ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးသွားမှာပါ
Friday, November 23, 2018
ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳➳ ➳ ➳ ➳ ➳
အားလုံးက အမေနေ့ အဖြစ်ပဲ သိနေကြတော့ မတင်တော့ဘးူလို့ လုပ်နေတာပဲ
ဒါပေမယ့် ဗုဒ္ဓစာပေမှာ ဘယ်လိုသတ်မှတ်တာကို ညီ ညီမငယ်တို့ သိစေလိုတဲ့အတွက် မျှဝေလိုက်ပါတယ်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဗုဒ္ဓဘုရားရှင်လက်ထက်တော် အခါက
ဥရုဝေလတော၌
ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ
နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ
ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ
တို့သည်
လောကစီးဇိမ်ကို ပယ်စွန့်၍ တောရပ်တည်မှီး၍ လောကမှ ကင်းလွတ်စေသော မြတ်သောအကျင့်ကို ကျင့်သုံးရန် ရည်ရွယ်ချက်ဖြင့် တောထွက်လာပြသော်လည်း မြတ်သောအကျင့်ကို မတွေ့နိုင်ပဲ မမှန်မကန်သော နည်းများဖြင့် တောရပ်တည်မှီး
နေထိုင်သီတင်းသုံးနေကြသည်
မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ တို့ကို တရာဟောကြားတော်မူအပြီး လောကတစ်ခွင့်ရှိ ကျွတ်လွတ်နိုင်သော သတ္တဝါ တို့အား ဉာဏ်တော်ဖြင့် ဖြန့်ကျက်တော်မူရာ ဥရုဝေလတောရှိ ကဿပ ညီနောင်တို့အား တွေ့လေ၏
ထို့ကြောင့် မဟာသက္ကရာဇ် ၁၀၃ ခု ပထမ ဝါဆိုတော်မူအပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ဥရုဝေလတောသို့ ကြွရောက်ခဲ့သည်
လောက ကဝတ်အရ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ လွန်စွာဆိုးသွမ်းသော
နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ပြုခဲ့သည်
နောက်တစ်နေ့၌ နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်၍ သွားရောက်ကြည့်ရှုကြရာ ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏
ထိုအခါမှ မြတ်စွာဘုရားသည် ကဿပ ညီနောင်နှင့်တကွ တပည့်အပေါင်းတို့အား တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြတ်တရား ဟောကြား၍ မိစာၦဒိဋ္ဌိ အယူဝါဒများကို စွန့်လွှတ်လျှက် ဗုဒ္ဓသာသနာသို့ ဝင်ရောက်ကြလေ၏
ပြာသိုလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသ ကျောက်ဖျာပြင်၌
အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာအား ဟောကြား တော်မူရာ ကဿပညီနောင် နှင့်တကွ နောက်လိုက် ရဟနး် တစ်ထောင်တို့သည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ကြလေ၏
ထို့ကြောင့် ပြာသိုလပြည့်နေ့ ကို ရှင်တစ်ထောင်နေ့ အဖြစ်သတ်မှတ်ပါသည်
✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔
သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com
Monday, November 19, 2018
ဗိုလ်ချုပ်အောင်ဆန်း သို့မဟုတ်စနေသား နေတက်ရေတက်ဖွား တစ်ယောက်အကြောင်း
┣▇▇▇┣▇▇▇┣▇▇▇┣▇▇▇┣▇▇┣▇▇▇┣▇▇┣▇▇▇┣▇▇▇
လူသားတစ်ယောက်အတွက် အခြေခံ ကိုယ်ကျင့်တရားတွေကို မြတ်ဗုဒ္ဓဟောကြားခဲ့ပါတယ် သီလ နဲ့ ပညာ ပါ
ထူးခြားတယ်ဆိုရမလား ဗုဒ္ဓသာသနာ ပွင့်လန်းရာ မြန်မာပြည်ရဲ့ အလယ်ပိုင်းဒေသ မြို့တစ်ခုမှာ ဒီနှစ်ပါးနဲ့ ပြည့်စုံတဲ့ ကလေးတစ်ယောက်
ကောဇာသက္ကရာဇ် ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လေးနာရီ မထိုးခင်လေးမှာ မောင်ထိန်လင်း ဆိုတဲ့ ကလေးငယ်တစ်ယောက်မွေးဖွားခဲ့ပါတယ်
မြန်မာတို့ရဲ့ ရှေးအယူအဆအရ စနေသား နေတက်ရေတက်မှာ မွေးတဲ့ တော်မယ့် ထက်မယ့် ထူးမယ့် ကလေး ဆိုပါတော့
အနောက်တိုင်း အယူအဆအရ ဆိုရင်တော့ ၁၃ ဂဏန်းသမားတစ်ယောက်ပေါ့ သူတို့အယူအဆအရ ကံမကောင်းခြင်းနံပါတ်ပေါ့
လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စောင့်ထိန်းနိုင်တဲ့ ကိုယ်ကျင့်တရားနဲ့ အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ်ပိုင်အသိကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ပေါ့
အဘ ဦးဖာ အမိ ဒေါ်စု တို့မှ မွေးဖွားတဲ့ ၉ ယောက်မြောက် သားအထွေးဆုံးပေါ့
လူပုံက မှုန်တေတေ အများနဲ့ ရောယောင်နေရခြင်းထက် တစ်ယောက်တည်းသာ နေတတ်သူ စိတ်ကူးဉာဉ် ကွန့်မြူးသူ အတီးအမှုတ်နဲ့ အတွေးအရေး ခံစားမှု အနုပညာ ဖက်မှာ စိတ်ဝင်စားသူ တစ်ယောက်ပေါ့
ခွတီးခွကျနိုင်းတဲ့ ပုံစံနဲ့ ချစ်ခွင့်ပန်ခဲ့သူတဲ့လေ
နုလုံးသားကို လှပအောင် ဘာသာမပြန်တတ်တာတော့ မဟုတ်တန်ရာ
စစ်မှန်တဲ့ ချစ်ခြင်းအတွက် လင်္ကာချောယုံသက်သက် မုသားမသုံးတာ ဖြစ်မှာပါ
သားသမီးတို့အတွက် စံပြ ဖခင်တစ်ယောက် ဖြစ်ပေမယ့် အလုံးစုံ တာဝန်ကျေတဲ့ ဖခင်တစ်ယောက်အဖြစ်တော့ မခံယူခဲ့ရဘူး
နှောင်းနောက် ဘဝါဘဝတွေမှာ မနာလိုခြင်းကင်းရာမှာသာ ပဋိသနေ္ဓတည်ပါစေတော့.........
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအကျဉ်း
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
မကွေးတိုင်း၊ နတ်မောက်မြို့
အဘ ဦးဖာ
အမိ ဒေါ်စု
မွေးချင်း အစ်ကိုအစ်မများ
မခင်ညွန့်
မဝက်
မောင်ဘဝင်း
မရွှေမှန်
မောင်နေအောင်
မောင်အောင်သန်း
ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)
အမည် - ဦးအောင်ဆန်း
ငယ်အမည် - မောင်ထိန်လင်း
မွေးဖွားသည့်နေ့ ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက် ၄ နာရီ မထိုးခင် . ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝ ါရီလ ၁၃ ရက်
ဇနီး ဒေါ်ခင်ကြည်
၆-၉-၁၉၄၂ တွင် လက်ထပ်ခဲ့သည်
သား အောင်ဆန်းဦး အောင်ဆန်းလင်း
သမီး အောင်ဆန်းစုကြည်
သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ်
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com
မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ (သို့) အဖေနေ့ တပေါင်းလပြည့်နေ့
★ ★ ★ ★ ★ ★ ★ ★ ★ ★
အထူးစကားချပ်
ယနေ့ခေတ် ဗုဒ္ဓဘာသာ၏ နေလပမာ ဖြစ်တော်မူသော
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ
၏ မွေးနေ့ဖြစ်ပါတယ်
ဦးမောင်ညို အမိ ဒေါ်သန်းတင် တို့မှ
၁၂၉၈ တပါင်းလပြည့်နေ့ ၂၃. ၂.၁၉၃၇
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
၏ မွေးနေ့လည်း ဖြစ်ပါတယ်
အဖ ဦးစံလှ - အမိ ဒေါ်ခင်
၁၃၀၁ ခုနှစ် တပေါင်းလပြည့်နေ့ ၂၂.၃.၁၉၄၀
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူတယ်ဆိုတဲ့ သတင်းကို ခမည်းတော် သုဒေ္ဓါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၉ ဦးတို့ကို နောက်ပါအခြံအရံ တစ်ထောင်စီဖြင့် ၉ ကြိမ်ခွဲကာ မြတ်ဗုဒ္ဓ ကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်သော်လည်း ထိုသူတို့သည် မြတ်တရားကို နာကြားပြီး ရဟန္တာများအဖြစ်ရရှိကြပြီး မြတ်ဗုဒ္ဓကို ရာဇဂြိုဟ်သို့ ကြွရန် မည်သူမှ မလျှောက်ဖြစ်ကြ
ဒါကိုကြားရတော့ ၁၀ ကြိမ်မြောက်အဖြစ် ဖွားဖက်တော် ကာဠုဒါယီ အမတ်ကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည် စေလွှတ်ရာမှာ အမိန့်ပါတခါတည်းချမှတ်လိုက်သည်
သားတော် မြတ်ဗုဒ္ဓ နေပြည်တော်သို့ ကြွရောက်မလာမခြင်း သင့်တာဝန် မပြီးဆုံးသေးပေါ့
ဒီအခါမှာ ကာဠုဒါယီ အမတ်ကလည်း ပြန်လည်တောင်းဆုပြုခဲ့တယ် မြတ်ဗုဒ္ဓသာသနာမှာ ရှင်ရဟန်းပြုခွင့်ပေးဖို့ပါ
ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုပြီး ကာဠုဒါယီအမတ်နှင့် နောက်ပါ အခြံအရံ ၁ထောင်တို့ ရှင်တော်မြတ်ဗုဒ္ဓကို ပင့်လျှောက်ရန် သွားရောက်ကြတယ်
မြတ်ဗုဒ္ဓဆီသို့ရောက်သော် တရားတော်မြတ်ကို နာကြားရသဖြင့် ကာဠုဒါယီ အမတ်နှင့်တကွ နောက်ပါ အခြံအရံ ၁ ထောင် တို့သည်လည်း ရဟန္တာများ ဖြစ်ကြသည်
ကာဠုဒါယီအမတ်က တပည့်တော်မှာ ဤကဲ့သို့သော အမိန့်တာဝန် တပည့်တော်မှာ ကျန်ရှိပါနေသေးတယ်ဆိုပြီး ဂါထာ ၆၄ခု ဖြင့် မြတ်ဗုဒ္ဓ နေပြည်တော်သို့ ပြန်ကြွရန် လျှောက်ထားခဲ့သည်
ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်ဗုဒ္ဓ သည် ရဟန္တာပေါင်း ၂သောင်း
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀ ေ၀းကွာသော ကပ္ပိလ၀တ်ပြည်တော်သို့ တနေ့လျှင်
၁ ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ မျှ ဒေသစာရီ ကြွချီတော်မူပါသည်။
ထို့ကြောင့် တပေါင်းလပြည့်နေ့ကို .....
မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့
ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည်
ထိုနေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော အကျိုးများ
[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[
မြတ်ဗုဒ္ဓသည် မဟာဓမ္မပါလ ဇာတ်တော်ကြီ်ကို ဟောကြားတော်မူရာ ခမည်းတော် သုဒေ္ဓါဒနမင်းကြီးမှာ အနာဂါမ် တည်လေသည် ထို့ကြောင့် ဖခင်ကို ကျေးဇူးဆပ်တရား ဟောကြားရန် ကြွချီလာသောနေကို အဖေနေ့အဖြစ် မသတ်မှတ်ထိုက်ပေဘူးလား
မိထွေးတော်ဂေါတမီ သည်လည်း သောတာပါန်တည်ပါသည်
ကြင်ယာတော် ယသော်ဓရာ ကို အကြောင်းပြုပြီးလည်း စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခဲ့ပါတယ်
သားတော် ရာဟုလာကိုလည်း ဓမ္မအမွေဆက်ခံစေခဲ့တာ ဒီနေ့က အစပြုတာပေါ့
ဆွေးမြေ့စရာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရဲ့ အစတည်ရာကလည်း ဒီနေ့ဗျ အားလုံးသိကြမှာပါ ညီတော်မင်းနန် နဲ့ ဇနပဒကလျာဏီ တို့ရဲ့ ဇာတ်လမ်းကလေးကို
မြတ်ဗုဒ္ဓဟာ ညီတော်ရဲ့ မင်္ဂလာပွဲမှာ ကြွရောက်လာပြီး ညီတော်ကို ကျောင်းတော်အထိ သပိတ်ထမ်းခေါ်ပြီး ရဟန်းဖြစ်စေခဲ့တာလေးပါ
ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့
ကုလပ္ပသာဒ ဧတဒဂ်
ဘွဲတံဆိပ်တော်ကို ချီးမြှောက်ခဲ့သည်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုး FB
မှားယွင်းမှုရှိပါက ကျွန်တော့့်တာဝန်သာပါ
ပြန်လည် လမ်းညွှန်သင်ပြပေးဖို့ တောင်းဆိုပါတယ်
သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ♡✏ ✏
ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ
•••••••••••••••••••••••••••••••••••••••••••••••••••
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ်ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည်
အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။
ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း
ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။
မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍
မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား။
ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည်
မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်
••••••••••••••••••••••••••••••••••••••••••••••••••••••••
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊
သတ္တဝါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊
ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊
လူနတ်ဆရာ၊ ရတနာဟု၊ မဟာ၀ီရ၊ လုံ့လအခေါင်၊
ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊
သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊
တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊
ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊
အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒေ္ဓါ်၊
တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊
သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊
ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊
မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊
တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊
ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊
တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊
သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊
ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊
တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုး FB
မှားယွင်းမှုရှိပါက ကျွန်တော့့်တာဝန်သာပါ
ပြန်လည် လမ်းညွှန်သင်ပြပေးဖို့ တောင်းဆိုပါတယ်
သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
စာအက္ခရာအကြောင်း
📝
မြန်မာ့ ဗျဉ်းအက္ခရာ ၃၃ လုံးမှာ အထီး အမ ခွဲခြားထားတာလေးရှိတယ်ဗျ
ဗျည်းအက္ခရာတွေကို သူငယ်တန်းဖတ်စာအုပ်မှာ ရေးထားတဲ့အတိုင်း စီရေးကြည့်ပါ
>>>>>>>>>>>>>>>
ကကြီးအောက်က အထီး
ခကွေးအောက်က အမ
ဂငယ်အောက်က အထီး
ဃကြီးအောက်က အမ
င အောက်က အထီး
<<<<<<<<<<<<<<<
ဒီတော့ ဘာထူးခြားလည်းဆိုတော့
စာမှာ စာလုံးဆင့်တွေ တွေ့ဖူးမှာပါ ဒီလို ဆင့်ရာမှာ
စာထီး အချင်းချင်းဆင့်တယ်
စာမ အချင်းချင်း မဆင့်ပါဘူး
စာထီးအောက်က စာမ ဆင့်ပေမယ့်
စာမအောက်မှာ စာထီး မဆင့်ပါဘူး
📝📝📝📝📝📝📝📝📝📝📝📝📝
ဥပမာအားဖြင့် စာထီးအချင်းချင်း ဆင့်မှုများ
ကုက္ကိုပင် အဂ္ဂ သပ္ပါယ် စသည်ဖြင့်ပေါ့
စာထီးဖြစ်တဲ့ က္က ဂ္ဂ စ္စ ဇ္ဇ စသည်ဖြင့် အဆင့်တွေ တွေ့နိုင်ပေမယ့်
ခ္ခ ဆၦ ထၳ ဓ္ဓ အဲ့ဒီလို စာမအချင်းချင်း ဆင့်မှုတွေကိုတော့ တွေ့နိုင်မှာ မဟုတ်ပါဘူး
စာထီးအောက်မှ စာမ ဆင့်မှုနှင့် စာမအောက်မှာ စာထီးမရှိမှု
က္ခ တွေ့နိုင်ပေမယ့် ခ္က မတွေ့နိုင်ပါဘူး
စၧ ။ ဆ္စ ။
တၳ ။ ထ္တ ။
ဒ္ဓ ။ ဓ္ဒ ။
📃📃📃📃📃📃📃📃📃📃📃📃📃📃
ဘယ်မှာ ဖတ်ခဲ့ဖူးလည်း အသေအချာ မမှတ်မိဘူးဗျ ရမ်းသမ်းပြီး ဒီလူ့စီက ဒီစာအုပ်စီက ကိုးပါတယ်ဆိုရင် မှားခဲ့သည်ရှိသော် ထိုပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာအား အားနာ၍ ကိုးကားသူကို မရေးတော့ပါဘူး
မှားတာရှိလျှင် ထောက်ပြကြပါအုံးဗျာ
📑📑📑📑📑📑📑📑📑📑📑📑📑📑📑
နတ်
•••••
နတ်ဆိုတာ ပါဠိဘာသာ နာထကနေ ဆင့်ပွားမွေးယူခဲ့တယ်လို့ ဆိုတယ်ဗျ
နာထ = အားကိုးရာလို့ ဆိုတယ်
ဒါဆိုရင် လူ့ဘောင်လူ့လောကမှာပဲ နေထိုင်ပြီး နာထ ခေါ်ထိုက်သူတွေ အစုနဲ့အဝေး ဒုနဲ့ဒေးပေါ့
ငယ်စဉ်ကကြားခဲ့ဖူးတယ် အိမ်ထောင်းဦးစီးဖခင်တွေကို အိမ်ဦးနတ်ဆိုပြီး ကျွန်တော်တို့ဒေသမှာ ခေါ်ဝေါ်သုံးစွဲကြတယ် တင်စားခေါ်ဝေါ်သမုတ်တယ်လို့ပဲ မှတ်ယူခဲ့တာဗျ မိသားတစ်စုလုံးရဲ့ အားကိုးရာဖြစ်တဲ့အတွက် တကယ်နာထဂုဏ်ထိုက်လို့ ခေါ်မှန်းမသိရိုးအမှန်ပါ
ထို့အတူပေါ့ လျှပ်စစ်မီး တီထွင်သူတွေ ဆေးဝါးတီထွင်သူတွေ အများအကျိုးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတွေဟာ လောကသားတို့အတွက် တနည်းအားဖြင့် အားကိုးထိုက်သူတွေမဟုတ်လား
သက်ရှိလူသားပင်ဖြစ်လင့်ကစား နာထ ခေါ်ထိုက်သူတွေလို့ ဆိုချင်တာပါ
ထို့အတူပဲ ကျွန်တော်တို့ နာထ ခေါ်ပြီး ကိုးကွယ်နေတဲ့ အရာတွေကကော တကယ်နာထဂုဏ်နဲ့ ထိုက်ရဲ့လား စဉ်းစားစရာပါ
••••••••••••••••••••••••••••••••••
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
ဗမာတို့ရဲ့ ရက်မြတ်မင်္ဂလာ
""""""""""""""""""""""""""""
ပထမဆုံးအနေနဲ ဗမာ့ရက်မြတ်မင်္ဂလာကို တွက်ချက်နိုင်ဖို့အတွက် ဗမာ့အက္ခရာဗျဉ်း ၃၃ လုံးကို နေ့နံအလိုက်မှတ်သားထားဖို့ လိုပါတယ်
တနင်္လာ . က- ခ- ဂ- ဃ- င
အင်္ဂါ စ- ဆ- ဇ- ဈ- ည
ဗုဒ္ဓဟူး . ယ- ရ- လ- ၀ ( ဠ )
ကြာသာပတေး ပ - ဖ- ဗ- ဘ- မ
သောကြာ . သ- ဟ
စနေ တ- ထ- ဒ- ဓ- န ( ဋ- ဌ- ဍ- ဎ- ဏ )
တနင်္ဂနွေ . အ ( ဥ - သြ )
() အတွင်းက အက္ခရာများကတော့ သံတူစကားလုံးများဖြစ်တဲ့အတွက် ထိုနေ့နံမှာပဲ အကျုံး၀င်ပါတယ်
( ရာဟုရဲ့ အက္ခရာကတော့ ရ သာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ရဲ့ မွန်းလွဲချိန်မှ နောက်တစ်ရက် မစတင်မီအချိန်ထိပါ )
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဝါရမိတ္တူရက်
~~~~~~~~~~
ဝါရမိတ္တူရက်ဆိုတာ မကောင်းပါ ပြဿဒါးထက်တောင်ဆိုးတဲ့ ရက်ယုတ် ရက်ညံ့ဖြစ်ပါတယ်
နေ့နဲ့ရက်ပေါင်းလို့ ၁၃ ဂဏန်းကျတဲ့နေ့တွေကို ခေါ်ပါတယ်
မြန်မာလတိုင်းမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ ရှိစမြဲပဲ
ဥပမာ တနင်္ဂနွေနေ့ ဝါရမိတ္တူကျတယ်ဆိုပါတော့
တနင်္ဂနွေက ၁၊ ဒီတော့ ၁၃ ဖြစ်ဖို့ ၁၂ လိုတဲ့အတွက် အဲဒီဝါရမိတ္တူရက်သည် လဆန်း၁၂ရက်သော်လည်းကောင်း လဆုတ်၁၂ရက်သော်လည်းကောင်း ဖြစ်ရမယ်
မိတ်ဖက်
~~~~~~~
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း
ရန်ဖက်
~~~~~
ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ
ဆံပင်ညှပ်
~~~~~~~
မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်
ရေချိုး
•••••••
ငါ့သားရွှေတောင် ရေကိုရှောင်
အောင်စံဖြိုးရေချိုး
ဒါ လူနာများအတွက်ပြောတာ
ခေါင်းလျှော်ရက််
~~~~~~~~~~~~~
အိုးစည်တီး ပြီးအောင်လျှော်
အရောင်းအ၀ယ်
~~~~~~~~~~~~
လွမ်းပုံသာ ၀ယ်ပါဘိ
အောင်ကျော်စံနှောင်း မပယ်ကောင်း
အလုပ်အကိုင်အတွက် အချိန်အခါ
~~~~~~~~~~~~~~~~~~~~~~~~
အောင်သာနေမွန်းတည့်
ငါ့ရှင်သုံးချက်တီး
ဆွေပြည်တက်တုန်းခါ
နံလာနေထွက်၀င်
အောင်သာ တနင်္ဂနွေနဲ့ သောကြာနေ့မှာ မွန်းတည့်ချိန်
ငါ့ရှင် တနင်္လာ နံရာဟုမှာ သုံးချက်တီးအချိန်တဲ့
ဆွေပြည် အင်္ဂါနဲ့ ကြာသပတေးနေ့မှာ မနက်ပိုင်းနေတက်နေတုန်းအချိန်
နံလာ စနေနဲ့ ဗုဒ္ဓဟူးကတော့ နေထွက်ချိန်နဲ့ နေ၀င်ချိန်မှာ
မိမိရဲ့အလုပ်အကိုင် အကြံအစည်များကို အစပြုသင့်ပါတယ်
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရက်ရာဇာ
_________
တန်ခူး- သာလှ
ထွန်းပ- ကဆုန်
နယုန်- ညွန့်စ
အောင်လှ- ဝါဆို
သာလို- ဝါခေါင်
မြကောင်- တော်သလင်း
သီတင်းကျွတ်- ဆီ
သောရီ- တန်ဆောင်မုန်း
သာလုံး- နတ်တော်
မိနော်- ပြာသို
မိညို- တပို့တွဲ
ထဲ၀င်- တပေါင်း
ဆောင်တိုင်းကောင်းသည် ရက်ကောင်းရာဇာ့ရာဇာတည်း။
တန်ခူး သာလှ
သ ဆိုတဲ့အက္ခရာက သောကြာနံ
လ ဆိုတဲ့အက္ခရာက ဗုဒ္ဓဟူးနံ
ဖြစ်သည့်အတွက် တန်ခူးလမှာ သောကြာနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေဟာ ရက်ရာဇာဖြစ်ပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပြဿဒါး
~~~~~~
ပြဿဒါး တွက်ဖို့အတွက် အရင်ဆုံး လတွေကို စီဖို့လိုပါတယ်
တမာ သက်ရင်း အင်ကြင်း ဆူးရစ်
__________________________________________________
တန်ခူး ကဆုန် နယုန် ဝါဆို
ဝါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း
နတ်တော် ပြာသ ို တပို့တွဲ တပေါင်း
အထက်ပါအတိုင်း လတွေကို ဇယားချလိုက်ရင်
တမာရဲ့ အောက်မှာရှိတဲ့
တန်းခူး ၊ ဝါခေါင်၊ နတ်တော် လတွေမှာ
တ စနေ
မ ကြာသာပတေး ရက်တွေဟာ ပြဿဒါးနေ့တွေပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••
နဂါးလှည့်
~~~~~~~
နဂါးခေါင်းက ၃ လ တစ်ခါပြောင်းပါတယ်
ပေါင်း၊ ကူး၊ ဆုန် နောက်
န၊ ဝါ၊ ဝါ မြောက်
တော်၊ ကျွတ်၊ မုန်း ရှေ့
နတ်၊ ပြာ၊ တွဲ တောင်
••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဲ့ ဂြိုဟ်သက်
~~~~~~~~~
တနင်္ဂနွေ၊ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ၆ နှစ်မျှ။
တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့မှာ။
အင်္ဂါခြငေ်္သ့၊ ရှေ့တောင်တွေ့၊ မရွေ့ ၈ နှစ်မျှ။
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် ၁၇ နှစ်။
ကြာသပတေးကြွက် ၁၉ သက်၊ နေလျက် မဥိ္ဇမ။
သောကြာမှာပူး မြောက်စူးစူး အထူးနှစ်ဆယ်။
စနေနဂါး နောက်တောင်သွား စွန်းကယ်တစ်နှစ်မျှ၊ (၂၁ နှစ်)။
ရာဟု ဟိုင်းဆို နောက်မြောက်ကို နေလို ဒွါဒဿ (၂၁ နှစ်)။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုး + ဆရာသော်တာဆွေ
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
ွ
အနိစ္စ သိပ္ပံမောင်ဝ
ခွေးတို့၏ လောကကြီးတွင် တစ်နှစ်တစ်ကြိမ် အချစ်နာလန် ထသည်မှာ ဓမ္မတာပင် ဖြစ်၏။ တော်သလင်းလ ကျမှဖြင့် ခွေးအပေါင်းတို့ကို ရာဂ နတ်မင်းကြီးသည် ဖမ်းစားလေတော့ သတည်း။
အာမိတ်၊ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ သိကြားမင်း၏ သားသမီး မဟုတ်ကြ သောကြောင့် သူတို့လည်း ရာဂ နတ်မင်းကြီး၏ ဖမ်းစားခြင်းကို ခံကြရ ရှာလေသည်။ ရာဂ နတ်မင်းကြီး၏ လက်ဦးဆုံး ဖမ်းစားခြင်း ခံရသူကား လွေဇောနှင့် ခွေးနက်ကြီး ဖြစ်ကြလေသည်။ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ နဂိုကပင် တစ်ကောင်နှင့် တစ်ကောင် ရင်းနှီးရသည့် အထဲတွင် ရာဂ နတ်မင်းကြီးက ဖမ်းစားလိုက် ပြန်သောအခါ အထူးပင် မူးမူးရူးရူး ဖြစ်၍ သွားကြကုန်၏။ လွေဇောနှင့် ကြာသမား ခွေးနက်ကြီးတို့မှာ သွားလည်းတူတူ နေမူမကွာ လွန်စွာမှပင် ပျော်ပါးနေကြ ကုန်၏။ စားရမှန်းလည်း မသိ၊ သောက်ရမှန်းလည်း မသိ။ တစ်ကောင်ကို တစ်ကောင် ပလူးနေရ၊ နှူးနေရလျှင် ကျေနပ်ကြလေပြီ။ လွေဇောကလည်း အမူပါ။ ကြာသမား ခွေးနက်ကြီးကလည်း အနှူးကောင်း။ သူတို့နှစ်ကောင်မှာ မိုးမမြင် လေမမြင် အပျော်ကြီး ပျော်နေကြကုန်၏။
လွေဇောနှင့် ခွေးနက်ကြီးတို့၏ အဖြစ်အပျက်ကို မြင်ရလျှင် အာမိတ်မှာ မနာလို ဖြစ်မိပေ၏။ မနာလိုဖြစ်ရာမှ ရန်ထောင်လိုသော စိတ် ပေါ်ပေါက်လာ၏။ လွေဇောနှင့် ခွေးနက်ကြီးတို ့ တစ်ကောင်နှင့် တစ်ကောင် ကျီစယ် နေကြသည်ကို အာမိတ် မမြင်လိုတော့ပြီ။ မကြည့် နိုင်တော့ပြီ။ အာမိတ်ကို ရာဂ နတ်မင်းကြီး ဝင်၍ ပူးလေပြီ။ အာမိတ် ခါတိုင်းကဲ့သို ့ မနေနိုင်ရှာ။ လွေဇော၏ အနားသို ့ ရစ်သီရစ်သီနှင့် သွားတော့၏။ ခွေးနက်ကြီးက မာန်လေသည်။ အာမိတ် အဘယ်မှာလျှင် ခံနိုင်တော့အံ့နည်း။ ရာဂ နတ်မင်းကြီး ဖမ်းရုံမျှမက ဒိန်းဒလိန်းနတ်လည်း ဝင်ပူးလာလေပြီ။
မောင်လူအေးတို ့ဤနေအိမ်သို ့ရောက်စက အာမိတ်နှင့် လွေဇောတို့မှာ ငယ်ကြသေး၏။ အပျိုဘော် လူပျိုဘော် ဝင်ခါစ ရှိကြသေးသည်။ ခွေးနက်ကြီးကား အသက် အတော် ကြီးနေလေပြီ။ ယခင်နှစ်ကမူကား အသက်ကလည်း ကြီး၊ အိမ်ခံကလည်း ဖြစ်ပြန်သောကြောင့် အာမိတ်ကို နိုင်ချင်သလို နိုင်ခဲ့လေသည်။ အာမိတ်ခမျာ ခွေးနက်ကြီးကို အတော်ပင် ကြောက်ခဲ့ရရှာ၏။ ခွေးနက်ကြီး ထားရာမှာ နေခဲ့ရရှာ၏။ ယခင်နှစ်က ခွေးနက်ကြီးနှင့် လွေဇောတို ့ ချစ်ကြိုက်ကြရာမှာပင် သူ အကူအညီ ပေးခဲ့ရသည်။
ယခုကား ဤသို ့မဟုတ်တော့ပြီ။ အာမိတ်မှာ အသက်လည်း ကြီးလာလေပြီ။ အရွယ်ကလည်း ခွေးနက်ကြီးထက်ပင် ထွားကျိုင်းသေး၏။ ဘူး၊ ချီး၊ ဒိုင်း စသော သားသမီးများကိုလည်း အုပ်ထိန်း လာခဲ့ရသောကြောင့် သတ္တိလည်း ကောင်း၍ လာလေပြီ။ ရှေးက ခွေးနက်ကြီးအား ရွံ့တွန့်တွန့် ဖြစ်ခဲ့သော်လည်း ရာဂနတ်ကြီးနှင့် ဒိန်းဒလိန်းနတ်တို့က ကူညီအားပေး သောကြောင့် ခွေးနက်ကြီးနှင့် အားပြိုင်လိုသော စိတ်ထားမှာ အာမိတ်တွင် ပေါ်လာ၏။
တစ်ခုသော ညနေတွင် ကြာသမား ခွေးနက်ကြီးနှင့် လွေဇောတို ့ ကျီစယ် ကစားနေခိုက် အာမိတ်ကြီးသည် လွေဇော၏ အနားသို ့ ပြေး၍ သွား၏။ ကြာသမား ခွေးနက်ကြီးက မာန်၍ လွှတ်လေသည်။ ရှေးအခါ ဖြစ်မူကား အာမိတ် လှည့်၍ ပြေးမည်မှာ မုချပင်။ ယခုမူ ပြန်၍ မပြေးဘဲ “ဟေ့ မယားခိုး၊ မယားထိတော့ သွားကို ကြည့်ကွ” ဆိုသော အနေနှင့် မိမိ်သွားများကို ဖြဲပြလေတော့၏။ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် အံ့အားသင့် သွားပြီးနောက် “ဘာပြောတယ်၊ ဒါ ငါ့မယားကွ။ မင်းနဲ့ မဆိုင်ပါဘူး” ဆိုသော အနေနှင့် မိမိ၏ သွားများကို ဖြဲ၍ ပြလိုက်ပြန်လေ၏။ လွေဇောကား ခွေးနက်ကြီး၏ အနားမှ မခွာ “ဒါမှ ငါ့သခင်” ဆိုသော အနေမျိုးနှင့် နေပေ၏။ အာမိတ် ကြောက်သွားပြီလော။ စိတ်ပျက်သွားပြီလော။ အဘယ်မှာ ကြောက်ပါအံ့နည်း။ အဘယ်မှာ စိတ်ပျက်ပါအံ့နည်း။
“ဟေ့ လွေဇောဟာ ငါ့မယား မဟုတ်လို ့ဘယ်သူ ့မယားလဲ။ ငါ့ မိဘများက လူကြီးစုံရာရှေ့မှာ ပေးစားထားတာ။ တိုင်းသိပြည်သိ မှတ်ပါ။ သတင်းစာထဲမှာ ဓာတ်ပုံ မပါတာ တမယ် ရှိတယ်” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။ ဟိန်းလည်း ဟိန်း၏။ ဟောင်လည်း ဟောင်၏။
“မင်းဘာမှ စကားမများနဲ့။ မင်းမိဘတွေက ပေးစားတာ မပေးစားတာ ငါ နားမလည်ဘူး။ ငါ့ကို လွေဇော ချစ်တယ်။ ငါက လွေဇောကို ချစ်တယ်။ မယုံယင် လွေဇော မေးကြည့်” ဆိုသော အနေနှင့် သွားများကို ဖြဲပြပြီးလျှင် လွေဇောကို လှည့်၍ ကြည့်၏။ လွေဇောကလည်း ထောက်ခံသော အနေနှင့် ခွေးနက်ကြီး၏ အနားသို့ ကပ်၍ သွားလေသည်။ အာမိတ် အတော်ပင် မျက်နှာပျက်သွား၏။ ဒေါသလည်း ထွက်လေသည်။ သို့သော် နောက်မဆုတ်။
“ဘယ်သူချစ်ချစ်၊ ငါမသိဘူး၊ လူကြီးစုံရာ ရှေ့မှာ ပေးစားထားတဲ့ ငါ့မယား၊ ငါသာ ပိုင်တယ်။ မင်း မပိုင်ဘူး” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။
အာမိတ်၏ ဥပဒေ စကားကို ပြောသောအခါ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် နေရခက်သွား၏။ လွေဇောလည်း မျက်နှာပျက်သွား လေသည်။ နောက်ဆုံး၌ အကြံတစ်ခု ရလာပြီးလျှင် “ဟေ့ ဘာဘဲဖြစ်ဖြစ်၊ နောင်ခါလာ နောင်ဈေး၊ အခု မင်း ငါ့မယားကို ထိဝံ့ရင် ထိစမ်း” ဟုဆိုကာ ဟိန်းလိုက်၏။
“ကိုင်း ထိသကွာ” ဆိုသော အနေနှင့် လွေဇော၏ အနားသို ့ပြေးသွား၏။ လွေဇောလည်း ခွေးနက်ကြီး၏ နောက်ဘက်သို ့ ဝင်လိုက်လေသည်။ ခွေးနက်ကြီးလည်း ဒေါသအမျက် ချောင်းချောင်းထွက်ပြီးလျှင် အာမိတ်ကို ဆီး၍ ကိုက်တော့၏။ အာမိတ်ကလည်း မခံ၊ ပြန်၍ ကိုက်လေသည်။ ခွေးနက်ကြီးနှင့် အာမိတ်တို့မှာ သူတပြန်၊ ငါတပြန် ကိုက်နေကြလေသည်။ ကုက္ကိုပင်ကြီး အောက်တွင် ဆူညံ၍သာ နေတော့၏။
မောင်လူအေးသည် ဒင်းတို ့ ၂ ကောင်ကို အတန်ကြာအောင် အကိုက်ခိုင် းလေသည်။ သို့သော် မည်သူမျှ မရှုံး၊ မည်သူမျှ မနိုင်ချေ။ နောက်ဆုံး မော်တော်ကားသမား မောင်နီနှင့် ရေထမ်းသမား မဟာရံတို့အား အဖြန်ခိုင်းလိုက် လေသည်။ အာမိတ် မျက်နှာ စုတ်သွား၏။ ခွေးနက်ကြီး၏ တင်ပါးနှင့် ကိုယ်တို့မှာ အကြီးအကျယ် ပြဲသွားလေသည်။ သို့သော် အခဲမကျေသေး။ မောင်နီတို့ကို ကြောက်၍သာ တကွဲတပြား ထွက်ပြေးကြလေသည်။
နောက်တစ်နေ့နံနက် ကာဖီ သောက်ပြီးနောက် မောင်လူအေးသည် အိမ်ပေါ်ထပ် စာရေးစားပွဲတွင် အမှုတွဲများနှင့် ရှုပ်ပွေနေခိုက် အိမ်ရှေ့ မြက်ခင်း ပေါ်တွင် အာမိတ်နှင့် ခွေးနက်ကြီးတို့၏ စစ်ပွဲကို မြင်ရပြန်၏။ အမှုတွဲများကို ခဏချထားပြီးနောက် အာမိတ်တို့ စစ်ပွဲကို စိတ်ပါ၊ လက်ပါ၊ မောင်လူအေး ကြည့်နေလေ သတည်း။
လက်ဦးတွင် ခွေးနက်ကြီးက နိုင်မယောင်ယောင် နေ၏။ အတော်လေးြ ကာလျှင် ခွေးနက်ကြီး မောစပြု လေပြီ။ မနေ့ ညနေက အာမိတ် ကိုက်ထားသောကြောင့် တင်ပါးနှင့် ကိုယ်တို့မှ အနာများကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ အာမိတ်မှာ အသက်ငယ်ပြီး အားကောင်းသော တက်ခွေး ဖြစ်၏။ ခွေးနက်ကြီးကား အသက်ကြီးပြီး ခွန်အား ဆုတ်နေသော ကျခွေး ဖြစ်လေသည်။ ရေရှည်တိုက်ပွဲတွင် တက်ခွေး အာမိတ်အား ကျခွေး ခွေးနက်ကြီးသည ် အဘယ်မှာလျှင် နိုင်အောင် ကိုက်ရန် တတ်နိုင်ပါအံ့နည်း။ ယောက်ျား ပီသသော အာမိတ်အား မိန်းမလို မိန်းမရ ကြာသမား ခွေးနက်ကြီးသည် အဘယ်မှာ နှိမ်နင်းနိုင်အံ့နည်း။
ကိုက်ပွဲကြီးကို စ၍ ၁၅ မိနစ်အတွင်း ခွေးနက်ကြီး ထွက်ပြေး လေတော့၏။ အာမိတ်လည်း အခဲမကျေ။ နောက်မှ ပြေးလိုက်သေး၏။ သို့သော် သေပြေး၊ ရှင်ပြေး ဝင်းအပြင်ဘက်သို့ ထွက်၍ ပြေးတော့မှ လွေဇော ရှိရာ မြက်ခင်းသို ့ အာမိတ် ပြန်၍ လာသတည်း။ လွေဇော၏ စိတ်ထဲတွင် အာမိတ်သည် ခွေးနက်ကြီးကို မည်သည့် အခါမျှ နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ခွေးနက်ကြီးနှင့် တွေ့စမှ ယနေ့တိုင် ခွေးနက်ကြီး အပေါ်တွင် လွေဇောသည် အစစ အရာရာ၌ အထင်ကြီးခဲ့ပေ၏။ ယနေ့နံနက် ကိုက်ပွဲကျမှ အာမိတ်က ခွေးနက်ကြီးထက်ပင် သတ္တိကောင်းကြောင်း၊ ဇွဲကောင်းကြောင်း၊ ခွန်အားကောင်းကြောင်း သိရလေသည်။
အာမိတ် မိမိ၏ အနားသို ့ ရောက်လာသောအခါ လွေဇောသည် အာမိတ်၏ အနားသို ့ ပြေးသွားပြီးလျှင် အာမိတ်၏ မျက်နှာကို လျှာဖြင့် လျက်လေတော့၏။ အာမိတ်အား ချစ်ခင်သော အမူအရာများကို ပြ၏။ အာမိတ်ကို အားကိုးသော အမူအရာ၊ မြတ်နိုးသော အမူအရာ၊ အထင်ကြီးသော အမူအရာ တို့ကိုလည်း ပြလေသည်။ လွေဇော၏ အပြုအမူများကို မြင်ရသော အာမိတ်၏ မျက်နှာထားကို စာဖြင့် ရေးပြရန် ခက်လှပေ၏။ “ခွေးနက်ကြီး လောက်တော့ ငါ ဘာမှုမလဲ” ဆိုသော မျက်နှာထားနှင့် ခပ်တည်တည် ဂိုက်ကျကျ လွေဇော၏ အနားတွင် ရပ်ကာ နေလေသည်။
အထက်ဖော်ပြပါ ကိုက်ပွဲကြီး ပြီးသည့်နောက် အာမိတ်နှင့် လွေဇောတို့၏ အနားသို ့ ခွေးနက်ကြီး လာဘို့ဝေးစွ မောင်လူအေး၏ ဝင်းအတွင်းသို့ပင် မဝင်ဝံ့တော့ပြီ။ ခွေးနက်ကြီး ရိပ်ခနဲ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အာမိတ် လိုက်လေတော့၏။ ခွေးနက်ကြီးမှာ သေပြေး၊ ရှင်ပြေး၊ ပြေးရရှာလေသည်။ လွေဇောကလည်း အာမိတ်၏ အနားမှ မခွါတော့ပြီ။ အာမိတ်နှင့် လွေဇောတို့မှာ ချစ်၍မဆုံး ကြိုက်၍မဆုံး ပျော်၍မဆုံး တပြုံးပြုံးနှင့် နေကြကုန်၏။ ဤအခြင်းအရာကို အဝေးမှာနေ၍ မြင်ရသော ခွေးနက်ကြီးကား မည်မျှ အခံရဆိုး၊ မည်မျှ အသည်းနာမည်နည်း။
မနှစ်တုန်းက ခင်သန်းမြင့်၏ ရန်ကြောင့် လွေဇောနှင့် ခပ်ကြာကြာကလေး ကြင်ကြင်နာနာ မပေါင်းလိုက်ရ။ ယခုနှစ် ကျပြန်လည်း အာမိတ်တည်း ဟူသော ရန်သူတက်ခွေးနှင့် တွေ့နေရ ပြန်သောကြောင့် နီးလျှက်နှင့် ဝေးရပြန်လေသည်။ ခွေးနက်ကြီးသည် မိမိ၏ အဖြစ်အပျက်ကို တွေးတွေးပြီး ဆွေးနေဟန် တူလေသည်။
တစ်ခါတစ်ခါ မလွေဇော ခင်နှမနှင့် မကြင်ရသော်လည်း မြင်ရလျှင် တော်ပါပြီ ဟူသော အနေနှင့် အာမိတ် မမြင်နိုင်သော ချုံအကွယ်မှ လာ၍ ချောင်းရှာပေ၏။ အာမိတ်နှင့် လွေဇောတို ့ ကျီစယ် နေကြသည်ကို မြင်လိုက်ရ ပြန်သောအခါ အသည်းထဲတွင် ကျွဲဝင်၍ ခတ်လိုက်ဘိ သကဲ့သို ့ဖြစ်ပြီးလျှင် မိမိ၏ နေရာတွင် မတည်မရပ် နိုင်ရှာဘဲ ထွက်သွားပြန်၏။ ခွေးနက်ကြီးမှာ မယားတရူး ဖြစ်ပြီးလျှင် မောင်လူအေးတို့၏ ဝင်းအပြင်ဘက်တွင် ရပ်တည်ခြင်း မရှိ။ တပြေးတည်း ပြေးနေလေတော့၏။ စားလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်၊ သောက်လည်း မသောက်နိုင်။ တမှိုင်မှိုင် တတွေတွေ ဖြစ်လျှက်နေလေသတည်း။
ညအချိန်များတွင် စိတ်ညစ်လှသဖြင့် အသံကုန် ဟစ်၍ အူရှာပေ၏။ ခွေးနက်ကြီး၏ အူသံ ကြားရသည်နှင့် တစ်ပြိုင်နက် အာမိတ် ဝင်းအတွင်းမှ ပြေးထွက်၍ လိုက်ပြန်၏။ ခွေးနက်ကြီးမှာ စိတ်ရှိလက်ရှိပင် မအူရရှာပေ။ အာမိတ်ကြီး အနီးသို ့ ရောက်လာသောကြောင့် အူ၍ မဆုံးမီ ပြေးရရှာပြန်၏။
ဤသို ့ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်င်၊ တမှိုင်မှိုင် ပြေးနေရှာသော ခွေးနက်ကြီးမှာ တစ်နေ့တခြား ပိန်ခြုံး၍သာ လာလေသည်။ စိတ်ထောင်း၍ ကိုယ်ကြေဆိုသော စကားမှာ မှန်လာလေပြီ။ အာမိတ် ကိုက်၍ ရထားသော ဒဏ်ရာကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ တစ်နေ့တခြား လျော့၍ မသွားဘဲ တစ်စတစ်စသာလျှင် တိုး၍ လာတော့၏။ လွေဇောအတွက် စိတ်ညစ်ရသည်က တစ်မျိုး၊ အာမိတ် ကိုက်ထားသော အနာများ တိုးလာသည်က တစ်တန်နှင့် အင်မတန်မှ ဒုက္ခရောက်နေ ရှာပေ၏။
ယင်ကောင်များ၏ ပယောဂကြောင့် ခွေးနက်ကြီး၏ အနာများကို ပိုးများ တွယ်စ ပြုလေ၏။ ခွေးနက်ကြီး မနေတတ် မထိုင်တတ် ဖြစ်နေရှာလေပြီ။ မည်သို့မျှလည်း မလုပ်တတ်။ တပြေးတည်း ပြေးနေရှာ၏။ ခွေးနက်ကြီး၏ ဒုက္ခကို မြင်ရသော မောင်လူအေးမှာ မသနားဘဲ မနေနိုင်။ သူ၏ အနာများကို ဆေးထည့်ပေးအံ့ဟု ခေါ်သော်လည်း အနားသို့ မလာ။ မောင်နီတို့အား ဖမ်းခိ်ုင်းသော်လည်း မရ။
ခွေးနက်ကြီး၏ ရောဂါမှာ အတော်ပင် ဆိုးလာသောကြောင့် ၄င်းရောဂါနှင့်ပင် ခွေးနက်ကြီး သေတော့မည်ဟု အယူရှိကြ လေသည်။ သူတို့၏ အိမ်ရှေ့တွင် လာသေမည် စိုးသောကြောင့် မောင်စိန်တို့လူစု ခွေးနက်ကြီးကို မြင်လျှင် အဝေးသို ့ နှင်ပစ်လေ့ ရှိကြကုန်၏။ လွေဇောကို မမြင်ရလျှင် မနေနိုင်။ သေပင် သေရစေကာမူ လွေဇော၏ မျက်မှောက်တွင် သေအံ့ ဟူသော အနေဖြင့် သူတကာ အိပ်ပျော်နေသော ညည့်နက်သန်းခေါင် အချိန်တွင် မိမိနှင့် လွေဇောတို ့ ယခင်က ပျော်ပျော်ပါးပါး မြူးတူးကစားလေ့ ရှိသော ကုက္ကိုပင်ကြီး အောက်တွင် လာ၍ သေရှာပေ၏။
နောက်တစ်နေ ့ နံနက်စောစော မောင်စိန်တို ့ အိပ်ရာမှ ထကြသောအခါ ခွေးနက်ကြီး၏ အလောင်းကို ကုက္ကိုပင်အောက်တွင် မြင်ကြရကုန်၏။ ဤနည်းအားဖြင့် ကြာသမား ခွေးနက်ကြီးသည် သေပွဲသို့ ဝင်ရရှာလေသတည်း။
ချစ်ခြင်းသည် သတ္တဝါတို့အား တစ်ခါတစ်ခါ ကြီးစွာသော ဒုက္ခကို ပေးတတ်ပါတကား။
-------------
သိပ္ပံမောင်ဝ
ဂနၴလောက၊ မေ၊ ၁၉၃၈။
ဘီလူး
➳ ➳
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ မဟော်သဓာ ဇာတ်တော်ကြီးထဲက သားလုခန်းကို ခုပြန်ဖတ်ကြည့်မိတော့ အသိအတွေးတစ်မျိုးဖြစ်သွားတယ် ဘီလူးရဲ့လက္ခဏာတွေထဲမှာ ဖနောင့်တိုခြင်းပြတ်ခြင်းဆိုတာလေးကိုပါ မြတ်စွာဘုရားရဲ့ ကြင်အန်လက္ခဏာတော်တွေ ထဲမှာလည်း သတိတရရှိခဲ့ဖူးတယ် ဖဝါးတော်ရဲ့ သုံးပုံနှစ်ပုံမှာ ခြေသလုံး တော်စိုက်တယ်လို့ပြထားတယ် ပြီးတော့ ဖဝါးတော်ဟာ ညီတယ် မြေပြင်မှာနင်းရင် အကြားအလပ်မရှိ ခြေဖဝါး တော်တစ်ပြင်လုံးပေါ်တယ် အကြမ်းအားဖြင့်တော့ သူတော်ကောင်းတွေမှာ ဖဝါးပြင်ညီတယ် ဖနောင့်ရှည်တယ်လို့ ယူဆလို့ရပါတယ်
ကျွန့်တော့်ကိုယ်ကျွန်တော် ပြန်စမ်းစစ်ကြည့်မိတယ် ဖဝါးလား လားလားအလယ်ကသိသိသာသာခွက်နေတယ် ဖနောင့်ကြည့်လိုက်ပြန်တော့ လက်တစ်လုံးသာသာပဲထွက်တယ် ဘီလူး ဘီလူး
တစ်ချို့ခက်ဆစ်တွေမှာတော့ သတိထားမိတယ်
ဘီလူးရဲ့အဓိပ္ပါယ်က ရုပ်ဆိုးသော ဖနောင့်တိုသော အရိပ်မထွက်သော ယုတ်နိမ့်သော စိတ်ဓာတ်ရှိသော အသားအရေ နီမြန်းသော မဲညစ်သော ဆိုးယုတ်သောစကားဆိုတတ်သော တဲ့
ကျွန်တော်တို့ ၂၁ရာစု လူသားတွေမှာ ဘီလူးလက္ခဏာ အတော်ဝင်လာပြီလို့လဲ ခံစားရတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
သန်းထွန်းလေး အင်းတဲရွာ
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ မဟော်သဓာ ဇာတ်တော်ကြီးထဲက သားလုခန်းကို ခုပြန်ဖတ်ကြည့်မိတော့ အသိအတွေးတစ်မျိုးဖြစ်သွားတယ် ဘီလူးရဲ့လက္ခဏာတွေထဲမှာ ဖနောင့်တိုခြင်းပြတ်ခြင်းဆိုတာလေးကိုပါ မြတ်စွာဘုရားရဲ့ ကြင်အန်လက္ခဏာတော်တွေ ထဲမှာလည်း သတိတရရှိခဲ့ဖူးတယ် ဖဝါးတော်ရဲ့ သုံးပုံနှစ်ပုံမှာ ခြေသလုံး တော်စိုက်တယ်လို့ပြထားတယ် ပြီးတော့ ဖဝါးတော်ဟာ ညီတယ် မြေပြင်မှာနင်းရင် အကြားအလပ်မရှိ ခြေဖဝါး တော်တစ်ပြင်လုံးပေါ်တယ် အကြမ်းအားဖြင့်တော့ သူတော်ကောင်းတွေမှာ ဖဝါးပြင်ညီတယ် ဖနောင့်ရှည်တယ်လို့ ယူဆလို့ရပါတယ်
ကျွန့်တော့်ကိုယ်ကျွန်တော် ပြန်စမ်းစစ်ကြည့်မိတယ် ဖဝါးလား လားလားအလယ်ကသိသိသာသာခွက်နေတယ် ဖနောင့်ကြည့်လိုက်ပြန်တော့ လက်တစ်လုံးသာသာပဲထွက်တယ် ဘီလူး ဘီလူး
တစ်ချို့ခက်ဆစ်တွေမှာတော့ သတိထားမိတယ်
ဘီလူးရဲ့အဓိပ္ပါယ်က ရုပ်ဆိုးသော ဖနောင့်တိုသော အရိပ်မထွက်သော ယုတ်နိမ့်သော စိတ်ဓာတ်ရှိသော အသားအရေ နီမြန်းသော မဲညစ်သော ဆိုးယုတ်သောစကားဆိုတတ်သော တဲ့
ကျွန်တော်တို့ ၂၁ရာစု လူသားတွေမှာ ဘီလူးလက္ခဏာ အတော်ဝင်လာပြီလို့လဲ ခံစားရတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
သန်းထွန်းလေး အင်းတဲရွာ
ကျောင်းသင်ရိုး ကဗျာ ဂီတသံစဉ်များ
ကျွန်တော့်ရဲ့ ညီအစ်ကို ဆရာ ဆရာမများနှင့်တကွ အားလုံးသော မိဘ များအတွက်ပါ
#ကျောင်းသင်ရိုးကဗျာများအတွက်တေးဂီတသံများ -
အားလုံးယူရန်
https://my.pcloud.com/publink/show?code=kZmmsXZPlu5ac1tMbzCaixvEdisuRWvtqxV
တစ်ပုဒ်ချင်းယူရန်-
ခွန်းထောက်-တောင်ခါးပန်းရယ်နှင့်
https://my.pcloud.com/publink/show?code=XZDhsXZKv0gyAxhYNmSBmSixBjAhLRjOFVV
ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း) ဆို-မူမူခင်
https://my.pcloud.com/publink/show?code=XZnhsXZXY7TkHQIrAHjub2kK8VVuyKK9fJ7
ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း)အတီးမပါ
https://my.pcloud.com/publink/show?code=XZMhsXZK519w2GE7kR0LE3kg719c74IKBH7
စပယ်တဲ့လေးရုံ
https://my.pcloud.com/publink/show?code=XZxhsXZ8xgOqEJwhWbUuCzVMbuO3XlHhy2y
စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) ပုလွေ၊ကြေးမောင်း
https://my.pcloud.com/publink/show?code=XZwhsXZ3GkSC8oG46BiQMDcCqNS0XAI5dF7
စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) အတီးမပါ
https://my.pcloud.com/publink/show?code=XZKhsXZPAidy5s075Y4CcC83fWb078EEYuy
ပန်းစပယ် ဒွေးချိုး
https://my.pcloud.com/publink/show?code=XZ7SsXZL5nX3OG4FouatqSq0wEtuY9SkqOX
မင်္ဂလာဗျောညွန့် - မာမာအေး(ဗောဓိရွှေကျောင်း သီချင်းမှ)
https://my.pcloud.com/publink/show?code=XZEfsXZkcGqDfp6HWXNwLfsL6Bx1pclupz7
မင်္ဂလာဗျောညွှန့် - စိန်ဗေဒါ
https://my.pcloud.com/publink/show?code=XZkBsXZLspiIw6QVh4IoQLGdzjiqByoB4lk
မင်္ဂလာဗျောညွှန့် - တွံတေးသိန်းတန်
https://my.pcloud.com/publink/show?code=XZQBsXZ6pvXyQoyLiLx0loMgkBk0zDruKhV
မဲဇာတောင်ခြေရတု (ဦးဖိုးစိန်၏ ယခုခေတ်အဆိုမူ)
https://my.pcloud.com/publink/show?code=XZYBsXZXNq9swNY2g0HcaWdD0zKsJTasB6X
မဲဇာတောင်ခြေရတု (ရှေးနန်းတွင်းသုံးအဆိုမူ)
https://my.pcloud.com/publink/show?code=XZt1sXZvApYhrpvnIHzVnlXUAke9uV5cAd7
မဲဇာတောင်ခြေအစချီ ရတုပိုဒ်ဒ်စုံ - ရွှေပြည်ဦးဘတင်(မဆုံး)
https://my.pcloud.com/publink/show?code=XZv1sXZrEn6kUB68GJxAHRV7C2Opmh9Wodk
ယဉ်မရိုင်း -ဒဟတ်ပန်း(ပန်းဘွဲ့ လေးချိုး-ဦးကြော့) ဆို-ဦးသိန်းကြွယ်
https://my.pcloud.com/publink/show?code=XZzesXZs8evYTFILKyHfeA8KVolspFIOE9V
မြသားငယ်တဲ့ရေယမုံ (ဆို-တင်တင်ထွေး) မယ်ဒိုလင်
https://my.pcloud.com/publink/show?code=XZ1esXZB2PbcLea1bJbLKWrQaRpH5r8EuCX
မြသားငယ်တဲ့ရေယမုံ (ဆို-ဒေါ်အောင်သိန်းတင်) ပုလွေ
https://my.pcloud.com/publink/show?code=XZtesXZyJEuIYO1rWQ0kOxQxRRGFmSniyFX
ရိုးတလျှောက်ဖြိုးမောက်ပါတဲ့လယ်ဗဒူ (ခွန်းထောက်-ဦးကြီး)
https://my.pcloud.com/publink/show?code=XZxnsXZj6qp7KvpLYu5DKlYE4cqd85FWjjX
လက်ဆုံတွေချပါလို့-ဆန်ဖွပ်မောင်းထောင်းတေးများ
https://my.pcloud.com/publink/show?code=XZwnsXZ9fhgl0aCs5pdlmpkTX2Ki0dAqilk
သံဆန်း-လေးချိုး(ခလောက်ကလေးရယ်၊ လှည်းယာဉ်)
https://my.pcloud.com/publink/show?code=XZKnsXZUS5q8CXJJ7R5y6FyG8KBHL1qGB0k
သဇင်ပန်းဖွဲ့(ဦးတိုး၏ရာမရကန် မှ) - ရွှေပြည်ဦးဘတင်
https://my.pcloud.com/publink/show?code=XZlnsXZj88PMwXt4Y8NwKlDww9EJJGxfIWV
သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-ဂီတဟန်)
https://my.pcloud.com/publink/show?code=XZtnsXZqobJiIHkUJfLHapPHIKdgLW1ursX
သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-စာပေဟန်)
https://my.pcloud.com/publink/show?code=XZ6nsXZSbPra6Ag1lSIYsBrg4EbEjsW4jj7
ပေါရိသလမ်း - ရွှေမန်းကျော်အောင်
https://my.pcloud.com/publink/show?code=XZEnsXZ0FaH4B3W4khCTH6m4BaeGYC2rTVk
လေပြေငယ်သုတ်ပါလို့(လွမ်းချင်း-ဦးကြော့) ဆို-ကိုမြသောင်းအဖွဲ့
https://my.pcloud.com/publink/show?code=XZOnsXZqcRXmG06vsp7z0GyREIow4yQ6sLk
အေးကောင်းပျိုရွယ် သူငယ်ချင်းတို့(လယ်သူမဂုဏ်ချင်း)
https://my.pcloud.com/publink/show?code=XZUnsXZkCvR04jj67mqleAIWAey4LIBExwy
ကြက်ဖတညင်-တယောဦးဘိုးငို
https://my.pcloud.com/publink/show?code=XZInsXZ1enC3hh9sNQLRehLM8dgfpkASu9k
#ကျောင်းသင်ရိုးကဗျာများအတွက်တေးဂီတသံများ -
အားလုံးယူရန်
https://my.pcloud.com/publink/show?code=kZmmsXZPlu5ac1tMbzCaixvEdisuRWvtqxV
တစ်ပုဒ်ချင်းယူရန်-
ခွန်းထောက်-တောင်ခါးပန်းရယ်နှင့်
https://my.pcloud.com/publink/show?code=XZDhsXZKv0gyAxhYNmSBmSixBjAhLRjOFVV
ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း) ဆို-မူမူခင်
https://my.pcloud.com/publink/show?code=XZnhsXZXY7TkHQIrAHjub2kK8VVuyKK9fJ7
ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း)အတီးမပါ
https://my.pcloud.com/publink/show?code=XZMhsXZK519w2GE7kR0LE3kg719c74IKBH7
စပယ်တဲ့လေးရုံ
https://my.pcloud.com/publink/show?code=XZxhsXZ8xgOqEJwhWbUuCzVMbuO3XlHhy2y
စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) ပုလွေ၊ကြေးမောင်း
https://my.pcloud.com/publink/show?code=XZwhsXZ3GkSC8oG46BiQMDcCqNS0XAI5dF7
စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) အတီးမပါ
https://my.pcloud.com/publink/show?code=XZKhsXZPAidy5s075Y4CcC83fWb078EEYuy
ပန်းစပယ် ဒွေးချိုး
https://my.pcloud.com/publink/show?code=XZ7SsXZL5nX3OG4FouatqSq0wEtuY9SkqOX
မင်္ဂလာဗျောညွန့် - မာမာအေး(ဗောဓိရွှေကျောင်း သီချင်းမှ)
https://my.pcloud.com/publink/show?code=XZEfsXZkcGqDfp6HWXNwLfsL6Bx1pclupz7
မင်္ဂလာဗျောညွှန့် - စိန်ဗေဒါ
https://my.pcloud.com/publink/show?code=XZkBsXZLspiIw6QVh4IoQLGdzjiqByoB4lk
မင်္ဂလာဗျောညွှန့် - တွံတေးသိန်းတန်
https://my.pcloud.com/publink/show?code=XZQBsXZ6pvXyQoyLiLx0loMgkBk0zDruKhV
မဲဇာတောင်ခြေရတု (ဦးဖိုးစိန်၏ ယခုခေတ်အဆိုမူ)
https://my.pcloud.com/publink/show?code=XZYBsXZXNq9swNY2g0HcaWdD0zKsJTasB6X
မဲဇာတောင်ခြေရတု (ရှေးနန်းတွင်းသုံးအဆိုမူ)
https://my.pcloud.com/publink/show?code=XZt1sXZvApYhrpvnIHzVnlXUAke9uV5cAd7
မဲဇာတောင်ခြေအစချီ ရတုပိုဒ်ဒ်စုံ - ရွှေပြည်ဦးဘတင်(မဆုံး)
https://my.pcloud.com/publink/show?code=XZv1sXZrEn6kUB68GJxAHRV7C2Opmh9Wodk
ယဉ်မရိုင်း -ဒဟတ်ပန်း(ပန်းဘွဲ့ လေးချိုး-ဦးကြော့) ဆို-ဦးသိန်းကြွယ်
https://my.pcloud.com/publink/show?code=XZzesXZs8evYTFILKyHfeA8KVolspFIOE9V
မြသားငယ်တဲ့ရေယမုံ (ဆို-တင်တင်ထွေး) မယ်ဒိုလင်
https://my.pcloud.com/publink/show?code=XZ1esXZB2PbcLea1bJbLKWrQaRpH5r8EuCX
မြသားငယ်တဲ့ရေယမုံ (ဆို-ဒေါ်အောင်သိန်းတင်) ပုလွေ
https://my.pcloud.com/publink/show?code=XZtesXZyJEuIYO1rWQ0kOxQxRRGFmSniyFX
ရိုးတလျှောက်ဖြိုးမောက်ပါတဲ့လယ်ဗဒူ (ခွန်းထောက်-ဦးကြီး)
https://my.pcloud.com/publink/show?code=XZxnsXZj6qp7KvpLYu5DKlYE4cqd85FWjjX
လက်ဆုံတွေချပါလို့-ဆန်ဖွပ်မောင်းထောင်းတေးများ
https://my.pcloud.com/publink/show?code=XZwnsXZ9fhgl0aCs5pdlmpkTX2Ki0dAqilk
သံဆန်း-လေးချိုး(ခလောက်ကလေးရယ်၊ လှည်းယာဉ်)
https://my.pcloud.com/publink/show?code=XZKnsXZUS5q8CXJJ7R5y6FyG8KBHL1qGB0k
သဇင်ပန်းဖွဲ့(ဦးတိုး၏ရာမရကန် မှ) - ရွှေပြည်ဦးဘတင်
https://my.pcloud.com/publink/show?code=XZlnsXZj88PMwXt4Y8NwKlDww9EJJGxfIWV
သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-ဂီတဟန်)
https://my.pcloud.com/publink/show?code=XZtnsXZqobJiIHkUJfLHapPHIKdgLW1ursX
သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-စာပေဟန်)
https://my.pcloud.com/publink/show?code=XZ6nsXZSbPra6Ag1lSIYsBrg4EbEjsW4jj7
ပေါရိသလမ်း - ရွှေမန်းကျော်အောင်
https://my.pcloud.com/publink/show?code=XZEnsXZ0FaH4B3W4khCTH6m4BaeGYC2rTVk
လေပြေငယ်သုတ်ပါလို့(လွမ်းချင်း-ဦးကြော့) ဆို-ကိုမြသောင်းအဖွဲ့
https://my.pcloud.com/publink/show?code=XZOnsXZqcRXmG06vsp7z0GyREIow4yQ6sLk
အေးကောင်းပျိုရွယ် သူငယ်ချင်းတို့(လယ်သူမဂုဏ်ချင်း)
https://my.pcloud.com/publink/show?code=XZUnsXZkCvR04jj67mqleAIWAey4LIBExwy
ကြက်ဖတညင်-တယောဦးဘိုးငို
https://my.pcloud.com/publink/show?code=XZInsXZ1enC3hh9sNQLRehLM8dgfpkASu9k
ချစ်စမ်းမောင် ❝ ခြောက်ကြိုးကဝေ ရဲ့ ကောက်ကြောင်း ❞
🎸 🎸 🎸 🎸
မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တေးဂီတဝိုင်း တစ်ဝိုင်းဖြစ်သည့် Iron Cross တီးဝိုင်း၏ Lead ဂစ်တာသမားတစ်ဦးအဖြစ် နှစ်ပေါင်းများ စွာ အောင်မြင်မှု ရရှိထားသူ၊ လူမှုရေးလုပ်ငန်းများလည်း လုပ်ဆောင် သွားဦးမည့်သူမှာ ချစ်စမ်းမောင်ဖြစ်သည်။
သူ့ကို ဧရာဝတီတိုင်းဒေ5သကြီး ဟင်္သာတမြို့နယ်၊ နွယ်ခွေ ကျေးရွာတွင် သင်းအုပ်ဆရာဖခင်နှင့် သာမန်အိမ်ရှင်မတစ်ဦး ဖြစ်သော မိခင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ငါးဦးရှိပြီး သူကအငယ်ဆုံးသား ဖြစ်သည်။
ဘဝတွင် ဂစ်တာသမားတစ်ဦးအဖြစ် အောင်မြင်မှု ရရှိနေခြင်းမှာ ဘုရားပေးသော ပါရမီကြောင့်ဟု ယူဆကြောင်း သူကဆိုသည်။
✪ လေးနှစ်သားတွင် ဂစ်တာစတီး ✪
ခရစ်ယာန် ဘာသာဝင် အသိုင်းအဝိုင်းတွင် မွေးဖွားခဲ့ခြင်းကြောင့် ဂီတနှင့် မစိမ်းသလို၊ အစ်ကိုဖြစ်သူများ ကလည်း အိမ်တွင် ဂစ်တာများ တီးခတ်နေခြင်းကြောင့် ငယ်စဉ်ကတည်းက ဂစ်တာနှင့် သူထိတွေ့ခဲ့ရပြီး လေးနှစ် သားအရွယ်ကပင် ဂစ်တာစတင် တီးခတ်ခဲ့သည်ဟု သူကဆိုသည်။
သူ့ကိုဂစ်တာ တီးခတ်တတ်အောင် စတင် သင်ကြားပေးခဲ့သူများမှာ သူ့အစ်ကိုနှစ်ဦးဖြစ်ပြီး အစ်ကိုများ ဂစ်တာတီးပြီး ချထားပါက သူကောက်ကိုင်ပြီး လျှောက်တီးလေ့ရှိသည်။
သူငယ်တန်း ကျောင်းသားအရွယ် မိဘဆရာ ကန်တော့ပွဲတွင် သူနှင့်ရွယ်တူ ကလေးများနှင့် ဂစ်တာ တီး၍ သီဆိုဖျော်ဖြေခဲ့ဖူးသလို တတိယတန်း ကျောင်းသားအရွယ်တွင်လည်း သူဂစ်တာတီးတတ် သည်ကိုသိသော သူတို့ရွာတွင် ဒုံမင်းတီး ဦးအောင်သန်းနှင့်အတူ မင်္ဂလာဆောင်နှင့် အလှူပွဲများကို သူလိုက်လံ တီးခတ်ခဲ့ဖူးသည်။
ထိုစဉ်က တစ်ညကို ၁၀ ကျပ်ရသည်ဟု သူကပြောပြသည်။ ပဉ္စမတန်း ကျောင်းသားအရွယ်တွင်လည်း သီချင်းဆိုချင်သော သူငယ်ချင်းများကြောင့် နယ်မြို့များတွင် သူလိုက်လံ ဖျော်ဖြေခဲ့ဖူးသည်။
✪ ဆရာကောင်းနှင့် တွေ့ခဲ့တယ် ✪
သူဂစ်တာတီး ဝါသနာပါသည်ကို သိသည့် ရန်ကုန်မြို့ရှိ ဆည်မြောင်းဦးစီးဌာနတွင် အလုပ်ဝင်နေ သော အစ်မဖြစ်သူက ဆယ်ရက်ကြာ ဂစ်တာသင်တန်းတစ်ခုကို တက်ရောက်ရန်အတွက် သူ့ကိုရန်ကုန်မြို့သို့ ခေါ်ခဲ့သည်။
ရန်ကုန်မြို့ရှိ MYC ဘုရားကျောင်းတွင် တက်ရောက်ရသည့် ဆယ်ရက်ကြာ ဂစ်တာသင်တန်း၌ သူ့ဘဝ၏ လက်ဦးဆရာဖြစ်သည့် ဂစ်တာပညာရှင် စောဘွဲ့မှူးနှင့် သူတွေ့ကြုံခဲ့ရသည်။
စောဘွဲ့မှူးနှင့် တွေ့ဆုံပြီးနောက် တွင် ဂစ်တာပညာကို ပိုမိုရူးသွပ်လာခဲ့သည်ဟု သူကပြောပြသည်။
ဂစ်တာသင်တန်းကို ဆယ်ရက်ကြာ တက်ရောက်ပြီးနောက်တွင် နယ်သို့ သူတစ်ခေါက်ပြန်ခဲ့ရသည်။ နယ်သို့ ပြန်ရောက်သော အခါတွင်လည်း စားလို့မဝင်၊ အိပ်လို့မပျော်ဘဲ ဂစ်တာပညာကိုသာ တစ်ချိန်လုံး လေ့လာဆည်းပူးချင်နေသော သူ့ကို ကြည့်ပြီး
စိတ်မကောင်း ဖြစ်နေသော မိဘများက ရန်ကုန်ရှိ အစ်မထံသို့ ပြန်လည် စေလွှတ်ပြီး သူလိုအပ်သမျှကို တတ်နိုင်သမျှ ပံ့ပိုးပေးမည်ဟု ပြောကြားသည့်အတွက် ရန်ကုန်သို့ သူပြန်လာခဲ့သည်။
ရန်ကုန်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသော အခါတွင် စောဘွဲ့မှူးနှင့် သူပိုမိုရင်းနှီးခင်မင် လာခဲ့သည်။
ထိုစဉ်က စောဘွဲ့မှူးမှာ ဆေးဖြတ်ခါစ ဖြစ်သည့်အတွက် ဂစ်တာသိပ်မတီး နိုင်သော်လည်း သူ့ကို အမြဲလိုလို အားပေးလေ့ရှိသလို သူကလည်း တလေးတစား ဆက်ဆံပြီး ဝေယျာဝစ္စများ လုပ်ပေးခဲ့သည်ဟု သူကဆိုသည်။
စောဘွဲ့မှူး ဆေးဖြတ်ပြီးနောက်အပြင် Recording များတွင် ဂစ်တာ သွားရောက်တီးသောအခါ သူ့ကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး အခွင့်အရေးရလျှင် ရသလို သူ့ကိုလည်း ပေးတီးခဲ့သည်။
ထိုစဉ်က အများဆုံး တီးပေးခဲ့ရသည်မှာ ဂီတလုလင် ဦးကိုကို၏ ရုပ်ရှင်ဇာတ်ကားများဖြစ်ပြီး ထိုသို့တီးခတ်မှုက အတွေ့အကြုံများစွာ ရစေခဲ့ကြောင်း သူကပြောပြသည်။
“ကိုယ်သူ့ကို ကျေးဇူးတင်ရမှာတစ်ခုက တေးသံရှင် စိုးလွင်လွင်ရဲ့ မာနမျက်နှာစီးရီး တစ်ခွေလုံးကို သူ Solo တီးထားတာကို ဖျက်ပြီး ကျွန်တော့်ကို အသစ်ပြန်တီးခိုင်းတယ်။
ဒီစီးရီးက ကျွန်တော့် ပထမဆုံး ဂစ်တာသမား ဘဝအစမှာ တီးခဲ့ရတဲ့ စီးရီးပါ။ အဲဒီခေတ်တုန်းက စတူဒီယိုမှာ Day Duty တစ်ခုလုံးယူပြီး သီချင်းသွင်းမယ်ဆို လေး၊ ငါးခြောက်ပုဒ်လောက် သွင်းလို့ရတဲ့ခေတ်မှာ ကျွန်တော်က ဂစ်တာ Solo သက်သက်ကို တစ်နေ့လုံး အချိန်ယူပြီး တီးတယ်။
ကျွန်တော့်ကို ဖြစ်စေချင်တော့ အားလုံးကလည်း အားပေးတယ်။ Day Duty တစ်ခုလုံးကို ကျွန်တော်တစ်ယောက်တည်း တီးတာဆိုတော့ ကုန်ကျစရိတ် အများကြီး ရှိပေမယ့် ဒီနေ့မပြီးလည်း ပြဿနာ မရှိဘူးဆိုပြီး ဆရာစောဘွဲ့မှူးက အားပေးခဲ့တယ်။
ဆရာနဲ့ကျွန်တော်က နောက်ပိုင်း သားအဖလို ဖြစ်သွားတယ်။ သူကလည်း အိမ်မပြန်တော့ဘူး။ ဘုရားကျောင်းမှာပဲ နေတယ်။
ကျွန်တော်ကလည်း ကျောင်းဆင်းတာနဲ့ ကျောင်းစိမ်းနဲ့လာပြီး ဂစ်တာလာတီးတယ်” ဟု စောဘွဲ့မှူးနဲ့ ပတ်သက်သည့် အမှတ်တရ အဖြစ်အပျက်ကို သူက ပြောပြသည်။
✤ Iron Cross ✤
စောဘွဲ့မှူးနှင့်အတူ အပြင် Recording များတွင် သူလိုက်လံ တီးခတ်ခဲ့သလို နောက်ပိုင်းတွင် စောဘွဲ့မှူးကိုယ်တိုင် တည်ထောင်ခဲ့သော Symphony တီးဝိုင်းအပြင် New Waves နှင့် Success တီးဝိုင်းများတွင် သူတီးခတ်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် Symphony တီးဝိုင်းကို ဖျက်သိမ်းခဲ့ပြီးနောက်တွင် စောဘွဲ့မှူးက သူအပါအဝင် New Waves တီးဝိုင်းမှ ကိုခရမ်းနှင့် ကိုခင်မောင်သန့်၊ မိုးသောက်ပန်း တီးဝိုင်းမှ ကိုဗညားနိုင်တို့ကို စုစည်း၍ Iron Cross တီးဝိုင်းကို စတင်တည်ထောင်ခဲ့ သည်။
Iron Cross တီးဝိုင်းမှာ စတင်တည်ထောင်ပြီး သော်လည်း နာမည်သာရှိပြီး သူမှလွဲ၍ တီးဝိုင်းရှိ အခြားသူများမှာ အပြင် Recording များတွင် လိုက်လံ တီးခတ်သောကြောင့် တီးဝိုင်းတွင် သူတစ်ယောက်တည်းလိုလို ကျန်နေခဲ့သည်။
ထို့ကြောင့် တီးဝိုင်း ရပ်တည်ရှင်သန်ရန်အတွက် Iron Cross တီးဝိုင်း၏ မန်နေဂျာဖြစ်သူ ဒေါက်တာကိုကိုလွင်က အဖွဲ့သားများကို အစည်းအဝေးတစ်ခု ခေါ်ယူ၍ တိုင်ပင်ခဲ့ သည်။
အများသဘောတူညီချက်ဖြင့် Iron Cross တီးဝိုင်းကို အလုပ်အပ်နှံမှု မရှိပါက အပြင် Recording များကို လိုက်မတီးဘဲ ဒီအတိုင်းသာနေရန် ဆုံးဖြတ်ခဲ့သည်။
Iron Cross တီးဝိုင်းကို စတင်တည်ထောင်စ ကာလများတွင် လူအများက တီးဝိုင်းကို စောဘွဲ့မှူးတီးဝိုင်း ဟုသာ လူသိများခဲ့သည်။ ၁၉၉၂ ခုနှစ်တွင်နယ်မှ ရန်ကုန်သို့ စီးရီးသွင်းရန် ဆင်းလာသော တေးသံ ရှင် လေးဖြူနှင့် Iron Cross တီးဝိုင်းတို့ ပူးပေါင်းမိပြီး နောက်ပိုင်းတွင် တီးဝိုင်းမှာ ပိုမိုအောင်မြင်ခဲ့သည်။
ထို့ပြင် Iron Cross တီးဝိုင်းအောင်မြင်မှု အတွက် ကျေးဇူးတင်ရမည့်သူမှာ ထိုစဉ်က သရုပ်ဆောင် အဖြစ်သာမက တေးသံရှင်အဖြစ်ပါ အောင်မြင်မှု ရနေသော စိုးသူဖြစ်ပြီး သူသီဆိုသော စင်မြင့်ဖျော်ဖြေပွဲ တိုင်းတွင် Iron Cross တီးဝိုင်းကို လက်တွဲခေါ်ယူခဲ့သည်ဟု သူကပြောပြသည်။
ယခုအခါ Iron Cross တီးဝိုင်းမှာ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တီးဝိုင်းဖြစ်နေသလို သူ့ကိုလည်း အတော်ဆုံး ဂစ်တာပညာရှင် တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံနေရပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အနေအထားမျိုး ရောက်ရှိရန် အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်ဟု သူကပြောပြသည်။
“ဘဝစတာကတော့ သုညကစတာပဲ။ ငယ်ငယ်က သီချင်းနားထောင် ချင်ရင်တော့ ကက်ဆက် မရှိတော့ လက်ဖက်ရည်ဆိုင်တွေမှာ နားထောင်ရတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ရတာလည်း သိပ်ဝါသနာ မပါဘူး။
သီချင်းနားထောင်ချင်လို့သာ သွားတာ။ နောက်ပိုင်း ဂစ်တာတီးကျင့်ဖို့ အတွက် ကက်ဆက် အစုတ်ကလေး တစ်ခုကို ဝယ်ပြီးနားထောင်ရတယ်။ တော်တော့်ကို မပြည့်မစုံနဲ့ ဖြတ်သန်း လာခဲ့ရတယ်” ဟု သူက ပြောပြသည်။
✤ ကိုယ်တိုင် ဆက်လေ့လာတယ် ✤
Iron Cross တီးဝိုင်းဖွဲ့ပြီး နောက်ပိုင်းတွင် သူ၏ဂစ်တာပညာ တိုးတက်ဖို့အတွက် ကိုယ်တိုင်သာ အားထုတ် လေ့လာခဲ့သည်ဟု သူကပြောပြသည်။
သူတို့ ခေတ်တွင် ဂစ်တာလေ့ကျင့်ရန် Guitar Lessons ခွေများ ရှားပါးသလို Video Tapes များကို ကြည့်၍သာ လေ့ကျင့်ခဲ့ရပြီး ယခုခေတ်တွင်မူ Guitar Lessons ဒီဗီဒီခွေများ အလွယ်တကူ ရရှိနိုင်ပြီး အင်တာနက် ထွန်းကားလာသည့်အတွက် နောက်မျိုးဆက်များ အတွက်လည်း ဂစ်တာပညာကို အဆင်ပြေ ချောမွေ့စွာ လေ့လာဆည်းပူးခွင့် ရရှိနေပြီ ဖြစ်ကြောင်း သူကဆိုသည်။
ဂစ်တာပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့်အတွက် ဂစ်တာကို အမြဲလိုလို ထိတွေ့တီးခတ်နေရကာ Recording များတွင် တီးခတ်မှုကလည်း သူ့အတွက် လေ့ကျင့်သလို ဖြစ်နေပြီး ညဘက် အိပ်မပျော်သော အခါများတွင်လည်း ဂစ်တာထတီးလေ့ ရှိသည်ဟု သူကပြောပြသည်။
သူ့ဘဝ၏ ဂစ်တာသူရဲကောင်းမှာ ဆရာစောဘွဲ့မှူး ဖြစ်ပြီး မဇ္ဈိမလှိုင်း တီးဝိုင်းမှ ဂစ်တာသမား ဇော်မျိုးထွဋ်ကိုလည်း ကြိုက်နှစ်သက်သလို ကျန်သည့် ဂစ်တာသမားများမှာလည်း သူ့အတွက် မြင်ဆရာ၊ ကြားဆရာများ ဖြစ်သည်ဟု သူကဆိုသည်။
ပြည်ပရှိ ဂစ်တာသမား များထဲမှလည်း သူ၏ ဂစ်တာပညာအတွက် အထောက်အကူ ပြုနိုင်မည့် သူများထံမှ လေ့လာဆည်းပူးလေ့ ရှိသည်ဟု သူက ပြောပြသည်။
✤ ငွေချေးပြီး ဝယ်ရတယ် ✤
ဂစ်တာပညာကို ငယ်စဉ်ကတည်းက ဝါသနာပါသော သူက ကြိုက်နှစ်သက်သော ဂစ်တာများကိုလည်း ဝယ်ယူစုဆောင်းလေ့ ရှိသည်။ သူ့ထံတွင် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် ဂစ်တာများ ဖြစ်သော Fender, Gibson စသော ဂစ်တာများ အပါအဝင် ဂစ်တာပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ဂစ်တာသမား ဘဝအစတွင် သူပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေး အကြောင်းကို ပြန်ပြောင်း ပြောပြသည်။
“အဲဒီတုန်းက ကျွန်တော် ပထမဆုံးဝယ်တာ Electric ဂစ်တာလေး တစ်လုံးပါ။ ဈေးနှုန်းက ၅၇၀၀၀ လောက်ပေးရတယ်။ ဒီငွေပမာဏကို မတတ်နိုင်တဲ့အတွက် သူများဆီက ပိုက်ဆံတွေ လိုက်ချေးပြီး ဝယ်၊ ပြီးမှ တဖြည်းဖြည်း ပြန်ဆပ်ရတာပေါ့” ဟု သူကဆိုသည်။
PTL စတူဒီယို
Iron Cross တီးဝိုင်းနှင့် အောင်မြင်နေသော အချိန်ဖြစ်သည့် ‘၁၉၉၇’ ခုနှစ်တွင် သူ၏ကိုယ်ပိုင် စတူဒီယို ထောင်ရန် အကြောင်း ပေါ်ပေါက် လာခဲ့သည်။
ထိုစဉ်က လင်း၊ မေ၊ စတူဒီယို (D)၊ အိုအေစစ် စသော စတူဒီယိုများတွင် လိုက်လံတီးခတ်ခဲ့ရပြီး ကိုယ်ပိုင်စတူဒီယို ထောင်ရန်ရည်ရွယ်ချက် လုံးဝမရှိခဲ့ဟု သူကဆိုသည်။
ထိုစဉ် သူ၏သူငယ်ချင်းတစ်ဦးက စတူဒီယို ပစ္စည်းများကို ရောင်းချ လိုကြောင်း ကြားရသည့်အတွက် စိတ်ဝင်စား၍ မေးမြန်းကြည့်သောအ ခါ ငွေအရစ်ကျပေး၍ ပစ္စည်းများကို ယူနိုင်ကြောင်း ပြောသောကြောင့် သူယူခဲ့သည်။
ရရှိလာသော ပစ္စည်းများဖြင့် စတူဒီယိုတစ်ခု စတင်ရန် ပြင်ဆင်ဆဲ အချိန်တွင်ပင် စတူဒီယို ပစ္စည်းများကို သူ၏သူငယ်ချင်းနှင့်အတူ ပိုင်ဆိုင်ထားသောသူက ပစ္စည်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် မရောင်းလိုဘဲ ငွေတစ်လုံးတည်း လိုချင်သည်ဟု ဆိုကာ ပစ္စည်းများကို ပြန်ယူသွားသည့်အတွက် သူစိတ်ဓာတ်ကျခဲ့ရသည်။
သူစိတ်ဓာတ်ကျသွားမည်ကို မလိုလားသော သူ၏ယောက္ခမ ဖြစ်သူက ပစ္စည်းတန်ဖိုး အားလုံးကို သူ့ကိုယ်စား ပေးချေထား မည်ဖြစ်ပြီး နောက်မှတဖြည်းဖြည်း ပြန်ဆပ်ရန် ပြောသည့်အတွက် စတူဒီယို ပစ္စည်းများကို သူပြန်ယူခဲ့ပြီး PTL စတူဒီယိုကို စတင်တည်ထောင်ခဲ့သည်။
PTL စတူဒီယိုကို ဦးဆောင် တည်ထောင်သော သူကိုယ်တိုင်က အတွေ့အကြုံ နည်းပါးသည့်အတွက် အစပိုင်းတွင် စတူဒီယိုအပေါ် ယုံကြည်မှု နည်းပါးသည့် အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။
သူကိုယ်တိုင်က သမ္ဘာမရှိသည့် စတူဒီယိုများတွင် သွားရောက်တီးခတ်ပါက နောက်ကျောမလုံသလို ခံစားရသည့်အတွက် ထိုကဲ့သို့ ယုံကြည်မှု နည်းပါးခြင်းကို ကိုယ်ချင်းစာသည်ဟု သူကဆိုသည်။
PTL စတူဒီယိုနှင့် ပတ်သက်၍ သူ၏ကြိုးစားချင်စိတ် ကို စေ့ဆော်ပေးသော ဖြစ်ရပ်တစ်ခုကိုလည်း သူက အောက်ပါအတိုင်း ပြောပြသည်။
“အဲဒီတုန်းက ကိုအငဲရဲ့ Unplugged စီးရီးက PTL မှာ အရင်သွင်းတာ။ နောက်မှ သူဘယ်လိုစိတ်ကူး ပေါက်လဲ မသိဘူးပေါ့နော်။ သူ့ကိုကျပ်ပေးတဲ့သူတွေလည်း ရှိရင် ရှိမှာပေါ့။
ပိုက်ဆံ အကုန်အကျခံပြီးမှ မင်းတစ်ခုခု ဖြစ်သွားရင် မလွယ်ဘူးဆိုပြီး ပြောကြမှာပေါ့။ အဲဒီအခွေကြီးကို လင်းစတူဒီယိုမှာ ပြန်သွားသွင်းတယ်။ ဘဝမှာတော့ အဲဒီတစ်ချက်တော့ နည်းနည်းအခံရ အခက်ဆုံးပေါ့နော်။
ဒီမှာသွင်းပြီးခါမှ တခြားနေရာမှာ ပြန်သွားသွင်းရတယ်ဆိုတော့ ကိုယ့်ကိုယုံကြည်မှု မရှိဘူးဆိုတာ သိသွားတယ်။ အဲဒီကနေစပြီး အပြင်းအထန် ကြိုးစားတယ်”
PTL စတူဒီယိုအတွက် ဒစ်ဂျစ်တယ်စနစ်၊ ကွန်ပျူတာစနစ်နှင့် အသုံးပြု အသံသွင်းယူမှု အပိုင်းကို သူစိတ်ဝင်တစား လေ့လာခဲ့သလို အရည်အသွေးမြင့် နောက်ဆုံးပေါ်စက်ပစ္စည်းများ အမြတ်အစွန်းကို အဓိက မထားဘဲ ဝယ်ယူဖြည့်ဆည်းပြီး
စေတနာအပြည့်နှင့် လုပ်ဆောင်ပေးခဲ့သည့်အတွက် လူအများ၏ ယုံကြည်မှု ရရှိလာသလို Iron Cross တီးဝိုင်းမှ တေးသံရှင်များကလည်း PTL စတူဒီယိုတွင်သာ အသံသွင်းယူမှုကြောင့် တဖြည်းဖြည်းနှင့် အောင်မြင်မှု ရရှိလာခဲ့သည်ဟု သူကဆိုသည်။
✤ မိသားစု ✤
သူ၏ဇနီးဖြစ်သူမှာ MYC ဘုရားကျောင်းမှ ဒေါက်တာဒေးဗစ်ရုံမို၏ သမီးဖြစ်ပြီး သူ့တွင်သားသမီး သုံးယောက်ရှိနေပြီ ဖြစ်သည်။ သားသမီးသုံးယောက်အနက် အငယ်ဆုံး သမီးဖြစ်သူမှာ သူငယ်စဉ်ကကဲ့သို့ ဂစ်တာတီးခြင်းကို ဝါသနာပါပြီး နေ့ရှိသရွေ့ အမြဲလိုလို လေ့ကျင့်တီးခတ်နေသည်ဟုသူကဆိုသည်..............
သူ့မယား ဆရာဇော်ဂျီ
------------------
(၁)
ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။
မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။
“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာ စကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့” ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ “မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရ ပေတယ်” ဟု တွေးမိသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမား တစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် “မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ” ဟု တွေးမိပြန်သည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ “ထဘီနား ခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် “အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ “ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။
မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။
(၂)
အနာကျက်သော နေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင် အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာ ထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုး တည်ရမည် ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်း ဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။
ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်း နေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍ စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။
“နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။
“ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကို တာစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-
“ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ”
“ဟို ကမ်းနားမှာ”
“အကျိုးနည်းကုန် ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်”
ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့ သည် အမေကို ကွယ်နေကြသည်။ “ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ် သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျေွးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။
“အမေ့ ကျောကို တံတောင်နဲ့ ကြိတ်စမ်း” ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။
ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ “ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။
(၃)
ပြောစဉ်က တစ်လလောက် သင်္ကန်း ဝတ်လိုကြောင်း ပြော၍ သင်္ကန်း ဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော် ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက “ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ” ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွက်၍ တာရားဟောလေ တော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် “ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး” ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါ နှစ်ခါ လျှောက်ကြည့်ပါ၏။ တရား အဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီး။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာ မရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင် ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အကျႌ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့် အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း “ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ” ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ “ထူးခြားလှပါကလား” ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း”မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ “ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ “အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား” ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် “ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့် လိုက်သည်။
ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား “မဖော့တို့ ဘာများ လုပ်ကြမှာတုံး” ဟု မေးသည်။
“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။ “ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေ ကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့”
မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-
“ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘာဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုက စပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေး ဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျှောက်၏။
“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ...”
“ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။
------------
ဇော်ဂျီ
ဂနၴလောက၊ အောက်တိုဘာ၊ ၁၉၃၇။
ရာဇဝင်ထဲမှာ မောင့်ကို ထားရစ်ခဲ့.....ဂျူး
.
.
နင့်အပြုံးကြောင့် ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံသြမိမလားမသိဘူး။ တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို လိုက်ပြီး ငါ့ဘက်ကလဲ ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ..နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။
နင့်အပြုံးမှာ ငါ..ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။
သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်းမတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။ ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။
ငါ နင့်ကို တွေတွေဝေဝေ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲ့ဒီလို သိလိုက်တဲ့ အချိန်မှာပဲ ဝမ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာလာရပ်တဲ့ နင့်ကိုမကြည့်ရဲသလို ဖြစ်နေတယ်..။
အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။
ဟို..အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လိုမေ့နိုင်မှာလဲ။ ဒီလိုလမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။
နင်လမ်းလျှောက်တဲ့ပုံက တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ။ နင်က မျက်နှာကို အမြဲတမ်း ငဲ့ထားတာနော်။ ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်မှာ ပိုရှည်နေသလို ထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ညာလက်ကလည်း ထဘီဘေးအနားကို ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက အရမ်းရှည်တာပဲ။ ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။
ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ..ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
ဒီတော့လဲ..ဟို..အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္႑ာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။
ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ။
ငါ ရပ်နေရာကနေ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက လာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီးမဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်ကလျှောက်လာနေပြီ။
ဘာလုပ်ရမှန်း မသိတဲ့ အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။
နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ်လို့ လမ်းဘက်ကို ခြေစ ထားတဲ့သူ။ ဒီတော့ ငါကပဲ စ မြင်တယ်။
နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ..။ နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။
ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်က ပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။
စ မြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လိုပြုံးရမလဲ..စဉ်းစားထားတယ်။ စဉ်းစားလို့မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ။ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။
"တစ်ယောက်တည်းလား"
ကြည့်စမ်း..။ ငါ့ရင်ထဲ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။
ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါ နှုတ်ဆက်ရခက်၊ ပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စနှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)
'တစ်ယောက်တည်းလား'လို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။
တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား..။
ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား..။
ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား..။
လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေက တစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား..ကွဲကွဲပါးပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။
ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှမပြောင်းလဲပါလား။
ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အလျင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အလျင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို..ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊နင့်
့သဘောထားတွေရယ်။
သြော်..ကြည့်ပါဦး...။
နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါပဲလား။ စကားပွင့်လေးကို ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလည်း ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေတွေးနေမလဲ။
ငါ့ပုံစံက ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့။
ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလားနင်ကြည့်မယ်။
အကျႌ လက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား..နင်ကြည့်မယ်။
အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လို ဖြုတ်ထားသလား..နင်ကြည့်မယ်။
လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား..နင်ကြည့်မယ်။
"ဖြေနိုင်တယ်မဟုတ်လား"
စကားပွင့်လေးဆီကနေ နင့်မျက်နှာဆီကို အကြည့်ပြောင်းလိုက်ရတယ်။ ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို ရည်ရွယ်ပြီး မေးလိုက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့ရင်ထဲမှာ စူးရှသွားတယ်။ ဘာဖြစ်လို့နာတာလဲ။ ငါ့ကိုယ်ခန္ဓာက သိပ်သေးငယ်သွားသလိုပဲ။ ကမ်ဘာမြေကြီးက အကြီးကြီး၊ ငါက သေးသေးလေးရယ်။ ငါ့အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ ဖိကိုက်မိတယ်လို့ ထင်လိုက်တယ်။ ငါ့ခန္ဓာကိုယ်က သွေးတွေ ပူလာတယ်လို့ ထင်ရတယ်။
အကြာကြီး ငေးကြောင်နေရင် မကောင်းတတ်လို့ ခေါင်းကို ဖြည်းဖြည်း ယမ်းပြလိုက်တာပါ။ နင်ဘာဖြစ်လို့ မျက်လွှာချသွားတာလဲ။ ဘာဖြစ်လို့ ပင့်သက်ရှိုက်လိုက်တာလဲ။ ငါဆယ်တန်းမဖြေနိုင်လို့ စိတ်မောစရာ နင့်မှာ မရှိတော့ဘူးပဲ။
သြော်..ငါ နင့်ကို တစ်ခွန်းမှစကားမပြောရသေးဘူးနော်။
"ကျောင်းက ဘယ်နှစ်ရက်ပိတ်တာလဲ"
ဒီမေးခွန်းကို ငါ ခက်ခက်ခဲခဲ မေးရတယ်ဆိုတာ နင်..သိမှာပါ။
"သုံးလ..ဖိုင်နယ် ဖြေပြီးတော့ ပိတ်လိုက်တာ"
"ဘယ်နှစ်နှစ် ရောက်ပြီလဲ"
"အခုပြန်တက်ရင် သာဒ့်အမ်-ဘီ တတိယနှစ်"
တစ်ဖက်ကို တစ်ဖက် ဆုပ်ကိုင်ထားတဲ့ နင့်လက်ချောင်းလေးတွေကို ငါငေးနေမိတယ်။ လက်သည်းက တိတိရိရိကို ကိုက်ဖြတ်ထားတာတွေ့လို့ အရင်လိုပဲဆိုတာ သိလိုက်ရပြန်တယ်။
ဟောဒီဖူးစာကုန်းမှာပဲ ဟောဒီဆည်းဆာချိန်မှာပဲ..အဲဒီလက်ချောင်း ဖြူဖြူလေးတွေကို ငါ ဆုပ်ကိုင်ရင်း လမ်းလျှောက်ခဲ့ရဖူးတယ်။ နင့်လက်လေးတွေက နွေးနွေးလေး..ပျော့နွဲ့နွဲ့လေးတွေ။ အဲဒီအနွေးဓာတ်လေးဟာ ခုထိမပြယ်သေးဘူးဆိုရင် နင်ယုံပါ့မလား၊ နင်ပန်နေကျ စကားပန်းရနံ့လေးဟာလဲ ငါ့ဆီမှာ အမြဲသင်းပျံ့နေတယ်ဆိုရင် နင်ယုံပါ့မလား။
"နင်..သိပ်ပိန်သွားတယ်၊ နေမကောင်းဘူးလား.."
ပိန်တယ်။အို......ငါ့ကို ပိန်တယ်လို့ အထူးသတိထား မပြောကြတာ နှစ်နှစ်တောင် ရှိသွားပြီပဲ။ ဒီနှစ်နှစ်အတွင်း ငါပိန်သွားတယ်လို့ မှတ်ချက်ချတာ နင်က ပထမဆုံးပဲ။
"ကောင်းပါတယ်.."
"ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး..နော်၊ လူက တအားကိုနွဲ့သွားတာပဲ"
သြော်..နင်တောင် ဆရာဝန်မကြီးဖြစ်တော့မယ်။ အရင်လို အခြေအနေမျိုးသာဆိုရင်တော့..'ဆေးကုပေးမယ့်သူ ရှိသားပဲ'လို့ ပြုံးစပ်စပ်နဲ့ ပြောမိမှာပဲ။
ခုတော့ ဘယ်လိုပြောရမလဲ။ နှုတ်ခမ်းတင်းတင်းစေ့ပြီး အတိတ်က စကားသံတွေကို ဇွတ်မေ့ပစ်နေရပါတယ်။
"စိတ်ဆိုးသွားလားဟင်..ငါက"
"အို..မဟုတ်ပါဘူး"
ကြည့်ပါဦး။ ဒီမျက်လုံးလေးတွေပေါ့ ငါ့ဒေါသတွေကို ချေမွပစ်ခဲ့တာ။ အဲဒီလိုပဲဝေ့ကြည့်လိုက်ရင် ငါ့ရင်ထဲက ဒေါသတွေဟာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။
တကယ်ဆို ငါ နင့်ကို ဘယ်လောက် နာကျည်းသင့်သလဲ။
မပြောမဆိုနဲ့ သစ်စိမ်းချိုး ချိုးခဲ့တာ ဘယ်သူလဲ။ စာတွေ တစ်စောင်မှ မပြန်ဘဲ လတွေ အများကြီးနှိပ်စက်ထားခဲ့တာ ဘယ်သူလဲ..။ စိတ်မချလွန်းလို့.. မနေနိုင်လို့ မန္တလေးထိ လိုက်လာရတဲ့သူကို 'မယုံလို့လား..'ဆိုပြီး စိတ်ကောက်ခဲ့တာ ဘယ်သူလဲ..။ မန္တလေး ကို မလာရဘူး နင်ပဲ အမိန့်ထုတ်ခဲ့တယ်။ ငါ နောက်ထပ်တစ်နှစ် ထပ်ကျမှာ စိုးလို့ပေါ့လေ။
ငါ မန္တလေးက ပြန်လာတော့ရော နင်စာလှမ်းရေးခဲ့လို့လား။
နင် ကျောင်းခဏပိတ်လို့ ရေနံချောင်းကို ပြန်ရောက်တဲ့အချိန်မှာ လာနေကျနေရာကို လာဖို့ ပျက်ကွက်ခဲ့တာလဲ..နင်ပဲ။ သုံးရက်ဆက်တိုက် မလာလို့ အကျိုးအကြောင်းမေးတော့ မျက်နှာစိမ်း ခြယ်ထားတာ ဘယ်သူလဲ။
ငါ ဆေးတက္ကသိုလ် မရောက်နိုင်မှန်း သိလျက်နဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခိုင်းခဲ့တဲ့ နင့်စေတနာကို ငါကြောက်ပါတယ်။ ငါ ပန်းချီဆရာ၊ ကဗျာဆရာ ဖြစ်ချင်မှန်း အစကတည်းက နင်သိလျက်နဲ့..နောက်ပြီး..အို..ဒါတွေဟာ လမ်းခွဲဖို့ အကြောင်းရှာတာတွေပဲဆိုတာ အဲဒီတုန်းက မသိခဲ့တာ ငါညံ့လို့ပေါ့။ နင့်ကိုငါ ယုံခဲ့တာကိုး။
နင်ပြန်ခါနီးမှာ ငါ့ဆီက နင့်စာတွေ ပြန်တောင်းခဲ့တာလေ..ငါ ဘယ်တော့မှ မမေ့ဘူး။
ကြည့်ပါဦး။ ခုရပ်နေရင်းကို ဘာဖြစ်လို့ ရင်နာလာရတာလဲ။ ဒီအကြောင်းတွေ ပြန်စဉ်းစားရင် ငါ့ရင်က ဘာဖြစ်လို့ လှိုက်လာရတာလဲ။ နှစ်နှစ်ဆိုတဲ့ အချိန်ဟာလဲ ငါ့ဒဏ်ရာကို မကုစားနိုင်ခဲ့ပါလား။
အို..ငါ နင့်ကို အကြာကြီး ကြည့်နေမိတာပဲ။ ငါ့မျက်စိ လွှဲပစ်သင့်တာ ငါသိပါတယ်။ ဒါပေမယ့် နင့်မျက်နှာပေါ်ကနေ အကြည့်ကို မဖယ်နိုင်ဘူး..။
ငါ့ရင်ခွင်ထဲကနေ ဘယ်သူမှ လုမပြေးနိုင်အောင် တအားဝှက်ပြီး ကာထားချင်တယ်၊ နင့်ကို ဘယ်မှ မသွားအောင် လုပ်ထားချင်တယ်၊ မစိမ်းရဘူး..၊ မပြေးရဘူး...လို့ အော်ပစ်ချင်လိုက်တာ။ ဟောဒီ လွယ်အိတ်လေးထဲ နင့်ကိုထည့်ထားလို့ရရင် သိပ်ကောင်းမှာ။ ဘယ်သွားသွား မခွဲဘူး။
အို..ငါ ဘာတွေ လျှောက်တွေးနေတာလဲ။
ငါ့လွယ်အိတ်ထဲမှာ နင်ရှိနေပါတယ်၊ တကယ်။
နင့်ပုံတူ ပန်းချီလေ။ နှစ်ခုတောင်မှပဲ။ အခုနေ ထုတ်ပြလိုက်ရင် ဘယ်လိုနေမလဲ။
"ပန်းချီ...ဆွဲ..ဆွဲသေးလား"
ကြည့်စမ်း..။ ငါ့အတွေးနဲ့ နင့်အတွေးနဲ့ ဆင်လိုက်တာ။ စိတ်ချင်း ဆက်သွယ်တာလား၊ လူချင်းပြန်နီးဖို့ နိမိတ်လား..။
ခေါင်းကို အသာညိတ်ရင်း လက်က ဘယ်လိုရောက်သွားလဲ မသိဘူး..။လွယ်အိတ်ထဲက ခဲပုံတူတစ်ပုံ၊ ရေဆေးနဲ့ တစ်ပုံ..နင့်ပုံတူ နှစ်ခုကို ထုတ်ပြမိတော့တာပဲ။
မပြုံးတပြုံး နင့်နှုတ်ခမ်းပါးလေး ဝိုင်းသွားတာ ငါသတိထားမိတယ်။
နင့်မျက်လုံးလေးတွေ ဝေသွားတာ ငါသိတယ်။
နင့် ကိုယ်လုံးနွဲ့နွဲ့လေး ယိုင်သွားတာ ငါသိလိုက်တယ်။
"အို" တိုးတိုးကလေး ရေရွတ်သံ ငါကြားလိုက်ပါတယ်။ ငါ့ကို ငေးကြည့်နေတဲ့ အကြည့်ထဲမှာ သံယောဇဉ်ကို ငါမြင်ပြီ။ ခင်တွယ်မှုကို ငါမြင်ပြီ။ တမ်းတမှုကိုလည်း ငါပြန်တွေ့ပြီ။ နောက်ပြီး.. နောက်ပြီးတော့ အလွမ်းတွေ အများကြီး ငါတွေ့လိုက်ပြီလေ။
"အို.." နင့်အကြည့်က ငါ့ကို ရင်ခုန်စေတယ်။ နင်လဲ ရင်ခုန်နေတယ်မဟုတ်လား။ ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ချောင်းလေးတွေ တုန်ယင်နေတာ ငါမြင်တယ်။ ငါ့ကို ငေးရာကနေ ငါ့ဘယ်ဘက်ကို လှမ်းငေးလိုက်တဲ့ နင့်မျက်လုံးမှာ မျက်ရည်ဝေ့ဝေ့ကိုလဲ ငါ မြင်လိုက်ရပါတယ်။ နင်ငေးရာကို ငါလှမ်းကြည့်မိတယ်။
ဗြုန်းဆို ရင်က ဟာ သွားတယ်။
နေရာဟောင်း..၊ ဟုတ်တယ်နော်...၊ ကမူထိပ်လေး လေ။ နင်နဲ့ငါနဲ့ ဟိုအတိတ်တုန်းက အတူထိုင်ခဲ့ကြတဲ့ နေရာလေးပါ။
ဒီကမူလေးကို ကြည့်ပြီး ဘာဖြစ်လို့ လက်ဖျားတွေ အေးလာရပြန်တာလဲ။ တစ်ကိုယ်လုံးက ဘာဖြစ်လို့ ပျော့ခွေသွားရတာလဲ။ နှမြော တမ်းတတဲ့ ဝေဒနာပဲ ထင်ပါရဲ့။ ငါ့ရင်ထဲမှာ ပျံ့နှံ့ ကုန်ကြပြီ။ နင်နဲ့ ငါနဲ့ အကြည့်ချင်း ပြန်ဆုံကြတယ်။နောက်..နောက်တော့...။
နင်ကပဲ ခြေလှမ်းစတာလား၊ ငါကပဲ အလျင် ခြေလှမ်းစတာလား မသိဘူး။ ဘယ်သူက အလျင်ဦး သလဲ မပြောတတ်ဘူး။ သိလိုက်တာက နင်နဲ့ငါ နှစ်ယောက်လုံး ကမူစွန်းလေးဆီကို သွားနေမိတယ် ဆိုတာပဲ။ အဲဒီရောက်တော့လဲ နှစ်ယောက်သား ရှိန်းတိန်းတိန်နဲ့ပဲ ခပ်ခွာခွာ ထိုင်လိုက်မိကြတယ်။
နင် ခေါင်းငုံ့ထားတယ်။ နင့်ဆံပင်တွေက ခါးတောင်ကျော်နေပြီပဲ။ နက်မှောင်ပြီး ဖွာနေတယ်။ လှလိုက်တာဟာ။ နက်မှောင်တဲ့ နောက်ခံပေါ်မှာ အဖြူရောင် ပန်းပွင့်လေးက ထင်းနေတာပဲ။
နင် ဘာဖြစ်လို့ ငြိမ်နေတာလဲ။ နင်လဲ ငါ့လိုပဲ အပျော်လေးတွေ ပြန်တွေးနေမှာပဲနော်။ ပျော်ရတဲ့ အချိန်လေးတွေက တစ်သက်လုံး ပြန်မရောက်နိုင်တော့ပါလား။ တို့တွေဟာ သူစိမ်းပြင်ပြင် ဖြစ်နေကြပြီနော်။ ဒါတွေဟာ အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ။မဖြစ်နိုင်မှန်းတော့ သိနေပါတယ်လေ။ ငါ အမျိုးမျိုးတောင်းပန်တဲ့ကြားက နင် ခြေစုံကန်သွားတာကိုး။
နင့်ကိုငါ စိမ်းစိမ်းကားကားကြီး ပြောပစ်ချင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မပြောလိုက်ရတဲ့ စကားတွေကို အားရပါးရ ပြောချင်တယ်။ ဖြစ်နိုင်ရင်တော့လေ..နင့်ပုခုံးနှစ်ဖက်ကို တအားဆုပ်ကိုင်ပြီး ဆောင့်ဆောင့်လှုပ်ရင်း မေးလိုက်ချင်ပါတယ်။
"နင် ဘယ်လိုလုပ်ပစ်ခဲ့တာလဲ.."လို့။ ဟောဒီ ဖူးစာကုန်းမှာတင်မက ရေနံချောင်းတစ်မြို့လုံး လွှမ်းသွားလောက်တဲ့ အသံနဲ့ ကုန်းအော်ပစ်လိုက်ချင်တယ်။ နင်သိပ်ဆိုးပါလား။ ဆင်ခြေရဖို့အတွက် ငါချစ်တဲ့ကဗျာနဲ့ ပန်းချီကို ဝေဖန်ခဲ့၊ စွန့်လွှတ်ခိုင်းခဲ့တာလေ။
ဟိုတုန်းက ငါကဗျာရေးတာ၊ ပန်းချီဆွဲတာကို နင်မသိဘူးလား။
ဟောဒီ ဖူးစာကုန်းမှာရော..၊ကျောင်းခန်းထဲမှာရော..၊ကျောင်းဝိုင်းထဲက တမာပင်အောက်မှာရော..ငါ့လွယ်အိတ်ထဲက ငါ့ကဗျာတွေ ဖတ်ခဲ့တာ နင်မေ့ပြီလား။ ငါ့ပန်းချီတွေ ကြည့်ခဲ့တာ နင်မေ့ပြီလား။ ဟိုတုန်းကတော့ နင်ပဲ ငါ့ကဗျာတွေကို ငါ့ကို ချစ်သလို ချစ်ပါတယ်ဆို။ ဟိုမှာ ဒုတိယလူကို ရပြီးကာမှ ငါ့ကဗျာကို နင်မုန်းတတ်တာပါဟာ..။
ဘာပဲဖြစ်ဖြစ် ငါ့ဒေါသက ဘယ်တော့မှ ကြာကြာမခံခဲ့ရဘူး။
ဒီပွဲက လူမိုက် လူမိုက်ချင်း တွေ့ကြတဲ့ပွဲမှ မဟုတ်ဘဲ၊ ပညာရှိနဲ့ လူမိုက်ပဲလေ။
မျက်ရည်လည်နေတဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေရယ်၊ မဲ့တဲ့တဲ့လေး မဟတဟဖွင့်ထားတဲ့ နင့်နှုတ်ခမ်းလေးတွေရယ်က ငါ့ဒေါသတွေကို ချေဖျက်ပစ်ခဲ့တယ်။ ဒါတင်မကဘူး။ နင့်မျက်နှာထားလေးနဲ့ နင့်အကြောင်းပြချက်လေးတွေကြောင့် ငါ့ကိုယ်ငါ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး အပြစ်ပေးလိုက်ရမလိုလို ဖြစ်ခဲ့တယ်။ ငါ့ကိုယ်ငါတောင် ဇဝေဇဝါ ဖြစ်ခဲ့ရတယ်။ နင့် မျက်တောင်ကော့တွေပေါ်မှာ ခိုတွဲနေတဲ့ မျက်ရည်စတွေဟာ ငါ့နာကျည်းချက်တွေကို တစစီဖဲ့ပစ်ခဲ့တယ်။
နင့်အကြောင်းပြချက် တစ်ခုကတော့ဟာ လွန်လွန်းပါတယ်။ ငါအတန်းပညာမှာ ညံ့တာ နင်လဲအသိ။ ငါ့ကိုနင်ပဲ စာပြပြပေးခဲ့ရတာ။ ဒီလိုကောင်က ဘယ့်နှယ်လုပ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်နိုင်မှာလဲ။ ပန်းချီသမား..ကဗျာသမားပဲ ဖြစ်ဖို့ရှိတာပဲ။ မဖြစ်နိုင်တာကိုမှ နင်က ရွေးပြီး တိုက်တွန်းခဲ့တာကိုး။
နင့်အမေ ဂုဏ်မက်တာ ငါသိပါတယ်။ နင့်အမေလိုပဲ နင်မက်လိမ့်မယ်လို့ အစက မတွေခဲ့မိတာ ငါ့အမှားပါပဲ။ နင်ကတော့ 'အမေ သဘောတူလို့' ပေါ့။ နင့်သဘောကလဲ အတန်းတူ အရည်အချင်းတူ လူကိုမှ မက်မောခဲ့တာပဲ မဟုတ်လား။
အို..အားလုံးဟာ နင့်သဘော တစ်ခုတည်းနဲ့ ပြီးသွားခဲ့တာပဲ။ ငါ့ ဆန္ဒတစ်ခုမှ မပါခဲ့ရဘူး။ နင့်ရှေ့ရောက်ရင် ငါ ခေါင်းယမ်းတဲ့ အတတ်ပညာကိုတောင် မေ့မေ့သွာရပါတယ်။ တခြားလူတွေရှေ့မှာက ကျောက်တုံး ဖြစ်ချင်ဖြစ်မယ်..နင့်ရှေ့မှာတော့ ငါက ဖယောင်းပါ။ ငါက နင့်ရဲ့ ရုပ်သေးရုပ်ပဲဟာ..။ နင်ကြိုးဆွဲသလို ငါက ကခဲ့ရတာ..။
အေးလေ..ခံခဲ့ရတုန်းကတော့ ခံခဲ့ပြီးပြီ။ ခုအချိန်မှာတော့ နင့်ရုပ်သေးရုပ် မဖြစ်ချင်ပါဘူး။
အမှန်ကတော့ ဟောဒီနေရာမှာ အတူယှဉ်တွဲထိုင်ဖို့ မသင့်ဘူး။ ငါ ထွက်သွားနိုင်ရင် အကောင်းဆုံးပါပဲ။ နင့်မျက်နှာ ညှိုးမှာလဲ စိုးတယ်။ နင့်မျက်နှာညိုးမှာကို ဟိုတုန်းကတည်းက ကြောက်ခဲ့တဲ့ကောင်ပါဟာ။
ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ခုံလေးကို ငေးရင်း ရင်ထဲမှာ တင်းကျပ်လာပြန်ပြီ။ ဖြူနုနေတဲ့ နင့်လက်ခုံလေးကို ဖွဖွလေး ဆုပ်ပြီး နင့်မျက်နှာလေးကို တမေ့တမြော ငေးနေရတဲ့ အချိန်လေးတွေဟာ လွန်ခဲ့ပြီနော်။ ငါထင်ပါတယ်...နင့်လက်မှာ ရှင်မတောင် သနပ်ခါးနံ့လေး သင်းနေဆဲ ဖြစ်မှာလို့။
ရင်ထဲမှာ နာကျင်လာတယ်။
ပြောစမ်းပါဦး ဆေးကျောင်းသူကြီးရဲ့။ ဘာနဲ့မှ မခိုက်မိဘဲနဲ့ အဲဒီ ဘယ်ဘက်ရင်က ဘာဖြစ်လို့ လှိုက်လှိုက်ပြီး နာတာလဲ။ နှလုံးဆီက နာမှန်းတော့ သိပါရဲ့။ နင့်မျက်နှာလေး ငေးရုံနဲ့ နှလုံးက ဘာလို့ နာရတာလဲ။ ငါ့လည်ချောင်းတွေကရော ဘာဖြစ်လို့ ခြောက်သွေ့လာရတာပါလိမ့်။
ငါ နှမြောနေတယ်...။တမ်းတနေတယ်။ ဟုတ်တယ်၊ နင် ငါ့အနားမှာ ရှိနေပေမယ့် နင့်ကို အောက်မေ့နေတယ်ဟာ။ နင့်ကိုလွမ်းနေတယ်။ ယုံရဲ့လား..နင့်ကို ငါလွမ်းနေတယ်။
"ရော့"
နင်လှမ်းပေးတဲ့ ပန်းချီပုံနှစ်ခုကိုယူလိုက်တော့ နင့်လက်နဲ့ ငါ့လက်ထိမိတယ်။ ဘယ်သူ့လက်က ပိုအေးစက်နေလဲ ငါမသိဘူး။ စာရွက်ကလေးတွေကို လွယ်အိတ်ထဲ ထည့်ပြီးတော့ ငါ့လက်ကို ငါပြန်ငေးမိတယ်။
သြော်..လက်သန်းမှာလေ၊ ဘယ်ဘက် လက်သန်းမှာလေ အဖြူစင်းကြောင်းလေးကို အရစ်လိုက် မြင်နေရတုန်းပဲ။ အဲဒါ လက်စွပ်ရာလေးလေ။ နင်နဲ့ငါ့ရဲ့ အချစ်နေ့က နင်ပေးခဲ့တဲ့ ကျောက်စိမ်းလက်စွပ်ရဲ့ သငေ်္ကတလေး။ မနှစ်ကမှ စာနဲ့လှမ်းတောင်းလို့ ပြန်ပေးခဲ့ရတဲ့ လက်စွပ်ရဲ့ အရာလေးပါ။ အခု..အဲဒီလက်စွပ်ကလေးက အခုဆို..။
ဪ..ပြီးတော့ နင့်လည်ပင်းမှာ ဆွဲကြိုးကလေးလဲ မမြင်ပါလား။ ဆွဲကိုးမျှင်မျှင်လေးလေ..နင်နဲ့ငါ့ဇာတ်လမ်းကလေး စပြီးတဲ့နောက် လော့ကတ်သီးနေရာမှာ သငေ်္ကတ တစ်ခု လဲပြောင်းတပ်ထားခဲ့တဲ့ ဆွဲကြိုးလေး၊ ငါ့နာမည် အစ စာလုံး အင်္ဂလိပ်အက္ခရာ အင်(န်)ကို အမှတ်တရ လုပ်ပြီး ဆွဲခဲ့ပါရော။ အဲဒီဆွဲကြိုးလေး မမြင်ပါလား။ လွှင့်ပစ်လိုက်ပြီလား။ အင်းလေ..အဖြစ်နိုင်ဆုံးကတော့ အင်(န်)စာလုံးအစား အက်စ် စာလုံး လဲတပ်ထားတာ ဖြစ်မှာပေါ့။ အို..ဒါက ငါ့အရေးမှ မဟုတ်ဘဲ။ ငါနဲ့ နင်နဲ့ ဘာမှမှ မဆိုင်ဘဲ။ မဆိုင်တော့ပါဘူးလေ။
ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့နေတယ်။ ရင်က ဟာပြီးမှ ပူလောင်နေတယ်။
ဆေးလိပ်သောက်မယ်..လို့ အမှုမဲ့ အမှတ်မဲ့တွေးပြီး လွယ်အိတ်ထဲက ဒူးယားတစ်လိပ်ရယ်..မီးခြစ်လေးရယ် ထုတ်လိုက်တယ်။
နှုတ်ခမ်းပေါ်မှာ ဆေးလိပ်လေးကို ရွရွတင်လိုက်တုန်း..။
"ဆေးလိပ်တွေ သိပ်မသောက်နဲ့ဟာ" တဲ့။ နင့်အသံပါ။ နင့်ဆီက လာတာ မဟုတ်မှန်းတော့ သိပါတယ်။ ဘယ်ကပါလိမ့်။ ဟောဒီမီးခြစ်လေးကပဲ ထင်တယ်။
ဒီမီးခြစ်လေးဟာလဲ နင်နဲ့ငါ့အတွက် အမှတ်တရ ပစ္စည်းလေးပါ။
သစ်သားမီးခြစ်ပိန်ပိန်လေးနဲ့ မီးခြစ်ခြစ်နေရတဲ့ ငါ့အဖြစ်ကို နင်ကြည့်ပြီး လက်ဆောင်ပေးခဲ့တဲ့ အချစ်မီးခြစ်လေး။ နင့်အချစ်က ဟောင်းပြီးပျက်သွားပေမယ့် နင့်လက်ဆောင်လေးက မပျက်သေးပါဘူး။ ငါ ငိုင်နေမိတာ ဘယ်လောက်ကြာလဲ မပြောတတ်ဘူး။ ငါ့ဘေးကကပ်ပြီး အသံတစ်ခု ကြားလိုက်ရတယ်။ နင့်ဆီကပါ။ ထိန်းချုပ်ထားရင်းက ပွင့်ထွက်လာတဲ့ အသံမျိုး။
အို..။
နင်...ငိုနေတယ်။
ဟုတ်ပါတယ်။ ငါမျက်စိ မမှားပါဘူးနော်။ ငါ့နားကြားလည်း မလွဲပါဘူး။ နင်ငိုနေတာပါ။ ငါ့လက်ထဲက မီးခြစ်လေးကို ငေးရင်း နင်ငိုနေတာပါ။
ငါ့တစ်ကိုယ်လုံးဟာ မြေကြီးနဲ့ တအား ကပ်ဖိခံထားရသလိုပဲ။ ငါ ဘာဖြစ်သွားတာလဲ။ ငါ မယုံတာထင်တယ်။ ဟုတ်တယ်..ငါမယုံဘူး။ နင်ငိုနေတာလို့ ငါ ဘယ်လို ယုံရမှာလဲ။ လောကကြီးဟာ ဘာတွေဖြစ်ကုန်ပြီလဲ။ အို..မယုံပါဘူး..မဖြစ်နိုင်ဘူး။
ဒါပေမယ့် နင့်မျက်ရည်တွေဟာ ငါ့ရင်ကိုလာပြီး အပူပေးနေတယ်။ ငါ့နှလုံးသားကို ဆတ်ဆတ်ခါအောင် ဆွဲယမ်းနေတယ်။ ကြာရင်တော့ ပူလွန်းလို့ ကျွမ်းရချည်ရဲ့ကွယ်။ ငါ ဘာလုပ်ရမှာလဲ ပြောပါဦး။ ဆံပင် ကပိုကရိုကြားထဲက နင့်မျက်နှာ နွမ်းနွမ်းလေးဟာ ဟောဒီကမ်ဘာမှာ အင်အားအကြီးဆုံးပဲ သိလား..။ တုန်ယင်နေတဲ့ နင့်နှုတ်ခမ်းပါးလေးကို ငါ မကြည့်ရက်ဘူး။
"မငိုနဲ့ အချစ်ရယ်.." လို့ မျက်ရည်သုတ်ပေးရင်း ချော့ရမလား..။နင့်မျက်နှာပေါ်က ဆံနွယ်စတွေကို လက်နဲ့ အသာအယာဖယ်ပေးရင်း နှစ်သိမ့်ရမလား။ နင့် မေးစေ့လုံးလုံးလေးကို လက်နဲ့ အသာပင့်တင်ရင်း နဖူးလေးကိုပဲ ဖွဖွနမ်းလိုက်ရမလား။ ငါ့မှာ နင့်အငိုကို ချော့ပိုင်ခွင့်ရောရှိရဲ့လား။
ကြည့်ရင်း..ကြည့်ရင်း ငါ့မျက်စိထဲမှာ ဝေဝါးလာတယ်။ မျက်လုံးက စိ်ုစွတ်လာတယ်။ နင့်ကိုယ်ပေါ်က အစိမ်းနုရောင်ဟာ ပိုဖျော့ပြီး ဝါးသွားတယ်။ အို..ငါ့နှုတ်ခမ်းထောင်းစွန်းတွေက ငါထိန်းလို့မရအောင် တုန်လှုပ်နေပြီလား။ နောက်ပြီး..ငါ အသက်မှ ရှူမိရဲ့လား..။ ငါ့ နှလုံးခုန်သံရော ရပ်သွားသလား။
ငါ့ကိုယ်ငါ သတိရတဲ့ အချိန်မှာ ငါ နင့်လက်ကို ဆုပ်ကိုင်ထားမိပြီ။ အို..မဟုတ်ဘူး..မဟုတ်ဘူး။ နင်ကငါ့လက်ကို ဆုပ်ထားတာ မဟုတ်လား။ အို..မသိပါဘူးလေ။ ဘယ်သူ့လက်က ဘယ်သူ့လက်ကို ဆုပ်ထားတာလဲ မသိပါဘူး။ ငါ့ရှေ့က မြက်ခင်းပေါ်မှာ ဒူးယားစီးကရက်လေးရယ်၊ မီးခြစ်ကလေးရယ်.. လွတ်ကျနေကြတယ်။
မီးခြစ်ကလေး ပေါ်မှာ ငါးလေးနှစ်ကောင် မျက်နှာချင်းဆိုင်နေကြတယ်။
အို..ဒါပေမယ့်..သူတို့ တစ်ကောင်နဲ့တစ်ကောင် ဦးတည်ရာဘက်တူရဲ့လား။ ဆန့်ကျင်ဘက်ကို ဦးတည်နေကြတယ်နော်။ ကြည့်ပါဦး..သူတို့က ဦးတည်ရာမှ မတူဘဲ။ ဒါကိုရော..နင်သတိထားမိရဲ့လား။
"နိုင်"
ငါ့ တစ်ကိုယ်လုံး လေထဲမှာ မြောက်တက်သွားသလိုပဲ။ ရင်ထဲကတော့ ဟာနေတယ်။ 'နိုင်...' တဲ့လား။ နင်ငါ့ကို 'နိုင်' လို့ခေါ်သေးတယ်နော်။ ခေါ်နိုင်စွမ်းရှိသေးတယ်နော်။
နင့်အကြည့်ကို ငါ နားမလည်တာ အမှန်ပါ။ နင့်မျက်လုံးက ငါ့ဆီမှာ မဟုတ်ဘူး ထင်တယ်။ ငါ့ကိုတော့ ကြည့်နေတယ်လေ။ တစ်မျိုးပဲ။ ငါ့ကို ကျော်ပြီး ငေးနေသလိုပဲ။ နင်ဘာတွေ တွေးနေတာလဲ။ နင်ဘာကို ပြောချင်နေတာလဲ၊ တစ်ချက်တစ်ချက် ရှိုက်လိုက်တဲ့ နင့်ရှိုက်သံလေးတွေက ငါ့နှလုံးကိုသာ လာဆောင့်နေတယ်။
"ပြောလေ..ငါ နားထောင်နေပါတယ်"
နင့် နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားတယ်။ နောက်ပြီး..နင် သက်ပြင်းချလိုက်တယ် မဟုတ်လား။
နင့်ကို ကြည့်နေတဲ့ ငါ့အကြည့်ထဲမှာ မျှော်လင့်ရိပ်တွေ ပါသွားမယ်လို့ ငါထင်တယ်။ င့ါရင်ထဲမှာရှိတဲ့ တမ်းတမှု ဆန္ဒကို နင်လည်း နားလည်ပါလိမ့်မယ်။ နင့်မှာလဲ တွယ်တာစိတ်တွေ ရှိမှာပါ။ ဒါပေမယ့် မန္တလေးမှာက...။
အို..ငါ့ခေါင်းက ဘာဖြစ်လို့ မူးသွားရတာလဲ။ ကြည့်ပါဦး။ နင်ဘာလုပ်တာလဲ။ အခု နင်ဘာလုပ်နေတာလဲ။ နင်က ဒီလိုပဲလား။ နင့် စိတ်က နီးရာကို ယိမ်းတတ်သလား။
နင့် လက်ကို လွှတ်လိုက်မိတဲ့အတွက် ငါ့ကိုခွင့်လွှတ်ပါ။ ငါကြောက်တယ်ဟာ။
"နိုင်ရယ်.."
နင် ဘာလို့ ညည်းတာလဲ။ ငါ့ကိုရော ဘယ်လို အဓိပ္ပါယ်နဲ့ ကြည့်တာလဲ။ နင့်ကိုငါ သနားတယ်။ ငါဆိုတဲ့ကောင်က နင့်မျက်ရည်တစ်ပေါက်ကို ပေါက်ကွဲတတ်တဲ့ ဗုံးတစ်ခုလို ကြောက်တတ်ခဲ့တဲ့ကောင် မဟုတ်လား။ ငါ့ရင်တွေ အရမ်းခုန်နေပြီ။ နင်ပြောချင်တာကို မြန်မြန်ပြောလိုက်ပါလား။
"ငါ့ကို..ခွင့်လွှတ်ပါ"
အို..နင် ငါ့ကို တောင်းပန်တယ်။ ငါနင့်ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့ပါဘူးဟာ။ ငါဘအမြဲတမ်း ခွင့်လွှတ်ထားတာပဲ။ တောင်းပန်စရာ မလိုပါဘူးဟာ။ တောင်းပန်မယ့်အစား အကြောင်းစုံကို ငါ့ကို ပြောပြရင် သိပ်ကောင်းမှာ။ ငါ့အပေါ်မှာ အလျင်လို စိတ်မျိုး ထားနိုင်မယ်လား။
"ဟိုတုန်းကအတွက်ရော၊ အခု ငို..ငိုမိတဲ့ အတွက်ရော"
"ဟင်"
ငါ ဘာနားလည်ရမှာလဲ။ ငါ့ပါးစပ်က တစ်ခုခု ပြောနိုင်ရင်ကောင်းမယ်။ ဘာမှ မပြောနိုင်ဘူး။ ဘာဖြစ်နေတာပါလိမ့်။
"ငါ သွားတော့မယ်"
ငါ့ တစ်ကိုယ်လုံး အေးစက်သွားတယ်။ ဟုတ်မှဟုတ်ရဲ့လား။ နင်ပြောလိုက်တာမှ ဟုတ်ရဲ့လား။
"သွားတော့မယ်" ဟုတ်လား။ ဪ..နောက်ဆုံးတော့ တစ်ယောက်တည်းဟာ တစ်ယောက်တည်းပါပဲလား။ နင် ငါ့အနားက ထသွားလိုက်ပြီ ထင်တယ်။ ဝေးသွားတဲ့ နင့်ခြေသံကို ငါကြားနေရသလိုပဲ။ ဒါပေမယ့် သနပ်ခါးနံ့လေးကတော့ ငါ့အနားမှာ ကျန်ခဲ့ပါရော။ နင့်ရှိုက်သံလေးတွေလည်း ငါ့အနားမှာ ကျန်ခဲ့ပါရော။
လောကကြီးဟာ ရှိသင့်တာထက် ပိုမှောင်သွားတယ်။ ငါရင့်ထဲမှာလည်း ရှိသင့်တာထက် တစ်ခုခု ပိုလာသလိုပဲ။ အို..မဟုတ်ပါဘူး။ လိုတာ..။ ရှိသင့်တာထက် တစ်ခုခုလိုတာ။ နင့်ကိုငါ ပြန်လှည့်ကြည့်ချင်တယ်။ နင်လဲ ငါ့ကို တစ်ချက်ဖြစ်ဖြစ် ပြန်လှည့်ကြည့်မယ်လို့ ထင်တယ်။ အခုနေ..နင် ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ငါလှမ်းခေါ်မယ်လေ။
"မိမွန်ရေ.." လို့ အော်လိုက်မယ်။ နင်လဲ ငါ့ခေါ်သံကို စောင့်နေမယ် မဟုတ်လား၊ ခေါ်သံကြားရင် တအားပြန်ပြေးလာမှာနော်..
အို..မခေါ်ဘူး..လှည့်မကြည့်ဘူး..လှမ်းမခေါ်ဘူး။
လက်နှစ်ဖက်နဲ့ ပွေ့ထားတဲ့ ဒူးနှစ်ခုပေါ်မှာ မျက်နှာကို တအား မှောက်ချလိုက်တယ်။ နင့်ဘက်ကို မျက်နှာလှည့်မိမှာစိုးလို့။ စိုစွတ်လာတဲ့ မျက်စိတွေကိုလည်း ဇွတ်မှိတ်ပစ်လိုက်တယ်။ နင့်သဏ္႑ာန်လေးကိုချည်း မြင်နေရမှာစိုးလို့။
အောက်နှုတ်ခမ်းကို သွားနဲ့ဖိပြီး ကိုက်ထားလိုက်တယ်။ 'မသွားပါနဲ့' လို့ အကျယ်ကြီး အော်လိုက်မိမှာစိုးလို့။ ငါ့ အသံတွေကိုလည်း ထိန်းချုပ်ထားလိုက်တယ်။
ကဲ..မအော်ဘူး၊ လှမ်းမခေါ်ဘူး။
တအားကြီး စူးရှပြီး နာကျင်လာတဲ့ ရင်ကိုတော့ ဒူးနှစ်ဖက်နဲ့ အတင်းဖိထားလိုက်တယ်။ သွားပါ.. မိမွန်ရယ်၊ ဟို..အဝေးထိအောင်သာ သွားလိုက်ပါတော့။
ဂျူး
သန်းထွန်းလေး (အင်းတဲရွာ)
ရုပ်သေးပွဲသွားရအောင်
ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
သိုးဆောင်း "စာအုပ် ၂၆အုပ်" ၁။ မြကျွန်းညိုမဟုတ်သော်လည်း http:// www.myanmarebooks.net / wp -content/uploads/2014/03/59_ToeSaung_...