သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, October 30, 2018

ဗလငါးတန်


°°°°°°°°°°°°°°°°

သကြ်န် ဝါဆို နဲ့ သီတင်းကျွတ်လဆိုတဲ့ အခါကြီးသုံးခါမှာ လူကြီးသူ​မတွေကို ကန်တော့ကြတယ်

ကန်တော့စဥ်တိုင်းမှာ ကျန်းမာဖို့ ချမ်းသာဖို့အပြင် ဗလငါးတန်နဲ့ ပြည့်စုံစေဖို့ ဆုပေးမြဲဖြစ်ပါတယ်

မစိမ်းတဲ့စကားလုံးဖြစ်ပေမယ့် အဓိပ္ပာယ်ကို ထိထိမိမိခံစားနားမလည်ခဲ့ရိုးအမှန်ပါ

ကိုယ်ခန္ဓာတုတ်ခိုင်သူတွေကို ဗလကြီးလို့ခေါ်ဝေါ်ကြတော့ ကာယပိုင်းနဲ့ သက်ဆိုင်တဲ့ စကားရပ်တစ်ခုလို့ပဲ မှတ်ယူခဲ့ဖူးတယ်ဗျ

စာလာပေလာအတိုင်း ဟုတ်ကောင်းမှဟုတ်နိုင်ပေမယ့် အရေးပါမှုကိုချိန်ဆပြီ ကျွန်တော်ကတော့ ဒီအစဥ်အတိုင်းပဲသဘောကျမိတယ်

ဘောဂဗလ=ပစ္စည်းဥစ္စာပြည့်စုံမှု
မိတ္တဗလ=မိတ်ကောင်းဆွေကောင်းပြည့်စုံမှု
ကာယဗလ=အားခွန်ဗလကြီးမှု ကျန်းမာကြံ့ခိုင်မှု
ဉာဏဗလ=ဉာဏ်ပညာပြည့်စုံမှု
စာရိတ္တဗလ=ကိုယ်ကျင့်တရားကောင်းမွန်မှု

ဘဝမှာအဆင်ပြေစွာ လျှောက်လှမ်းနိုင်ဖို့ ပစ္စည်းဥစ္စာပြည့်စုံဖို့ မုချလိုအပ်ပါတယ် ဒါ့အပြင် မိတ်ကောင်းဆွေကောင်းရှိပါမှ ပေါများပါမှ ဖြစ်မှာပါ

ကျန်းမာကြံ့ခိုင်ဖို့ အထူးလိုအပ်ပေမယ့် အားခွန်ဗလအတွက်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာဟာ အတိုင်းအတာတစ်ခုထိသာ ဖြစ်နိုင်ပါလိမ့်မယ် လူတစ်ယောက်ဟာ ဆင်တစ်ကောင်ထက်ပိုပြီး အားကြီးဖို့မှမလွယ်တာ ငှက်တစ်ကောင်ထက်ပိုပြီး ပျံသန်းနိုင်ဖို့မှမလွယ်တာ ငါးတစ်ကောင်ထက်ပိုပြီး ရေကူးနိုင်ဖို့မှမလွယ်တာ

ဉာဏ်ပညာပြည့်စုံရင်တော့ အားကြီးပါတယ်ဆိုတဲ့ဆင်ထက်ပိုပြီး ဝန်ဆောင်နိုင်တဲ့ စက်ကရိယာတွေကို တီထွင်နိုင်မယ်မဟုတ်လား

အထက်ကအရာအားလုံးပြည့်စုံပေမယ့် စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်တရား ချို့ယွင်းခဲ့မယ်ဆိုရင်တော့ တစ်ခြမ်းစောင်းဘဝမှာပဲ ရှင်သန်နေရမှာမဟုတ်လား

ပညာနဲ့သီလဟာ အပြန်အလှန်အမှီသဟဲပြုနေမှသင့်တော်တယ်လေ

လောကမှာ ပညာတတ်လူမိုက်တွေရဲ့ ဒါဏ်ကို ကိုယ်ကျင့်တရားကောင်းတဲ့နုံအသူတွေ ခံစားနေရတာသိပ်များလွန်းနေတယ်မဟုတ်လား

ဗလငါးတန်နဲ့ပြည့်စုံနိုင်ပါစေကြောင်း ဆန္ဒပြုရင်း.....

သန်းထွန်းလေး (အင်းတဲရွာ)

ဗလငါးတန်
°°°°°°°°°°°°°°°°

သက်ြန် ဝါဆို နဲ့ သီတင်းကျွတ်လဆိုတဲ့ အခါကြီးသုံးခါမှာ လူကြီးသူ​မတွေကို ကန်တော့ကြတယ်















Tuesday, October 16, 2018

ဖိုလ်ဝင်တောင်တော်သမိုင်း

••••••••••••••••••••••••••••••••••••••••••••••••••••

သာသနာသက္ကရာဇ်​ ၁၅၉၃ ခုနှစ်​
မြန်​မာသက္ကရာဇ်​ ၄၁၁ ခုနှစ်​
ခရစ်​နှစ်​ ၁၀၃၁ ခုနှစ်​တွင်​ ဗန္ဓဝမင်​းတြားမှ တည်​ထားကိုးကွယ်​ခဲ့သည်​

စစ်​ကိုင်​းတိုင်​း မုံရွာမြို့ အ​နောက်​ဖက်​ ယင်းမာပင်​မြို့သို့ သွားသည်​့လမ်​းတွင်​ တည်​ရှိပြီး ပန်​းချီဝန်​ ဦး​ရွှေဘ ၏ လက်​ရာဖြစ်​​သော ကျောက်ဆိုင် ​ကျောက်​သားများဖြင်​့ ဘုရားဆင်​းတု​တော်​များ ပန်​းချီ အနုပညာများကို ပူ​ဇော်​ကြည်​ညိုနိုင်​ပါသည်​

​ကမ္ဗည်​းမှတ်​တမ်​းတင်​သည်​မှာ ရွှေလသာ ဝါဝါဝင်​း ဖိုလ်​ဝင်​​တောင်​ ဘုရားစာရင်​း (၄၄၆၄၄၄ ဆူ) ဟု မှတ်​သားမိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမိုင်း
_____

​ကောဇာသက္ကရာဇ်​ ၃၇၉ ခုနှစ်​တွင်​ ​တ​ကောင်​းပြည်​ပျက်​ပြီး​နောက်​ ဧရာဝတီမြစ်​နှင်​့ သလ္လာဝတီမြစ်​ (ယခု ချင်​​​းတွင်​းမြစ်)​​ စုံရာတွင်​ မငြိမ်​မသက်​ဖြစ်​ခဲ့သည်​

အခြာ​းမင်းများ၏ ​ကျူး​ကျော်​သိမ်​းပိုက်​မှုကို ခုခံကာကွယ်​ရန်​အတွက်​ ​ဒေသခံများ၏ တင်​​မြှောက်​မှု​ကြောင်​့ ဗန္ဓဝမင်​း ​ပေါ်​ပေါက်​လာခဲ့သည်​

အဆိုပါအချိန်​သည်​ ​ပေါက္ကံပြည်​့ရှင်​ ပထမမြန်​မာနိုင်​ငံ စုစည်​​စေခဲ့​သော အ​နော်​ရထာမင်​း နန်​းတက်​ချိန်​နှင်​့ ​ခေတ်​ပြိုင်​ကာလဖြစ်​သည်​

အ​နော်​ရထာမင်​းသည်​ နှစ်​နိုင်​ငံချစ်​ကြည်​​ရေးအတွက်​်​ ဗန္ဓဝမင်​းအားဖိတ်​ကြားခဲ့သည်​

ဗန္ဓဝမင်​းသည်​ ​ပေါက္ကံပြည်​၌ ဗုဒ္ဓသာသနာ ဖွံ့ဖြိုးစည်​ပင်​​နေသည်​ကို အားကျ၍ မိမိ ဗန္ဓဝပြည်​ ပြန်​​ရောက်​​သော အချိန်​တွင်​ ​ပေါက္ကံပြည်​ကဲ့သို့ အုတ်​များဖြင့် စေတီးပုထိုးမတည်​ပဲ ​ကျောက်​သားများဖြင့် တည်​ထားကိုးကွယ်​ရန်​ ဆန္ဒရှိခဲ့သည်​

အမတ်​များကို အဖွဲ့ဖွဲ့ ခွဲ၍ အရပ်​​ဒေသများစွားသို့ ​ကျောက်​သား​တောင်​​တော်​များရှာရန်​​စေလွှတ်​ခဲ့သည်​

ပညာဗလအမတ်​က သလ္လာဝတီမြစ်​အ​နောက်​ဘက်​ကမ်​း လက်​ပန်​​တောင်​း​တောင်​မှ အစပြု၍ ​ကျေးစင်​​တောင်​ စံပယ်​​တောင်​ အစရှိသည်​့ ​တောင်​ ၃၃ လုံးကိုရှာရာ ​

ကျောက်​စိုင်​​ကျောက်​သားများဖြင်​့ ဖြစ်​တည်​​နေ​သော ပိန်​း​ကောမ​လှေ​မှောက်​ထားသည့်သဏ္႑ာန်​ (ဝိုင်​းဝန်​းသည်​) ေ​​တာင် ကို ​တွေ့ရှိရာ ရှင်ဘုရင်အား​​ေ​လျာက်ထားခဲ့သည်​​​

---------------------------------------------------------

အမည်​သမုတ်​ပုံ
************

ထို​ဒေသ​နေ ​ဒေသခံရွာသားများရဲ့ ဖိုးဖွားစဉ်​ဆက်​ ​ပြောစကားအရ အမည်​ဖြစ်​​ပေါ်လာခြင်​းအ​ကြောင်​း ၄ မျိုး ကွဲပြား​နေ​ပေမယ်​့ ကျွန်​​တော်​က​တော့ ​အောက်​ဆုံးတစ်​ခုကို ပိုပြီး သ​ဘောကျ နှစ်​သက်​မိတယ်​ ပိုပြီးလည်​း ရုပ်​တိရှိလိမ်​့မယ်​လို့ ယူဆမိတယ

် အယူအဆ​ေ​ကာ အဓိပ္ပါယ်​ပါ အခြားအ​ကြောင်​းအရာ​တွေထက်​ ပိုပြီး​လေးနက်​တယ်​လို့ ခံစားမိတာ​ကြောင်​့ပါ

​မှူးမတ်​ဗိုလ်​ပါများဝိုင်​းဝန်​းကူပြီး ရှာ​ဖွေခဲ့ရ​​သော​ေ​ကြာင့်

​ဗိုလ်​ဝိုင်​​​း​တောင်​

​ေ​တာင်​တော်​​ပေါ်တွင်​ ညအခါ၌ ပိုးစုန်​းကြူးများ များပြားစွာထွက်​ရှိလာတတ်​ခြင်​း​ကြောင်​့

 ပိုးဝင်​း​တောင်​

​တောနက်​သည်​့အတွက်​ ဝိဇ္ဇာ ​ဇော်​ဂျီတို့ ​​​နေထိုင်​ရာ ဖိုထိုးရာအရပ်​ဟု ယူဆ၍

 ဖိုဝင်​တောင်​

ဟု​ခေါ်ထိုက်​​ကြောင်​း ​လျှောက်​ထားကြရာ မင်​းတြားက မနှစ်​သက်​ခဲ့​ပေ

ဗန္ဓဝမင်​းသည်​ ဤ​တောင်​​တော်​၌ ဘုရားရှင်​ ဖလသမာပါတ် (ဖိုလ်)​​​​​ ဝင်​စားသည်​့ အိမ်​မက်​မြင်​မက်​​ကြောင်​း ပညာဗလအမတ်​အား​ မေးမြန်​းတိုင်​ပင်​ရာ ဘုရားရှင်​ ဖလသမာပတ်​ဝင်​စားသည်​ကို အစြွဲပု၍ ဖိုလ်​ဝင်​​တောင်​ ​ခေါ်ထိုက်​​ကြောင်​း ​လျှောက်​ထားခဲ့ရာ မင်​းတြား နှစ်​သက်​​တော်​မူ​​သော​​ကြောင့်

ဖိုလ်​ဝင်​​တောင်​

် ဟု ​ခေါ်တွင်​ သမုတ်​ခဲ့သည်​

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

 အလျင်​ဦးစွာ ဖူးတွေ့ရ​သော ​နေရာကို လျင်​မြ​န်​​တောင်​​တော်​ ဟု​​​ခေါ်သည်
​​
​မြေ​နေရာ​ရွေး​ပေးပြီး​နောက်​ ​ခြောက်​ပါး​သော လိုဏ်​ဂူ ခုနှစ်​ဆ​ူ​သော ဘုရားတိ့ုအား အမြန်​တည်​​တော်​မူသည်​
်​

 ခုနှစ်​ဆူ​သောဘုရားတို့၏ ဘွဲ့​တော်​များ
------------------------------------------------

ပထမဆူကို ဆု​ပန်​တိုင်​းပြည်​့၍
ဆုတောင်းပြည်​့​

 ဒုတိယဆူကို ​တောင်​းတိုင်​းပြည်​့၍
တောင်းတိုင်းပြည်​့​

တတိယဆူကို ​တောင်​ရှာစဉ်​က ​တောင်​​တွေ့ရန်​ တ၍
တတိုင်​းပြည်​့

စတုတၳဆူကို မင်​းကြီးစိတ်​၌ ကြည်​ညိုစိတ်​ တင်​းတင်​းပြည်​့ပြည်​့ရှိသည်​့အတွက်​
တင်​းတင်​းပြည်​့​

 ပဉ္စမဆူကို ထင်​တိုင်​းပြည်​့၍
ထင်​ထင်​ပြည်​့

ဆဌမဆူကို မိဖုရား​ရောဂါ​ပျောက်​၍
သက်​​တော်​ရှည်​
 ​
သတ္တမဆူကို မိဖုရားကြီး အသက်​ပြန်​ရ​သော​ကြောင်​့
သက်​​တော်​ရ​

ဟု အမည်​သမုတ်​ခဲ့သည်

_________________________________________________________

ပထမအ​နေကဇာတင်​ပြီး​နောက်​ မိဖုရား​ခေါင်​ကြီးသည်​ ဂူတန်​းရှည်​ကြီး​ဖောက်​ထွင်​း၌ အထဲတွင်​ ​လျောင်​း​တော်​မူဆင်​းတု​​တော်​ကြီးတဆူကိုးကွယ်​ပြီး အိမ်​ပုံတည်​ထားပြီး အဝင်​ အထွက်​တံခါးရွက်​များတွင်​ နတ်​ဗြဟ္မာသိကြားပုံကျွန်​းရပ်​များရှိသည်​

 ညီ​တော်​မင်​းသားက ကွန်​းတိုင်​နှစ်​လုံးခံ ကြီးမား​သောအာရုံခံဇရပ်​တည်​​ဆောက်​ပြီး ကွန်​းဇင်​တိုင်​ဘုရား ​ခေါ်သည်​

 နှမ​တော်​ ကလည်​း ​တောင်​ ၃၀ ခန်​့ရှည်​ ​ကျောက်​လိုဏ်​အတွင်​း ​လျောင်​း​တော်​မူ ဆင်​းတု​တော်​တဆူ တည်​သည်​

 စစ်​ကဲ၊ စစ်​ကြပ်​၊တပ်​မှူး၊ ဗိုလ်​မှူးတို့ကလည်​း ​တောင်​ခပန်​းတွင်​ အသီးသီးလှိုဏ်​ထွင်​းပြီး ဘုရားများတည်​ကြသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိဖုရား​ခေါင်​သည်​ ​နောင်​ပွင်​့​တော်​မူမည်​့ အရိ​​​မေတေ္တယျဘုရားအား ရည်​မှန်​း၍ ​ကျောင်​း​ဆောင်​ လက်​ဝတ်​ရတနာများ လှူဒါန်​းရာ မ​ပျောက်​ပျက်​​စေရန်​ အ​စောင်​့အ​လျှောက်​အဖြစ်​ ​ကျောက်​သား ဆင်​၊ဆိတ်​၊နွားထွင်​း၍ ​လောကီပညာဖြင်​့စီမံခဲ့သည်

​တောင်​​တော်​​ပေါ်က ဘုရား​မြေမှာ မရိုမ​သေမ​လေးမစားပြုလုပ်​သူ​တွေအတွက်​ သတိချပ်​​စေရန်​ ကျားစီးထား​သော ဖိုလ်​ဝင်​​တောင်​တော်​အရှင်​မ ပုံကို မြင်​​တွေ့နိုင်သည်​​​​

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပကြပါသည်

ဖိုလ်​ဝင်​​တောင်​လို့ ဆိုလိုက်​တာနဲ့ ​မျောက်​များ​နေထိုင်​ကျက်​စားရာအဖြစ်​ အားလုံးအသိထဲ ​ပြေးမြင်​မိလိမ်​့မယ်​ထင်​သည်​

 မိသားစုများအ​နေဖြင်​့ က​လေးများကို ​မျောက်​များပြသလိုလျှင်​​တော့ ဘုရားပွဲရက်​အတွင်​းက အဆင်​​ပြေမှာမဟုတ်​ပါဘူး ဘာ​ကြောင်​့လည်​းဆို​တော့ ဘုရားပွဲကာလအတွင်းမှာ မျောက်များဟာ လုံး၀ ပျောက်ကွယ် သွားတတ်ပြီး ဘုရားပွဲပြီးမှသာ ပြန်ပေါ်လာတတ်တာ​ကြောင်​့ဖြစ်​သည်​

​ဒေသခံများအဆိုအရ ဖိုလ်၀င်တောင်ရှင်မ က ဖွက်ထားသည်ဟုဆိုသည်​

​ေ​မျာက်များဟာ လ​ူ​ေ​တွ​စီက ပစ္စည်းများ လုယူတတ်သည့်အကျင့်ရှိတတ်သည့်အတွက် သတိ​​တော့ထား​​စေခြင်သည်​​​​​​​​​

တောင်ပေါ်မှာမျောက်များ ၄ အုပ်စုရှိပြီး အုပ်စုအလိုက်​ သီးခြားစီ နေထိုင်ကြပါသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွှေဘတောင်
=================

ဖိုဝင်​​တောင်​ကို လာကြရင်ဖြင့် အနီးအနားမှာရှိသည်​ ​ရွှေ​​​ဘ​ေ​တာင်ရှိ ဂဝံ​ကျောက်​သားများဖြင်​့ ထွင်​းထုပူ​ဇော်​ထား​သော ​စေတီ ဆင်းတု​​တော်များနှင့် ​​​​ကျောက်ဆစ်လက်ရာများကိုလည်း ဖူး​ေ​မျှာ်​​လေ့လာနိုင်မည်ဖြစ်သည်

 ဆရာကြီး ဦးရွှေဘမှ ထွင်​းထုပူ​ဇော်​သည်​့အတွက်​ ​ရွှေဘ​တောင်​ဟု အမည်​တွင်​ခြင်​းဖြစ်​သည်​

​ရှေးဗမာများရဲ့ ရှင်​​တော်​ဗုဒ္ဓကို မည်​မျှကြည်​ညို သက်​ဝင်​​ကြောင်​းကို ပြသသည်​့ အ​ကောင်​းဆုံးသရုပ်​ဖြစ်​သည်​့အတွက်​ သွား​ရောက်​ ပူ​ဇော်​​လေ့လာ​စေလိုပါသည်​

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်​တိုင်​ သွား​ရောက်​ဖူး​မျှော်​ခဲ့ဖူးခြင်​း မရှိ​သေးသည်​့အတွက်​ အချက်​အလက်​နှင်​့ အ​ကြောင်​းအရာများ မှားယွင်​းမှုရှိပါက သွန်​သင်​ ပြုပြင်​​ပေး​စေလိုပါသည်

*******************************************

သန်​းထွန်​း​လေး (အင်​းတဲရွာ)
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုက်​ငန်​း
Koloneypoe@gmail.comhttps://www.facebook.com/aungnyiko.goldsmith.960495596

Sunday, October 7, 2018

နားစဥ်ခံစားခြင်း


°°°°°°°°°°°°°°°°
တစ်ချိန်က တော်တော်လေးနှစ်နှစ်သက်သက် နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေ နားမထောင်ဖြစ်တာကြာတော့ ပြန်နားစဉ်ဖြစ်တယ်

အဲ့ဒီအချိန် အဲ့ဒီကာလက ဘာကြောင့် နှစ်သက်ခဲ့လည်း ပြန်သတိမရတော့ပေမယ့် အခုအချိန်နားထောင်လိုက်တော့ တွေးစရာတွေ များလာပြန်တယ်

တေးရေးဆရာဟာ ဒီအကြောင်းဒီိသံစဉ်ကို ဒီအဓိပ္ပါယ်အတွက်ပဲ ရေးစပ်ခဲ့တာမျိုးမဟုတ်ဘဲ ပိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ခံစားတွေးခေါ်နိုင်ဖို့ ရည်​ရွယ်​ချက်​မျိုးတွေ ခံစားမိလာတယ်

လူမှုဘဝမှာ ရှင်သန်ရင်း အခက်အခဲ ဒုက္ခဝေဒနာ ဒါဏ်ရာလေးများ ခံစားလိုက်ရမှဖြင့် တွေ့တဲ့သူတိုင်း ရင်ဖွင့်ပြောဆိုရတာအမော နှစ်သိမ့်စကားလေးများ ကြားလိုက်ရမှဖြင့် ဝေဒနာလေးများ ပြောက်ကင်းသွားသလိုလို

တကယ်တော့ ဒါဏ်ရာဖြစ်လာရင် ကုသပေးနိုင်မယ့်သူနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာမှ တကယ့်ကို ပြောက်ကင်းစေနိုင်မှာမဟုတ်လား လူတိုင်းကို ဆရာဝန်လို့ ထင်မှတ်မိနေတာကလည်း ကိုယ့်ဥပဒါဏ်ပဲ ဖြစ်မှာပါ

ဒီခေတ်အခါ social network တွေ ခေတ်စားလာတော့ မဖြစ်စလောက် ဒါဏ်ရာကလေးတွေကအစ status တင်ပြီး ဖောက်ခွဲမိနေကြတယ် ဖောက်ခွဲတယ်ဆိုကတည်း အားလုံးထိခိုက်နစ်နာစေတယ်ဆိုတာ သတိမမူမိဘူးလေ

ကိုယ့်စိတ်တိုင်းကျ နေဖို့ ဘယ်သူ့မှာမှ တာဝန်ရှိတာမှ မဟုတ်တာ သူလည်း သူ့လူမှုဝန်ကျင် သူ့ဘဝနဲ့သူ

ကိုယ်အခက်အခဲကြုံနေချိန် ကူညီဖို့လည်း ဘယ်သူမှာမှ တာဝန်ရှိနေတာမှ မဟုတ်တာ သူလည်း သူ့အခက်အခဲနဲ့သူ

ငါ့မကူညီရကောင်းလား ငါ့နားမလည်ရကောင်းလားဆိုပြီး ငါအစွဲနဲ့ လိုက်လက်ညှိးထိုးဖို့ သင့်လျှော်ပါ့မလားပေါ့

ဒီအချိန်တိုင်း အဆိုတော် မိုးမိုးရဲ့ ဥပေက္ခာဆိုတဲ့ သီချင်းလေးကို ပြန်တွေးနေမိတယ်ဗျ

ကမ္ဘာမြေပြင်ပေါ် ငါရောက်ရှိလာပေမယ့် ကမ္ဘာမြေပြင်ကလည်း ငါ့ကိုဂရုစိုက်ဖို့ မအားဘူးလေ အပြစ်ဆိုနေစရာမှမဟုတ်တာပဲ ဒီကမ္ဘာမြေမှာ

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...