတော့မဟုတ်ပါဘူး
ရည်ရွယ်ချက်ဆိုတာနောက်ကို လိုက်ပါရင်း အမြဲလိုအပ်နေတဲ့ ဆန္ဒတွေကိုဖြည့်စည်းဖို့ ကျိုးစားရင်းနဲ့ကို မျက်စိလည်နေခဲ့တာမျိုး
အိမ်ပြန်ဖို့ ရည်ရွယ်ရာနောက်ကို တစ်လှမ်းပြီးတစ်လှမ်း ကျိုးစားလျှောက်လှမ်းရင်းက အိမ်နဲ့ တစ်လှမ်းပြီးတစ်လှမ်း ဝေးကွာလာတာ
နှစ်တစ်နှစ်ရဲ့ အကူးအစပ်ရောက်တိုင်း ရက်သတ္တတစ်ပတ် ဆယ်ရက်တန်သည်း အိမ်ဆိုတဲ့စောင်ခြုံလိုက်တိုင်း မနွေးထွေးသေးခင်မှာပဲ သူဆိုတဲ့ရည်ရွယ်ချက်က လက်ပြလှမ်းခေါ်တယ်
ရောက်တော့မယ်လို့ အားခဲလျှောက်လှမ်းရင်းက နောက်ထပ်ရည်ရွယ်ရာတစ်ခုပေါ်လာတယ် လည်ပြန်ကြည့်မိတော့ အိမ်ကမှုံပြပြ
အိမ်နားနီးချင်း ဘကြီးက သူ့သားပြန်မလာသေးလို့ ဖုန်းဆက်ခိုင်းတယ် အဘသားက ကလေးမှမဟုတ်တာ ပြန်လာမှာပေါ့ ပူတတ်ရန်ကောလို့ စောဒကတက်ရင်းနဲ့မှ သတိရမိတယ် အိမ်ကိုဖုန်းမဆက်ဖြစ်တာ အတော်ကြာနေပြီပဲ
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Friday, July 5, 2019
Wednesday, July 3, 2019
လမ်းပေါ်မှာ
...........
လမ်းမလျှောက်တာကြာတော့ ခပ်လှမ်းလှမ်းကို လျှောက်မိရုံလေးနဲ့ ပေါင်တွင်းကြောတွေသာမက ပေါင်ရင်းမှ ခြေဖျားအထိ စပ်ဖျင်းဖျင်းနဲ့ ကာလအတော်ကြာအသုံးမပြုဘဲ ပစ်ထားတဲ့ စက်ပစ္စည်းတစ်ခုလို ဟန်ချက်မညီချင်
ကျန်းမာရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းလျောက်တာဆိုတော့ ခြေလှမ်းချည်း မှန်နေလို့ မဖြစ်ချေဘူး မဟုတ်လား ဒီတော့ ဟန်းချက်ညီစွာဖြစ်စေဖို့ လက်ကလည်း လွဲဖို့အတွက် တိုင်ပင်ချိန်လိုက်တယ်
သတိဆိုတာလည်း အခက်သားဗျ ခါတိုင်းသက်တောင်သက်တာဖြတ်သန်းနေတာမျိုးက သတိကပ်လိုက်မှ ယောင်တိယောင်မှားဖြစ်သွားတတ်တာမျိုးလည်း ရှိတာကိုး
မှန်ကြည့်ဘီးကိုင်ပြီး ခေါင်ဖြီးဖို့လုပ်တာ ဟိုဖက်လက်ရမလို ဒီဖက်လှည့်မလို ဒီလိုပဲ သတိကပ်လမ်းလျှောက်ပါမှ ဘယ်ခြေဘယ်လက်စုံဖြစ်လိုဖြစ်နဲ့ အတော်ကို ကိုးရိုးကားယားနိုင်တာရယ်
အိမ်ကနေထွက်လာရင်ပဲ လမ်းလယ်မှာ အောင်နက်တစ်ကောင်က အမြဲဇိမ်ယူနေတတ်တယ် သူကလည်း အခက်သားဗျ အခြားနေရာတွေရှိပါလျက် နေ့တိုင်း ဒီလမ်းလယ်မှာပဲ ကျကျနနကို နေရာယူထားတာရယ် ဆိုင်ကယ်လည်းမမှု ကားလည်းသိပ်ဂရုစိုက်တာမျိုး မဟုတ်ဘူး
ဒီကြားထဲ ကလေးသူငယ်နဲ့ အမျိုးသမီးများဆိုရင် တဂီးဂီး တဂါးဂါးနဲ့ မာန်ဖီရင်း ခြိမ်းဟယ်ခြောက်ဟယ်သိပ်လုပ်ခြင်တာ
ဟွန်းတီးပြီး သတိပေးလိုက်ရင်လည်း မထချင်ထချင် လေးလေးပင်ပင်နဲ့ အပျင်းကျောကလည်းဆွဲလိုက်သေးတာ ပြီးမှ ဖြေးဖြေချင်းဆင်မယဉ်သာ လျောက်သွားတာရယ်
ကိုယ်တွေလည်း သူ့ရဲ့လွတ်လပ်ခြင်းစည်းစိမ်ကို ပြီးဆုံးအောင်စောင့်ပြီးမှ သွားရတာ သူ့ကိုကြည့်ပြီးမှပဲ သတိထားမိတယ်
ဘဝရဲ့လမ်းပေါ်မှာလည်း ကြုံနိုင်ဆုံနိုင်တာမျိုးကိုးးးးးးးးးး
သန်းထွန်းလေး (အင်းတဲရွာ)

Tuesday, July 2, 2019
အလင်းများနှင့်
...............
အလင်းရဲ့ စွမ်းရည်သတ္တိဟာ အမှောင်ကို ခွင်းနိုင်ခြင်းတဲ့ အလင်းတစ်ခု ထွန်းညှိလိုက်တာနဲ့ အမှောင်ဟာ ချက်ခြင်းရှောင်ခွာထွက်ပြေးရတယ် အလင်းကအရင်ပေါ်ပြီး အမှောင်က နောက်မှ ပြောက်သွားတာမျိုးမဟုတ်ဘူး
ဒီနှစ်ခုဟာ တစ်ပြိုင်တည်း ဖြစ်တည်တယ် ထို့အတူပဲ အလင်းပြောက်ဆုံးသွားတာနဲ့ အမှောင်ဟာ ခဏမဆိုင်းပဲ ချက်ခြင်းရောက်လာတတ်တယ်
ဒါကအလင်းရဲ့စွမ်းရည်ပါ
အလင်းနဲ့အတူ ယှဥ်တွဲပြီး အခြားဖြစ်လာတတ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေလည်း ရှိသေးတယ်
မိုးညတွေမှာ ဖယောင်းတိုင်မီး ထွန်းညှိလိုက်ရုံရှိသေး မိနစ်ပိုင်းအတွင်းမှာ အမျိုးစုံသော အင်းဆက်သတ္တဂါလေးတွေဟာ ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိ တစ်ကောင်ပြီးတစ်ကောင် အလျိုလျိုနဲ့ အလင်းရောင်မှာ စုဝေးလာကြတယ် ဒီထဲမှာ ဟိုတိုက်ဒီတိုက်နဲ့ လှလှပပ မဝဲပျံတတ်တဲ့ အကောင်တွေလည်းပါတယ် နားခိုက်မှာ သွေးစုပ်အမြတ်ထုတ် နာကျဥ်မှုတွေသာ ပေးသွားတတ်တဲ့ သတ္တဝါတွေလည်းပါတယ် ထိခိုက်မိရုံနဲ့ ဆိုးဝါးတဲ့ရနံ့တွေ ပေးတတ်တဲ့ သတ္တဝါမျိုးတွေလည်းပါတယ် အရောင်အသွေးစုံတဲ့ လှပတဲ့ သတ္တဝါလေးတွေလည်းပါတယ် စုံလို့ပါပဲ
မီးလေးမှိုတ် အိပ်စက်မှပဲ သူတို့ရန်က ဝေးတော့တယ် ဒီလိုမှမဟုတ်ရင် အိပ်စက်ဖို့တောင် သိပ်ခက်တယ်မဟုတ်လား...

- သန်းထွန်းလေး (အင်းတဲရွာ)
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...