⭐⭐⭐⭐⭐⭐⭐⭐⭐
သြော်........
အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနဲနှော အခေါင်မမြန်းခင်က အောင်စာတမ်းချိုးစေဘို့ အောင်ပန်းညိုးရရှာတဲ့ တောင်တမန်းတို့ဗမာမှာ အဟောင်းသံသာရာအငုတ်တွေနှင့်
အောင်ဆန်းတို့မသာမယာဟာ ငှင်းကံကြမ္မာအလုပ်ပေတင့် သောင်းမြန်းမရဏာ စမုတ်မှာတော့ချူပ်သနဲ့ယင်းအလိုတွင် ဒေါင်းပုဝါအုပ်ပါလို့ ကျူပ်ဖြစ်သဂြိုလ်ချင်
သြော်........
တပည့်ရင်းတွေမို့ ကဝိမကင်းနိုင်ဘုကွဲ့ သတိကင်းကာ
မျက်ရည်ကျကျပြီး ခက်ကပြီလက်ဆည်မရနိုင်ဘု သောကဘလောင်ဆူတော့ တောင်ဇမ္မူ ပုဂံခေတ်ဆီက ယခေါင်မူ ယမန်သနစ်တွေပေါ့ ရန်အဖြစ်မကွဲ့ မနှေးသရော် တသောင်း ဒီဇမ္မူရမ်းနေကျ ကျန်ရစ်တဲ့ မြေးတော်အလောင်းစည်သူရဲ့ နန်းကိုဖြင့် လူကြမ်းဓားပြတေ ွကြမ်းလာရမ်းလာတဲ့အရေးတွင်မှ ဘေးအပေါင်းကြီးဝေဒနာအစုံနဲ့ သွေးခေျာင်းစီးကာ သေရှာပုံရဲ့ ပြည်ေရွှမြန်မာဘုံမှာ အမင်းမင်းသမ္မတတွေနဲ့ သတင်းလှတဲ့ အင်းဝရာဇာအမွန်သာလွန်မင်းကိုမှ သားရင်းရှင် တရုတ်ရယ်က ရှင်ဘုရင်လုပ်မယ်အကျယ်ဇယားတွင်ဖြင့် ့်ဒဝယ်သားတွေဘိုဝင်ခံလိုမို့ ဟိုအရင်ယမန်နန်းတော်စီးစဉ်က အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆိုးပုံနဲ့ တထုံးနှောက်တနည်းမှာတော့ မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့ ပြည်မင်းဂုဏ်ခံလို့ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင် တလိုင်းနယ်ရွေပြည်တခွင်မတော့ ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက လက်ရုံးရည်တသိန်းလျှမ်းပေတဲ့ သမိန်ပရမ်းဆိုသူ စစ်ဗိုလ်ချူပ်ကိုဖြင့် မဟုတ်တရုတ်အကောင်တေလေ တစေၦာကိုက်တာနဲ့ သြော်..... ဖွေဖွေရှာရှာ မကျေနပ်စရာပေါ့နှော မရေမရာသေရွာဆိုက်သလိုပါ့ အခိုက်အခါတူလို့မို့ ဆရာတမူမကြာမကြာလွမ်းရပါတဲ့ ဘာမရာအဆူဆူ ကြာကြငှန်းတွေနှင့် မြန်မာဇမ္မူ အညာမန်းတွင်ဖြင့် ငါတလူလူငါသရမ်းရောမဟဲ့လို့ သာခန်းပလ္လင် ညွန်းပြီးမြင်းကွန်းပိုင်သူပုန်ထစဉ်က ကြံရသူမသာတော်နှင့် ပမာသော်တူတယ်လို့ နှိုင်းမိတယ် ရိုင်းသနဲအတိတ်ယခင်သလိုနော်ကွယ် စကိုင်းတပဲ့ဂိုဏ်းအဖွဲတွေနဲ့မှိုင်းရဲစိတ်ထင်
မင်းစိတ်မင်းမာန်အကြံအဖန်ကင်းလိုက်ပုံက အင်္ဂလိပ်ယင်းဂျပန်နှစ်တန်ရှင်းပါလို့ ရန်ခပင်းကိုတဲ့မောင်းကာနှင် ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်ယခင်သဘော
အိုကွယ်...... တကောင်းရာဇဝင်ကိုတဲ့ဆက်ချင်သဘော
နန်းမြို့တည်ရန်မှန်းလိုရည်ကာသန်တဲ့ညီလာခံဗိုလ်ရူပွဲ ထိုထိုလူခပင်းကိုမကြည်ညိုတဲ့ဝသီအလိုတဖြေးဖြေး ရူးမဟဲ့လို့ တနွေးနွေးမူးမူးပြီး ခွေးဘီးလူးလိုအကောင်မိုက်တွေက
သြော်....အမှောက်စရိုက်ကယ်နှင့် ပြောင်ပြောင်ဘဲမိုက်မပေါ့လို့ ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လိုမို့ဂဏာမငြိမ် တာဝန်ယွန်းကြပေါ့ ဖြေမကြည်နေရီတော့ လွမ်းစေဘို မြန်မာပြည်ပေါ်ကိုဓမ္မစည်တော်ရွမ်းချိန်မို့ အစွမ်းကုန်သည်တခါဖြင့် ပြည်ရွာညီညာဘို့အလုပ်ပေပေါ့ သုသာန်တံခွန်စောင်းရရှာတဲ့ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့် အလွန်ကောင်းစွာ ကမ်ဘာတည်မည့် အာဇာနည် ဗိမာန်ပုထိုးကိုဖြင့် ပါရမီအဓိဌာန်တမျိူးရယ်နှင့် ရှိခိူးကာဆရာကန်တော့ချင်ရဲ့ မြန်မာ မတော့ ပူစရာဘို့ တဗျုဟာအောင်စမန်းတွင်မှ လ့ူမသမာအမှောင်သန်းချိန်မို့ အကြေဒဂုန်တသောင်ကမ်းမို့မို့ဆီက ဖောင်းနန်းကူးတို့နှင့်တည်းဟူသောရေစုန်မျောလေရဲ့
သြော်.....
တောင်နန်းမြောက်နန်းအဆောင်ဆောင်ကြငှာန်းနဲ့ ခေါင်းမမြန်းရခင်က အောင်ပန်းညိုးရရှာတဲ့ အောင်ဆန်းတို့သေပုံနှမေျာ............
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
သခင်ကိုယ်တော်မှိုင်း