သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, November 23, 2018

ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့


➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳➳ ➳ ➳ ➳ ➳

အားလုံးက အမေနေ့ အဖြစ်ပဲ သိနေကြတော့ မတင်တော့ဘးူလို့ လုပ်နေတာပဲ

ဒါပေမယ့် ဗုဒ္ဓစာပေမှာ ဘယ်လိုသတ်မှတ်တာကို ညီ ညီမငယ်တို့ သိစေလိုတဲ့အတွက် မျှဝေလိုက်ပါတယ်

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဗုဒ္ဓဘုရားရှင်လက်ထက်တော် အခါက

ဥရုဝေလတော၌
ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ

နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ

ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ
တို့သည်

လောကစီးဇိမ်ကို ပယ်စွန့်၍ တောရပ်တည်မှီး၍ လောကမှ ကင်းလွတ်စေသော မြတ်သောအကျင့်ကို ကျင့်သုံးရန် ရည်ရွယ်ချက်ဖြင့် တောထွက်လာပြသော်လည်း မြတ်သောအကျင့်ကို မတွေ့နိုင်ပဲ မမှန်မကန်သော နည်းများဖြင့် တောရပ်တည်မှီး
နေထိုင်သီတင်းသုံးနေကြသည်

မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ တို့ကို တရာဟောကြားတော်မူအပြီး လောကတစ်ခွင့်ရှိ ကျွတ်လွတ်နိုင်သော သတ္တဝါ တို့အား ဉာဏ်တော်ဖြင့် ဖြန့်ကျက်တော်မူရာ ဥရုဝေလတောရှိ ကဿပ ညီနောင်တို့အား တွေ့လေ၏

ထို့ကြောင့် မဟာသက္ကရာဇ် ၁၀၃ ခု ပထမ ဝါဆိုတော်မူအပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ဥရုဝေလတောသို့ ကြွရောက်ခဲ့သည်

လောက ကဝတ်အရ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ လွန်စွာဆိုးသွမ်းသော
နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ပြုခဲ့သည်

နောက်တစ်နေ့၌ နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်၍ သွားရောက်ကြည့်ရှုကြရာ ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏

ထိုအခါမှ မြတ်​စွာဘုရားသည် ကဿပ ညီနောင်နှင့်တကွ တပည့်အပေါင်းတို့အား တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြတ်တရား ဟောကြား၍ မိစာၦဒိဋ္ဌိ အယူဝါဒများကို စွန့်လွှတ်လျှက် ဗုဒ္ဓသာသနာသို့ ဝင်ရောက်ကြလေ၏

ပြာသိုလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသ ကျောက်ဖျာပြင်၌
အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာအား ဟောကြား တော်မူရာ ကဿပညီနောင် နှင့်တကွ နောက်လိုက် ရဟနး် တစ်ထောင်တို့သည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ကြလေ၏

 ထို့ကြောင့် ပြာသိုလပြည့်နေ့ ကို ရှင်တစ်ထောင်နေ့ အဖြစ်သတ်မှတ်ပါသည်

✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com

Monday, November 19, 2018

ဗိုလ်ချုပ်အောင်ဆန်း သို့မဟုတ်စနေသား နေတက်ရေတက်ဖွား တစ်ယောက်အကြောင်း


┣▇▇▇┣▇▇▇┣▇▇▇┣▇▇▇┣▇▇┣▇▇▇┣▇▇┣▇▇▇┣▇▇▇

လူသားတစ်ယောက်အတွက် အခြေခံ ကိုယ်ကျင့်တရားတွေကို မြတ်​ဗုဒ္ဓဟောကြားခဲ့ပါတယ် သီလ နဲ့ ပညာ ပါ

ထူးခြားတယ်ဆိုရမလား ဗုဒ္ဓသာသနာ ပွင့်လန်းရာ မြန်မာပြည်ရဲ့ အလယ်ပိုင်းဒေသ မြို့တစ်ခုမှာ ဒီနှစ်ပါးနဲ့ ပြည့်စုံတဲ့ ကလေးတစ်ယောက်

ကောဇာသက္ကရာဇ် ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လေးနာရီ မထိုးခင်လေးမှာ မောင်ထိန်လင်း ဆိုတဲ့ ကလေးငယ်တစ်ယောက်မွေးဖွားခဲ့ပါတယ်

မြန်မာတို့ရဲ့ ရှေးအယူအဆအရ စနေသား နေတက်ရေတက်မှာ မွေးတဲ့ တော်မယ့် ထက်မယ့် ထူးမယ့် ကလေး ဆိုပါတော့

အနောက်တိုင်း အယူအဆအရ ဆိုရင်တော့ ၁၃ ဂဏန်းသမားတစ်ယောက်ပေါ့ သူတို့အယူအဆအရ ကံမကောင်းခြင်းနံပါတ်ပေါ့

လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စောင့်ထိန်းနိုင်တဲ့ ကိုယ်ကျင့်တရားနဲ့ အမှန်အမှားကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ကိုယ်ပိုင်အသိကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ပေါ့

အဘ ဦးဖာ အမိ ဒေါ်စု တို့မှ မွေးဖွားတဲ့ ၉ ယောက်မြောက် သားအထွေးဆုံးပေါ့

လူပုံက မှုန်တေတေ အများနဲ့ ရောယောင်နေရခြင်းထက် တစ်ယောက်တည်းသာ နေတတ်သူ စိတ်ကူးဉာဉ် ကွန့်မြူးသူ အတီးအမှုတ်နဲ့ အတွေးအရေး ခံစားမှု အနုပညာ ဖက်မှာ စိတ်ဝင်စားသူ တစ်ယောက်ပေါ့

ခွတီးခွကျနိုင်းတဲ့ ပုံစံနဲ့ ချစ်ခွင့်ပန်ခဲ့သူတဲ့လေ
နုလုံးသားကို လှပအောင် ဘာသာမပြန်တတ်တာတော့ မဟုတ်တန်ရာ
စစ်မှန်တဲ့ ချစ်ခြင်းအတွက် လင်္ကာချောယုံသက်သက် မုသားမသုံးတာ ဖြစ်မှာပါ

သားသမီးတို့အတွက် စံပြ ဖခင်တစ်ယောက် ဖြစ်ပေမယ့် အလုံးစုံ တာဝန်ကျေတဲ့ ဖခင်တစ်ယောက်အဖြစ်တော့ မခံယူခဲ့ရဘူး

နှောင်းနောက် ဘဝါဘဝတွေမှာ မနာလိုခြင်းကင်းရာမှာသာ ပဋိသနေ္ဓတည်ပါစေတော့.........

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်ရေးအကျဉ်း
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 မကွေးတိုင်း၊ နတ်မောက်မြို့

အဘ ဦးဖာ
အမိ ဒေါ်စု

မွေးချင်း အစ်ကိုအစ်မများ
မခင်ညွန့်
မဝက်
မောင်ဘဝင်း
မရွှေမှန်
မောင်နေအောင်
မောင်အောင်သန်း
ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)

အမည် - ဦးအောင်ဆန်း
ငယ်အမည် - မောင်ထိန်လင်း

မွေးဖွားသည့်နေ့ ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက် ၄ နာရီ မထိုးခင် . ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝ ါရီလ ၁၃ ရက်

ဇနီး ဒေါ်ခင်ကြည်
၆-၉-၁၉၄၂ တွင် လက်ထပ်ခဲ့သည်

သား အောင်ဆန်းဦး အောင်ဆန်းလင်း
သမီး အောင်ဆန်းစုကြည်

သေဆုံးရက် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ်

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com

မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ (သို့) အဖေနေ့ တပေါင်းလပြည့်နေ့


 ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

အထူးစကားချပ်
ယနေ့ခေတ် ဗုဒ္ဓဘာသာ၏ နေလပမာ ဖြစ်တော်မူသော 

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ
၏ မွေးနေ့ဖြစ်ပါတယ်
 
 ဦးမောင်ညို အမိ ​ဒေါ်သန်းတင် တို့မှ
 ၁၂၉၈ တပါင်းလပြည်​့​​နေ့ ၂၃. ၂.၁၉၃၇

ပါ​မောက္ခချုပ်​ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ 
၏ မွေးနေ့လည်း ဖြစ်ပါတယ် 

အဖ ဦးစံလှ - အမိ ​ဒေါ်ခင်​
၁၃၀၁ ခုနှစ် တပေါင်းလပြည့်​နေ့ ၂၂.၃.၁၉၄၀
 
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

မြတ်​ဗုဒ္ဓ ဘုရားဖြစ်တော်မူတယ်ဆိုတဲ့ သတင်းကို ခမည်းတော် သုဒေ္ဓါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၉ ဦးတို့ကို နောက်ပါအခြံအရံ တစ်ထောင်စီဖြင့် ၉ ကြိမ်ခွဲကာ မြတ်ဗုဒ္ဓ ကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်သော်လည်း ထိုသူတို့သည် မြတ်တရားကို နာကြားပြီး ရဟန္တာများအဖြစ်ရရှိကြပြီး မြတ်​ဗုဒ္ဓကို ရာဇဂြိုဟ်သို့ ကြွရန် မည်သူမှ မလျှောက်ဖြစ်ကြ

ဒါကိုကြားရတော့ ၁၀ ကြိမ်မြောက်အဖြစ် ဖွားဖက်တော် ကာဠုဒါယီ အမတ်ကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည် စေလွှတ်ရာမှာ အမိန့်ပါတခါတည်းချမှတ်လိုက်သည်
သားတော် မြတ်​ဗုဒ္ဓ နေပြည်တော်သို့ ကြွရောက်မလာမခြင်း သင့်တာဝန် မပြီးဆုံးသေးပေါ့

ဒီအခါမှာ ကာဠုဒါယီ အမတ်ကလည်း ပြန်လည်တောင်းဆုပြုခဲ့တယ် မြတ်​ဗုဒ္ဓသာသနာမှာ ရှင်ရဟန်းပြုခွင့်ပေးဖို့ပါ

ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် ကတိကဝတ်ပြုပြီး ကာဠုဒါယီအမတ်နှင့် နောက်ပါ အခြံအရံ ၁ထောင်တို့ ရှင်တော်မြတ်ဗုဒ္ဓကို ပင့်လျှောက်ရန် သွားရောက်ကြတယ်

မြတ်​ဗုဒ္ဓဆီသို့ရောက်သော် တရားတော်မြတ်ကို နာကြားရသဖြင့် ကာဠုဒါယီ အမတ်နှင့်တကွ နောက်ပါ အခြံအရံ ၁ ထောင် တို့သည်လည်း ရဟန္တာများ ဖြစ်ကြသည်

ကာဠုဒါယီအမတ်က တပည့်တော်မှာ ဤကဲ့သို့သော အမိန့်တာဝန် တပည့်တော်မှာ ကျန်ရှိပါနေသေးတယ်ဆိုပြီး ဂါထာ ၆၄ခု ဖြင့် မြတ်​ဗုဒ္ဓ နေပြည်တော်သို့ ပြန်ကြွရန် လျှောက်ထားခဲ့သည်


 ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်​ဗုဒ္ဓ သည် ရဟန္တာပေါင်း ၂သောင်း 
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀ ေ၀းကွာသော ကပ္ပိလ၀တ်ပြည်တော်သို့ တနေ့လျှင် 
၁ ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ မျှ ဒေသစာရီ ကြွချီတော်မူပါသည်။

ထို့ကြောင့် တပေါင်းလပြည့်နေ့ကို .....

မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ 

ဟု ခေါ်ဝေါ်ခြင်းဖြစ်ပါသည်


ထိုနေ့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော အကျိုးများ
[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[[

မြတ်​ဗုဒ္ဓသည် မဟာဓမ္မပါလ ဇာတ်တော်ကြီ်ကို ဟောကြားတော်မူရာ ခမည်းတော် သုဒေ္ဓါဒနမင်းကြီးမှာ အနာဂါမ် တည်လေသည် ထို့ကြောင့် ဖခင်ကို ကျေးဇူးဆပ်တရား ဟောကြားရန် ကြွချီလာသောနေကို အဖေနေ့အဖြစ် မသတ်မှတ်ထိုက်ပေဘူးလား

မိထွေးတော်ဂေါတမီ သည်လည်း သောတာပါန်တည်ပါသည်

ကြင်ယာတော် ယသော်ဓရာ ကို အကြောင်းပြုပြီးလည်း စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခဲ့ပါတယ်

သားတော် ရာဟုလာကိုလည်း ဓမ္မအမွေဆက်ခံစေခဲ့တာ ဒီနေ့က အစပြုတာပေါ့

ဆွေးမြေ့စရာ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ရဲ့ အစတည်ရာကလည်း ဒီနေ့ဗျ အားလုံးသိကြမှာပါ ညီတော်မင်းနန် နဲ့ ဇနပဒကလျာဏီ တို့ရဲ့ ဇာတ်လမ်းကလေးကို
မြတ်​ဗုဒ္ဓဟာ ညီတော်ရဲ့ မင်္ဂလာပွဲမှာ ကြွရောက်လာပြီး ညီတော်ကို ကျောင်းတော်အထိ သပိတ်ထမ်းခေါ်ပြီး ရဟန်းဖြစ်စေခဲ့တာလေးပါ

ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့

ကုလပ္ပသာဒ ဧတဒဂ်

ဘွဲတံဆိပ်တော်ကို ချီးမြှောက်ခဲ့သည်

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••  
ကိုး FB

မှားယွင်းမှုရှိပါက ကျွန်တော့့်တာဝန်သာပါ
ပြန်လည် လမ်းညွှန်သင်ပြပေးဖို့ တောင်းဆိုပါတယ်

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com 

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ♡✏ ✏ 

 ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ
•••••••••••••••••••••••••••••••••••••••••••••••••••
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ်ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။

မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည် 
အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။
ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း 
ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။
မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ 
မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား။
ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည် 
မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်

••••••••••••••••••••••••••••••••••••••••••••••••••••••••

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ 
သတ္တဝါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ 
ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ 
လူနတ်ဆရာ၊ ရတနာဟု၊ မဟာ၀ီရ၊ လုံ့လအခေါင်၊ 
ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ 
သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊
တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ 
ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ 
အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒေ္ဓါ်၊ 
တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ 
သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ 
ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ 
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ 
မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ 
တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ 
ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ 
တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ 
သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ 
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ 
ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ 
တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။


•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••  
ကိုး FB

မှားယွင်းမှုရှိပါက ကျွန်တော့့်တာဝန်သာပါ
ပြန်လည် လမ်းညွှန်သင်ပြပေးဖို့ တောင်းဆိုပါတယ်

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com 

စာအက္ခရာအကြောင်း



📝

မြန်မာ့ ဗျဉ်းအက္ခရာ ၃၃ လုံးမှာ အထီး အမ ခွဲခြားထားတာလေးရှိတယ်ဗျ

ဗျည်းအက္ခရာတွေကို သူငယ်တန်းဖတ်စာအုပ်မှာ ရေးထားတဲ့အတိုင်း စီရေးကြည့်ပါ

>>>>>>>>>>>>>>>

ကကြီးအောက်က အထီး
ခကွေးအောက်က အမ
ဂငယ်အောက်က အထီး
ဃကြီးအောက်က အမ
င အောက်က အထီး

<<<<<<<<<<<<<<<

ဒီတော့ ဘာထူးခြားလည်းဆိုတော့ 

စာမှာ စာလုံးဆင့်တွေ တွေ့ဖူးမှာပါ ဒီလို ဆင့်ရာမှာ 

စာထီး အချင်းချင်းဆင့်တယ် 
စာမ အချင်​းချင်​း မဆင့်ပါဘူး

စာထီးအောက်က စာမ ဆင့်ပေမယ့် 
စာမအောက်မှာ စာထီး မဆင့်ပါဘူး

📝📝📝📝📝📝📝📝📝📝📝📝📝

ဥပမာအားဖြင့် စာထီးအချင်းချင်း ဆင့်မှုများ

ကုက္ကိုပင်​ အဂ္ဂ သပ္ပါယ် စသည်ဖြင့်ပေါ့ 

စာထီးဖြစ်တဲ့ က္က ဂ္ဂ စ္စ ဇ္ဇ စသည်ဖြင့် အဆင့်တွေ တွေ့နိုင်ပေမယ့် 

ခ္ခ ဆၦ ထၳ ဓ္ဓ အဲ့ဒီလို စာမအချင်းချင်း ဆင့်မှုတွေကိုတော့ တွေ့နိုင်မှာ မဟုတ်ပါဘူး

စာထီးအောက်မှ စာမ ဆင့်မှုနှင့် စာမအောက်မှာ စာထီးမရှိမှု

က္ခ တွေ့နိုင်ပေမယ့် ခ္က မတွေ့နိုင်ပါဘူး
စၧ ။ ဆ္စ ။ 
တၳ ။ ထ္တ ။
ဒ္ဓ ။ ဓ္ဒ ။

📃📃📃📃📃📃📃📃📃📃📃📃📃📃

ဘယ်မှာ ဖတ်ခဲ့ဖူးလည်း အသေအချာ မမှတ်မိဘူးဗျ ရမ်းသမ်းပြီး ဒီလူ့စီက ဒီစာအုပ်စီက ကိုးပါတယ်ဆိုရင် မှားခဲ့သည်ရှိသော် ထိုပုဂ္ဂိုလ်ရဲ့ ဂုဏ်​သိက္ခာအား အားနာ၍ ကိုးကားသူကို မရေးတော့ပါဘူး

မှားတာရှိလျှင် ထောက်ပြကြပါအုံးဗျာ

📑📑📑📑📑📑📑📑📑📑📑📑📑📑📑

သန်းထွန်းလေး အင်းတဲရွာ 

နတ်


•••••
နတ်ဆိုတာ ပါဠိဘာသာ နာထကနေ ဆင့်ပွားမွေးယူခဲ့တယ်လို့ ဆိုတယ်ဗျ

နာထ = အားကိုးရာလို့ ဆိုတယ်

ဒါဆိုရင် လူ့ဘောင်လူ့လောကမှာပဲ နေထိုင်ပြီး နာထ ခေါ်ထိုက်သူတွေ အစုနဲ့အဝေး ဒုနဲ့ဒေးပေါ့ 

ငယ်စဉ်ကကြားခဲ့ဖူးတယ် အိမ်ထောင်းဦးစီးဖခင်တွေကို အိမ်ဦးနတ်ဆိုပြီး ကျွန်တော်တို့ဒေသမှာ ခေါ်ဝေါ်သုံးစွဲကြတယ် တင်စားခေါ်ဝေါ်သမုတ်တယ်လို့ပဲ မှတ်ယူခဲ့တာဗျ မိသားတစ်စုလုံးရဲ့ အားကိုးရာဖြစ်တဲ့အတွက် တကယ်နာထဂုဏ်ထိုက်လို့ ခေါ်မှန်းမသိရိုးအမှန်ပါ

ထို့အတူပေါ့ လျှပ်စစ်မီး တီထွင်သူတွေ ဆေးဝါးတီထွင်သူတွေ အများအကျိုးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူတွေဟာ လောကသားတို့အတွက် တနည်းအားဖြင့် အားကိုးထိုက်သူတွေမဟုတ်လား

သက်ရှိလူသားပင်ဖြစ်လင့်ကစား နာထ ခေါ်ထိုက်သူတွေလို့ ဆိုချင်တာပါ

ထို့အတူပဲ ကျွန်တော်တို့ နာထ ခေါ်ပြီး ကိုးကွယ်နေတဲ့ အရာတွေကကော တကယ်နာထဂုဏ်နဲ့ ထိုက်ရဲ့လား စဉ်းစားစရာပါ

••••••••••••••••••••••••••••••••••

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com 

ဗမာတို့ရဲ့ ရက်​မြတ်​မင်္ဂလာ


""""""""""""""""""""""""""""
ပထမဆုံးအ​နေနဲ ဗမာ့ရက်​မြတ်​မင်္ဂလာကို တွက်​ချက်​နိုင်​ဖို့အတွက်​ ဗမာ့အက္ခရာဗျဉ်​း ၃၃ လုံးကို ​နေ့နံအလိုက်​မှတ်​သားထားဖို့ လိုပါတယ်​

တနင်္လာ . က- ခ- ဂ- ဃ- င
အင်္ဂါ စ- ဆ- ဇ- ဈ- ည
ဗုဒ္ဓဟူး . ယ- ရ- လ- ၀ ( ဠ )
ကြာသာပ​တေး ပ - ဖ- ဗ- ဘ- မ
​သောကြာ . သ- ဟ
စ​နေ တ- ထ- ဒ- ဓ- န ( ဋ- ဌ- ဍ- ဎ- ဏ )
တနင်္ဂ​နွေ . အ ( ဥ - သြ )


() အတွင်​းက အက္ခရာများက​တော့ သံတူစကားလုံးများဖြစ်​တဲ့အတွက်​ ထို​နေ့နံမှာပဲ အကျုံး၀င်​ပါတယ်​

( ရာဟုရဲ့ အက္ခရာက​တော့ ရ သာဖြစ်​ပြီး ဗုဒ္ဓဟူး​နေ့ရဲ့ မွန်​းလွဲချိန်​မှ ​နောက်​တစ်​ရက်​ မစတင်​မီအချိန်​ထိပါ )

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဝါရမိတ္တူရက်​
~~~~~~~~~~
 ဝါရမိတ္တူရက်ဆိုတာ မကောင်းပါ ပြဿဒါးထက်တောင်ဆိုးတဲ့ ရက်ယုတ် ရက်ညံ့ဖြစ်​ပါတယ်​
နေ့နဲ့ရက်ပေါင်းလို့ ၁၃ ဂဏန်​းကျတဲ့​နေ့​တွေကို ​ခေါ်ပါတယ်​

 မြန်မာလတိုင်းမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ ရှိစမြဲပဲ
 ဥပမာ တနင်္ဂ​နွေနေ့ ဝါရမိတ္တူကျတယ်ဆိုပါတော့
တနင်္ဂ​နွေက ၁၊ ဒီတော့ ၁၃ ဖြစ်ဖို့ ၁၂ လိုတဲ့အတွက် အဲဒီဝါရမိတ္တူရက်သည် လဆန်း၁၂ရက်သော်လည်းကောင်း လဆုတ်၁၂ရက်သော်လည်းကောင်း ဖြစ်ရမယ်​

မိတ်​ဖက်​
~~~~~~~
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း

ရန်​ဖက်​
~~~~~
 ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ

ဆံပင်​ညှပ်​
~~~~~~~
 မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်

​ရေချိုး
•••••••
 ငါ့သားရွှေတောင် ရေကိုရှောင်
 အောင်စံဖြိုးရေချိုး
 ဒါ လူနာများအတွက်ပြောတာ

 ခေါင်းလျှော်ရက််
~~~~~~~~~~~~~
အိုးစည်တီး ပြီးအောင်လျှော်

 အရောင်းအ၀ယ်
~~~~~~~~~~~~
လွမ်းပုံသာ ၀ယ်ပါဘိ
အောင်ကျော်စံနှောင်း မပယ်ကောင်း

အလုပ်​အကိုင်​အတွက်​ အချိန်​အခါ
~~~~~~~~~~~~~~~~~~~~~~~~
အောင်သာနေမွန်းတည့်
ငါ့ရှင်သုံးချက်တီး
ဆွေပြည်တက်တုန်းခါ
နံလာနေထွက်၀င်

အောင်သာ တနင်္ဂနွေနဲ့ သောကြာနေ့မှာ မွန်းတည့်ချိန်
ငါ့ရှင် ​တနင်္လာ နံရာဟုမှာ သုံးချက်တီးအချိန်တဲ့
ဆွေပြည် အင်္ဂါနဲ့ ကြာသပတေးနေ့မှာ မနက်ပိုင်းနေတက်နေတုန်းအချိန်​
နံလာ စနေနဲ့ ဗုဒ္ဓဟူးကတော့ နေထွက်ချိန်နဲ့ နေ၀င်ချိန်​မှာ
မိမိရဲ့အလုပ်အကိုင် အကြံအစည်များကို အစပြုသင်​့ပါတယ်​

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ရက်​ရာဇာ
_________
တန်ခူး- သာလှ
ထွန်းပ- ကဆုန်
နယုန်- ညွန့်စ
အောင်လှ- ဝါဆို
သာလို- ဝါခေါင်
မြကောင်- တော်သလင်း
သီတင်းကျွတ်- ဆီ
သောရီ- တန်ဆောင်မုန်း
သာလုံး- နတ်တော်
မိနော်- ပြာသို
မိညို- တပို့တွဲ
ထဲ၀င်- တပေါင်း
ဆောင်တိုင်းကောင်းသည် ရက်ကောင်းရာဇာ့ရာဇာတည်း။

တန်​ခူး သာလှ
သ ဆိုတဲ့အက္ခရာက ​သောကြာနံ
လ ဆိုတဲ့အက္ခရာက ဗုဒ္ဓဟူးနံ
ဖြစ်​သည်​့အတွက်​ တန်​ခူးလမှာ ​သောကြာ​နေ့ နဲ့ ဗုဒ္ဓဟူး​နေ့​တွေဟာ ရက်​ရာဇာဖြစ်​ပါတယ်​

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ပြဿဒါး
~~~~~~
ပြဿဒါး တွက်​ဖို့အတွက်​ အရင်​ဆုံး လ​တွေကို စီဖို့လိုပါတယ်​

တမာ သက်​ရင်​း အင်​ကြင်​း ဆူးရစ်​
__________________________________________________
တန်ခူး ကဆုန်​ နယုန်​ ဝါဆို
ဝါခေါင် တော်သလင်း သီတင်းကျွတ်​ တန်ဆောင်မုန်း
နတ်တော်​ ပြာသ ို တပို့တွဲ တပေါင်း

အထက်​ပါအတိုင်​း လ​တွေကို ဇယားချလိုက်​ရင်​
တမာရဲ့ ​အောက်​မှာရှိတဲ့
တန်းခူး ၊ ဝါခေါင်၊ နတ်တော် လ​တွေမှာ
တ စ​နေ
မ ကြာသာပ​တေး ရက်​​တွေဟာ ပြဿဒါး​နေ့​တွေပါ

•••••••••••••••••••••••••••••••••••••••••••••••••••••••

နဂါးလှည်​့
~~~~~~~
နဂါးခေါင်းက ၃ လ တစ်ခါပြောင်းပါတယ်​

ပေါင်း၊ ကူး၊ ဆုန် နောက်
န၊ ဝါ၊ ဝါ မြောက်
တော်၊ ကျွတ်၊ မုန်း ရှေ့
နတ်၊ ပြာ၊ တွဲ တောင်

••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဲ့ ဂြိုဟ်သက်
~~~~~~~~~
တနင်္ဂ​နွေ၊ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ၆ နှစ်မျှ။
တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့မှာ။
အင်္ဂါခြငေ်္သ့၊ ရှေ့တောင်တွေ့၊ မရွေ့ ၈ နှစ်မျှ။
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် ၁၇ နှစ်။
ကြာသပတေးကြွက် ၁၉ သက်၊ နေလျက် မဥိ္ဇမ။
သောကြာမှာပူး မြောက်စူးစူး အထူးနှစ်ဆယ်။
စ​နေနဂါး ​နောက်​​တောင်​သွား စွန်းကယ်တစ်နှစ်မျှ၊ (၂၁ နှစ်)။
ရာဟု ဟိုင်းဆို နောက်မြောက်ကို နေလို ဒွါဒဿ (၂၁ နှစ်)။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ကိုး + ဆရာ​သော်​တာ​ဆွေ

သန်​းထွန်​း​လေး အင်​းတဲရွာ
​အောင်​ညီကို ​ရွှေထည်​စက်​ဖြတ်​လုပ်​ငန်​း
Koloneypoe@gmail.com

အနိစ္စ သိပ္ပံ​မောင်​ဝ



ခွေးတို့၏ လောကကြီးတွင် တစ်နှစ်တစ်ကြိမ် အချစ်နာလန် ထသည်မှာ ဓမ္မတာပင် ဖြစ်၏။ တော်သလင်းလ ကျမှဖြင့် ခွေးအပေါင်းတို့ကို ရာဂ နတ်မင်းကြီးသည် ဖမ်းစားလေတော့ သတည်း။

အာမိတ်၊ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ သိကြားမင်း၏ သားသမီး မဟုတ်ကြ သောကြောင့် သူတို့လည်း ရာဂ နတ်မင်းကြီး၏ ဖမ်းစားခြင်းကို ခံကြရ ရှာလေသည်။ ရာဂ နတ်မင်းကြီး၏ လက်ဦးဆုံး ဖမ်းစားခြင်း ခံရသူကား လွေဇောနှင့် ခွေးနက်ကြီး ဖြစ်ကြလေသည်။ လွေဇောနှင့် ခွေးနက်ကြီးတို့မှာ နဂိုကပင် တစ်ကောင်နှင့် တစ်ကောင် ရင်းနှီးရသည့် အထဲတွင် ရာဂ နတ်မင်းကြီးက ဖမ်းစားလိုက် ပြန်သောအခါ အထူးပင် မူးမူးရူးရူး ဖြစ်၍ သွားကြကုန်၏။ လွေဇောနှင့် ကြာသမား ခွေးနက်ကြီးတို့မှာ သွားလည်းတူတူ နေမူမကွာ လွန်စွာမှပင် ပျော်ပါးနေကြ ကုန်၏။ စားရမှန်းလည်း မသိ၊ သောက်ရမှန်းလည်း မသိ။ တစ်ကောင်ကို တစ်ကောင် ပလူးနေရ၊ နှူးနေရလျှင် ကျေနပ်ကြလေပြီ။ လွေဇောကလည်း အမူပါ။ ကြာသမား ခွေးနက်ကြီးကလည်း အနှူးကောင်း။ သူတို့နှစ်ကောင်မှာ မိုးမမြင် လေမမြင် အပျော်ကြီး ပျော်နေကြကုန်၏။

လွေဇောနှင့် ခွေးနက်ကြီးတို့၏ အဖြစ်အပျက်ကို မြင်ရလျှင် အာမိတ်မှာ မနာလို ဖြစ်မိပေ၏။ မနာလိုဖြစ်ရာမှ ရန်ထောင်လိုသော စိတ် ပေါ်ပေါက်လာ၏။ လွေဇောနှင့် ခွေးနက်ကြီးတို ့ တစ်ကောင်နှင့် တစ်ကောင် ကျီစယ် နေကြသည်ကို အာမိတ် မမြင်လိုတော့ပြီ။ မကြည့် နိုင်တော့ပြီ။ အာမိတ်ကို ရာဂ နတ်မင်းကြီး ဝင်၍ ပူးလေပြီ။ အာမိတ် ခါတိုင်းကဲ့သို ့ မနေနိုင်ရှာ။ လွေဇော၏ အနားသို ့ ရစ်သီရစ်သီနှင့် သွားတော့၏။ ခွေးနက်ကြီးက မာန်လေသည်။ အာမိတ် အဘယ်မှာလျှင် ခံနိုင်တော့အံ့နည်း။ ရာဂ နတ်မင်းကြီး ဖမ်းရုံမျှမက ဒိန်းဒလိန်းနတ်လည်း ဝင်ပူးလာလေပြီ။

မောင်လူအေးတို ့ဤနေအိမ်သို ့ရောက်စက အာမိတ်နှင့် လွေဇောတို့မှာ ငယ်ကြသေး၏။ အပျိုဘော် လူပျိုဘော် ဝင်ခါစ ရှိကြသေးသည်။ ခွေးနက်ကြီးကား အသက် အတော် ကြီးနေလေပြီ။ ယခင်နှစ်ကမူကား အသက်ကလည်း ကြီး၊ အိမ်ခံကလည်း ဖြစ်ပြန်သောကြောင့် အာမိတ်ကို နိုင်ချင်သလို နိုင်ခဲ့လေသည်။ အာမိတ်ခမျာ ခွေးနက်ကြီးကို အတော်ပင် ကြောက်ခဲ့ရရှာ၏။ ခွေးနက်ကြီး ထားရာမှာ နေခဲ့ရရှာ၏။ ယခင်နှစ်က ခွေးနက်ကြီးနှင့် လွေဇောတို ့ ချစ်ကြိုက်ကြရာမှာပင် သူ အကူအညီ ပေးခဲ့ရသည်။

ယခုကား ဤသို ့မဟုတ်တော့ပြီ။ အာမိတ်မှာ အသက်လည်း ကြီးလာလေပြီ။ အရွယ်ကလည်း ခွေးနက်ကြီးထက်ပင် ထွားကျိုင်းသေး၏။ ဘူး၊ ချီး၊ ဒိုင်း စသော သားသမီးများကိုလည်း အုပ်ထိန်း လာခဲ့ရသောကြောင့် သတ္တိလည်း ကောင်း၍ လာလေပြီ။ ရှေးက ခွေးနက်ကြီးအား ရွံ့တွန့်တွန့် ဖြစ်ခဲ့သော်လည်း ရာဂနတ်ကြီးနှင့် ဒိန်းဒလိန်းနတ်တို့က ကူညီအားပေး သောကြောင့် ခွေးနက်ကြီးနှင့် အားပြိုင်လိုသော စိတ်ထားမှာ အာမိတ်တွင် ပေါ်လာ၏။

တစ်ခုသော ညနေတွင် ကြာသမား ခွေးနက်ကြီးနှင့် လွေဇောတို ့ ကျီစယ် ကစားနေခိုက် အာမိတ်ကြီးသည် လွေဇော၏ အနားသို ့ ပြေး၍ သွား၏။ ကြာသမား ခွေးနက်ကြီးက မာန်၍ လွှတ်လေသည်။ ရှေးအခါ ဖြစ်မူကား အာမိတ် လှည့်၍ ပြေးမည်မှာ မုချပင်။ ယခုမူ ပြန်၍ မပြေးဘဲ “ဟေ့ မယားခိုး၊ မယားထိတော့ သွားကို ကြည့်ကွ” ဆိုသော အနေနှင့် မိမိ်သွားများကို ဖြဲပြလေတော့၏။ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် အံ့အားသင့် သွားပြီးနောက် “ဘာပြောတယ်၊ ဒါ ငါ့မယားကွ။ မင်းနဲ့ မဆိုင်ပါဘူး” ဆိုသော အနေနှင့် မိမိ၏ သွားများကို ဖြဲ၍ ပြလိုက်ပြန်လေ၏။ လွေဇောကား ခွေးနက်ကြီး၏ အနားမှ မခွာ “ဒါမှ ငါ့သခင်” ဆိုသော အနေမျိုးနှင့် နေပေ၏။ အာမိတ် ကြောက်သွားပြီလော။ စိတ်ပျက်သွားပြီလော။ အဘယ်မှာ ကြောက်ပါအံ့နည်း။ အဘယ်မှာ စိတ်ပျက်ပါအံ့နည်း။

“ဟေ့ လွေဇောဟာ ငါ့မယား မဟုတ်လို ့ဘယ်သူ ့မယားလဲ။ ငါ့ မိဘများက လူကြီးစုံရာရှေ့မှာ ပေးစားထားတာ။ တိုင်းသိပြည်သိ မှတ်ပါ။ သတင်းစာထဲမှာ ဓာတ်ပုံ မပါတာ တမယ် ရှိတယ်” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။ ဟိန်းလည်း ဟိန်း၏။ ဟောင်လည်း ဟောင်၏။

“မင်းဘာမှ စကားမများနဲ့။ မင်းမိဘတွေက ပေးစားတာ မပေးစားတာ ငါ နားမလည်ဘူး။ ငါ့ကို လွေဇော ချစ်တယ်။ ငါက လွေဇောကို ချစ်တယ်။ မယုံယင် လွေဇော မေးကြည့်” ဆိုသော အနေနှင့် သွားများကို ဖြဲပြပြီးလျှင် လွေဇောကို လှည့်၍ ကြည့်၏။ လွေဇောကလည်း ထောက်ခံသော အနေနှင့် ခွေးနက်ကြီး၏ အနားသို့ ကပ်၍ သွားလေသည်။ အာမိတ် အတော်ပင် မျက်နှာပျက်သွား၏။ ဒေါသလည်း ထွက်လေသည်။ သို့သော် နောက်မဆုတ်။

“ဘယ်သူချစ်ချစ်၊ ငါမသိဘူး၊ လူကြီးစုံရာ ရှေ့မှာ ပေးစားထားတဲ့ ငါ့မယား၊ ငါသာ ပိုင်တယ်။ မင်း မပိုင်ဘူး” ဆိုသော အနေနှင့် သွားများကို ဖြဲ၍ ပြပြန်၏။

အာမိတ်၏ ဥပဒေ စကားကို ပြောသောအခါ ကြာသမား ခွေးနက်ကြီးမှာ အတော်ပင် နေရခက်သွား၏။ လွေဇောလည်း မျက်နှာပျက်သွား လေသည်။ နောက်ဆုံး၌ အကြံတစ်ခု ရလာပြီးလျှင် “ဟေ့ ဘာဘဲဖြစ်ဖြစ်၊ နောင်ခါလာ နောင်ဈေး၊ အခု မင်း ငါ့မယားကို ထိဝံ့ရင် ထိစမ်း” ဟုဆိုကာ ဟိန်းလိုက်၏။

“ကိုင်း ထိသကွာ” ဆိုသော အနေနှင့် လွေဇော၏ အနားသို ့ပြေးသွား၏။ လွေဇောလည်း ခွေးနက်ကြီး၏ နောက်ဘက်သို ့ ဝင်လိုက်လေသည်။ ခွေးနက်ကြီးလည်း ဒေါသအမျက် ချောင်းချောင်းထွက်ပြီးလျှင် အာမိတ်ကို ဆီး၍ ကိုက်တော့၏။ အာမိတ်ကလည်း မခံ၊ ပြန်၍ ကိုက်လေသည်။ ခွေးနက်ကြီးနှင့် အာမိတ်တို့မှာ သူတပြန်၊ ငါတပြန် ကိုက်နေကြလေသည်။ ကုက္ကိုပင်ကြီး အောက်တွင် ဆူညံ၍သာ နေတော့၏။

မောင်လူအေးသည် ဒင်းတို ့ ၂ ကောင်ကို အတန်ကြာအောင် အကိုက်ခိုင် းလေသည်။ သို့သော် မည်သူမျှ မရှုံး၊ မည်သူမျှ မနိုင်ချေ။ နောက်ဆုံး မော်တော်ကားသမား မောင်နီနှင့် ရေထမ်းသမား မဟာရံတို့အား အဖြန်ခိုင်းလိုက် လေသည်။ အာမိတ် မျက်နှာ စုတ်သွား၏။ ခွေးနက်ကြီး၏ တင်ပါးနှင့် ကိုယ်တို့မှာ အကြီးအကျယ် ပြဲသွားလေသည်။ သို့သော် အခဲမကျေသေး။ မောင်နီတို့ကို ကြောက်၍သာ တကွဲတပြား ထွက်ပြေးကြလေသည်။

နောက်တစ်နေ့နံနက် ကာဖီ သောက်ပြီးနောက် မောင်လူအေးသည် အိမ်ပေါ်ထပ် စာရေးစားပွဲတွင် အမှုတွဲများနှင့် ရှုပ်ပွေနေခိုက် အိမ်ရှေ့ မြက်ခင်း ပေါ်တွင် အာမိတ်နှင့် ခွေးနက်ကြီးတို့၏ စစ်ပွဲကို မြင်ရပြန်၏။ အမှုတွဲများကို ခဏချထားပြီးနောက် အာမိတ်တို့ စစ်ပွဲကို စိတ်ပါ၊ လက်ပါ၊ မောင်လူအေး ကြည့်နေလေ သတည်း။

လက်ဦးတွင် ခွေးနက်ကြီးက နိုင်မယောင်ယောင် နေ၏။ အတော်လေးြ ကာလျှင် ခွေးနက်ကြီး မောစပြု လေပြီ။ မနေ့ ညနေက အာမိတ် ကိုက်ထားသောကြောင့် တင်ပါးနှင့် ကိုယ်တို့မှ အနာများကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ အာမိတ်မှာ အသက်ငယ်ပြီး အားကောင်းသော တက်ခွေး ဖြစ်၏။ ခွေးနက်ကြီးကား အသက်ကြီးပြီး ခွန်အား ဆုတ်နေသော ကျခွေး ဖြစ်လေသည်။ ရေရှည်တိုက်ပွဲတွင် တက်ခွေး အာမိတ်အား ကျခွေး ခွေးနက်ကြီးသည ် အဘယ်မှာလျှင် နိုင်အောင် ကိုက်ရန် တတ်နိုင်ပါအံ့နည်း။ ယောက်ျား ပီသသော အာမိတ်အား မိန်းမလို မိန်းမရ ကြာသမား ခွေးနက်ကြီးသည် အဘယ်မှာ နှိမ်နင်းနိုင်အံ့နည်း။

ကိုက်ပွဲကြီးကို စ၍ ၁၅ မိနစ်အတွင်း ခွေးနက်ကြီး ထွက်ပြေး လေတော့၏။ အာမိတ်လည်း အခဲမကျေ။ နောက်မှ ပြေးလိုက်သေး၏။ သို့သော် သေပြေး၊ ရှင်ပြေး ဝင်းအပြင်ဘက်သို့ ထွက်၍ ပြေးတော့မှ လွေဇော ရှိရာ မြက်ခင်းသို ့ အာမိတ် ပြန်၍ လာသတည်း။ လွေဇော၏ စိတ်ထဲတွင် အာမိတ်သည် ခွေးနက်ကြီးကို မည်သည့် အခါမျှ နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ခွေးနက်ကြီးနှင့် တွေ့စမှ ယနေ့တိုင် ခွေးနက်ကြီး အပေါ်တွင် လွေဇောသည် အစစ အရာရာ၌ အထင်ကြီးခဲ့ပေ၏။ ယနေ့နံနက် ကိုက်ပွဲကျမှ အာမိတ်က ခွေးနက်ကြီးထက်ပင် သတ္တိကောင်းကြောင်း၊ ဇွဲကောင်းကြောင်း၊ ခွန်အားကောင်းကြောင်း သိရလေသည်။

အာမိတ် မိမိ၏ အနားသို ့ ရောက်လာသောအခါ လွေဇောသည် အာမိတ်၏ အနားသို ့ ပြေးသွားပြီးလျှင် အာမိတ်၏ မျက်နှာကို လျှာဖြင့် လျက်လေတော့၏။ အာမိတ်အား ချစ်ခင်သော အမူအရာများကို ပြ၏။ အာမိတ်ကို အားကိုးသော အမူအရာ၊ မြတ်နိုးသော အမူအရာ၊ အထင်ကြီးသော အမူအရာ တို့ကိုလည်း ပြလေသည်။ လွေဇော၏ အပြုအမူများကို မြင်ရသော အာမိတ်၏ မျက်နှာထားကို စာဖြင့် ရေးပြရန် ခက်လှပေ၏။ “ခွေးနက်ကြီး လောက်တော့ ငါ ဘာမှုမလဲ” ဆိုသော မျက်နှာထားနှင့် ခပ်တည်တည် ဂိုက်ကျကျ လွေဇော၏ အနားတွင် ရပ်ကာ နေလေသည်။

အထက်ဖော်ပြပါ ကိုက်ပွဲကြီး ပြီးသည့်နောက် အာမိတ်နှင့် လွေဇောတို့၏ အနားသို ့ ခွေးနက်ကြီး လာဘို့ဝေးစွ မောင်လူအေး၏ ဝင်းအတွင်းသို့ပင် မဝင်ဝံ့တော့ပြီ။ ခွေးနက်ကြီး ရိပ်ခနဲ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အာမိတ် လိုက်လေတော့၏။ ခွေးနက်ကြီးမှာ သေပြေး၊ ရှင်ပြေး၊ ပြေးရရှာလေသည်။ လွေဇောကလည်း အာမိတ်၏ အနားမှ မခွါတော့ပြီ။ အာမိတ်နှင့် လွေဇောတို့မှာ ချစ်၍မဆုံး ကြိုက်၍မဆုံး ပျော်၍မဆုံး တပြုံးပြုံးနှင့် နေကြကုန်၏။ ဤအခြင်းအရာကို အဝေးမှာနေ၍ မြင်ရသော ခွေးနက်ကြီးကား မည်မျှ အခံရဆိုး၊ မည်မျှ အသည်းနာမည်နည်း။

မနှစ်တုန်းက ခင်သန်းမြင့်၏ ရန်ကြောင့် လွေဇောနှင့် ခပ်ကြာကြာကလေး ကြင်ကြင်နာနာ မပေါင်းလိုက်ရ။ ယခုနှစ် ကျပြန်လည်း အာမိတ်တည်း ဟူသော ရန်သူတက်ခွေးနှင့် တွေ့နေရ ပြန်သောကြောင့် နီးလျှက်နှင့် ဝေးရပြန်လေသည်။ ခွေးနက်ကြီးသည် မိမိ၏ အဖြစ်အပျက်ကို တွေးတွေးပြီး ဆွေးနေဟန် တူလေသည်။

တစ်ခါတစ်ခါ မလွေဇော ခင်နှမနှင့် မကြင်ရသော်လည်း မြင်ရလျှင် တော်ပါပြီ ဟူသော အနေနှင့် အာမိတ် မမြင်နိုင်သော ချုံအကွယ်မှ လာ၍ ချောင်းရှာပေ၏။ အာမိတ်နှင့် လွေဇောတို ့ ကျီစယ် နေကြသည်ကို မြင်လိုက်ရ ပြန်သောအခါ အသည်းထဲတွင် ကျွဲဝင်၍ ခတ်လိုက်ဘိ သကဲ့သို ့ဖြစ်ပြီးလျှင် မိမိ၏ နေရာတွင် မတည်မရပ် နိုင်ရှာဘဲ ထွက်သွားပြန်၏။ ခွေးနက်ကြီးမှာ မယားတရူး ဖြစ်ပြီးလျှင် မောင်လူအေးတို့၏ ဝင်းအပြင်ဘက်တွင် ရပ်တည်ခြင်း မရှိ။ တပြေးတည်း ပြေးနေလေတော့၏။ စားလည်း မစားနိုင်၊ အိပ်လည်း မအိပ်နိုင်၊ သောက်လည်း မသောက်နိုင်။ တမှိုင်မှိုင် တတွေတွေ ဖြစ်လျှက်နေလေသတည်း။

ညအချိန်များတွင် စိတ်ညစ်လှသဖြင့် အသံကုန် ဟစ်၍ အူရှာပေ၏။ ခွေးနက်ကြီး၏ အူသံ ကြားရသည်နှင့် တစ်ပြိုင်နက် အာမိတ် ဝင်းအတွင်းမှ ပြေးထွက်၍ လိုက်ပြန်၏။ ခွေးနက်ကြီးမှာ စိတ်ရှိလက်ရှိပင် မအူရရှာပေ။ အာမိတ်ကြီး အနီးသို ့ ရောက်လာသောကြောင့် အူ၍ မဆုံးမီ ပြေးရရှာပြန်၏။

ဤသို ့ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်င်၊ တမှိုင်မှိုင် ပြေးနေရှာသော ခွေးနက်ကြီးမှာ တစ်နေ့တခြား ပိန်ခြုံး၍သာ လာလေသည်။ စိတ်ထောင်း၍ ကိုယ်ကြေဆိုသော စကားမှာ မှန်လာလေပြီ။ အာမိတ် ကိုက်၍ ရထားသော ဒဏ်ရာကလည်း ဒုက္ခပေးစ ပြုကြလေပြီ။ တစ်နေ့တခြား လျော့၍ မသွားဘဲ တစ်စတစ်စသာလျှင် တိုး၍ လာတော့၏။ လွေဇောအတွက် စိတ်ညစ်ရသည်က တစ်မျိုး၊ အာမိတ် ကိုက်ထားသော အနာများ တိုးလာသည်က တစ်တန်နှင့် အင်မတန်မှ ဒုက္ခရောက်နေ ရှာပေ၏။

ယင်ကောင်များ၏ ပယောဂကြောင့် ခွေးနက်ကြီး၏ အနာများကို ပိုးများ တွယ်စ ပြုလေ၏။ ခွေးနက်ကြီး မနေတတ် မထိုင်တတ် ဖြစ်နေရှာလေပြီ။ မည်သို့မျှလည်း မလုပ်တတ်။ တပြေးတည်း ပြေးနေရှာ၏။ ခွေးနက်ကြီး၏ ဒုက္ခကို မြင်ရသော မောင်လူအေးမှာ မသနားဘဲ မနေနိုင်။ သူ၏ အနာများကို ဆေးထည့်ပေးအံ့ဟု ခေါ်သော်လည်း အနားသို့ မလာ။ မောင်နီတို့အား ဖမ်းခိ်ုင်းသော်လည်း မရ။

ခွေးနက်ကြီး၏ ရောဂါမှာ အတော်ပင် ဆိုးလာသောကြောင့် ၄င်းရောဂါနှင့်ပင် ခွေးနက်ကြီး သေတော့မည်ဟု အယူရှိကြ လေသည်။ သူတို့၏ အိမ်ရှေ့တွင် လာသေမည် စိုးသောကြောင့် မောင်စိန်တို့လူစု ခွေးနက်ကြီးကို မြင်လျှင် အဝေးသို ့ နှင်ပစ်လေ့ ရှိကြကုန်၏။ လွေဇောကို မမြင်ရလျှင် မနေနိုင်။ သေပင် သေရစေကာမူ လွေဇော၏ မျက်မှောက်တွင် သေအံ့ ဟူသော အနေဖြင့် သူတကာ အိပ်ပျော်နေသော ညည့်နက်သန်းခေါင် အချိန်တွင် မိမိနှင့် လွေဇောတို ့ ယခင်က ပျော်ပျော်ပါးပါး မြူးတူးကစားလေ့ ရှိသော ကုက္ကိုပင်ကြီး အောက်တွင် လာ၍ သေရှာပေ၏။

နောက်တစ်နေ ့ နံနက်စောစော မောင်စိန်တို ့ အိပ်ရာမှ ထကြသောအခါ ခွေးနက်ကြီး၏ အလောင်းကို ကုက္ကိုပင်အောက်တွင် မြင်ကြရကုန်၏။ ဤနည်းအားဖြင့် ကြာသမား ခွေးနက်ကြီးသည် သေပွဲသို့ ဝင်ရရှာလေသတည်း။

ချစ်ခြင်းသည် သတ္တဝါတို့အား တစ်ခါတစ်ခါ ကြီးစွာသော ဒုက္ခကို ပေးတတ်ပါတကား။
-------------
သိပ္ပံမောင်ဝ
ဂနၴလောက၊ မေ၊ ၁၉၃၈။


ဘီလူး

➳ ➳

ငယ်ငယ်က သင်ခဲ့ဖူးတဲ့ မဟော်သဓာ ဇာတ်တော်ကြီးထဲက သားလုခန်းကို ခုပြန်ဖတ်ကြည့်မိတော့ အသိအတွေးတစ်မျိုးဖြစ်သွားတယ် ဘီလူးရဲ့လက္ခဏာတွေထဲမှာ ဖနောင့်တိုခြင်းပြတ်ခြင်းဆိုတာလေးကိုပါ မြတ်စွာဘုရားရဲ့ ကြင်အန်လက္ခဏာတော်တွေ ထဲမှာလည်း သတိတရရှိခဲ့ဖူးတယ် ဖဝါးတော်ရဲ့ သုံးပုံနှစ်ပုံမှာ ခြေသလုံး တော်စိုက်တယ်လို့ပြထားတယ် ပြီးတော့ ဖဝါးတော်ဟာ ညီတယ် မြေပြင်မှာနင်းရင် အကြားအလပ်မရှိ ခြေဖဝါး တော်တစ်ပြင်လုံးပေါ်တယ် အကြမ်းအားဖြင့်တော့ သူတော်ကောင်းတွေမှာ ဖဝါးပြင်ညီတယ် ဖနောင့်ရှည်တယ်လို့ ယူဆလို့ရပါတယ်
   ကျွန့်တော့်ကိုယ်ကျွန်တော် ပြန်စမ်းစစ်ကြည့်မိတယ် ဖဝါးလား လားလားအလယ်ကသိသိသာသာခွက်နေတယ် ဖနောင့်ကြည့်လိုက်ပြန်တော့ လက်တစ်လုံးသာသာပဲထွက်တယ် ဘီလူး ဘီလူး
တစ်ချို့ခက်ဆစ်တွေမှာတော့ သတိထားမိတယ်
ဘီလူးရဲ့အဓိပ္ပါယ်က ရုပ်ဆိုးသော ဖနောင့်တိုသော အရိပ်မထွက်သော ယုတ်နိမ့်သော စိတ်ဓာတ်ရှိသော အသားအရေ နီမြန်းသော မဲညစ်သော ဆိုးယုတ်သောစကားဆိုတတ်သော တဲ့
  ကျွန်တော်တို့ ၂၁ရာစု လူသားတွေမှာ ဘီလူးလက္ခဏာ အတော်ဝင်လာပြီလို့လဲ ခံစားရတယ်

★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

သန်းထွန်းလေး အင်းတဲရွာ

ကျောင်းသင်ရိုး ကဗျာ ဂီတသံစဉ်များ

ကျွန်တော့်ရဲ့ ညီအစ်ကို ဆရာ ဆရာမများနှင့်တကွ အားလုံးသော မိဘ များအတွက်ပါ

#ကျောင်းသင်ရိုးကဗျာများအတွက်တေးဂီတသံများ -

အားလုံးယူရန်
https://my.pcloud.com/publink/show?code=kZmmsXZPlu5ac1tMbzCaixvEdisuRWvtqxV

တစ်ပုဒ်ချင်းယူရန်-
ခွန်းထောက်-တောင်ခါးပန်းရယ်နှင့်
https://my.pcloud.com/publink/show?code=XZDhsXZKv0gyAxhYNmSBmSixBjAhLRjOFVV

ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း) ဆို-မူမူခင်
https://my.pcloud.com/publink/show?code=XZnhsXZXY7TkHQIrAHjub2kK8VVuyKK9fJ7

ချူံညိုစွန်းက အလွမ်းပြေ-(အိုင်ချင်း-ကောက်ငန်း)အတီးမပါ
https://my.pcloud.com/publink/show?code=XZMhsXZK519w2GE7kR0LE3kg719c74IKBH7

စပယ်တဲ့လေးရုံ
https://my.pcloud.com/publink/show?code=XZxhsXZ8xgOqEJwhWbUuCzVMbuO3XlHhy2y

စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) ပုလွေ၊ကြေးမောင်း
https://my.pcloud.com/publink/show?code=XZwhsXZ3GkSC8oG46BiQMDcCqNS0XAI5dF7

စိမ်းလဲ့ရယ်တဲ့ညိုမှောင် (ဆို-မေလှမြိုင်) အတီးမပါ
https://my.pcloud.com/publink/show?code=XZKhsXZPAidy5s075Y4CcC83fWb078EEYuy

ပန်းစပယ် ဒွေးချိုး
https://my.pcloud.com/publink/show?code=XZ7SsXZL5nX3OG4FouatqSq0wEtuY9SkqOX

မင်္ဂလာဗျောညွန့် - မာမာအေး(ဗောဓိရွှေကျောင်း သီချင်းမှ)
https://my.pcloud.com/publink/show?code=XZEfsXZkcGqDfp6HWXNwLfsL6Bx1pclupz7

မင်္ဂလာဗျောညွှန့် - စိန်ဗေဒါ
https://my.pcloud.com/publink/show?code=XZkBsXZLspiIw6QVh4IoQLGdzjiqByoB4lk

မင်္ဂလာဗျောညွှန့် - တွံတေးသိန်းတန်
https://my.pcloud.com/publink/show?code=XZQBsXZ6pvXyQoyLiLx0loMgkBk0zDruKhV

မဲဇာတောင်ခြေရတု (ဦးဖိုးစိန်၏ ယခုခေတ်အဆိုမူ)
https://my.pcloud.com/publink/show?code=XZYBsXZXNq9swNY2g0HcaWdD0zKsJTasB6X

မဲဇာတောင်ခြေရတု (ရှေးနန်းတွင်းသုံးအဆိုမူ)
https://my.pcloud.com/publink/show?code=XZt1sXZvApYhrpvnIHzVnlXUAke9uV5cAd7

မဲဇာတောင်ခြေအစချီ ရတုပိုဒ်ဒ်စုံ - ရွှေပြည်ဦးဘတင်(မဆုံး)
https://my.pcloud.com/publink/show?code=XZv1sXZrEn6kUB68GJxAHRV7C2Opmh9Wodk

ယဉ်မရိုင်း -ဒဟတ်ပန်း(ပန်းဘွဲ့ လေးချိုး-ဦးကြော့) ဆို-ဦးသိန်းကြွယ်
https://my.pcloud.com/publink/show?code=XZzesXZs8evYTFILKyHfeA8KVolspFIOE9V

မြသားငယ်တဲ့ရေယမုံ (ဆို-တင်တင်ထွေး) မယ်ဒိုလင်
https://my.pcloud.com/publink/show?code=XZ1esXZB2PbcLea1bJbLKWrQaRpH5r8EuCX

မြသားငယ်တဲ့ရေယမုံ (ဆို-ဒေါ်အောင်သိန်းတင်) ပုလွေ
https://my.pcloud.com/publink/show?code=XZtesXZyJEuIYO1rWQ0kOxQxRRGFmSniyFX

ရိုးတလျှောက်ဖြိုးမောက်ပါတဲ့လယ်ဗဒူ (ခွန်းထောက်-ဦးကြီး)
https://my.pcloud.com/publink/show?code=XZxnsXZj6qp7KvpLYu5DKlYE4cqd85FWjjX

လက်ဆုံတွေချပါလို့-ဆန်ဖွပ်မောင်းထောင်းတေးများ
https://my.pcloud.com/publink/show?code=XZwnsXZ9fhgl0aCs5pdlmpkTX2Ki0dAqilk

သံဆန်း-လေးချိုး(ခလောက်ကလေးရယ်၊ လှည်းယာဉ်)
https://my.pcloud.com/publink/show?code=XZKnsXZUS5q8CXJJ7R5y6FyG8KBHL1qGB0k

သဇင်ပန်းဖွဲ့(ဦးတိုး၏ရာမရကန် မှ) - ရွှေပြည်ဦးဘတင်
https://my.pcloud.com/publink/show?code=XZlnsXZj88PMwXt4Y8NwKlDww9EJJGxfIWV

သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-ဂီတဟန်)
https://my.pcloud.com/publink/show?code=XZtnsXZqobJiIHkUJfLHapPHIKdgLW1ursX

သဇင်ပန်းဘွဲ့ရကန်(ဦးကြွေ၏ ဆိုမူ-စာပေဟန်)
https://my.pcloud.com/publink/show?code=XZ6nsXZSbPra6Ag1lSIYsBrg4EbEjsW4jj7

ပေါရိသလမ်း - ရွှေမန်းကျော်အောင်
https://my.pcloud.com/publink/show?code=XZEnsXZ0FaH4B3W4khCTH6m4BaeGYC2rTVk

လေပြေငယ်သုတ်ပါလို့(လွမ်းချင်း-ဦးကြော့) ဆို-ကိုမြသောင်းအဖွဲ့
https://my.pcloud.com/publink/show?code=XZOnsXZqcRXmG06vsp7z0GyREIow4yQ6sLk

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့(လယ်သူမဂုဏ်ချင်း)
https://my.pcloud.com/publink/show?code=XZUnsXZkCvR04jj67mqleAIWAey4LIBExwy

ကြက်ဖတညင်-တယောဦးဘိုးငို
https://my.pcloud.com/publink/show?code=XZInsXZ1enC3hh9sNQLRehLM8dgfpkASu9k

ဖေ့ဘုတ် ရက်၆၀ မစောင့် ပဲ နာမည်ချိန်းနည်း

https://www.dropbox.com/s/aj3qc8y8rg264et/60.pdf?dl=0

ချစ်စမ်းမောင် ❝ ခြောက်ကြိုးကဝေ ရဲ့ ကောက်ကြောင်း ❞


🎸 🎸 🎸 🎸

မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တေးဂီတဝိုင်း တစ်ဝိုင်းဖြစ်သည့် Iron Cross တီးဝိုင်း၏ Lead ဂစ်တာသမားတစ်ဦးအဖြစ် နှစ်ပေါင်းများ စွာ အောင်မြင်မှု ရရှိထားသူ၊ လူမှုရေးလုပ်ငန်းများလည်း လုပ်ဆောင် သွားဦးမည့်သူမှာ ချစ်စမ်းမောင်ဖြစ်သည်။

သူ့ကို ဧရာဝတီတိုင်းဒေ5သကြီး ဟင်္သာတမြို့နယ်၊ နွယ်ခွေ ကျေးရွာတွင် သင်းအုပ်ဆရာဖခင်နှင့် သာမန်အိမ်ရှင်မတစ်ဦး ဖြစ်သော မိခင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ ငါးဦးရှိပြီး သူကအငယ်ဆုံးသား ဖြစ်သည်။

ဘဝတွင် ဂစ်တာသမားတစ်ဦးအဖြစ် အောင်မြင်မှု ရရှိနေခြင်းမှာ ဘုရားပေးသော ပါရမီကြောင့်ဟု ယူဆကြောင်း သူကဆိုသည်။

✪ လေးနှစ်သားတွင် ဂစ်တာစတီး ✪

ခရစ်ယာန် ဘာသာဝင် အသိုင်းအဝိုင်းတွင် မွေးဖွားခဲ့ခြင်းကြောင့် ဂီတနှင့် မစိမ်းသလို၊ အစ်ကိုဖြစ်သူများ ကလည်း အိမ်တွင် ဂစ်တာများ တီးခတ်နေခြင်းကြောင့် ငယ်စဉ်ကတည်းက ဂစ်တာနှင့် သူထိတွေ့ခဲ့ရပြီး လေးနှစ် သားအရွယ်ကပင် ဂစ်တာစတင် တီးခတ်ခဲ့သည်ဟု သူကဆိုသည်။

သူ့ကိုဂစ်တာ တီးခတ်တတ်အောင် စတင် သင်ကြားပေးခဲ့သူများမှာ သူ့အစ်ကိုနှစ်ဦးဖြစ်ပြီး အစ်ကိုများ ဂစ်တာတီးပြီး ချထားပါက သူကောက်ကိုင်ပြီး လျှောက်တီးလေ့ရှိသည်။

သူငယ်တန်း ကျောင်းသားအရွယ် မိဘဆရာ ကန်တော့ပွဲတွင် သူနှင့်ရွယ်တူ ကလေးများနှင့် ဂစ်တာ တီး၍ သီဆိုဖျော်ဖြေခဲ့ဖူးသလို တတိယတန်း ကျောင်းသားအရွယ်တွင်လည်း သူဂစ်တာတီးတတ် သည်ကိုသိသော သူတို့ရွာတွင် ဒုံမင်းတီး ဦးအောင်သန်းနှင့်အတူ မင်္ဂလာဆောင်နှင့် အလှူပွဲများကို သူလိုက်လံ တီးခတ်ခဲ့ဖူးသည်။

ထိုစဉ်က တစ်ညကို ၁၀ ကျပ်ရသည်ဟု သူကပြောပြသည်။ ပဉ္စမတန်း ကျောင်းသားအရွယ်တွင်လည်း သီချင်းဆိုချင်သော သူငယ်ချင်းများကြောင့် နယ်မြို့များတွင် သူလိုက်လံ ဖျော်ဖြေခဲ့ဖူးသည်။

✪ ဆရာကောင်းနှင့် တွေ့ခဲ့တယ် ✪

သူဂစ်တာတီး ဝါသနာပါသည်ကို သိသည့် ရန်ကုန်မြို့ရှိ ဆည်မြောင်းဦးစီးဌာနတွင် အလုပ်ဝင်နေ သော အစ်မဖြစ်သူက ဆယ်ရက်ကြာ ဂစ်တာသင်တန်းတစ်ခုကို တက်ရောက်ရန်အတွက် သူ့ကိုရန်ကုန်မြို့သို့ ခေါ်ခဲ့သည်။

ရန်ကုန်မြို့ရှိ MYC ဘုရားကျောင်းတွင် တက်ရောက်ရသည့် ဆယ်ရက်ကြာ ဂစ်တာသင်တန်း၌ သူ့ဘဝ၏ လက်ဦးဆရာဖြစ်သည့် ဂစ်တာပညာရှင် စောဘွဲ့မှူးနှင့် သူတွေ့ကြုံခဲ့ရသည်။

စောဘွဲ့မှူးနှင့် တွေ့ဆုံပြီးနောက် တွင် ဂစ်တာပညာကို ပိုမိုရူးသွပ်လာခဲ့သည်ဟု သူကပြောပြသည်။

ဂစ်တာသင်တန်းကို ဆယ်ရက်ကြာ တက်ရောက်ပြီးနောက်တွင် နယ်သို့ သူတစ်ခေါက်ပြန်ခဲ့ရသည်။ နယ်သို့ ပြန်ရောက်သော အခါတွင်လည်း စားလို့မဝင်၊ အိပ်လို့မပျော်ဘဲ ဂစ်တာပညာကိုသာ တစ်ချိန်လုံး လေ့လာဆည်းပူးချင်နေသော သူ့ကို ကြည့်ပြီး

စိတ်မကောင်း ဖြစ်နေသော မိဘများက ရန်ကုန်ရှိ အစ်မထံသို့ ပြန်လည် စေလွှတ်ပြီး သူလိုအပ်သမျှကို တတ်နိုင်သမျှ ပံ့ပိုးပေးမည်ဟု ပြောကြားသည့်အတွက် ရန်ကုန်သို့ သူပြန်လာခဲ့သည်။

ရန်ကုန်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသော အခါတွင် စောဘွဲ့မှူးနှင့် သူပိုမိုရင်းနှီးခင်မင် လာခဲ့သည်။

ထိုစဉ်က စောဘွဲ့မှူးမှာ ဆေးဖြတ်ခါစ ဖြစ်သည့်အတွက် ဂစ်တာသိပ်မတီး နိုင်သော်လည်း သူ့ကို အမြဲလိုလို အားပေးလေ့ရှိသလို သူကလည်း တလေးတစား ဆက်ဆံပြီး ဝေယျာဝစ္စများ လုပ်ပေးခဲ့သည်ဟု သူကဆိုသည်။

စောဘွဲ့မှူး ဆေးဖြတ်ပြီးနောက်အပြင် Recording များတွင် ဂစ်တာ သွားရောက်တီးသောအခါ သူ့ကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး အခွင့်အရေးရလျှင် ရသလို သူ့ကိုလည်း ပေးတီးခဲ့သည်။

ထိုစဉ်က အများဆုံး တီးပေးခဲ့ရသည်မှာ ဂီတလုလင် ဦးကိုကို၏ ရုပ်ရှင်ဇာတ်ကားများဖြစ်ပြီး ထိုသို့တီးခတ်မှုက အတွေ့အကြုံများစွာ ရစေခဲ့ကြောင်း သူကပြောပြသည်။

“ကိုယ်သူ့ကို ကျေးဇူးတင်ရမှာတစ်ခုက တေးသံရှင် စိုးလွင်လွင်ရဲ့ မာနမျက်နှာစီးရီး တစ်ခွေလုံးကို သူ Solo တီးထားတာကို ဖျက်ပြီး ကျွန်တော့်ကို အသစ်ပြန်တီးခိုင်းတယ်။

ဒီစီးရီးက ကျွန်တော့် ပထမဆုံး ဂစ်တာသမား ဘဝအစမှာ တီးခဲ့ရတဲ့ စီးရီးပါ။ အဲဒီခေတ်တုန်းက စတူဒီယိုမှာ Day Duty တစ်ခုလုံးယူပြီး သီချင်းသွင်းမယ်ဆို လေး၊ ငါးခြောက်ပုဒ်လောက် သွင်းလို့ရတဲ့ခေတ်မှာ ကျွန်တော်က ဂစ်တာ Solo သက်သက်ကို တစ်နေ့လုံး အချိန်ယူပြီး တီးတယ်။

ကျွန်တော့်ကို ဖြစ်စေချင်တော့ အားလုံးကလည်း အားပေးတယ်။ Day Duty တစ်ခုလုံးကို ကျွန်တော်တစ်ယောက်တည်း တီးတာဆိုတော့ ကုန်ကျစရိတ် အများကြီး ရှိပေမယ့် ဒီနေ့မပြီးလည်း ပြဿနာ မရှိဘူးဆိုပြီး ဆရာစောဘွဲ့မှူးက အားပေးခဲ့တယ်။

ဆရာနဲ့ကျွန်တော်က နောက်ပိုင်း သားအဖလို ဖြစ်သွားတယ်။ သူကလည်း အိမ်မပြန်တော့ဘူး။ ဘုရားကျောင်းမှာပဲ နေတယ်။

ကျွန်တော်ကလည်း ကျောင်းဆင်းတာနဲ့ ကျောင်းစိမ်းနဲ့လာပြီး ဂစ်တာလာတီးတယ်” ဟု စောဘွဲ့မှူးနဲ့ ပတ်သက်သည့် အမှတ်တရ အဖြစ်အပျက်ကို သူက ပြောပြသည်။

✤ Iron Cross ✤

စောဘွဲ့မှူးနှင့်အတူ အပြင် Recording များတွင် သူလိုက်လံ တီးခတ်ခဲ့သလို နောက်ပိုင်းတွင် စောဘွဲ့မှူးကိုယ်တိုင် တည်ထောင်ခဲ့သော Symphony တီးဝိုင်းအပြင် New Waves နှင့် Success တီးဝိုင်းများတွင် သူတီးခတ်ခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် Symphony တီးဝိုင်းကို ဖျက်သိမ်းခဲ့ပြီးနောက်တွင် စောဘွဲ့မှူးက သူအပါအဝင် New Waves တီးဝိုင်းမှ ကိုခရမ်းနှင့် ကိုခင်မောင်သန့်၊ မိုးသောက်ပန်း တီးဝိုင်းမှ ကိုဗညားနိုင်တို့ကို စုစည်း၍ Iron Cross တီးဝိုင်းကို စတင်တည်ထောင်ခဲ့ သည်။

Iron Cross တီးဝိုင်းမှာ စတင်တည်ထောင်ပြီး သော်လည်း နာမည်သာရှိပြီး သူမှလွဲ၍ တီးဝိုင်းရှိ အခြားသူများမှာ အပြင် Recording များတွင် လိုက်လံ တီးခတ်သောကြောင့် တီးဝိုင်းတွင် သူတစ်ယောက်တည်းလိုလို ကျန်နေခဲ့သည်။

ထို့ကြောင့် တီးဝိုင်း ရပ်တည်ရှင်သန်ရန်အတွက် Iron Cross တီးဝိုင်း၏ မန်နေဂျာဖြစ်သူ ဒေါက်တာကိုကိုလွင်က အဖွဲ့သားများကို အစည်းအဝေးတစ်ခု ခေါ်ယူ၍ တိုင်ပင်ခဲ့ သည်။

အများသဘောတူညီချက်ဖြင့် Iron Cross တီးဝိုင်းကို အလုပ်အပ်နှံမှု မရှိပါက အပြင် Recording များကို လိုက်မတီးဘဲ ဒီအတိုင်းသာနေရန် ဆုံးဖြတ်ခဲ့သည်။

Iron Cross တီးဝိုင်းကို စတင်တည်ထောင်စ ကာလများတွင် လူအများက တီးဝိုင်းကို စောဘွဲ့မှူးတီးဝိုင်း ဟုသာ လူသိများခဲ့သည်။ ၁၉၉၂ ခုနှစ်တွင်နယ်မှ ရန်ကုန်သို့ စီးရီးသွင်းရန် ဆင်းလာသော တေးသံ ရှင် လေးဖြူနှင့် Iron Cross တီးဝိုင်းတို့ ပူးပေါင်းမိပြီး နောက်ပိုင်းတွင် တီးဝိုင်းမှာ ပိုမိုအောင်မြင်ခဲ့သည်။

ထို့ပြင် Iron Cross တီးဝိုင်းအောင်မြင်မှု အတွက် ကျေးဇူးတင်ရမည့်သူမှာ ထိုစဉ်က သရုပ်ဆောင် အဖြစ်သာမက တေးသံရှင်အဖြစ်ပါ အောင်မြင်မှု ရနေသော စိုးသူဖြစ်ပြီး သူသီဆိုသော စင်မြင့်ဖျော်ဖြေပွဲ တိုင်းတွင် Iron Cross တီးဝိုင်းကို လက်တွဲခေါ်ယူခဲ့သည်ဟု သူကပြောပြသည်။

ယခုအခါ Iron Cross တီးဝိုင်းမှာ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး တီးဝိုင်းဖြစ်နေသလို သူ့ကိုလည်း အတော်ဆုံး ဂစ်တာပညာရှင် တစ်ယောက်အဖြစ် အသိအမှတ်ပြု ခံနေရပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အနေအထားမျိုး ရောက်ရှိရန် အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်ဟု သူကပြောပြသည်။

“ဘဝစတာကတော့ သုညကစတာပဲ။ ငယ်ငယ်က သီချင်းနားထောင် ချင်ရင်တော့ ကက်ဆက် မရှိတော့ လက်ဖက်ရည်ဆိုင်တွေမှာ နားထောင်ရတယ်။ လက်ဖက်ရည်ဆိုင် ထိုင်ရတာလည်း သိပ်ဝါသနာ မပါဘူး။

သီချင်းနားထောင်ချင်လို့သာ သွားတာ။ နောက်ပိုင်း ဂစ်တာတီးကျင့်ဖို့ အတွက် ကက်ဆက် အစုတ်ကလေး တစ်ခုကို ဝယ်ပြီးနားထောင်ရတယ်။ တော်တော့်ကို မပြည့်မစုံနဲ့ ဖြတ်သန်း လာခဲ့ရတယ်” ဟု သူက ပြောပြသည်။

✤ ကိုယ်တိုင် ဆက်လေ့လာတယ် ✤

Iron Cross တီးဝိုင်းဖွဲ့ပြီး နောက်ပိုင်းတွင် သူ၏ဂစ်တာပညာ တိုးတက်ဖို့အတွက် ကိုယ်တိုင်သာ အားထုတ် လေ့လာခဲ့သည်ဟု သူကပြောပြသည်။

သူတို့ ခေတ်တွင် ဂစ်တာလေ့ကျင့်ရန် Guitar Lessons ခွေများ ရှားပါးသလို Video Tapes များကို ကြည့်၍သာ လေ့ကျင့်ခဲ့ရပြီး ယခုခေတ်တွင်မူ Guitar Lessons ဒီဗီဒီခွေများ အလွယ်တကူ ရရှိနိုင်ပြီး အင်တာနက် ထွန်းကားလာသည့်အတွက် နောက်မျိုးဆက်များ အတွက်လည်း ဂစ်တာပညာကို အဆင်ပြေ ချောမွေ့စွာ လေ့လာဆည်းပူးခွင့် ရရှိနေပြီ ဖြစ်ကြောင်း သူကဆိုသည်။

ဂစ်တာပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့်အတွက် ဂစ်တာကို အမြဲလိုလို ထိတွေ့တီးခတ်နေရကာ Recording များတွင် တီးခတ်မှုကလည်း သူ့အတွက် လေ့ကျင့်သလို ဖြစ်နေပြီး ညဘက် အိပ်မပျော်သော အခါများတွင်လည်း ဂစ်တာထတီးလေ့ ရှိသည်ဟု သူကပြောပြသည်။

သူ့ဘဝ၏ ဂစ်တာသူရဲကောင်းမှာ ဆရာစောဘွဲ့မှူး ဖြစ်ပြီး မဇ္ဈိမလှိုင်း တီးဝိုင်းမှ ဂစ်တာသမား ဇော်မျိုးထွဋ်ကိုလည်း ကြိုက်နှစ်သက်သလို ကျန်သည့် ဂစ်တာသမားများမှာလည်း သူ့အတွက် မြင်ဆရာ၊ ကြားဆရာများ ဖြစ်သည်ဟု သူကဆိုသည်။

ပြည်ပရှိ ဂစ်တာသမား များထဲမှလည်း သူ၏ ဂစ်တာပညာအတွက် အထောက်အကူ ပြုနိုင်မည့် သူများထံမှ လေ့လာဆည်းပူးလေ့ ရှိသည်ဟု သူက ပြောပြသည်။

✤ ငွေချေးပြီး ဝယ်ရတယ် ✤

ဂစ်တာပညာကို ငယ်စဉ်ကတည်းက ဝါသနာပါသော သူက ကြိုက်နှစ်သက်သော ဂစ်တာများကိုလည်း ဝယ်ယူစုဆောင်းလေ့ ရှိသည်။ သူ့ထံတွင် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် ဂစ်တာများ ဖြစ်သော Fender, Gibson စသော ဂစ်တာများ အပါအဝင် ဂစ်တာပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း ဂစ်တာသမား ဘဝအစတွင် သူပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေး အကြောင်းကို ပြန်ပြောင်း ပြောပြသည်။

“အဲဒီတုန်းက ကျွန်တော် ပထမဆုံးဝယ်တာ Electric ဂစ်တာလေး တစ်လုံးပါ။ ဈေးနှုန်းက ၅၇၀၀၀ လောက်ပေးရတယ်။ ဒီငွေပမာဏကို မတတ်နိုင်တဲ့အတွက် သူများဆီက ပိုက်ဆံတွေ လိုက်ချေးပြီး ဝယ်၊ ပြီးမှ တဖြည်းဖြည်း ပြန်ဆပ်ရတာပေါ့” ဟု သူကဆိုသည်။

PTL စတူဒီယို

Iron Cross တီးဝိုင်းနှင့် အောင်မြင်နေသော အချိန်ဖြစ်သည့် ‘၁၉၉၇’ ခုနှစ်တွင် သူ၏ကိုယ်ပိုင် စတူဒီယို ထောင်ရန် အကြောင်း ပေါ်ပေါက် လာခဲ့သည်။

ထိုစဉ်က လင်း၊ မေ၊ စတူဒီယို (D)၊ အိုအေစစ် စသော စတူဒီယိုများတွင် လိုက်လံတီးခတ်ခဲ့ရပြီး ကိုယ်ပိုင်စတူဒီယို ထောင်ရန်ရည်ရွယ်ချက် လုံးဝမရှိခဲ့ဟု သူကဆိုသည်။

ထိုစဉ် သူ၏သူငယ်ချင်းတစ်ဦးက စတူဒီယို ပစ္စည်းများကို ရောင်းချ လိုကြောင်း ကြားရသည့်အတွက် စိတ်ဝင်စား၍ မေးမြန်းကြည့်သောအ ခါ ငွေအရစ်ကျပေး၍ ပစ္စည်းများကို ယူနိုင်ကြောင်း ပြောသောကြောင့် သူယူခဲ့သည်။

ရရှိလာသော ပစ္စည်းများဖြင့် စတူဒီယိုတစ်ခု စတင်ရန် ပြင်ဆင်ဆဲ အချိန်တွင်ပင် စတူဒီယို ပစ္စည်းများကို သူ၏သူငယ်ချင်းနှင့်အတူ ပိုင်ဆိုင်ထားသောသူက ပစ္စည်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် မရောင်းလိုဘဲ ငွေတစ်လုံးတည်း လိုချင်သည်ဟု ဆိုကာ ပစ္စည်းများကို ပြန်ယူသွားသည့်အတွက် သူစိတ်ဓာတ်ကျခဲ့ရသည်။

သူစိတ်ဓာတ်ကျသွားမည်ကို မလိုလားသော သူ၏ယောက္ခမ ဖြစ်သူက ပစ္စည်းတန်ဖိုး အားလုံးကို သူ့ကိုယ်စား ပေးချေထား မည်ဖြစ်ပြီး နောက်မှတဖြည်းဖြည်း ပြန်ဆပ်ရန် ပြောသည့်အတွက် စတူဒီယို ပစ္စည်းများကို သူပြန်ယူခဲ့ပြီး PTL စတူဒီယိုကို စတင်တည်ထောင်ခဲ့သည်။

PTL စတူဒီယိုကို ဦးဆောင် တည်ထောင်သော သူကိုယ်တိုင်က အတွေ့အကြုံ နည်းပါးသည့်အတွက် အစပိုင်းတွင် စတူဒီယိုအပေါ် ယုံကြည်မှု နည်းပါးသည့် အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။

သူကိုယ်တိုင်က သမ္ဘာမရှိသည့် စတူဒီယိုများတွင် သွားရောက်တီးခတ်ပါက နောက်ကျောမလုံသလို ခံစားရသည့်အတွက် ထိုကဲ့သို့ ယုံကြည်မှု နည်းပါးခြင်းကို ကိုယ်ချင်းစာသည်ဟု သူကဆိုသည်။

PTL စတူဒီယိုနှင့် ပတ်သက်၍ သူ၏ကြိုးစားချင်စိတ် ကို စေ့ဆော်ပေးသော ဖြစ်ရပ်တစ်ခုကိုလည်း သူက အောက်ပါအတိုင်း ပြောပြသည်။

“အဲဒီတုန်းက ကိုအငဲရဲ့ Unplugged စီးရီးက PTL မှာ အရင်သွင်းတာ။ နောက်မှ သူဘယ်လိုစိတ်ကူး ပေါက်လဲ မသိဘူးပေါ့နော်။ သူ့ကိုကျပ်ပေးတဲ့သူတွေလည်း ရှိရင် ရှိမှာပေါ့။

ပိုက်ဆံ အကုန်အကျခံပြီးမှ မင်းတစ်ခုခု ဖြစ်သွားရင် မလွယ်ဘူးဆိုပြီး ပြောကြမှာပေါ့။ အဲဒီအခွေကြီးကို လင်းစတူဒီယိုမှာ ပြန်သွားသွင်းတယ်။ ဘဝမှာတော့ အဲဒီတစ်ချက်တော့ နည်းနည်းအခံရ အခက်ဆုံးပေါ့နော်။

ဒီမှာသွင်းပြီးခါမှ တခြားနေရာမှာ ပြန်သွားသွင်းရတယ်ဆိုတော့ ကိုယ့်ကိုယုံကြည်မှု မရှိဘူးဆိုတာ သိသွားတယ်။ အဲဒီကနေစပြီး အပြင်းအထန် ကြိုးစားတယ်”

PTL စတူဒီယိုအတွက် ဒစ်ဂျစ်တယ်စနစ်၊ ကွန်ပျူတာစနစ်နှင့် အသုံးပြု အသံသွင်းယူမှု အပိုင်းကို သူစိတ်ဝင်တစား လေ့လာခဲ့သလို အရည်အသွေးမြင့် နောက်ဆုံးပေါ်စက်ပစ္စည်းများ အမြတ်အစွန်းကို အဓိက မထားဘဲ ဝယ်ယူဖြည့်ဆည်းပြီး

စေတနာအပြည့်နှင့် လုပ်ဆောင်ပေးခဲ့သည့်အတွက် လူအများ၏ ယုံကြည်မှု ရရှိလာသလို Iron Cross တီးဝိုင်းမှ တေးသံရှင်များကလည်း PTL စတူဒီယိုတွင်သာ အသံသွင်းယူမှုကြောင့် တဖြည်းဖြည်းနှင့် အောင်မြင်မှု ရရှိလာခဲ့သည်ဟု သူကဆိုသည်။

✤ မိသားစု ✤

သူ၏ဇနီးဖြစ်သူမှာ MYC ဘုရားကျောင်းမှ ဒေါက်တာဒေးဗစ်ရုံမို၏ သမီးဖြစ်ပြီး သူ့တွင်သားသမီး သုံးယောက်ရှိနေပြီ ဖြစ်သည်။ သားသမီးသုံးယောက်အနက် အငယ်ဆုံး သမီးဖြစ်သူမှာ သူငယ်စဉ်ကကဲ့သို့ ဂစ်တာတီးခြင်းကို ဝါသနာပါပြီး နေ့ရှိသရွေ့ အမြဲလိုလို လေ့ကျင့်တီးခတ်နေသည်ဟုသူကဆိုသည်..............

သူ့မယား ဆရာဇော်ဂျီ


------------------

(၁)

ဈေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။

မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။

မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာ သာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို ... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။

ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။

သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် ဈေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် ဈေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန် မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။

“အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာ စကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့” ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ် အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ “မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရ ပေတယ်” ဟု တွေးမိသည်။

တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမား တစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင် ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင် ပြုလိုသော မျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် “မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ” ဟု တွေးမိပြန်သည်။

မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ “ထဘီနား ခိုစားသည်” ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် “အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ” ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ “ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင် လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။

မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။

ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးဈေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။

(၂)

အနာကျက်သော နေ့တွင် ကိုဆင်၏ အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။

မဖော့သည် ခါတိုင်းကဲ့သို့ ဈေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင် အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာ ထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။

လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီး တစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ် တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုး တည်ရမည် ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်း ဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။

ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့ဈေးတွင် ဈေးရောင်း နေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍ စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။

ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသော ဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ ဈေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။

ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။

“နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့” ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။

“ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်” ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကို တာစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။

မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-

“ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ”
“ဟို ကမ်းနားမှာ”
“အကျိုးနည်းကုန် ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်”

ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။

ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့ သည် အမေကို ကွယ်နေကြသည်။ “ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်” ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ် သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျေွးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။

“အမေ့ ကျောကို တံတောင်နဲ့ ကြိတ်စမ်း” ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။

ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ “ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်” ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။

(၃)

ပြောစဉ်က တစ်လလောက် သင်္ကန်း ဝတ်လိုကြောင်း ပြော၍ သင်္ကန်း ဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော် ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက “ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ” ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွက်၍ တာရားဟောလေ တော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် “ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး” ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါ နှစ်ခါ လျှောက်ကြည့်ပါ၏။ တရား အဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီး။ ဒွေးလေးကလည်း နားပူလှပြီ။

ကြံရာ မရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။

(၄)

ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင် ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ ဈေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါး လူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အကျႌ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့် အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။

ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း “ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ” ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။

အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ “ထူးခြားလှပါကလား” ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း”မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်” ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ “ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား” ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။

ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ “အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား” ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်း နေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် “ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား” ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့် လိုက်သည်။

ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား “မဖော့တို့ ဘာများ လုပ်ကြမှာတုံး” ဟု မေးသည်။

“ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား” ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။ “ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ ဈေးကိုလည်း ထွက်ရ၊ ကလေးတွေ ကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့”

မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-

“ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘာဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုက စပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေး ဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား” ဟု မဖော့က လျှောက်၏။

“ဟင်” ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။

မဖော့သည် အားတက်လာ၍ “ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ...”

“ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ” ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။

မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။

------------
ဇော်ဂျီ
ဂနၴလောက၊ အောက်တိုဘာ၊ ၁၉၃၇။

ရာဇဝင်​ထဲမှာ ​မောင်​့ကို ထားရစ်​ခဲ့.....ဂျူး


.
.
နင်​့အပြုံး​ကြောင်​့ ငါ့ကိုယ်​ငါ ရှက်​သွားတယ်​ဆိုရင်​ နင်​အံသြမိမလားမသိဘူး။ တကယ်​ကို ငါရှက်​သွားတယ်​။ အမှန်​က နှစ်​နှစ်​​တောင်​ ကြာခဲ့ပြီပဲ။ ဒီ​လောက်​ကြာမှ​တော့ တစ်​ဖက်​က ​ပြောင်​းလဲတဲ့ အ​ခြေအ​နေကို လိုက်​ပြီး ငါ့ဘက်​ကလဲ ​ပြောင်​းလဲသင်​့တာ​ပေါ့။ အနည်​းဆုံးဟာ..နင်​ပြုံးပြလိုက်​တဲ့ အပြုံးမျိုး​လေးကို​တော့ ငါတုံ့ပြန်​နိုင်​ဖို့ သင်​့တာပဲ။ ဒါ​ပေမယ်​့ နင်​ပြုံးသလို ငါမပြုံးတတ်​ဘူး။ ဒီအတွက်​ ငါ့ကိုယ်​ငါ ရှက်​တယ်​။

နင်​့အပြုံးမှာ ငါ..ဘာအရိပ်​အ​ယောင်​ကိုမှ မ​တွေ့လိုက်​ဘူး။

သံ​ယောဇဉ်​ အရိပ်​အ​ယောင်​ကိုလည်​း မမြင်​၊ ကြင်​နာရိပ်​ဆိုတာလည်​းမ​တွေ့၊ တမ်​းတတဲ့ အ​နေအထားမျိုးလည်​း မရှိ၊ လွမ်​းရိပ်​ဆို​တော့ ​ဝေး​ရော။ ငါ ချီးကျူးပါတယ်​။ ဒါ​လောက်​သန်​့စင်​တဲ့ အပြုံးမျိုးကို ပြုံးနိုင်​လို့ နင်​့ကို ငါချီးကျူးပါတယ်​။

ငါ နင်​့ကို ​တွေ​တွေ​ဝေ​ဝေ ကြည်​့ရင်​းက ပြန်​ပြုံးပြဖို့ ကြိုးစားလိုက်​ပါ​သေးတယ်​။ ပြုံး​တော့ ပြုံးလိုက်​တာပဲ။ ဒါ​ပေမယ်​့ ငါသိလိုက်​ပါတယ်​။ ငါ့နှုတ်​ခမ်​း​တွေ လှုပ်​သွားကြ​ပေမယ်​့ အပြုံးတစ်​ခု ဖြစ်​မသွားဘူးဆိုတာ။ အဲ့ဒီလို သိလိုက်​တဲ့ အချိန်​မှာပဲ ဝမ်​းနည်​းမှုနဲ့အတူ ရှက်​​ကြောက်​မှုကိုပါ ငါခံစားလိုက်​ရတယ်​။ ငါ့​ရှေ့မှာလာရပ်​တဲ့ နင်​့ကိုမကြည်​့ရဲသလို ဖြစ်​​နေတယ်​..။

အမှန်​က​တော့ နင်​့ကို အ​ဝေးကတည်​းက မြင်​ပြီးသားပါ။

ဟို..အ​ဝေးကတည်​းက နင်​မှန်​းသိပြီးသားပါ။ ငါ ဘယ်​လို​မေ့နိုင်​မှာလဲ။ ဒီလိုလမ်​း​လျှောက်​ဟန်​၊ ဒီလိုပုံစံကို ငါ ဘယ်​လိုလုပ်​ပြီး ​မေ့နိုင်​မှာလဲ။

နင်​လမ်​း​လျှောက်​တဲ့ပုံက တစ်​မျိုး။ မျက်​နှာကို ခပ်​ပင်​့ပင်​့ ​ကြော့​ကြော့​လေး ​လျှောက်​တာမျိုးမှ မဟုတ်​ဘဲ။ နင်​က မျက်​နှာကို အမြဲတမ်​း ငဲ့ထားတာ​နော်​။ ညာဘက်​ကို ​ခေါင်​းငဲ့ထား​တော့ ဖြန်​့ချထားတဲ့ ဆံပင်​​တွေက ညာဘက်​မှာ ပိုရှည်​​နေသလို ထင်​ရတယ်​။ ထဘီကို ညာဘက်​ခါးမှာ လာညှပ်​ထားပြီး ညာလက်​ကလည်​း ထဘီ​ဘေးအနားကို ခပ်​​လျော့​လျော့ ဖိထားတတ်​တယ်​ မဟုတ်​လား။ နင်​့ထဘီက အရမ်​းရှည်​တာပဲ။ ​ခြေမျက်​စိဖုံးတာ​ထက်​​တောင်​ ​ကျော်​ချင်​​သေးတယ်​။

ကိုယ်​ကို နွဲ့တာလည်​း မဟုတ်​ဘဲနဲ့ ယိုင်​ယိုင်​​လေး ​လျှောက်​တတ်​တဲ့ နင်​့ဟန်​ကို​လေ..ငါဘယ်​​တော့မှ ​မေ့မှာ မဟုတ်​​တော့ပါဘူး။

ဒီ​တော့လဲ..ဟို..အ​ဝေးမှာကတည်​းက နင်​မှန်​းသိလိုက်​တယ်​။ နှစ်​နှစ်​​လောက်​ မမြင်​ရတဲ့ နင်​့သဏ္႑ာန်​ကို မြင်​လိုက်​ရ​တော့ ငါ့ရင်​ထဲမှာ ဘယ်​လို ဖြစ်​သွားမှန်​းမသိဘူး။ အမှန်​အတိုင်​းဆိုရင်​ နင်​့ကို ငါမ​တွေ့ချင်​ဘူး။ မ​တွေ့ချင်​ဘူးဆိုတာမှာလဲ နင်​့ကို​တွေ့ရင်​ ခံစားလိုက်​ရမယ်​့ ​ဝေဒနာကို ငါ​ကြောက်​လို့ပါပဲ။

ဒါ​ပေမယ်​့ ဘယ်​့နှယ်​လုပ်​မလဲ။

ငါ ရပ်​​နေရာက​နေ ​ရှေ့ဆက်​​လျှောက်​ရင်​ နင်​နဲ့ပိုနီးမယ်​။ ​နောက်​ကိုလည်​း လှည်​့သွားလို့ မဖြစ်​ဘူး။ ဖူးစာကုန်​းဆိုတာက လာလမ်​း အပြန်​လမ်​း ဒီတစ်​လမ်​းပဲရှိတဲ့ မြစ်​ကမ်​းပါးကြီးမဟုတ်​လား။ ငါ ​နောက်​ဆုတ်​သွားလို့မှ မဖြစ်​ဘဲ။ အပြန်​လမ်​းကို ဆက်​​လျှောက်​ဖို့ကျ​တော့ နင်​က​လျှောက်​လာ​နေပြီ။

ဘာလုပ်​ရမှန်​း မသိတဲ့ အတူတူ​တော့ ရပ်​​နေလိုက်​တာဟာ အ​ကောင်​းဆုံးပဲ​လေ။

နင်​ငါ့ကို အ​ဝေးတုန်​းက လှမ်​းမြင်​မှာ မဟုတ်​ပါဘူး။ နင်​က လမ်​း​လျှောက်​ရင်​ နင်​့​ရှေ့နှစ်​ကိုက်​​လောက်​က ​မြေပြင်​ကိုပဲ ​ငေး​နေတတ်​တယ်​ မဟုတ်​လား။ ငါက​တော့ ပြန်​မယ်​လို့ လမ်​းဘက်​ကို ​ခြေစ ထားတဲ့သူ။ ဒီ​တော့ ငါကပဲ စ မြင်​တယ်​။

နင်​​တော့မသိဘူး။ ငါ​တော့ မြင်​မြင်​ချင်​း တုန်​လှုပ်​သွားတာပဲ။ နင်​့ဆီက မျက်​နှာလွှဲပြီး ​ရှေ့က မြက်​ပင်​​လေး​တွေကို ​ငေးကြည်​့​နေမိတာ..။ နင်​ ငါ့မြင်​ကွင်​းထဲ ​ရောက်​လာတဲ့ထိပဲ​လေ။

ငါ့ကို လှမ်​းမြင်​ရင်​ နင်​လာလမ်​းကိုများ ပြန်​လှည်​့မလားလို့ ပထမ ​တွေးမိ​သေးတယ်​။ ဒါ​ပေမယ်​့ နင်​က ပညာရှိပဲ။ လူမိုက်​အလုပ်​ကို မလုပ်​ဘူးဆိုတာ ​တွေးမိပါတယ်​။

စ မြင်​လိုက်​တုန်​းက ဆုံရင်​ ပြုံးပြရမလား၊ ဘယ်​လိုပြုံးရမလဲ..စဉ်​းစားထားတယ်​။ စဉ်​းစားလို့မရဘူး။ နင်​က​တော့ ​တော်​ပါတယ်​ဟာ။ သွားရင်​းဟန်​လွဲ မိတ်​​ဆွေပြုံးနဲ့​တောင်​ ငါ့ကို နှုတ်​ဆက်​တတ်​​နေပြီပဲ။

"တစ်​​ယောက်​တည်​းလား"

ကြည်​့စမ်​း..။ ငါ့ရင်​ထဲ ဘယ်​လိုဖြစ်​သွားမယ်​ဆိုတာ နင်​​တွေးမိရဲ့လား။ ​မေးရက်​လိုက်​တာ။ နင်​ပဲ ငါ့ကို တစ်​​ယောက်​တည်​း ထားပစ်​ခဲ့တာမို့လား။

ဒီတစ်​ခါ​တော့ ​ခေါင်​းညိတ်​ဖြစ်​ပါတယ်​​နော်​။ နင်​့ကို ​ကျေးဇူးတင်​ပါတယ်​။ ငါ နှုတ်​ဆက်​ရခက်​၊ ပြုံးရခက်​​နေတဲ့ ဒီအချိန်​မှာ နင်​က စနှုတ်​ဆက်​လို့။ (ရင်​လဲနာရပါတယ်​)

'တစ်​​ယောက်​တည်​းလား'လို့ ​မေးခံရတဲ့ ​ဝေဒနာဟာ တစ်​​ယောက်​တည်​း ထားခဲ့လို့ ခံရတဲ့ ​ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်​နာနာနဲ့ နင်​့ကို​ငေး​နေတဲ့အချိန်​မှာ ငါ့လက်​ဖျား​တွေ ​အေးစက်​လာလို့ ငါ့လွယ်​အိတ်​ကို တင်​းတင်​း ဆုပ်​ကိုင်​လိုက်​ရတယ်​။

တုန်​ယင်​​နေတဲ့ ငါ့အထက်​နှုတ်​ခမ်​း​ကြောင်​့လား..။

​ဝေဒနာရိပ်​လွှမ်​း​နေတဲ့ ငါ့မျက်​လုံး​ကြောင်​့လား..။
ဟန်​လုပ်​ပြီး ခပ်​​မော့​မော့ရပ်​​နေ​ပေမယ်​့ ယိုင်​နွဲ့​နေတဲ့ ငါ့ဟန်​အစစ်​ကို နင်​​တွေ့သွားလို့လား..။

လွယ်​အိတ်​ကိုပဲ ဖိဆုပ်​ထားတဲ့ ငါ့လက်​​တွေက တစ်​ဆင်​့ လှုပ်​ရှား​နေတဲ့ ငါ့စိတ်​ကို ရိပ်​မိသွားလို့လား..ကွဲကွဲပါးပြား​တော့ မသိဘူး။ အဲဒီထဲက တစ်​ခုခု​ကြောင်​့ပဲ ထင်​တယ်​။ နင်​့အပြုံးက မှိန်​သွားတယ်​။ ​နောက်​ပြီး ငါ့အထင်​က သံ​ယောဇဉ်​ရိပ်​က​လေးကိုလဲ နင်​့မျက်​လုံးမှာ ​တွေ့လိုက်​ရသလိုပဲ။
ဒီနှစ်​နှစ်​အတွင်​းမှာ နင်​့ပုံစံကလဲ ဘာမှမ​ပြောင်​းလဲပါလား။
ဆံပင်​ကို အရင်​တုန်​းကလိုပဲ နဖူး​ပေါ်က အားလုံးသိမ်​းပြီး ​နောက်​ကိုလှန်​ထားတယ်​။ နင်​့နဖူးက အလျင်​လို ရှင်​း​နေတုန်​းပဲ။ နားသယ်​စပ်​ နှစ်​ဖက်​ဆီမှာ​တော့ အလျင်​လို ဆံပင်​​တွေက အုပ်​ပြီးကျ​နေတယ်​။ မျက်​ခုံးကလဲ ခပ်​ပါးပါး ခပ်​မျှင်​မျှင်​ပဲ။ အလျင်​ကလိုပါပဲ။ ဘာကိုမျှ ထပ်​ဖြည်​့ဆွဲထားတာ မရှိပါဘူး။ အို..ဘာမှကို မ​ပြောင်​းလဲ​သေးပါဘူး​လေ။ ​ပြောင်​းလဲတာက​တော့ အချိန်​​တွေရယ်​၊နင့်
​့သ​ဘောထား​တွေရယ်​။
​သြော်​..ကြည်​့ပါဦး...။
နင်​့ဆံပင်​မှာ စကားပွင်​့ ဖြူဖြူ​လေးကလဲ အရင်​လိုပါပဲလား။ စကားပွင်​့​လေးကို ငါ​ငေး​နေမိတာ အကြာကြီးပဲ။ နင်​ကလည်​း ငါ့ကို ​ငေး​နေပါတယ်​။ နင်​ဘာ​တွေ​တွေး​နေမလဲ။
ငါ့ပုံစံက ဘာမှ မ​ပြောင်​းလဲ​သေးတာကို နင်​​တွေး​နေမှာ​ပေါ့။
ငါ့ဆံပင်​ကို အရင်​လို ညာဘက်​က ခွဲထားသလားနင်​ကြည်​့မယ်​။
အကျႌ လက်​ကို ကြယ်​သီးမတပ်​ဘဲ အရင်​လို ဖိုးရိုးဖားရား ချထားလား..နင်​ကြည်​့မယ်​။
အ​ပေါ်ဆုံး ရင်​ဘတ်​ကြယ်​သီးကို အရင်​လို ဖြုတ်​ထားသလား..နင်​ကြည်​့မယ်​။
လွယ်​အိတ်​ကို အရင်​လို ပခုံးစလွယ်​သိုင်​း လွယ်​​သေးသလား..နင်​ကြည်​့မယ်​။

"​ဖြေနိုင်​တယ်​မဟုတ်​လား"

စကားပွင်​့​လေးဆီက​နေ နင်​့မျက်​နှာဆီကို အကြည်​့​ပြောင်​းလိုက်​ရတယ်​။ ပြီးခဲ့တဲ့ ဆယ်​တန်​းစာ​မေးပွဲကို ရည်​ရွယ်​ပြီး ​မေးလိုက်​တယ်​ဆိုတာ ငါသိပါတယ်​။ ငါ့ရင်​ထဲမှာ စူးရှသွားတယ်​။ ဘာဖြစ်​လို့နာတာလဲ။ ငါ့ကိုယ်​ခန္ဓာက သိပ်​​သေးငယ်​သွားသလိုပဲ။ ကမ်ဘာ​မြေကြီးက အကြီးကြီး၊ ငါက ​သေး​သေး​လေးရယ်​။ ငါ့​အောက်​နှုတ်​ခမ်​းကို အ​ပေါ်သွားနဲ့ ဖိကိုက်​မိတယ်​လို့ ထင်​လိုက်တယ်​။ ငါ့ခန္ဓာကိုယ်​က ​သွေး​တွေ ပူလာတယ်​လို့ ထင်​ရတယ်​။

အကြာကြီး ​ငေး​ကြောင်​​နေရင်​ မ​ကောင်​းတတ်​လို့ ​ခေါင်​းကို ဖြည်​းဖြည်​း ယမ်​းပြလိုက်​တာပါ။ နင်​ဘာဖြစ်​လို့ မျက်​လွှာချသွားတာလဲ။ ဘာဖြစ်​လို့ ပင်​့သက်​ရှိုက်​လိုက်​တာလဲ။ ငါဆယ်​တန်​းမ​ဖြေနိုင်​လို့ စိတ်​​မောစရာ နင်​့မှာ မရှိ​တော့ဘူးပဲ။
​သြော်​..ငါ နင်​့ကို တစ်​ခွန်​းမှစကားမ​ပြောရ​သေးဘူး​နော်​။
"​ကျောင်​းက ဘယ်​နှစ်​ရက်​ပိတ်​တာလဲ"
ဒီ​မေးခွန်​းကို ငါ ခက်​ခက်​ခဲခဲ ​မေးရတယ်​ဆိုတာ နင်​..သိမှာပါ။
"သုံးလ..ဖိုင်​နယ်​ ​ဖြေပြီး​တော့ ပိတ်​လိုက်​တာ"
"ဘယ်​နှစ်​နှစ်​ ​ရောက်​ပြီလဲ"
"အခုပြန်​တက်​ရင်​ သာဒ်​့အမ်​-ဘီ တတိယနှစ်​"

တစ်​ဖက်​ကို တစ်​ဖက်​ ဆုပ်​ကိုင်​ထားတဲ့ နင်​့လက်​​ချောင်​း​လေး​တွေကို ငါ​ငေး​နေမိတယ်​။ လက်​သည်​းက တိတိရိရိကို ကိုက်​ဖြတ်​ထားတာ​တွေ့လို့ အရင်​လိုပဲဆိုတာ သိလိုက်​ရပြန်​တယ်​။

​ဟောဒီဖူးစာကုန်​းမှာပဲ ​ဟောဒီဆည်​းဆာချိန်​မှာပဲ..အဲဒီလက်​​ချောင်​း ဖြူဖြူ​လေး​တွေကို ငါ ဆုပ်​ကိုင်​ရင်​း လမ်​း​လျှောက်​ခဲ့ရဖူးတယ်​။ နင်​့လက်​​လေး​တွေက ​နွေး​နွေး​လေး..​ပျော့နွဲ့နွဲ့​လေး​တွေ။ အဲဒီအ​နွေးဓာတ်​​လေးဟာ ခုထိမပြယ်​​သေးဘူးဆိုရင်​ နင်​ယုံပါ့မလား၊ နင်​ပန်​​နေကျ စကားပန်​းရနံ့​လေးဟာလဲ ငါ့ဆီမှာ အမြဲသင်​းပျံ့​နေတယ်​ဆိုရင်​ နင်​ယုံပါ့မလား။

"နင်​..သိပ်​ပိန်​သွားတယ်​၊ ​နေမ​ကောင်​းဘူးလား.."

ပိန်​တယ်​။အို......ငါ့ကို ပိန်​တယ်​လို့ အထူးသတိထား မ​ပြောကြတာ နှစ်​နှစ်​​တောင်​ ရှိသွားပြီပဲ။ ဒီနှစ်​နှစ်​အတွင်​း ငါပိန်​သွားတယ်​လို့ မှတ်​ချက်​ချတာ နင်​က ပထမဆုံးပဲ။
"​ကောင်​းပါတယ်​.."
"ကျန်​းမာ​ရေးကိုလည်​း ဂရုစိုက်​ဦး..​နော်​၊ လူက တအားကိုနွဲ့သွားတာပဲ"

​သြော်​..နင်​​တောင်​ ဆရာဝန်​မကြီးဖြစ်​​တော့မယ်​။ အရင်​လို အ​ခြေအ​နေမျိုးသာဆိုရင်​​တော့..'​ဆေးကု​ပေးမယ်​့သူ ရှိသားပဲ'လို့ ပြုံးစပ်​စပ်​နဲ့ ​ပြောမိမှာပဲ။
ခု​တော့ ဘယ်​လို​ပြောရမလဲ။ နှုတ်​ခမ်​းတင်​းတင်​း​စေ့ပြီး အတိတ်​က စကားသံ​တွေကို ဇွတ်​​မေ့ပစ်​​နေရပါတယ်​။

"စိတ်​ဆိုးသွားလားဟင်​..ငါက"

"အို..မဟုတ်​ပါဘူး"

ကြည်​့ပါဦး။ ဒီမျက်​လုံး​လေး​တွေ​ပေါ့ ငါ့​ဒေါသ​တွေကို ​ချေမွပစ်​ခဲ့တာ။ အဲဒီလိုပဲ​ဝေ့ကြည်​့လိုက်​ရင်​ ငါ့ရင်​ထဲက ​ဒေါသ​တွေဟာ ဘယ်​​ရောက်​ကုန်​မှန်​း မသိ​တော့ဘူး။

တကယ်​ဆို ငါ နင်​့ကို ဘယ်​​လောက်​ နာကျည်​းသင်​့သလဲ။
မ​ပြောမဆိုနဲ့ သစ်​စိမ်​းချိုး ချိုးခဲ့တာ ဘယ်​သူလဲ။ စာ​တွေ တစ်​​စောင်​မှ မပြန်​ဘဲ လ​တွေ အများကြီးနှိပ်​စက်​ထားခဲ့တာ ဘယ်​သူလဲ..။ စိတ်​မချလွန်​းလို့.. မ​နေနိုင်​လို့ မန္တ​လေးထိ လိုက်​လာရတဲ့သူကို 'မယုံလို့လား..'ဆိုပြီး စိတ်​​ကောက်​ခဲ့တာ ဘယ်​သူလဲ..။ မန္တ​လေး ကို မလာရဘူး နင်​ပဲ အမိန်​့ထုတ်​ခဲ့တယ်​။ ငါ ​နောက်​ထပ်​တစ်​နှစ်​ ထပ်​ကျမှာ စိုးလို့​ပေါ့​လေ။

ငါ မန္တ​လေးက ပြန်​လာ​တော့​ရော နင်​စာလှမ်​း​ရေးခဲ့လို့လား။

နင်​ ​ကျောင်​းခဏပိတ်​လို့ ​ရေနံ​ချောင်​းကို ပြန်​​ရောက်​တဲ့အချိန်​မှာ လာ​နေကျ​နေရာကို လာဖို့ ပျက်​ကွက်​ခဲ့တာလဲ..နင်​ပဲ။ သုံးရက်​ဆက်​တိုက်​ မလာလို့ အကျိုးအ​ကြောင်​း​မေး​တော့ မျက်​နှာစိမ်​း ခြယ်​ထားတာ ဘယ်​သူလဲ။

ငါ ​ဆေးတက္ကသိုလ်​ မ​ရောက်​နိုင်​မှန်​း သိလျက်​နဲ့ ဆရာဝန်​ဖြစ်​​အောင်​ ကြိုးစားခိုင်​းခဲ့တဲ့ နင်​့​စေတနာကို ငါ​ကြောက်​ပါတယ်​။ ငါ ပန်​းချီဆရာ၊ ကဗျာဆရာ ဖြစ်​ချင်​မှန်​း အစကတည်​းက နင်​သိလျက်​နဲ့..​နောက်​ပြီး..အို..ဒါ​တွေဟာ လမ်​းခွဲဖို့ အ​ကြောင်​းရှာတာ​တွေပဲဆိုတာ အဲဒီတုန်​းက မသိခဲ့တာ ငါညံ့လို့​ပေါ့။ နင်​့ကိုငါ ယုံခဲ့တာကိုး။

နင်​ပြန်​ခါနီးမှာ ငါ့ဆီက နင်​့စာ​တွေ ပြန်​​တောင်​းခဲ့တာ​လေ..ငါ ဘယ်​​တော့မှ မ​မေ့ဘူး။

ကြည်​့ပါဦး။ ခုရပ်​​နေရင်​းကို ဘာဖြစ်​လို့ ရင်​နာလာရတာလဲ။ ဒီအ​ကြောင်​း​တွေ ပြန်​စဉ်​းစားရင်​ ငါ့ရင်​က ဘာဖြစ်​လို့ လှိုက်​လာရတာလဲ။ နှစ်​နှစ်​ဆိုတဲ့ အချိန်​ဟာလဲ ငါ့ဒဏ်​ရာကို မကုစားနိုင်​ခဲ့ပါလား။

အို..ငါ နင်​့ကို အကြာကြီး ကြည်​့​နေမိတာပဲ။ ငါ့မျက်​စိ လွှဲပစ်​သင်​့တာ ငါသိပါတယ်​။ ဒါ​ပေမယ်​့ နင်​့မျက်​နှာ​ပေါ်က​နေ အကြည်​့ကို မဖယ်​နိုင်​ဘူး..။

ငါ့ရင်​ခွင်​ထဲက​နေ ဘယ်​သူမှ လုမ​ပြေးနိုင်​​အောင်​ တအားဝှက်​ပြီး ကာထားချင်​တယ်​၊ နင်​့ကို ဘယ်​မှ မသွား​အောင်​ လုပ်​ထားချင်​တယ်​၊ မစိမ်​းရဘူး..၊ မ​ပြေးရဘူး...လို့​ ​အော်​ပစ်​ချင်​လိုက်​တာ။ ​ဟောဒီ လွယ်​အိတ်​​လေးထဲ နင်​့ကိုထည်​့ထားလို့ရရင်​ သိပ်​​ကောင်​းမှာ။ ဘယ်​သွားသွား မခွဲဘူး။
အို..ငါ ဘာ​တွေ ​လျှောက်​​တွေး​နေတာလဲ။
ငါ့လွယ်​အိတ်​ထဲမှာ နင်​ရှိ​နေပါတယ်​၊ တကယ်​။
နင်​့ပုံတူ ပန်​းချီ​လေ။ နှစ်​ခု​တောင်​မှပဲ။ အခု​နေ ထုတ်​ပြလိုက်​ရင်​ ဘယ်​လို​နေမလဲ။

"ပန်​းချီ...ဆွဲ..ဆွဲ​သေးလား"

ကြည်​့စမ်​း..။ ငါ့အ​တွေးနဲ့ နင်​့အ​တွေးနဲ့ ဆင်​လိုက်​တာ။ စိတ်​ချင်​း ဆက်​သွယ်​တာလား၊ လူချင်​းပြန်​နီးဖို့ နိမိတ်​လား..။
​ခေါင်​းကို အသာညိတ်​ရင်​း လက်​က ဘယ်​လို​ရောက်​သွားလဲ မသိဘူး..။လွယ်​အိတ်​ထဲက ခဲပုံတူတစ်​ပုံ၊ ​ရေ​ဆေးနဲ့ တစ်​ပုံ..နင်​့ပုံတူ နှစ်​ခုကို ထုတ်​ပြမိ​တော့တာပဲ။
မပြုံးတပြုံး နင်​့နှုတ်​ခမ်​းပါး​လေး ဝိုင်​းသွားတာ ငါသတိထားမိတယ်​။
နင်​့မျက်​လုံး​လေး​တွေ ​ဝေသွားတာ ငါသိတယ်​။
နင်​့ ကိုယ်​လုံးနွဲ့နွဲ့​လေး ယိုင်​သွားတာ ငါသိလိုက်​တယ်​။
"အို" တိုးတိုးက​လေး ​ရေရွတ်​သံ ငါကြားလိုက်​ပါတယ်​။ ငါ့ကို ​ငေးကြည်​့​နေတဲ့ အကြည်​့ထဲမှာ သံ​ယောဇဉ်​ကို ငါမြင်​ပြီ။ ခင်​တွယ်​မှုကို ငါမြင်​ပြီ။ တမ်​းတမှုကိုလည်​း ငါပြန်​​တွေ့ပြီ။ ​နောက်​ပြီး.. ​နောက်​ပြီး​တော့ အလွမ်​း​တွေ အများကြီး ငါ​တွေ့လိုက်​ပြီ​လေ။
"အို.." နင်​့အကြည်​့က ငါ့ကို ရင်​ခုန်​​စေတယ်​။ နင်​လဲ ရင်​ခုန်​​နေတယ်​မဟုတ်​လား။ ပန်​းချီစာရွက်​​တွေကို ကိုင်​ထားတဲ့ နင်​့လက်​​ချောင်​း​လေး​တွေ တုန်​ယင်​​နေတာ ငါမြင်​တယ်​။ ငါ့ကို ​ငေးရာက​နေ ငါ့ဘယ်​ဘက်​ကို လှမ်​း​ငေးလိုက်​တဲ့ နင်​့မျက်​လုံးမှာ မျက်​ရည်​​ဝေ့​ဝေ့ကိုလဲ ငါ မြင်​လိုက်​ရပါတယ်​။ နင်​​ငေးရာကို ငါလှမ်​းကြည်​့မိတယ်​။

ဗြုန်​းဆို ရင်​က ဟာ သွားတယ်​။

​နေရာ​ဟောင်​း..၊ ဟုတ်​တယ်​​နော်​...၊ ကမူထိပ်​​လေး ​လေ။ နင်​နဲ့ငါနဲ့ ဟိုအတိတ်​တုန်​းက အတူထိုင်​ခဲ့ကြတဲ့ ​နေရာ​လေးပါ။

ဒီကမူ​လေးကို ကြည်​့ပြီး ဘာဖြစ်​လို့ လက်​ဖျား​တွေ ​အေးလာရပြန်​တာလဲ။ တစ်​ကိုယ်​လုံးက ဘာဖြစ်​လို့ ​ပျော့​ခွေသွားရတာလဲ။ နှ​မြော တမ်​းတတဲ့ ​ဝေဒနာပဲ ထင်​ပါရဲ့။ ငါ့ရင်​ထဲမှာ ပျံ့နှံ့ ကုန်​ကြပြီ။ နင်​နဲ့ ငါနဲ့ အကြည်​့ချင်​း ပြန်​ဆုံကြတယ်​။​နောက်​..​နောက်​​တော့...။

နင်​ကပဲ ​ခြေလှမ်​းစတာလား၊ ငါကပဲ အလျင်​ ​ခြေလှမ်​းစတာလား မသိဘူး။ ဘယ်​သူက အလျင်​ဦး သလဲ မ​ပြောတတ်​ဘူး။ သိလိုက်​တာက နင်​နဲ့ငါ နှစ်​​ယောက်​လုံး ကမူစွန်​း​လေးဆီကို သွား​နေမိတယ်​ ဆိုတာပဲ။ အဲဒီ​ရောက်​​တော့လဲ နှစ်​​ယောက်​သား ရှိန်​းတိန်​းတိန်​နဲ့ပဲ ခပ်​ခွာခွာ ထိုင်​လိုက်​မိကြတယ်​။

နင်​ ​ခေါင်​းငုံ့ထားတယ်​။ နင်​့ဆံပင်​​တွေက ခါး​တောင်​​ကျော်​​နေပြီပဲ။ နက်​​မှောင်​ပြီး ဖွာ​နေတယ်​။ လှလိုက်​တာဟာ။ နက်​​မှောင်​တဲ့ ​နောက်​ခံ​ပေါ်မှာ အဖြူ​ရောင်​ ပန်​းပွင်​့​လေးက ထင်​း​နေတာပဲ။

နင်​ ဘာဖြစ်​လို့ ငြိမ်​​နေတာလဲ။ နင်​လဲ ငါ့လိုပဲ အ​ပျော်​​လေး​တွေ ပြန်​​တွေး​နေမှာပဲ​နော်​။ ​ပျော်​ရတဲ့ အချိန်​​လေး​တွေက တစ်​သက်​လုံး ပြန်​မ​ရောက်​နိုင်​​တော့ပါလား။ တို့​တွေဟာ သူစိမ်​းပြင်​ပြင်​ ဖြစ်​​နေကြပြီ​နော်​။ ဒါ​တွေဟာ အိပ်​မက်​မက်​​နေတာဆိုရင်​ ဘယ်​​လောက်​​ကောင်​းမလဲ။မဖြစ်​နိုင်​မှန်​း​တော့ သိ​နေပါတယ်​​လေ။ ငါ အမျိုးမျိုး​တောင်​းပန်​တဲ့ကြားက နင်​ ခြေစုံကန်​သွားတာကိုး။

နင်​့ကိုငါ စိမ်​းစိမ်​းကားကားကြီး ​ပြောပစ်​ချင်​တယ်​။ လွန်​ခဲ့တဲ့ နှစ်​နှစ်​က မ​ပြောလိုက်​ရတဲ့ စကား​တွေကို အားရပါးရ ​ပြောချင်​တယ်​။ ဖြစ်​နိုင်​ရင်​​တော့​လေ..နင်​့ပုခုံးနှစ်​ဖက်​ကို တအားဆုပ်​ကိုင်​ပြီး ​ဆောင်​့​ဆောင်​့လှုပ်​ရင်​း ​မေးလိုက်​ချင်​ပါတယ်​။

"နင်​ ဘယ်​လိုလုပ်​ပစ်​ခဲ့တာလဲ.."လို့။ ​ဟောဒီ ဖူးစာကုန်​းမှာတင်​မက ​ရေနံ​ချောင်​းတစ်​မြို့လုံး လွှမ်​းသွား​လောက်​တဲ့ အသံနဲ့ ကုန်​း​အော်​ပစ်​လိုက်​ချင်​တယ်​။ နင်​သိပ်​ဆိုးပါလား။ ဆင်​​ခြေရဖို့အတွက်​ ငါချစ်​တဲ့ကဗျာနဲ့ ပန်​းချီကို ​ဝေဖန်​ခဲ့၊ စွန်​့လွှတ်​ခိုင်​းခဲ့တာ​လေ။

ဟိုတုန်​းက ငါကဗျာ​ရေးတာ၊ ပန်​းချီဆွဲတာကို နင်​မသိဘူးလား။

​ဟောဒီ ဖူးစာကုန်​းမှာ​ရော..၊​ကျောင်​းခန်​းထဲမှာ​ရော..၊​ကျောင်​းဝိုင်​းထဲက တမာပင်​​အောက်​မှာ​ရော..ငါ့လွယ်​အိတ်​ထဲက ငါ့ကဗျာ​တွေ ဖတ်​ခဲ့တာ နင်​​မေ့ပြီလား။ ငါ့ပန်​းချီ​တွေ ကြည်​့ခဲ့တာ နင်​​မေ့ပြီလား။ ဟိုတုန်​းက​တော့ နင်​ပဲ ငါ့ကဗျာ​တွေကို ငါ့ကို ချစ်​သလို ချစ်​ပါတယ်​ဆို။ ဟိုမှာ ဒုတိယလူကို ရပြီးကာမှ ငါ့ကဗျာကို နင်​မုန်​းတတ်​တာပါဟာ..။
ဘာပဲဖြစ်​ဖြစ်​ ငါ့​ဒေါသက ဘယ်​​တော့မှ ကြာကြာမခံခဲ့ရဘူး။
ဒီပွဲက လူမိုက်​ လူမိုက်​ချင်​း ​တွေ့ကြတဲ့ပွဲမှ မဟုတ်​ဘဲ၊ ပညာရှိနဲ့ လူမိုက်​ပဲ​လေ။
မျက်​ရည်​လည်​​နေတဲ့ မျက်​လုံး ဝိုင်​းဝိုင်​း​လေး​တွေရယ်​၊ မဲ့တဲ့တဲ့​လေး မဟတဟဖွင်​့ထားတဲ့ နင်​့နှုတ်​ခမ်​း​လေး​တွေရယ်​က ငါ့​ဒေါသ​တွေကို ​ချေဖျက်​ပစ်​ခဲ့တယ်​။ ဒါတင်​မကဘူး။ နင်​့မျက်​နှာထား​လေးနဲ့ နင်​့အ​ကြောင်​းပြချက်​​လေး​တွေ​ကြောင်​့ ငါ့ကိုယ်​ငါ တိုင်​နဲ့ ​ခေါင်​းနဲ့ ​ဆောင်​့ပြီး အပြစ်​​ပေးလိုက်​ရမလိုလို ဖြစ်​ခဲ့တယ်​။ ငါ့ကိုယ်​ငါ​တောင်​ ဇ​ဝေဇဝါ ဖြစ်​ခဲ့ရတယ်​။ နင်​့ မျက်​​တောင်​​ကော့​တွေ​ပေါ်မှာ ခိုတွဲ​နေတဲ့ မျက်​ရည်​စ​တွေဟာ ငါ့နာကျည်​းချက်​​တွေကို တစစီဖဲ့ပစ်​ခဲ့တယ်​။

နင်​့အ​ကြောင်​းပြချက်​ တစ်​ခုက​တော့ဟာ လွန်​လွန်​းပါတယ်​။ ငါအတန်​းပညာမှာ ညံ့တာ နင်​လဲအသိ။ ငါ့ကိုနင်​ပဲ စာပြပြ​ပေးခဲ့ရတာ။ ဒီလို​ကောင်​က ဘယ်​့နှယ်​လုပ်​ပြီး ဆရာဝန်​၊ အင်​ဂျင်​နီယာ ဖြစ်​နိုင်​မှာလဲ။ ပန်​းချီသမား..ကဗျာသမားပဲ ဖြစ်​ဖို့ရှိတာပဲ။ မဖြစ်​နိုင်​တာကိုမှ နင်​က ​ရွေးပြီး တိုက်​တွန်​းခဲ့တာကိုး။

နင်​့အ​မေ ဂုဏ်​မက်​တာ ငါသိပါတယ်​။ နင်​့အ​မေလိုပဲ နင်​မက်​လိမ်​့မယ်​လို့ အစက မ​တွေခဲ့မိတာ ငါ့အမှားပါပဲ။ နင်​က​တော့ 'အ​မေ သ​ဘောတူလို့' ​ပေါ့။ နင်​့သ​ဘောကလဲ အတန်​းတူ အရည်​အချင်​းတူ လူကိုမှ မက်​​မောခဲ့တာပဲ မဟုတ်​လား။

အို..အားလုံးဟာ နင်​့သ​ဘော တစ်​ခုတည်​းနဲ့ ပြီးသွားခဲ့တာပဲ။ ငါ့ ဆန္ဒတစ်​ခုမှ မပါခဲ့ရဘူး။ နင်​့​ရှေ့​ရောက်​ရင်​ ငါ ​ခေါင်​းယမ်​းတဲ့ အတတ်​ပညာကို​တောင်​ ​မေ့​မေ့သွာရပါတယ်​။ တခြားလူ​တွေ​ရှေ့မှာက ​ကျောက်​တုံး ဖြစ်​ချင်​ဖြစ်​မယ်​..နင်​့​ရှေ့မှာ​တော့ ငါက ဖ​ယောင်​းပါ။ ငါက နင်​့ရဲ့ ရုပ်​​သေးရုပ်​ပဲဟာ..။ နင်​ကြိုးဆွဲသလို ငါက ကခဲ့ရတာ..။

​အေး​လေ..ခံခဲ့ရတုန်​းက​တော့ ခံခဲ့ပြီးပြီ။ ခုအချိန်​မှာ​တော့ နင်​့ရုပ်​​သေးရုပ်​ မဖြစ်​ချင်​ပါဘူး။

အမှန်​က​တော့ ​ဟောဒီ​နေရာမှာ အတူယှဉ်​တွဲထိုင်​ဖို့ မသင်​့ဘူး။ ငါ ထွက်​သွားနိုင်​ရင်​ အ​ကောင်​းဆုံးပါပဲ။ နင်​့မျက်​နှာ ညှိုးမှာလဲ စိုးတယ်​။ နင်​့မျက်​နှာညိုးမှာကို ဟိုတုန်​းကတည်​းက ​ကြောက်​ခဲ့တဲ့​ကောင်​ပါဟာ။

ပန်​းချီစာရွက်​​တွေကို ကိုင်​ထားတဲ့ နင်​့လက်​ခုံ​လေးကို ​ငေးရင်​း ရင်​ထဲမှာ တင်​းကျပ်​လာပြန်​ပြီ။ ဖြူနု​နေတဲ့ နင်​့လက်​ခုံ​လေးကို ဖွဖွ​လေး ဆုပ်​ပြီး နင်​့မျက်​နှာ​လေးကို တ​မေ့တ​မြော ​ငေး​နေရတဲ့ အချိန်​​လေး​တွေဟာ လွန်​ခဲ့ပြီ​နော်​။ ငါထင်​ပါတယ်​...နင်​့လက်​မှာ ရှင်​မ​တောင်​ သနပ်​ခါးနံ့​လေး သင်​း​နေဆဲ ဖြစ်​မှာလို့။

ရင်​ထဲမှာ နာကျင်​လာတယ်​။

​ပြောစမ်​းပါဦး ​ဆေး​ကျောင်​းသူကြီးရဲ့။ ဘာနဲ့မှ မခိုက်​မိဘဲနဲ့ အဲဒီ ဘယ်​ဘက်​ရင်​က ဘာဖြစ်​လို့ လှိုက်​လှိုက်​ပြီး နာတာလဲ။ နှလုံးဆီက နာမှန်​း​တော့ သိပါရဲ့။ နင်​့မျက်​နှာ​လေး ​ငေးရုံနဲ့ နှလုံးက ဘာလို့ နာရတာလဲ။ ငါ့လည်​​ချောင်​း​တွေက​ရော ဘာဖြစ်​လို့ ​ခြောက်​​သွေ့လာရတာပါလိမ်​့။

ငါ နှ​မြော​နေတယ်​...။တမ်​းတ​နေတယ်​။ ဟုတ်​တယ်​၊ နင်​ ငါ့အနားမှာ ရှိ​နေ​ပေမယ်​့ နင်​့ကို ​အောက်​​မေ့​နေတယ်​ဟာ။ နင်​့ကိုလွမ်​း​နေတယ်​။ ယုံရဲ့လား..နင်​့ကို ငါလွမ်​း​နေတယ်​။
"​ရော့"
နင်​လှမ်​း​ပေးတဲ့ ပန်​းချီပုံနှစ်​ခုကိုယူလိုက်​​တော့ နင်​့လက်​နဲ့ ငါ့လက်​ထိမိတယ်​။ ဘယ်​သူ့လက်​က ပို​အေးစက်​​နေလဲ ငါမသိဘူး။ စာရွက်​က​လေး​တွေကို လွယ်​အိတ်​ထဲ ထည်​့ပြီး​တော့ ငါ့လက်​ကို ငါပြန်​​ငေးမိတယ်​။

​သြော်​..လက်​သန်​းမှာ​လေ၊ ဘယ်​ဘက်​ လက်​သန်​းမှာ​လေ အဖြူစင်​း​ကြောင်​း​လေးကို အရစ်​လိုက်​ မြင်​​နေရတုန်​းပဲ။ အဲဒါ လက်​စွပ်​ရာ​လေး​လေ။ နင်​နဲ့ငါ့ရဲ့ အချစ်​​နေ့က နင်​​ပေးခဲ့တဲ့ ​ကျောက်​စိမ်​းလက်​စွပ်​ရဲ့ သ​ငေ်္ကတ​လေး။ မနှစ်​ကမှ စာနဲ့လှမ်​း​တောင်​းလို့ ပြန်​​ပေးခဲ့ရတဲ့ လက်​စွပ်​ရဲ့ အရာ​လေးပါ။ အခု..အဲဒီလက်​စွပ်​က​လေးက အခုဆို..။

ဪ..ပြီး​တော့ နင်​့လည်​ပင်​းမှာ ဆွဲကြိုးက​လေးလဲ မမြင်​ပါလား။ ဆွဲကိုးမျှင်​မျှင်​​လေး​လေ..နင်​နဲ့ငါ့ဇာတ်​လမ်​းက​လေး စပြီးတဲ့​နောက်​ ​လော့ကတ်​သီး​နေရာမှာ သ​ငေ်္ကတ တစ်​ခု လဲ​ပြောင်​းတပ်​ထားခဲ့တဲ့ ဆွဲကြိုး​လေး၊ ငါ့နာမည်​ အစ စာလုံး အင်္ဂလိပ်​အက္ခရာ အင်​(န်​)ကို အမှတ်​တရ လုပ်​ပြီး ဆွဲခဲ့ပါ​ရော။ အဲဒီဆွဲကြိုး​လေး မမြင်​ပါလား။ လွှင်​့ပစ်​လိုက်​ပြီလား။ အင်​း​လေ..အဖြစ်​နိုင်​ဆုံးက​တော့ အင်​(န်​)စာလုံးအစား အက်​စ်​ စာလုံး လဲတပ်​ထားတာ ဖြစ်​မှာ​ပေါ့။ အို..ဒါက ငါ့အ​ရေးမှ မဟုတ်​ဘဲ။ ငါနဲ့ နင်​နဲ့ ဘာမှမှ မဆိုင်​ဘဲ။ မဆိုင်​​တော့ပါဘူး​လေ။

ငါ့နှုတ်​ခမ်​း​တွေ ​ခြောက်​​သွေ့​နေတယ်​။ ရင်​က ဟာပြီးမှ ပူ​လောင်​​နေတယ်​။

​ဆေးလိပ်​​သောက်​မယ်​..လို့ အမှုမဲ့ အမှတ်​မဲ့​တွေးပြီး လွယ်​အိတ်​ထဲက ဒူးယားတစ်​လိပ်​ရယ်​..မီးခြစ်​​လေးရယ်​ ထုတ်​လိုက်​တယ်​။

နှုတ်​ခမ်​း​ပေါ်မှာ ​ဆေးလိပ်​​လေးကို ရွရွတင်​လိုက်​တုန်​း..။

"​ဆေးလိပ်​​တွေ သိပ်​မ​သောက်​နဲ့ဟာ" တဲ့။ နင်​့အသံပါ။ နင်​့ဆီက လာတာ မဟုတ်​မှန်​း​တော့ သိပါတယ်​။ ဘယ်​ကပါလိမ်​့။ ​ဟောဒီမီးခြစ်​​လေးကပဲ ထင်​တယ်​။

ဒီမီးခြစ်​​လေးဟာလဲ နင်​နဲ့ငါ့အတွက်​ အမှတ်​တရ ပစ္စည်​း​လေးပါ။

သစ်​သားမီးခြစ်​ပိန်​ပိန်​​လေးနဲ့ မီးခြစ်​ခြစ်​​နေရတဲ့ ငါ့အဖြစ်​ကို နင်​ကြည်​့ပြီး လက်​​ဆောင်​​ပေးခဲ့တဲ့ အချစ်​မီးခြစ်​​လေး။ နင်​့အချစ်​က ​ဟောင်​းပြီးပျက်​သွား​ပေမယ်​့ နင်​့လက်​​ဆောင်​​လေးက မပျက်​​သေးပါဘူး။ ငါ ငိုင်​​နေမိတာ ဘယ်​​လောက်​ကြာလဲ မ​ပြောတတ်​ဘူး။ ငါ့​ဘေးကကပ်​ပြီး အသံတစ်​ခု ကြားလိုက်​ရတယ်​။ နင်​့ဆီကပါ။ ထိန်​းချုပ်​ထားရင်​းက ပွင်​့ထွက်​လာတဲ့ အသံမျိုး။

အို..။

နင်​...ငို​နေတယ်​။

ဟုတ်​ပါတယ်​။ ငါမျက်​စိ မမှားပါဘူး​နော်​။ ငါ့နားကြားလည်​း မလွဲပါဘူး။ နင်​ငို​နေတာပါ။ ငါ့လက်​ထဲက မီးခြစ်​​လေးကို ​ငေးရင်​း နင်​ငို​နေတာပါ။

ငါ့တစ်​ကိုယ်​လုံးဟာ ​မြေကြီးနဲ့ တအား ကပ်​ဖိခံထားရသလိုပဲ။ ငါ ဘာဖြစ်​သွားတာလဲ။ ငါ မယုံတာထင်​တယ်​။ ဟုတ်​တယ်​..ငါမယုံဘူး။ နင်​ငို​နေတာလို့ ငါ ဘယ်​လို ယုံရမှာလဲ။ ​လောကကြီးဟာ ဘာ​တွေဖြစ်​ကုန်​ပြီလဲ။ အို..မယုံပါဘူး..မဖြစ်​နိုင်​ဘူး။

ဒါ​ပေမယ်​့ နင်​့မျက်​ရည်​​တွေဟာ ငါ့ရင်​ကိုလာပြီး အပူ​ပေး​နေတယ်​။ ငါ့နှလုံးသားကို ဆတ်​ဆတ်​ခါ​အောင်​ ဆွဲယမ်​း​နေတယ်​။ ကြာရင်​​တော့ ပူလွန်​းလို့ ကျွမ်​းရချည်​ရဲ့ကွယ်​။ ငါ ဘာလုပ်​ရမှာလဲ ​ပြောပါဦး။ ဆံပင်​ ကပိုကရိုကြားထဲက နင်​့မျက်​နှာ နွမ်​းနွမ်​း​လေးဟာ ​ဟောဒီကမ်ဘာမှာ အင်​အားအကြီးဆုံးပဲ သိလား..။ တုန်​ယင်​​နေတဲ့ နင်​့နှုတ်​ခမ်​းပါး​လေးကို ငါ မကြည်​့ရက်​ဘူး။

"မငိုနဲ့ အချစ်​ရယ်​.." လို့ မျက်​ရည်​သုတ်​​ပေးရင်​း ​ချော့ရမလား..။နင်​့မျက်​နှာ​ပေါ်က ဆံနွယ်​စ​တွေကို လက်​နဲ့ အသာအယာ​ဖယ​်​ပေး​ရင်​း နှစ်​သိမ်​့ရမလား။ နင်​့ ​မေး​စေ့လုံးလုံး​လေးကို လက်​နဲ့ အသာပင်​့တင်​ရင်​း နဖူး​လေးကိုပဲ ဖွဖွနမ်​းလိုက်​ရမလား။ ငါ့မှာ နင်​့အငိုကို ​ချော့ပိုင်​ခွင်​့​ရောရှိရဲ့လား။

ကြည်​့ရင်​း..ကြည်​့ရင်​း ငါ့မျက်​စိထဲမှာ ​ဝေဝါးလာတယ်​။ မျက်​လုံးက စိ်ုစွတ်​​လာတယ်​။ နင်​့ကိုယ်​​ပေါ်က အစိမ်​းနု​ရောင်​ဟာ ပို​ဖျော့ပြီး ဝါးသွားတယ်​။ အို..ငါ့နှုတ်​ခမ်​း​ထောင်​းစွန်​း​တွေက ငါထိန်​းလို့မရ​အောင်​ တုန်​လှုပ်​​နေပြီလား။ ​​နောက်​ပြီး..ငါ အသက်​မှ ရှူမိရဲ့လား..။ ငါ့ နှလုံးခုန်​သံ​ရော ရပ်​သွားသလား။

ငါ့ကိုယ်​ငါ သတိရတဲ့ အချိန်​မှာ ငါ နင်​့လက်​ကို ဆုပ်​ကိုင်​ထားမိပြီ။ အို..မဟုတ်​ဘူး..မဟုတ်​ဘူး။ နင်​ကငါ့လက်​ကို ဆုပ်​ထားတာ မဟုတ်​လား။ အို..မသိပါဘူး​လေ။ ဘယ်​သူ့လက်​က ဘယ်​သူ့လက်​ကို ဆုပ်​ထားတာလဲ မသိပါဘူး။ ငါ့​ရှေ့က မြက်​ခင်​း​ပေါ်မှာ ဒူးယားစီးကရက်​​လေးရယ်​၊ မီးခြစ်​က​လေးရယ်​.. လွတ်​ကျ​နေကြတယ်​။

မီးခြစ်​​ကလေး ​ပေါ်မှာ ငါး​လေးနှစ်​​ကောင်​ မျက်​နှာချင်​းဆိုင်​​နေကြတယ်​။

အို..ဒါ​ပေမယ်​့..သူတို့ တစ်​​ကောင်​နဲ့တစ်​​ကောင်​ ဦးတည်​ရာဘက်​တူရဲ့လား။ ဆန်​့ကျင်​ဘက်​ကို ဦးတည်​​နေကြတယ်​​နော်​။ ကြည်​့ပါဦး..သူတို့က ဦးတည်​ရာမှ မတူဘဲ။ ဒါကို​ရော..နင်​သတိထားမိရဲ့လား။

"နိုင်​"

ငါ့ တစ်​ကိုယ်​လုံး ​လေထဲမှာ ​မြောက်​တက်​သွားသလိုပဲ။ ရင်​ထဲက​တော့ ဟာ​နေတယ်​။ 'နိုင်​...' တဲ့လား။ နင်​ငါ့ကို 'နိုင်​' လို့​ခေါ်​သေးတယ်​​နော်​။ ​ခေါ်နိုင်​စွမ်​းရှိ​သေးတယ်​​နော်​။

နင်​့အကြည်​့ကို ငါ နားမလည်​တာ အမှန်​ပါ။ နင်​့မျက်​လုံးက ငါ့ဆီမှာ မဟုတ်​ဘူး ထင်​တယ်​။ ငါ့ကို​တော့ ကြည်​့​နေတယ်​​လေ။ တစ်​မျိုးပဲ။ ငါ့ကို ​ကျော်​ပြီး ​ငေး​နေသလိုပဲ။ နင်​ဘာ​တွေ ​တွေး​နေတာလဲ။ နင်​ဘာကို ​ပြောချင်​​နေတာလဲ၊ တစ်​ချက်​တစ်​ချက်​ ရှိုက်​လိုက်​တဲ့ နင်​့ရှိုက်​သံ​လေး​တွေက ငါ့နှလုံးကိုသာ လာ​ဆောင်​့​နေတယ်​။

"​ပြော​လေ..ငါ နား​ထောင်​​နေပါတယ်​"

နင်​့ နှုတ်​ခမ်​း​တွေကို တင်​း​နေ​အောင်​ ​စေ့ထားတယ်​။ ​နောက်​ပြီး..နင်​ သက်​ပြင်​းချလိုက်​တယ်​ မဟုတ်​လား။

နင်​့ကို ကြည်​့​နေတဲ့ ငါ့အကြည်​့ထဲမှာ ​မျှော်​လင်​့ရိပ်​​တွေ ပါသွားမယ်​လို့ ငါထင်​တယ်​။ င့ါရင်​ထဲမှာရှိတဲ့ တမ်​းတမှု ဆန္ဒကို နင်​လည်​း နားလည်​ပါလိမ်​့မယ်​။ နင်​့မှာလဲ တွယ်​တာစိတ်​​တွေ ရှိမှာပါ။ ဒါ​ပေမယ်​့ မန္တ​လေးမှာက...။

အို..ငါ့​ခေါင်​းက ဘာဖြစ်​လို့ မူးသွားရတာလဲ။ ကြည်​့ပါဦး။ နင်​ဘာလုပ်​တာလဲ။ အခု နင်​ဘာလုပ်​​နေတာလဲ။ နင်​က ဒီလိုပဲလား။ နင်​့ စိတ်​က နီးရာကို ယိမ်​းတတ်​သလား။

နင်​့ လက်​ကို လွှတ်​လိုက်​မိတဲ့အတွက်​ ငါ့ကိုခွင်​့လွှတ်​ပါ။ ငါ​ကြောက်​တယ်​ဟာ။

"နိုင်​ရယ်​.."

နင်​ ဘာလို့ ညည်​းတာလဲ။ ငါ့ကို​ရော ဘယ်​လို အဓိပ္ပါယ်​နဲ့ ကြည်​့တာလဲ။ နင်​့ကိုငါ သနားတယ်​။ ငါဆိုတဲ့​ကောင်​က နင်​့မျက်​ရည်​တစ်​​ပေါက်​ကို ​ပေါက်​ကွဲတတ်​တဲ့ ဗုံးတစ်​ခုလို ​ကြောက်​တတ်​ခဲ့တဲ့​ကောင်​ မဟုတ်​လား။ ငါ့ရင်​​တွေ အရမ်​းခုန်​​နေပြီ။ နင်​​ပြောချင်​တာကို မြန်​မြန်​​ပြောလိုက်​ပါလား။

"ငါ့ကို..ခွင်​့လွှတ်​ပါ"

အို..နင်​ ငါ့ကို ​တောင်​းပန်​တယ်​။ ငါနင်​့ကို ဘယ်​တုန်​းကမှ အပြစ်​မဆိုခဲ့ပါဘူးဟာ။ ငါဘအမြဲတမ်​း ခွင်​့လွှတ်​ထားတာပဲ။ ​တောင်​းပန်​စရာ မလိုပါဘူးဟာ။ ​တောင်​းပန်​မယ်​့အစား အ​ကြောင်​းစုံကို ငါ့ကို ​ပြောပြရင်​ သိပ်​​ကောင်​းမှာ။ ငါ့အ​ပေါ်မှာ အလျင်​လို စိတ်​မျိုး ထားနိုင်​မယ်​လား။
"ဟိုတုန်​းကအတွက်​​ရော၊ အခု ငို..ငိုမိတဲ့ အတွက်​​ရော"
"ဟင်​"

ငါ ဘာနားလည်​ရမှာလဲ။ ငါ့ပါးစပ်​က တစ်​ခုခု ​ပြောနိုင်​ရင်​​ကောင်​းမယ်​။ ဘာမှ မ​ပြောနိုင်​ဘူး။ ဘာဖြစ်​​နေတာပါလိမ်​့။

"ငါ သွား​တော့မယ်​"

ငါ့ တစ်​ကိုယ်​လုံး ​အေးစက်​သွားတယ်​။ ဟုတ်​မှဟုတ်​ရဲ့လား။ နင်​​ပြောလိုက်​တာမှ ဟုတ်​ရဲ့လား။

"သွား​တော့မယ်​" ဟုတ်​လား။ ဪ..​နောက်​ဆုံး​တော့ တစ်​​ယောက်​တည်​းဟာ တစ်​​ယောက်​တည်​းပါပဲလား။ နင်​ ငါ့အနားက ထသွားလိုက်​ပြီ ထင်​တယ်​။ ​ဝေးသွားတဲ့ နင်​့​ခြေသံကို ငါကြား​နေရသလိုပဲ။ ဒါ​ပေမယ်​့ သနပ်​ခါးနံ့​လေးက​တော့ ငါ့အနားမှာ ကျန်​ခဲ့ပါ​ရော။ နင်​့ရှိုက်​သံ​လေး​တွေလည်​း ငါ့အနားမှာ ကျန်​ခဲ့ပါ​ရော။

​လောကကြီးဟာ ရှိသင်​့တာထက်​ ပို​မှောင်​သွားတယ်​။ ငါရင်​့ထဲမှာလည်​း ရှိသင်​့တာထက်​ တစ်​ခုခု ပိုလာသလိုပဲ။ အို..မဟုတ်​ပါဘူး။ လိုတာ..။ ရှိသင်​့တာထက်​ တစ်​ခုခုလိုတာ။ နင်​့ကိုငါ ပြန်​လှည်​့ကြည်​့ချင်​တယ်​။ နင်​လဲ ငါ့ကို တစ်​ချက်​ဖြစ်​ဖြစ်​ ပြန်​လှည်​့ကြည်​့မယ်​လို့ ထင်​တယ်​။ အခု​နေ..နင်​ ​ဝေး​ဝေး​ရောက်​ဦးမှာ မဟုတ်​ဘူး။ ငါလှမ်​း​ခေါ်မယ်​​လေ။

"မိမွန်​​ရေ.." လို့ ​အော်​လိုက်​မယ်​။ နင်​လဲ ငါ့​ခေါ်သံကို ​စောင်​့​နေမယ်​ မဟုတ်​လား၊ ​ခေါ်သံကြားရင်​ တအားပြန်​​ပြေးလာမှာ​နော်​..

အို..မ​ခေါ်ဘူး..လှည်​့မကြည်​့ဘူး..လှမ်​းမ​ခေါ်ဘူး။

လက်​နှစ်​ဖက်​နဲ့ ​ပွေ့ထားတဲ့ ဒူးနှစ်​ခု​ပေါ်မှာ မျက်​နှာကို တအား ​မှောက်​ချလိုက်​တယ်​။ နင်​့ဘက်​ကို မျက်​နှာလှည်​့မိမှာစိုးလို့။ စိုစွတ်​လာတဲ့ မျက်​စိ​တွေကိုလည်​း ဇွတ်​မှိတ်​ပစ်​လိုက်​တယ်​။ နင်​့သဏ္႑ာန်​​လေးကိုချည်​း မြင်​​နေရမှာစိုးလို့။

​အောက်​နှုတ်​ခမ်​းကို သွားနဲ့ဖိပြီး ကိုက်​ထားလိုက်​တယ်​။ 'မသွားပါနဲ့' လို့ အကျယ်​ကြီး ​အော်​လိုက်​မိမှာစိုးလို့။ ငါ့ အသံ​တွေကိုလည်​း ထိန်​းချုပ်​ထားလိုက်​တယ်​။

ကဲ..မ​အော်​ဘူး၊ လှမ်​းမ​ခေါ်ဘူး။

တအားကြီး စူးရှပြီး နာကျင်​လာတဲ့ ရင်​ကို​တော့ ဒူးနှစ်​ဖက်​နဲ့ အတင်​းဖိထားလိုက်​တယ်​။ သွားပါ.. မိမွန်​ရယ်​၊ ဟို..အ​ဝေးထိ​အောင​်​သာ သွားလိုက်​ပါ​တော့။

ဂျူး

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...