သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, January 27, 2018

စနစ်​တကျ အိပ်​စက်​ခြင်​း


~~~~~~~~~~

လူသားတိုင်​းဟာ ခန္ဓာကိုယ်​ရဲ့ ပင်​ပန်​းမှုကို ​ဖြေ​လျှော့ဖို့အတွက်​ အိပ်​စက်​အနားယူဖို့ လိုအပ်​ပါတယ်​

ကျန်​းမာ​ရေး​နဲ့ ​လျှော်​ညီ​အောင်​ ဘယ်​လိုအိပ်​စက်​ကြမလဲ
စာ​ပေအချို့မှာ ဖတ်​ဖူးကြားနာဖူးတာ​တော့

လူအများစုရဲ့ နှလုံးဟာ ဝဲဖက်​မှာ ရှိတဲ့အတွက်​ အသက်​ရှင်​ကတည်​းက တရစပ်​မရပ်​မနား လုပ်​​ဆောင်​ခဲ့ရတဲ့ ​နောင်​သက်​ဆုံးတိုင်​လည်​း လုပ်​​ဆောင်​ရမှာ ဖြစ်​တဲ့အတွက်​ ခန္ဓာကိုယ်​ရဲ့ အပိုဖိအား မသက်​​ရောက်​​စေဖို့ ညာဖက်​နံ​စောင်​းပြီး အိပ်​သင်​့တယ်​လို့ မှတ်​သားခဲ့ဖူးတယ်​ဗျ

~~~~~~~~~~~~~~~~~~~~~~~

ကျွန်​​နော်​တို့ရဲ့ ​ဂေါတမဗုဒ္ဓ ​နောက်​ဆုံး ပရိနိဗ္ဗာန်​စံဝင်​​တော်​မူကာနီး အချိန်​မှာ အလုပ်​အ​ကျေွးပြုသူ ညီ​တော်​အာနန္ဒာကို မိန်​့​တော်​မူရာမှာ ကုတင်​​ညောင်​​စောင်​းကို ​တောင်​​မြောက်​သွယ်​တန်​းပြီး ထားလိုက်​ပါတဲ့

ထို့​နောက်​ မြတ်​စွာဘုရားက ​မြောက်​ဘက်​ကို ​​ဦး​ခေါင်​းပြုလျှက်​ ​တောင်​အရပ်​ကို​ခြေစန်​့ပြီး အ​နောက်​အရပ်​ကိုမျက်​နှာမူကာ လက်​ယာနံ​ကို ​အောက်​မှာထားပြီး ညာဖက်​​ခြေ​ပေါ် ဘယ်​ဖက်​​ခြေက ထပ်​တင်​ထားတာမျိုးမဟုတ်​ဘဲ ဒူးဆစ်​မှစပြီး ခပ်​လွှဲလွှဲ​လေးတင်​ထားတယ်​ ​ခြေမျက်​စိချင်​းလည်​း မထိပါ ဘာ့​ကြောင်​့လည်​းဆို​တော့ အိပ်​စက်​ချိန်​မှာ ပွတ်​တိုက်​မိတတ်​တဲ့အတွက်​ အမာအမာချင်​းဆိုရင်​ ​ရေရှည်​မှာ နာကျင်​တဲ့​ ​ဝေဒနာ ခံစားရနိုင်​တာ​ကြောင်​့ အဲ့ဒီပုံစံ လျောင်​းစက်​​တော်​မူတယ်​လို့ ပါရှိပါတယ်​

​မြောက်​အရပ်​ကို ဦး​ခေါင်​းပြုပြီး ​လျောင်​းစက်​တယ်​လို့ ထို​နေရာမှာ မှတ်​တမ်​းတင်​ထားတာ​တွေ့ရတယ်​ဗျ အခြား​အရပ်​​တွေကို ဦး​ခေါင်​းပြု ​လျောင်​းစက်​တာ ရှိ​ကောင်​းရှိနိုင်​​ပေမယ်​့ မှတ်​တမ်​းတင်​ထားတာမျိုး​တော့ မကြားမိ​သေးဘူးဗျ

~~~~~~~~~~~~~~~~~~~~~~~~

မြန်​မာနိုင်​ငံမှာ​တော့ မြတ်​စွာဘုရား​ ​လျောင်​းစက်​ပုံကိုကြည်​့ပြီး လင်္ကာ​လေးနဲ့ ချိုးစပ်​ထားတာရှိတယ်​ဗျ

အ​ရှေ့ ..........သာ​လျောင်​း
​တောင်​ .........​ပေါင်​း​လောင်​း
အ​နောက်​ ......​နေရဗာန်​
​မြောက်​ .........ပရိနိဗ္ဗာန်​ တဲ့

~~~~~~~~~~~~~~~~~~~~~~~

အချို့စာ​တွေမှာ​တော့ အိပ်​စက်​ပုံကိုကြည်​့ပြီး ဖြစ်​ခဲ့ရာဘုံဘဝကို ခန်​့မှန်​းကြည်​့တာမျိုးရှိတယ်​ မုချလို့​တော့ မဆိုလိုပါဘူး

၁. ပက်​လက်​အ​နေအထားနဲ့ အိပ်​တတ်​သူဟာ ငရဲ ပြိတ္တာဘုံကလာသူ
အစာ​ရေစာကို အမြဲ​တောင်​းခံ​နေကြတဲ့အတွက်​ ဒီအ​နေအထားဖြစ်​​နေတဲ့သ​ဘော​ပေါ့

၂ . ​မှောက်​ရက်​အ​နေအထားက တိရစၧာန်​ ဘဝကလာသူ
တိရစၧာန်​အ​တော်​များများရဲ့ ပကတိ​နေထိုင်​မှုပုံစံကိုက ​ကောင်​းကင်​​ကျော​ပေးပြီး ​မြေကြီးမျက်​နှာအပ်​ထားတာမဟုတ်​လား

၃. ဝဲဘက်​ ​ဆောင်​းအိပ်​တတ်​သူက ကာမဂုဏ်​စိတ်​ ပြင်​းထန်​သူ
​လောက အိမ်​​ထောင်​ရှင်​​တွေ​တော့ သိကြမှာပါ လင်​စုံမယားဖက်​ အိပ်​စက်​ရာမှာ လင်​​ယောက်​ျားက ညာဖက်​က အိပ်​ရတယ်​ ဘယ်​ဖက်​ကအိပ်​ရင်​ စီးပွားကျတယ်​ ဘာညာ​ပေါ့

၄. ယာဘက်​ ​ဆောင်​းအိပ်​သူက နတ်​ ဗြဟ္မာ သူ​တော်​စင်​
အထက်​ကအချက်​နဲ့ပဲ နှိုင်​းယှဉ်​ကြည်​့ပါ

~~~~~~~~~~~~~~~~~~~~~~~~~

မှားယွင်​းမှုရှိပါက ပြန်​လည်​သင်​ပြ​ပေးဖို့ ​တောင်​းဆိုပါတယ်​

သန်​းထွန်​း​လေး (အင်​းတဲရွာ)
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုပ်​ငန်​း
Koloneypoe@gmail.com

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...