သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, June 28, 2016

ကျုပ်တို့ ရိုးမမှာ ဒီလိုလဲရှိတယ် (သရော်စာ)




     တစ်နေ့ နံနက်မိုးသောက် အာရုဏ်အရောက်မှာ ရိုးမတစ်ခွင် လေကောင်းလေသန့် ရူဖို့နဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားရင်း လမ်းလျှောက်အလာ

တွေ့ပါပြီကော ဟိုးရှေ့မှာ ကားယားကားယားနဲ့ လက်မထောင်ထောင် ဘေးတိုက်သွားနေတဲ့ ကိုရွှေဂဏန်း လမ်းလျှောက်ပုံက ဟန်ပါပါ မာန်ကြွကြွ တစ်လောက သူ့ကြီးပဲ ရှိလေဟန်ရယ် လောကကဝတ် အရ လှမ်းနှုတ်ဆက်လိုက်တယ်

ဗျို့ ကိုကြီးဂဏန်း နေကောင်းရဲ့နော်

ကောင်းပါပြီးကော မျောက်လွဲကျော် ရယ် ဒါနဲ့ ဘယ်ကဘယ်လို လမ်းသလားနေရတာတုံး တိုင်းရေးပြည်ရာ အဖြာဖြာ ဒီလောက် အရေးတကြီး စီမံကိန်းတွေ ချမှတ် ဆောင်ရွက်နေချိန်မှာ အေးအေးလူလူ လမ်းသလားနေနိုင် သလားဗျာ အံ့ရော

ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတယ် ကိုယ့်ဖာသာကိုယ် သစ်တစ်ပင်ပြီးတစ်ပင် ကူးနေတုန်းက အကောင်း

ခုမှ ဟိုး လူ့ရပ် လူ့ရွာက လူတွေကို အားကျ သူတို့မနက်ပိုင်း လမ်းလျှောက်ကြတယ်ဆိုလို့ ကိုယ့်လည်း ဟုတ်မလားလို့ လမ်းလျှောက်မိပါတယ် ကိုရွှေဂဏန်းနဲ့ အတွေ့ လောကွပ်ချော်မိရာက ခနဲ့ခံရတော့တာပဲ

ကျုပ်ကလည်း ကျုပ်ပါပဲဗျာ ငှက်ပျောသီး ရယ် အမွှေးရှည်ရှည် ဝမ်းဖြူဖြူနဲ့ မျောက်မလေးရယ်က လွဲပြီး ကျန်တာ ဘာမှမသိ သိလည်းမသိချင် အလေ့အလာ နည်းတာကိုး

ဒါပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ခံယူထားတဲ့ ကိုယ်ရွှေဂဏန်း နဲ့ အလာပသလာပ ပြောရင်တော့ နိုင်ငံရေးစကားပဲ ပြောရတာပ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြားဖူးနားဝ နဲ့ ရမ်းဖြီးလိုက်တယ်

အဲ့ဒီမှ တကယ့် ဒုက္ခစတော့တာပဲ

ဒါနဲ့ ကိုရွှေဂဏန်း ကျုပ်တော့ တောရဲ့ ဥသျှောင် ခြငေ်္သ့မင်း ကြီးကတော့ လမ်းဖောက် တံတားဆောက်နဲ့ အတော်ဟန်လာပြီဗျနော် ဒီလမ်းကလေးဖောက်ပေးတာတော့ သိပ်ကျေးဇူးတင်မိတယ်ဗျာ ဟိုတလောကလည်း အထူးစီမံတွေ လုပ်ဆောင်နေတယ်လို့ ကြားမိတယ်ဗျနော်

ဒါပဲ ခင်ဗျားဟာလေ ဒီသစ်တောမှာနေပြီး ဒီသစ်တောအကြောင်း ဘာမှမသိဘူး စိတ်ပျက်ပါတယ်ဗျာ ခင်ဗျာလို သတ္တဝါ တွေရှိလို့ ကျုပ်တို့တော မတိုးတက်တာဗျ

ခုကျုပ်တို့ တောကို ဘယ်သူအုပ်စိုးနေလည်းတောင် မသိတာ အံ့ပါရဲ့ဗျာ

ကျုပ်တို့ကိုယ်တိုင် မှင်စွတ်ပြီး ရွေးချယ်ခဲ့တဲ့ ဒေါင်းသခင်မ အုပ်စိုးနေထာလေဗျာ

ဒီလမ်းကိုလည်း ဒေါင်းသခင်ရဲ့ ပါတီဝင် ခွေးအရဲ့ အဆိုတင်သွင်းမှုနဲ့ ဖောက်လုပ်ခွင့်ရတာဗျ

ဟိုးလူ့ရပ် လူ့ရွာမှာ အစေခံဖြစ်နေတဲ့ ကျုပ်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြန်လာနိုင်အောင် လုပ်ဆောင်ပေးနေတာဗျ ဒါတောင်မသိဘူးလား အံ့ရောဗျာ

ကျုပ်လည်း ကိုယ်ကမသိပဲ ဖြီးမိတော့ ခံရတာပေါ့

ကျုပ်တို့် ဒေသရဲ့ လွှတ်တော် အမတ်မင်း ကိုပုတ်သင် ဟိုနေက လွတ်တော်မှာ အဆိုတင်သွင်းသွားတာ မတွေ့မိဘူးလား ကျုပ်တို့တောကို ရက် ၁၀၀ အတွင်းပြောင်းလဲပြစ်မှာဗျ

ခင်ဗျားလို အန္တ ငှက်ပျောသီးကုန် သစ်ပင်လေး သတ္တဝါနဲ့ ပြောနေလို့လည်း လေကုန်ရုံပဲ ရှိမယ် ဘာမှ ထူးခြားလာမှာမဟုတ်ဘူး သွားမယ်

အဲ့ဒီလို ရေရွတ်ငြီးတွားပြီး သူထုံးစံ သူ့ဟန်အတိုင်း ကိုရွှေဂဏန်း ကားယားကားယား လက်မထောင်ထောင် နဲ့ ထွက်သွားတာကိုကြည့်ပြီး ကျုပ်တွေးမိတယ်

ကျုပ်တို့ ရိုးမ တိုးတက်လာမလာတော့ မသိဘူး ကိုရွှေဂဏန်း လို မာန်ကြွ ဟန်ထလို့ ကားယားကားယား လမ်းသလားပြီး တွေ့သမျှ နိုင်ငံရေး တရားဟော မသိသူကို ခပ်နှိမ်နှိမ် ခနဲ့တဲ့တဲ့ ပြစ်တင်ဝေဖန်နေတဲ့ သတ္တဝါတွေ ကျုပ်တို့ ရိုးမမှာ ဘယ်လောက်များ ရှိနေမလဲလို တွေးမိရင်း စကားပြောရမှာ ဝန်လေးမိရဲ့ဗျာ



သန်းထွန်လေး
အင်းတဲရွာ

Saturday, June 25, 2016

သူတောင်းစားပြဿနာ

ဂရုဏာ လိမ်​လည်​မှု
✂ ✂ ✂ ✂ ✂ ✂

စိတ်​အ​နှောက်​အယှက်​ ဖြစ်​​စေ​လောက်​တဲ့ အထိကို မြို့ပြရဲ့ ​တောင်​းရမ်​းမှု အလှူခံ ပြဿနာက ဆိုးဝါးလွန်​းပါတယ်​

[အားလုံးကို မဆိုလိုပါ တချို့ တကယ်​့ကို အတိ ဒုက္ခ​ရောက်​​နေသူ​တွေ ရှိသလို အဲ့ဒီလို ဒုက္ခ​ရောက်​​နေသူ​တွေရဲ့ အကြားမှာ ​ရောပြီး လူ​တွေရဲ့ သနားလွယ်​မှုကို အခွင်​့့​ကောင်းယူပြီး ဂရုဏာ လိမ်​လည်​​နေသူများကို ဆိုလိုပါတယ်​ ]

မနက်​စာအတွက်​ လက္ဖက်​ရည်​ဆိုင်​မှာ အပြင်​မှာ စားသုံးသူတိုင်​း ခံစားရတဲ့ ဒုက္ခပါ

ဝတ်​စုံ အမျိုးမျိုး စကားအသွယ်​သွယ်​ ​လော်​ ​ဘောက်​​တွေနဲ့ ၆ လသား က​လေးမှ ၆၀ ​ကျော်​ အဘိုးအဘွား အရွယ်​အထိ ​ခြေကျိုးလို့ တစ်​မျိုး ​ရောဂါသည်​လို့ တစ်​ဖွယ်​ ​ကျော​ထောက်​​နောက်​ခံ သားသမီး မရှိလို့ စသည်​ စသည်​့် အ​ကြောင်​းပြချက်​​ပေါင်​း များစွာနဲ့ကို အလှူခံတယ်​​ပေါ့

တစ်​နည်​း လူ​တွေရဲ့ ကရုဏာစိတ်​ကို လိမ်​လည်​လှည်​့ဖျားပြီး အသပြာခံယူကြတယ်​

​တွေ့နိုင်​ပါတယ်​......

မြို့ပြရဲ့ လမ်​းမထက်​မှာ ​နေပူ မိုးရွာ​ရှောင်​ ​ရောဂီ​ရောင်​ ဝတ်​စုံနဲ့ ခါးကုန်​းလို့ နေရာက​တောင်​ မ​ရွေ့နိုင်​တဲ့ အ​မေအို ၊ မျက်​စိ မမြင်​တဲ့ လင်​သားကို လက်​ဆွဲထားတဲ့ အမျိုးသမီး ၊ မျက်​မမြင်​ အဖိအဖ နဲ့ သားတစ်​​ယောက်​ ၊ ဝတ်​​ကောင်​းစားလှနဲ့ အိမ်​ပြန်​ဖို့ လမ်​းစရိတ်​ မရှိသူ ၊ လသားအရွယ်​ က​လေးငယ်​ကို ရင်​ခွင်​ပိုက်​ထားတာ မိန်​မငယ်​ ၊ လမ်​းလယ်​မှာ အလွန်​ကြီးမာ​နေတဲ့ ဦး​ခေါင်​း​ကြောင်​့ လှဲလျက်​အ​နေအထားနဲ့ က​လေးတစ်​​ယောက်​ ၊ ​မှောက်​ချထားတဲ့ ဖရဲသီးဗန်​း အနား ငို​နေတဲ့ မိန်​းမပျို ၊ ရင်​ခွင်​ပိုက်​ထားတဲ့ က​လေး စာက​လေး​တွေ အစာ​ကျွေးဖို့ စပါးနှံလိုက်​​ရောင်​းသူ နားထင်​မှာ ပါလာစတာကပ်​လို့ လူမြင်​ကွင်​းမှာ မကြာခဏ လဲကျတတ်​သူ ၊ အသံစာစာနဲ့ သူ့ဒုက္ခ​တွေကို ဟစ်​​ကြွေး​ပြီး လမ်​းစဉ်​​လျှောက်​​နေ့တဲ့ အဖွားအို ၊ ယင်​တစ်​​လောင်​း​လောင်​းနဲ့ ​ခြေတစ်​ဖက်​ကို တရွတ်​ဆွဲပြီး သွား​နေတဲ့ အမျိုးသား.........

သူတို့​တွေ သူတို့​တွေကို ရန်​ကုန်​​နေသူတိုင်​း သိမယ်​ထင်​ပါတယ်​

မနက်​မိုးလင်​းရင်​ ကြား​နေကြပါ ကျွန်​​တော်​တို့ ​နေရာက ​ဈေးနဲ့ နီး​တော့ မနက်​လူစီကားချိန်​မှာ ကားတစ်​စီး လာထိုးရပ်​ပြီး ​လော်​ကို အမြင်​့ဆုံး ဖွင်​့ကာ ထမင်​းတစ်​ပွဲ ဘယ်​​လောက်​ တစ်​ဝိုင်​းဘယ်​​လောက်​ အုတ်​ သဲ ​ကျောက်​ ဘိလပ်​​မြေ ပါမကျန်​ တစ်​မျိုး ဘယ်​​လောက်​ အားလုံးဘယ်​​လောက်​နဲ့ အ​ပြော​ကောင်​းသူ အ​ဟော​ကောင်​းသူက ဇာတ်​နိပါတ်​ အသွယ်​သွယ်​ ကိုးကားပြီး စတော့တာပဲ ပြီး​တော့ အုတ်​ ဘယ်​နှစ်​ချပ်​ဖိုးပဲ ကျန်​ပါ​တော့တယ်​ ထမင်​း ဘယ်​နှစ်​ဝိုင်​းစာပဲ ကျန်​ပါ​တော့တယ်​ မိဘပြည်​သူများကိုလည်​း အားနာပါတယ်​ ဘာညာ​အော်​ပြီး လမ်​းထဲက ထွက်​သွားတယ်​ ​နောက်​တစ်​လမ်​မှာလည်​း ထိုနည်​း၄င်​း​ပေါ့ ပြန်​စကြ​တော့တာပဲ

အဲ့ဒီထက်​ ဆိုးတာက သာသနာ့ နွယ်​ဝင်​ဟန်​ အ​ရောင်​​ဆောင်​ ​တောင်​းရမ်​းခြင်​း​တွေပါ

ကျွန်​​တော်​က ဗဟန်​းမြို့နယ်​က ဂွတ္တလစ်​ မှာ ​နေပါတယ်​ ဒီရပ်​ကွက်​မှာ ​နေသူတိုင်​း သိပါတယ်​ လွန်​ခဲ့တဲ့ ၅ နှစ်​​လောက်​ကတဲက ​ကျောင်​း​ဆောက်​ဖို့ အတွက်​ဆိုပြီး အလှူခံ​နေတဲ့ သီလရှင်​တစ်​ပါး အခုထိ ​ကျောင်​း​ဆောက်​ရ​သေးဟန်​မတူပါဘူး

​ဒီလိမ်​လည်​မှု​တွေဟာ ပြစ်​မှု မ​မြောက်​ဘူးလား အဘိုးအဘွား က​လေးငယ်​​တွေကို ​နောက်​ကွယ်​က ကြိုးကိုင်​ချယ်​လှယ်​ပြီး ​တောင်​ရမ်​း​စေခိုင်​းတဲ့ အစုအဖွဲ့​တွေ ရှိ​ကြောင်​းလည်​း ဂျာနယ်​ သတင်​းစာ​တွေမှာ ဖတ်​ဖူး မှတ်​ဖူးပါတယ်​

ဒီ လူတစ်​​ယောက်​ရဲ့ အ​ရေးအကြီးဆုံးဖြစ်​တဲ့ စာရိတ္တ ပိုင်​းချို့ယွင်​းမှု​တွေ လူ့အသိုင်​းအဝိုင်​း တစ်​ခုလုံးကို တန်​ဖိုးကျတာ​တွေ ရှိ​နေပါတယ်​

ဒါဟာ အ​ရေးတစ်​ယူ ထိန်​းသိမ်​း​သင်​့တဲ့ ကိစ္စတစ်​ရပ်​လို့ ယူဆပါတယ်​

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

သန်​းထွန်​​လေး
အင်​းတဲရွာ

လူ နဲ့ လူမျိုး

ကျွန်တော် သိပ်မုန်းတဲ့ စကားတစ်ခွန်း ရှိတယ်

*လူတစ်ယောက် မဟုတ်တာ တစ်ခု လုပ်လိုက်ပြီ ညစ်ပတ်လိုက်ပြီဆိုတာနဲ့ တစ်သံတည်း ထွ​က်လာကြတယ် ဗမာစိတ်ဓာတ် *

တဲ့လေ

ဒါဟာ လူတစ်ယောက်ရဲ့ ချို့ယွင်းမှုပဲ ဘာ့ကြောင့် လူမျိုးတစ်စုအပေါ် တံဆိပ်ကပ်ရတာလဲ အဲ့ဒီလို တံဆိပ်ကပ်လိုက်တဲ့ သူကရော ဘယ်လောက် အမြင်သေးသိမ်သလဲ လူ နဲ့ လူမျိုး တောင်ခွဲခြား မသိဘူးလို့ပဲ ပြင်းပြင်းထန်ထန် ရှုံ့ချပါရစေ........

အားလုံးက လေးစားပါတယ် ဆိုတဲ့ မင်းကွန်းဆရာတော် သီတဂူဆရာတော် ပါမောက္ခချုပ်ဆရာတော် စသည့်ဖြင့် ဆရာတော်ပေါင်းများစွာ ဆရာမှိုင်း ဗိုလ်ချုပ်အောင်းဆန်း ဆရာဇော်ဂျီ စသည် စသည်ဖြင့် ဗမာ့သမိုင်းမှာ အကျင့်ရော သိက္ခာမှာပါ ဘယ်လောက်စမ်းစမ်း အစမ်းခံနိုင်တဲ့ ပုဂ္ဂိုလ် တွေ အများအပြားပါ

ဘာ့ကြောင့် လူတစ်ယောက်ရဲ့ သိမ်ဖျင်းမှုကို လူမျိုးတစ်စုအပေါ် တံဆိပ်ကပ်မှာလဲ

ချစ်သူ့ရှင်းတမ်း ယ​သော်​ဓရာ


♡ ♡ ♡

အများအမြင်​မှာ မီးတွင်​းမှာပဲ လင်​ပြစ်​သွားသူ တစ်​​ယောက်​အဖြစ်​ သနားစရာတဲ့​လေ မချစ်​ဘူးထင်​ရဲ့ ပြစ်​သွားရက်​တယ်​​နော်​တဲ့

အ​မောင်​့ အချစ်​ကို သံသယ ဖြစ်​ရမတဲ့လားရှင်​

နှစ်​​ပေါင်​း ၇၀၀ ရာ ငို​ကြွေးပြီး သက်​​သေတည်​ခဲ့ပြီးသားပါ လက်​ဆုပ်​လက်​ဝါး ပြလို့လည်​း တစ်​​ယောက်​စိတ်​နှလုံး တစ်​​ယောက်​ သိခဲ့ပြီးသား သိပြီးသားပါ

​ခေါင်​း​မော့လို့ ရယ်​မိ​တော့မ​ပေါ့ရှင်​

ကျွန်​မဟာ ဒီ​လောက်​အတွက်​ ပူ​ဆွေးရမတဲ့လား နှစ်​အသ​ချေၤ ကတည်​းက သူအတွက်​ဆို ဘာမဆိုစွန်​့ဖို့ မြတ်​ဘုရား ဒီပင်္ကရာ မှာ သစ္စာဆိုခဲ့ပြီးသား ဆိုတာမသိလို့ပါ အခွင်​့ရှိခဲ့သားပဲ မြတ်​ဘုရားမှာ ကြာရှစ်​ခိုင်​ ကိုယ်​တိုင်​ကပ်​လို့ ​လောကီ ​လောကုတ္တရာ အ​ထွေ​ထွေ ဘုရားဆုပန်​ မင်​း​ယောက်​ျားဘဝ ဆု​တောင်​းနိုင်​ခဲ့သားပဲ ဒါ​ပေမယ်​့ ကျွန်​မ သူ့အတွက်​ဆို ဘာမဆို ဖြည်​့စည်​း​ပေးချင်​ခဲ့တာ သူ့ရဲ့ ကိုယ်​ကျိုးမဖက်​ ​လောကတစ်​ခွင်​ အလင်​း​ဆောင်​ချင်​တဲ့ ထက်​သန်​လွန်​းတဲ့ စိတ်​ဓာတ်​ တစ်​​ယောက်​တည်​း ကိုယ်​လွတ်​ရုန်​း ထွက်​သွားနိုင်​ခဲ့ရဲ့နဲ့ သုံး​လောကအတွက်​ အနစ်​နာခံခဲ့တဲ့ စိတ်​ဓာတ်​ကို ​လေးစားတာ​ကြောင်​့ပါ မြတ်​နိုးတာ​ကြောင်​့ပါ ချစ်​တာ​ကြောင်​့ပါ ဒါ​ကြောင်​့ ကြာရှစ်​ခိုင်​မှာ ငါးခိုင်​က သူ့အတွက်​​လေ ကျွန်​မက​တော့ သုံးခိုင်​ပဲ ပူ​ဇော်​ခဲ့တာ​ပေါ့

ထင်​မှာ​ပေါ့ ဒီ​လောက်​​တော့ ဒို့လည်​းချစ်​နိုင်​ပါတယ်​ ​ပေးဆပ်​နိုင်​ပါတယ်​​ပေါ့ မ​ရေမတွက်​နိုင်​တဲ့ ကမ္ဘာ့ ကမ္ဘာ ​လေးခုတင်​မကဘူး ကမ္ဘာတစ်​သိန်​း ကာလပတ်​လုံးမှာ ပွင့်​ ပွင်​့ခဲ့သမျှ မြတ်​ဘုရားတိုင်​းမှာ ဘဝဆက်​တိုင်​း သူနဲ့သာ ​ပေါင်​းသင်​းရပါလို၏ သူ့အတွက်​ဆို ဘာမဆို စွန်​့လွှတ်​နိုင်​​သောစိတ်​ ရှိရပါလို၏လို့

ကျွန်မ သိတာ​ပေါ့ မင်​း​ဝေဿန်​ဘဝ ကျွန်​မကို စွန့်​့လှူခဲ့တာ မချစ်​လို့မှ မဟုတ်​တာ အ​မောင်​့ မျက်​ဝန်​းကို ကျွန်​မ မကြည်​့ရက်​ဘူး မကြည်​့ချင်​ဘူး အသနားမခံချင်​ဘူး အမောင်ရည်​သန်​တဲ့ ဉာဏ်​​တော်​အတွက်​ ကျွန်​မဟာ ခလုတ်​ကန်​သင်​း မဖြစ်​လိုဘူး​လေ ဒါ​ကြောင်​့ ကျွန်​မ လိုလားစွာပဲ ထွက်​ခွာသွားခဲ့ပါတယ်​ ရှိုက်​သံတစ်​ချက်​ မထွက်​ဘဲပေါ့ ကျွန်​မ​ကြောင်​့ အ​မောင်​့ ခရီးလမ်​း ​နှောင်​့​နှေး မှုဖြစ်​ခဲ့ရင်​ ကျွန်​မ ကိုယ်​့ကိုယ်​ကို အပြစ်​တင်​လို့ ဆုံးမှာမဟုတ်​ဘူး​လေ

အ​ဖေနဲ့ ​မောင်​​လေးအတွက်​လား မှန်​တာကို ဝန်​ခံရရင်​ ပူ​ဆွေးရသ​ပေါ့ နှလုံးသည်​းပွတ်​ တစ်​ဆတ်​ဆတ်​ အရိုက်​ခံရသလို နာကြဉ်​ရတာ​ပေါ့ ဒါ​ပေမယ်​့ ​လောကတစ်​ခွင်​ အလင်​​းဆောင်​ဖို့ ကျွန်​မရဲ့ တစ်​ကိုယ်​စာ မီိး​တောက်​ ​တောက်​​လောင်​ပါ​စေရှင်​ ဖျစ်​ဖျစ်​မြည်​​အောင်​ ​တောက်​​လောင်​ပါ​စေ ကျွန်​မ ကျွမ်​း​လောင်​ခံဝံ့ပါတယ်​

တစ်​ခုပဲ ​တောင်​းဆိုပါ​စေ.....
အ​မောင်​့အချစ်​ သံသယမဖြစ်​​ပါနဲ့ရှင်​......

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

သန်​းထွန်​​လေး
အင်​းတဲရွာ

ချစ်လို့ သဝန်တိုတာ အပြစ်လား အင်္ဂုလိမာလ


❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

    ကျုပ်ဒီကောင်လေးကို သိပ်သဘောကျခဲ့တယ်ဗျ သူဟာသိပ်ရိုးသားတယ် သင်ယူရာမှာလည်း စိတ်ဝင်တစားပဲ ကျုပ်ကို ရိုသေတဲ့ နေရာမှာလည်း နှစ်ယောက်မရှိဘူး သေဆိုတောင် သေဝံ့လောက်တယ် အလိုက်သိတဲ့ နေရာမှာလည်းလွန်ရော့ပဲ ဖင်ပေါ့တယ်ပေါ့

သူ့အဖေ လာအပ်တုန်းကဖြင့် ကျုပ်ဖြင့် အံ့သြ ရော့ဗျာ ဘာတဲ့ အတွင်းနေတပည့်အဖြစ် လက်ခံပါတဲ့လေ ယဉ်ကျေးအောင်သာ ပြောရတာပါ ထမင်းစား ကျွန်ခံ ပညာသင်ပေါ့ သူ့နှဖူးရည် ဒူးရည်ကြည့်ရ တော်တော့ကို ထူးမယ့် ထက်မယ့်ကလေးပါ သူ့ဖခင် ကြည့်ပြန်တော့လည်း တောက်တောက်ပြောင်ပြောင် ခံ့ခံ့ထည်ထည်ပါ သာမန်ညောင်းည မျိုးနွယ်ထဲက မဟုတ်မှန်းတော့ ကျုပ်အတွေ့အကြုံနဲ့ ခန့်မှန်းတတ်ပါတယ်

   ဘာ့ကြောင့်လဲ ဘယ်လို ဖခင်မျိုးလဲပေါ့ ကျွုပ်စိတ်အစဉ် ဒွိဟနဲ့ လက္ခံခဲ့ပါတယ်

   ဒီနေ့ကြည့်စမ်း အတန်းမှာ သင်ခန်းစာအတွက် ကျောင်းသားတွေ စုံစုံလင်လင် ရှိပါရဲ့ သူကဘယ်ရောက်နေသတုံး ပညာသင်မယ့် ကလေးဟာ အတန်းမှာပဲ ရှိနေရမှာပေါ့

အော်မေ့လို့လေ မနက်က ကျုပ်မိန်းမ ခိုင်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာကိုး မိန်းမငယ်ငယ် ယူရ မစားသာပါဘူးဗျာ သူ့အလို သူအကြိုက်လိုက်နေရတာပဲ အငယ်ဆိုတော့လည်း နွဲ့ဆိုး ဆိုးရှာမပေါ့လို် ခွင့်လွှတ်ထားတာ လွန်ရော့ထင့် ခု ကျုပ်တပည့်ကို အိမ်က အခိုင်းအစေဟန် ခိုင်းချင်ရာခိုင်းနေတော့တာပဲ ထင်းခွေ ရေခပ်တော့ ထားပါလေ အဝတ်ပါ လျှော်ခိုင်းတာတော့ တစိတ်လွန်ရော့ အမှန်က ဒါသူလုပ်ရမယ့် ဝတ္တရား မဟုတ်လား

ပတ်ဝန်းကျင်ဆိုတာ ဒီလိုပဲ သွားပုတ်လေလွင့် ပြောတတ်တာ ဓမ္မတာ မဟုတ်လား ကျုပ်မယုံပါဘူးဗျာ ကိုယ့်ထမင်း ကိုယ်စား သူများ အတင်း ဟင်း လုပ်နေကြသူတွေ အများသားဆိုတာ ကျုပ်သိတာပေါ့

ဒါပေမယ့်လေ ကျုပ်လည်း ကာမဘုံသား မဟုတ်လား ကျောက်သား ကျောက်ဆိုင်တောင် တိုက်ပါများတော့ ပြိုတတ်တာ နှဲ့ပါများတော့ နဲ့တတ်တာပဲ

သံသယတော့ ဖြစ်လာတယ် တစ်ခြားကိစ္စဆို ခွင့်လွှတ်တန်ကောင်းရဲ့ဗျာ အခုဟာက ဆရာ့မယား ကြာခိုတဲ့ အခြေအနေ အချစ်တော့ ဝေမစားနိုင်ဘူးဗျ အရပ်ရပ် အပြည်ပြည် ကြားလို့မတော် ဆရာ့မယားနဲ့ ဖြစ်လို့ အတန်းက ထုတ်ပြစ်တယ်ဆို ဟားစရာဖြစ်နေရော့ ကြံစမ်း ကြံစမ်း

ဟိုတစ်နေ့က ကျုပ်တပည့်တွေ ပညာစုံလို့ ဌာနေအပြန် လက်ဆောင်ပဏာနဲ့ ရှစ်ခိုးကန်တော့ကြတော့ သူ့မျက်နှာမကောင်း သူလည်း ဆရာ့ကို ပူဇော်ချင်ရဲ့တဲ့လေ ဒါပေမယ့် သူ့အဖေက အသပြာ တစ်ခုတလေမှ မပေးခဲ့လေတော့ အခက်လို့ ညဉ်းငြူ တယ်ဆိုပဲ

ဒါကအကွက် နတ်တို့ဖန် ရေကန်အသင့်ကြာအတင့် ဆိုတာ ဒါပဲနေမှာ

လောက အပြစ်ဆိုလေက ဆိုတော့ ကျုပ်မယားနဲ့ သူဝေးသွားဖို့က လိုရင်မဟုတ်လား လွယ်တာခိုင်းပြန်ကလည်း သူက ခဏပြန်ရောက်လာမှာ ပြန်လမ်းမရှိရာ ပို့မှပါလေ သတ်ဖို့ကလည်း မရဲ ဒီတော့ ပရိယာယ် သုံးရတာပေါ့

ငါ့တပည့် ဆရာ့ကို ကျေးဇူးဆပ်လိုက လက်ညှိုး တစ်ထောင်ဖြတ်ပြီး ပူဇော်လေ ဆိုတော့ ဓားဆွဲ ချက်ခြင်းတော ထွက်သွားလေရဲ့ ကျုပ်ရဲ့ ပရိယာယ်ကို မရိပ်မိ ငယ်သူဆိုတော့ ပူဇော်ရဖို့ လိုရင်းတွက်ဟန်တူရဲ့ ဘာအသုံးဝင်မှာလည်း လို့လည်း စောဒကမတက် ဘယ်သူက ကိုယ့်လက်ညှိုးကို အသာတကြည် အဖြတ်ခံမတုံးဗျ လူသတ်လက်ဖြတ် တိုင်းပြည့်ရန်သူ ဘုရင့်ဒေါသ ပြည်သူ့အမုန်း ခံယူဖို့ တမင်စေခိုင်းတဲ့ ကျုပ်အကြံ အောင်ပါပေါ့

ဒါပေမယ့်လေ

ဆရာ ဆက်ဆက်ပြန်လာ ပူဇော်ပါ့မယ်ဆိုပြီး ကျုပ်ခြေအစုံကို ဦးချ နောက်လှည့်မကြည့်စတမ်း ထွက်သွားတဲ့ တပည့်ရဲ့ ကြောပြင်ကို ကြည့်ရင်း ကာမဘုံသား ကျုပ်စိတ်အစဉ်မှာ ရေရွတ်မိပါတယ် ရင်တွင်းမှာ ရှိုက်ရင်းပေါ့

ဖြစ်လေရာဘဝ ဆရာ့လို ဆရာမျိုးနဲ့ မဆုံပါစေနဲ့

နှောင်းနောင်အခါများ သူရဲ့ ရက်စက်မှု ကြမ်းတမ်းမှုတွေကို ရေရွတ်ကြတိုင်း ကျွနု်ပ်ရဲ့ လွဲမှားခဲ့တဲ့ ကာမချစ်ခြင်း ဝန်တိုခြင်း ကိုသာ ညွှန်းပြ ရှုတ်ချပါစေတော့.......

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

သန်းထွန်လေး
အင်းတဲရွာ

Tuesday, June 21, 2016

မာသာထရီဇာ



မာသာထရီဇာ


သူမရဲ့ နာမည်ရင်းအပြည့်အစုံကတော့

*အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇု*
ပါ

၁၉၁၀ သြဂုတ်လ ၂၆ ရက်နေ့မှာ အော်တိုမင်အင်ပါယာ ဥဇကပ် (ယခု မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော် စကုပ်ဂျီ) မှာမွေးဖွားခဲ့ပါတယ်

သူမရဲ့ ဖခင်ကတော့ အယ်ဘေးနီးယားနိုင်ငံ စကိုဒါ ဒေသက နီကိုလေ ဖြစ်ပြီး မိခင်ကတော့ ဒရာနာဘိုဂျက်ဇု ပါ
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်

သူမရဲ့ဖခင်ကတော့ ၁၉၁၉ မှာ ကွယ်လွန်ခဲ့ပါတယ်

ဖခင်ကွယ်လွန်ပြီးချိန်မှာ မိခင်ဖြစ်သူရဲ့ ရိုမန်ကက်သလစ် ဘာသာသို့ ဝင်ရောက်ခဲ့ပါတယ်

သူမဟာ သီလရှင်တစ်ပါး ဖြစ်လာဖို့အတွက် အသက် ၁၈နှစ် အရွယ်မှာ လော်ရီတို က သီလရှင်ကျောင်းကို သွားရောက်ခဲ့ပါတယ်

အဲဒီနေ့ကတော့ သူမရဲ့ မိခင် အစ်မတွေနဲ့ နောက်ဆုံး တွေ့ဆုံရခြင်းပါ

အင်္ဂလိပ်စာ ကိုတော့ အိုင်ယာလန်နိုင်ငံ ရပ်ဖာဟမ် မှာရှိတဲ့ လော်ရီတို သီလရှင်ကျောင်းမှာ သင်ယူခဲ့ပါတယ်ဒီကျောင်းဟာ အိန္ဒိယက ကလေးသူငယ်တွေကို အင်္ဂလိပ်စာ သင်ဖို့အတွက် လော်ရီတိုက သီလရှင်တွေ တက်လေ့ရှိတဲ့ ကျောင်းပါ

၁၉၂၉ မှာတော့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာပြီး ဟိမ၀န္တာတောင်ခြေနားက ဒါဂျီလင်မှာ သာသနာပြုဖို့ ရောက်ရှိလာပါတယ်

သူမတို့ရဲ့ ကွန်ဗင့်ကျောင်းမှာ ကလေးတွေကို
စာသင်နေရင်း အနီးမှာရှိတဲ့ စိန့်ထရီဇာကျောင်းမှာ ဘင်ဂါလီ ဘာသာကို သင်ယူခဲ့ပါတယ်

၁၉၃၁ မေလ ၂၄ ရက်နေ့မှာတော့ သီလရှင်တစ်ပါးအဖြစ် ခံယူခဲ့ပါတယ်

စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ ဘွဲ့နာမကို ခံယူလိုပေမယ့် အခြား သီလရှင်တစ်ပါး ခံယူသွားပြီး ဖြစ်တာကြောင့် စပိန်ဘာသာနဲ့
**ထရီဇာ**
ဆိုတဲ့ အမည်ကို ခံယူလိုက်ပါတယ်

အဲဒီမှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး တာ၀န်
ထမ်းဆောင်ပြီးချိန် ၁၉၄၄ မှာ ကျောင်းအုပ်ဆရာမကြီး ဖြစ်လာခဲ့ပါတယ်

ကျောင်းမှာ စာသင်ပြရတာကို နှစ်သက် ပျော်ရွှင်ပေမယ့် ၁၉၄၃ မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂလား ငတ်မှုခေါင်းပါးမှုဘေးက မြို့တော်ကြီးဆီ အနိတၳာရုံတွေနဲ့ သယ်ဆောင်လာချိန် ၁၉၄၆ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူ မူဆလင်
လူမျိုးရေး အဓိကရုဏ်းကြီးက ကာလကတ္တားမြို့ကြီးကို ဒုက္ခပင်လယ်ေ၀စေခဲ့ပြီး ချောက်ချားစရာ
ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေက သူမ နှလုံးသားကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့ပါတယ်

၁၉၄၆ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့

***ငါဟာ ကွန်ဗင့်ကျောင်းက ထွက်ခွာပြီးတော့ ဆင်းရဲသားတွေတောထဲမှာ နေထိုင်ရင်း သူတို့ကို ကူညီရမယ် ဒါဟာ ဘုရားသခင်ရဲ့ အမိန့်ဖြစ်တယ် ဒါကို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ ငါ့ရဲ့ယုံကြည်ခြင်း ပျက်သုံးသွားခြင်းဘဲ ***
လို့သူမကိုယ် သူမ ကတိပြုခဲ့ပါတယ်

၁၉၄၈ မှာတော့ လော်ရီတို သီလရှင် ၀တ်ရုံဖြူအစား အပြာစင်း အနားသတ်တွေပါတဲ့ ၀တ်ရုံကို ပြောင်းလဲ၀တ်ဆင်ပြီး ဆင်းရဲသားတွေအတွက် စတင် လုပ်ဆောင်ပါတော့တယ်

အိန္ဒိယလူမျိုးအဖြစ် ခံယူပြီး ပန်တာက ဆေးရုံမှာ လအနည်းငယ်ကြာ ဆေးပညာသင်ယူပြီး ကာလကတ္တားရဲ့ ဆင်းရဲသားရပ်ကွပ်ထဲမှာ မထမဦးဆုံးကျောင်းတစ်ကျောင်းဖွင့်ခဲ့ပါတယ်

ပထမနှစ်ဟာ အခက်အခဲတွေနဲ့ နပန်းလုံးနေရတဲ့ ကာလပါဘဲ

ဒီအချိန်တွေမှာ သံသယတွေနဲ့ အထီးကျန်မှုတွေကြောင့် ပြန်ချင်တဲ့အထိ ဖြစ်ခဲ့ပါတယ်

၁၉၄၉ ဦးပိုင်းမှာတော့ အမျိုးသမီးငယ်တစ်စုက သူမရဲ့ လုပ်ငန်းမှာ ပါ၀င်လာခဲ့ပြီး ဆင်းရဲသူများအတွက် လာရောက် လုပ်အားပေးခဲ့ပါတယ်

မကြာမီအချိန်အတွင်းမှာ သူမရဲ့လုပ်ဆောင်မှုတွေကို အာဏာပိုင်တွေက သတိပြုမိလာပြီး ၀န်ကြီးချုပ်ကိုယ်တိုင်က အသိအမှတ်ပြုမှုကို ဖေါ်ပြလာပါတယ်

၀င်ငွေ တစ်ပြားမှ မရှိတဲ့အတွက် အစားအသောက်နဲ့ ငွေကြေးအတွက် အလှူခံမှုနဲ့ ဖြေရှင်းခဲ့ရပါတယ်

သူမရဲ့ဒိုင်ယာရီထဲမှာ

***သခင်ဘုရားက ဆင်းရဲခြင်းကားတိုင်ကို ထမ်းဖို့ လွတ်လပ်တဲ့ သီလရှင်တစ်ပါး ဖြစ်စေချင်ခဲ့ပြီ ဒီကနေ့ သင်ခန်းစာကောင်းကို ရခဲ့ပြီ ဆင်းရဲသားတွေ ကြုံတွေ့ရတဲ့ ဒုက္ခဟာ သူတို့အတွက် ပင်ပန်းလှပါတယ် သူတို့အတွက် နေစရာအိမ် အစားအစာနဲ့ ကျန်းမာရေးအတွက် ဘယ်လောက်များ ခက်ခက်ခဲခဲကြိုးပမ်းရမလဲ ဒီလိုနဲ့ ကျွန်မဟာ အလိုတော်အတိုင်း ဒီမှာဘဲ ဆက်နေဖို့ ဆန္ဒပြုခဲ့ပါတယ် သူတို့ မျက်ရည်တစ်စက်မှ မကျစေရပါဘူး***

လို့ ရေးမှတ်ထားပါတယ်

Missionary of Charity အဖြစ် ရပ်တည် လုပ်ဆောင်သွားရန် ခွင့်ပြုချက်ကို ၁၉၅၀ အောက်တိုဘာလ ၇ ရက်နေ့မှာ ဗာတီကန် က ခွင့်ပြုခဲ့ပါတယ်

မစ်ရှင်ကတော့

***ဆာလောင်သူ အ၀တ်မဲ့သူ အိမ်မဲ့ယာမဲ့ ဒုက္ခိတ မျက်မမြင် နူနာစွဲသူများ အပယ်ခံများ လူအသိုင်းအ၀ိုင်းက စွန့်ပယ်ခြင်းခံရသူများ လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်၀န်ပို ဖြစ်နေ
သူများ လူတိုင်း နှာခေါင်းရှုံ့မှု ခံနေရသူများ
အတွက်ပါ***

ကာလကတ္တားမှ ာသီလရှင် ၁၃ ပါးနဲ့ မစ်ရှင်ကို အစပြုခဲ့ပါတယ်

၁၉၅၂ ကာလကတ္တားမှာ သေခါနီးလူတွေအတွက် ဂေဟာတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်

အာဏာပိုင်တွေရဲ့ အကူအညီနဲ့ စွန့်ပစ်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အခမဲ့ရှောက်မှုဂေဟာ အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်

ဒီဂေဟာကို ရောက်လာသူတွေဟာ ဆေးကုသမှုကို ခံယူရတဲ့အပြင် သေဆုံးသူတွေကလည်း ဂုဏ်သိက္ခာရှိရှိ ကိုယ့်ရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်း သဂြိုၤလ်ခွင့်ရကြပါတယ်

သူမရဲ့အဆိုအရ လူတိုင်းကို

***တိရိစၧာန်သဖွယ် အသက်ရှင်ခဲ့ရပေမယ့် နတ်သမီး နတ်သားတွေလို ချစ်ခင်မှု လိုလားမှု ရှိရှိသေဆုံးခွင့်ရခြင်း***
စေချင်ပါတယ်တဲ့

မကြာမီမှာတော့ အနာကြီးရောဂါသည်တွေအတွက် ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့ ငြိမ်းချမ်းရေးမြို့တော်ကို တည်ဆောက်ခဲ့ပါတယ်

သူမရဲ့ ဂရုဏာရှင် အဖွဲ့ကလည်း ကာလကတ္တားမြို့တစ်၀ှမ်း အနာကြီးရောဂါသည်တွေကို လိုက်လံရှာဖွေပြီး အစာရေစာ ဆေးဝါးနဲ့ အနာကိုပတ်တီး စည်းပေးကြပါတယ် စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးတွေ တဖြည်းဖြည်းနဲ့ များပြားလာချိန်မှာ သူတို့တွေအတွက် ဂေဟာတစ်ခု ဆောက်ဖို့စိတ်ကူးရှိလာပါတယ်

၁၉၅၅ မှာ အိမ်မဲ့ယာမဲ့နဲ့ မိဘမဲ့လလေးတွေအတွက် နမ္မာလရှိ ရှုဗပ္မာန်ဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်

အလှူရှင်တွေကိုရော ပါ၀င်ဆက်ကပ်လိုသူတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ၁၉၆၀ အတွင်းမှာ အိနိ္ဒယနိုင်တစ်၀ှမ်း စောင့်ရှောက်မှုဂေဟာတွေ မိဘမဲ့ဂေဟာတွေနဲ့ အနာကြီးစောင့်ရှောက်
မှုဂေဟာတွေကို အမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်

မာသာထရီဇာ ဟာ သူမလုပ်ကို တစ်ကမ်ဘာလုံး အတိုင်းအတာဖြစ်လာအောင် ကြိုးပမ်းခဲ့ပါတယ်

အိနိ္ဒ္ဒယပြင်ပရဲ့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ သီလရှင်ငါးပါးပါ၀င်တဲ့ ဂေဟာတစ်ဆောင်ကို ၁၉၆၅ မှာဖွင့်လှစ်နိုင်ငံခဲ့ပါတယ်

၁၉၆ မှာရောမ တန်ဇန်းနီးယားနဲ့ သြစတြီးယားတွေမှာ

၁၉၇၀ မှာအာရှ အာဖရိက ဥရောပနဲ့ အမေရိကမှာ ဂေဟာနဲ့ ဖောင်ဒေးရှင်း ဒါဇင်ပေါင်းများစွာ

၁၉၆၃ မှာ ဂရုဏာ ကိုယ်တော်များအဖွဲ့

၁၉၇၆ မှာတော့ သီလရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်

မာသာထရီဇာ ရဲ့ လုပ်ငန်းမှာ သာမန် ကက်သလစ်ဘာသာ၀င်တွေရော ကက်သလစ်ဘာသာ၀င် မဟုတ်သူတွေပါ ပူးပေါင်းပါ၀င်လာပါတယ်

၁၉၈၄ မှာ ဖာသာ ဂျိုးဇက်လန်းဂ်ဖေါ့ဒ် နဲ့ ဂရုဏာဘုန်းတော်ကြီး သာသနာပြုအဖွဲ့ကို ထူထောင်ပြီးသာသနာအမှု ကိုပြုခဲ့ပါတယ်

၁၉၆၂ မှာ အိန္ဒိယအစိုးရရဲ့ ပဒ္ဒမာသီရိဘွဲ့

၁၉၆၉ မှာ နေရူးဆုတံဆိပ်

၁၉၇၂ မှာလည်း အလားတူဘွဲ့တံဆိပ်

၁၉၈၀ မှာ အိနိ္ဒယရဲ့ အမြင့်ဆုံး နိုင်ငံသားဆုတံဆိပ်ဖြစတဲ့ ဘာရက်ရတ်တ္တနာ ဆုတံဆိပ်

၁၉၇၉ မှာတော့
*****ကမ်ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆု*****
ကြီးကိုရယူနိုင်ခဲ့ပါတယ်

အခြားအခြားသော ဆုတံဆိပ်များစွာရောပါ

၁၉၉၇ မတ်လ ၁၃ ရက်နေ့မှာ ဂရုဏာသာသနာပြု လုပ်ငန်းရဲ့အကြီးအကဲရာထူးမှ အနားယူပြီးနောက်

၁၉၉၇ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ လူ့လောကထဲက အပြီးအပိုင်အနားယူ ထွက်ခွာသွားခဲ့ပါတယ်

ကွယ်လွန်သွားခဲ့သော်လည်း သူမရဲ့ နှလုံးသား မျိုးစေ့တွေကတော့ ယနေ့တိုင် လူသားတွေအတွက် သီးပွင့် ဝေဆာစဲပါ

သူမရဲ့ စကားလေးနဲ့ပဲ နှုတ်ဆက်ပါရစေ

*သင့်အတွက် တန်ဖိုးအနည်းဆုံး အပြုံးတစ်ပွင့်ကိုပဲ သူတို့အတွက် ပေးလိုက်ပါ*



မှားယွင်းမှု ရှိပါက edit ပေးဖို့ တောင်းဆိုပါတယ်

သာယာကြည်နူးရသောနေ့ရက်ဖြစ်ပါစေ..

သန်းထွန်လေး
အင်းတဲရွာ

Sunday, June 19, 2016

ဂျက်ကီချမ်း



⭐⭐⭐⭐

၁၉၅၄ ခုနှစ် ဧပြီလ ၇ရက်
အဲ့ဒီနေ့ပေါ့ အာရှတိုက်ရဲ့ ကောင်းကင်းယံက ကြယ်တစ်ပွင့်ကို စတင်ခဲ့ရာ မွေးဖွားခဲ့ရာ ထွန်းလင်းစေခဲ့ရာနေ့

သူ့ရဲ့နာမည်ရင်းက ချန်းကောင်းဆောင်
သူ့ အဖိုးရဲ့ နာမည်ပါပဲ
ဖခင်ကတော့ချစ်စနိုးနဲ့ ပွာပွာ လို့ခေါ်တယ်

စစ်တပ် အရာခံဗိုလ် ချာလီ နဲ့ အကမယ် လီလီချမ်း တို့ရဲ့ တူနှစ်ကိုယ် မေတ္တာမှ ပေါက်ဖွားသန့်စင် လာခဲ့သူ

ခေတ်ပညာတတ် မိဖ နှစ်ဦးက ပေါက်ဖွားလာသူ စစ်တပ်ရဲ့ ဂုဏ်ထူးဆောင် ပညာသင်ဆုရ တစ်ယောက်ရဲ့တူ ဖြစ်ပေမယ့် ချမ်း အတန်းပညာမှာတော့ တော်တော်လေးကို ဉာဏ်ရည် နိမ့်ပါး ညံ့ခဲ့ပါတယ် တစ်တန်းကို နှစ်ခါ သုံးခါ နီးပါ ပြန်တက်ခဲ့ရတယ်

ဒါကြောင့် ဖခင်ဖြစ်သူက သူ့သားဟာ ပညာရေးဖက်မှာ ထူးချွန်သူ မဟုတ်ဘူးလို့် ယူဆပြီးကျောင်း ဆက်မထားခဲ့ပါဘူး

ချမ်း ဟာ အသက် ၅ နှစ်သားမှာ ကတည်းက အနုပညာလောကကို ရောက်ခဲ့ဖူးပါတယ် ခေတ္တခဏပေါ့ ကလေးသရုပ်ဆောင် အနေနဲ့ပါ

သူသိပ်ကြိုက်တဲ့ အနုပညာရှင်ကတော့ ချာလီချာပလင် ပါ ဟောင်ကောင်က ချာလီချာပလင် သရုပ်ဆောင်ပွဲမှာ ချမ်း ဟာ ပထမဆုရခဲ့တယ်အဲ့ဒီတုန်းက သူ့အသက် ၆ နှစ်ခွဲ ပဲရှိသေးတယ်ဗျ

ဒါပေမယ့် မိဘတွေရဲ့ ထောက်ပံ့မူ အားနည်းလို့ တခြား ကလေးသရုပ်ဆောင် တွေလို သူ နေရာမရခဲ့ဘူး

ဒါနဲ့ ချမ်း ဟာ ဝါသနာကို မေ့ထားပြီး တကယ့် လက်တွေ့ဘဝ အတွက် သြစတေးလျကို ဆောက်လုပ်ရေး အလုပ်ကြမ်းသမား လုပ်ဖို့အတွက် သွားရောက် ခဲ့ပါတယ်

၁၉၈၀ အထိ ချမ်း ဟာ ရုပ်ရှင် ကားတစ်ကားမှ မရိုက်ခဲ့ရသေးပါဘူး

Willie Chan ရုပ်ရှင် ထုတ်လုပ်ရေး ရဲ့ ကမ်းလှမ်းမှုနဲ့ New First Of Fusy ကားမှာ အံ့အားသင့်စရာ ရုပ်ရှင်လောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ဘရုစ်လီ ရဲ့ နေရာမှာ ရိုက်ကူးဖို့ အခွင့်အရေး ရခဲ့ပါတယ် ဒါပေမယ့် ဒီကားဟာ လုံးဝ မအောင်မြင်ခဲ့ဘူး ပြဿနာကတော့ ဟာသဆန်နေတဲ့ သူရဲ့ တိုက်ခိုက်မှုတွေ ကြောင့်ပါ

တစ်ရက်မှာတော့ ဒါရိုက်တာ ရှန်ဂီ က စတန့် မင်းသားအဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမယ့် ကံဆိုးစွာပဲ ကားရိုက်ဖို့ စီစဉ်ဆဲ ကာလမှာပဲ ဒါရိုက်တာ ရှန်ဂီ ဟာ ကား မတော်တဆမှု ဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်

ချမ်း ဟာ အဲ့ဒီဇာတ်လမ်းကို သိပ်ကြိုက်ပေမယ့် သူ့အနေနဲ့ ငွေကြေးအရင်းအနှီး မရှိပဲဖြစ်နေတယ် ဒါပေမယ့် သူအရမ်းကို စိတ်ပါနေတော့ ကံကို လောင်းကြေးထပ်လိုက်တယ် သေမြေကြီး ရှင်ရွှေထီး အနေအထားပါ သိပ်အန္တရာယ်များတယ် ဘုရင့်နောင် ဖောင်ဖျက်တဲ့ ကိန်းမျိုးပေါ့

မိသားစုပိုင် တိုက်ခန်းလေးကို ရောင်းပြီး ဒီကားကို ကိုယ်တိုင် ဒါရိုက်တာလုပ် ကိုယ်တိုင် မင်းသားလုပ် ရိုက်ခဲ့ပါတော့တယ်

ဒီကားကတော့ ဂျက်ကီချမ်း ဆိုပြီး အာရှတိုက် တစ်ဝှမ်းမှာ နာမည်ရစေခဲ့တဲ့ The Young Master ဆိုတဲ့ကားပါ

ဘရုစ်လီ စံချိန်တင် ထားတဲ့ ရုပ်ရှင်ရုံဝင်ငွေကို ဟောင်ကောင် ဒေါ်လာ ၁၁ သန်း နဲ့ ကျော်တက်ခဲ့ပါတယ်

ဒါရိုက်တာ Benny Chan ရဲ့ ကမ်းလှမ်းမှုကြောင့် ဇာတ်ကားတစ်ခုကို လက်ခံရိုက်ကူးခဲ့ပါတယ် ဒီကားကတော့ အာရှသာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့ပါတယ် အာရှတိုက်ရဲ့ အမြင့်ဆုံး အနုပညာ ကြယ်တစ်ပွင့် အဖြစ် အဲ့ဒီခေတ်အခါက သတ်မှတ်ခံရတဲ့ အထိ အောင်မြင်ခဲ့တဲ့ ကားပါ ဒီဇာတ်ကားကို ရိုက်ဖို့ လေးလ တိတိ ရိုက်ကွင်း နေရာတွေကို ပြင်ဆင်ခဲ့သလို စတန့် နေရာတွေ အတွက် ခုနှစ်လ တိတိ ပြင်ဆင်ခဲ့ပါတယ် ဆေးရုံ ၆ ခါတက်ရ နံရိုး ၅ ချောင်း နှာခေါင်းရိုး ပါးရိုး နဲ့ လက်ဖျင်ရိုး ပါမကျန် ကျိုးခဲ့ပါတယ်

၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် မှာ ရုံတင်ပြသခဲ့တဲ့ Who Am I ဆိုတဲ့ ဇာတ်ကားပါ

** ကြိုးစားမှုတိုင်းမှာ ရလဒ် တစ်ခုစီ ရှိပါတယ် တစ်ခါတလေတော့ အချိန်ကြာတတ်တာပေါ့ အိမ်မက် ရှိတယ်ဆိုပြီး အိပ်နေရင်တော့ မျက်နှာ သစ်လိုက်တာနဲ့ ပျောက်သွားမှာပါ အိမ်မက်ဆိုတာ လက်တွေ့ အကောင်အထည် ဖော်ဖို့ပါ စိတ်ကူးယဉ် နှစ်သိမ့်နေရာ မဟုတ်ပါဘူး **

ဆိုတဲ့ သူရဲ့ လက်သုံး ဆောင်ပုဒ် နဲ့ပဲ နှုတ်ဆက်ပါတယ်

ရွှင်လန်းချမ်းမြေ့ပါစေ.........

သန်းထွန်လေး
အင်းတဲရွာ

Wednesday, June 15, 2016

ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသား ၁၃၅ မျိုး


🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

ဗမာ - ၉မျိုး
မွန် - ၁မျိုး
ကချင် - ၁၂မျိုး
ကယား - ၉မျိုး
ကရင် - ၁၁မျိုး
ချင်း - ၅၃မျိုး
ရခိုင် - ၇မျိုး
ရှမ်း - ၃၃မျိုး

⛅⛅⛅⛅⛅⛅

ဗမာ - ၉မျိုး
🌻🌻🌻🌻
ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)

...............................................

မွန် - ၁မျိုး
🌷🌷🌷🌷

မွန်

...............................................

ကချင် - ၁၂မျိုး
🌹🌹🌹🌹🌹

ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော၊ဂေါ်ရစ်၊ခခု၊ဒုရင်၊မရု(လော်ဂေါ်)၊ ရဝမ်၊ လရှီ(လာချစ်)၊ အဇီး၊ လီဆူးတို့မှာ အဓိကယါးမျိုးဖြစ်သည်
ထို့ပြင်ဖခင်ကြီးဝချက်ဝဆိုသူ၏ညီ အငယ်(၇) ဦးမှ ဆင်းသက်ပေါက်ဖွားလာသူများလည်းရှိသည်

...............................................

ကယား - ၉မျိုး
💐💐💐💐💐

ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ဂေခို၊ ဂေဘား၊ပရဲ(ကယော)၊မနူမနော်၊ ယင်းတလဲ၊ ယင်းတော်

...............................................

ကရင် - ၁၁မျိုး
🍂🍂🍂🍂

ကရင်၊ ကရင်ဖြူ၊ ပလေကီး (ပလေချီ) ၊ မွန်ကရင်၊ စကော(ကရင်)၊တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)

...............................................

ချင်း - ၅၃မျိုး
🌾🌾🌾🌾

ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊အောဝခမီ၊ခေါနှိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်းမ်၊ ခွန်လီ (ခေဧ) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်ထန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်(ဇန်နိယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇန်၊တိုင်ချွန်း၊တာ့ ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊လေးမြို၊ လင်တဲ့၊ လောက်ထူ၊ လိုင်၊လိုင်ဇို၊ ပါကင်းမ်(ခေါ်)မရို၊ အနူး၊ အနန်၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု

...............................................

ရခိုင် - ၇မျိုး
🌸🌸🌸🌸

ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်

...............................................

ရှမ်း - ၃၃မျိုး
🌴🌴🌴🌴

ရှမ်း၊ ယွန်း (လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအိ
ကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်း
ကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်း
လျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း

...............................................

သန်းထွန်းလေး
အင်းတဲရွာ


Sunday, June 12, 2016

သံသယ သုဘဒ္ဒ





   မယုံဘူးဗျာ လောကမှာ နာမည်ခံ သက်သက်လူတွေကြီးပဲ အနှစ်သာရ ဘာမှ မရှိကြဘူး စိတ်ပျက်စရာကြီးဗျာ
  စဉ်းစားသာ ကြည့်ကြပါတော့ မကောင်းမှု ကင်းစင်သူတဲ့လေ ချဉ်းကပ်မိပါရဲ့ အာ့လားလား မကောင်းမှုတွေ ပရပွပဲ
  အရာရာကို ပယ်စွန့်နိုင်သူတဲ့ ချဉ်းကပ်မိပါရဲ့ လိုချင်ရမက် ကြီးလိုက်တာဗျာ မပြောပါနဲ့တော့
  လာပြန်ပြီ လောကရဲ့ အမှန်တရားကို ဟောကြားနိုင်သူတဲ့ ဝေးပါသေးဗျာ သရက်ပင်ကို ပိန္နဲပင်ပါလို့ ဆိုသလို အမေးတခြား အဖြေတလွဲကြီးပါ
   ဒါကြောင့် ကျုပ်ကဘယ်သူ့ကိုမှ မယုံတာပါ ကျုပ်မပြစ်လား လောကကြီးဟာ နာမည်ခံ ဟန်ဆောင်နေတဲ့ လောကတစ်ခုရယ်သာပါ

    အဲ စစခြင်း ဘီလူးဆိုင်းတီး ထွက်လာတော့ လန့်သွားကြမယ်ထင်တယ် မလန့့်ကြပါနဲ့အုံးဗျာ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေအုံး
    ကျုပ်က နယ်နယ်ရရ ဟုတ်ရိုးလားဗျာ လောကအစ လူသားကမ္ဘာကို ဗြဟ္မာကြီးတွေက ဖန်ဆင်းတယ်လို့ မိရိုးဖလာ ယုံကြည်မှု ရှိခဲ့တယ် မဟုတ်လား
   ကျုပ်က ဗြဟ္မာကြီးရဲ့ ဦးခေါင်းက ဖွားတဲ့ ဗြဟ္မဏ မဟာပါလ ဆိုတဲ့ ဗေဒင်သုံးဖုံ အာဂုံဆောင်တဲ့ မန္တန် မန္တရား ရွတ်ဖတ်ရတဲ့ လောက လူမျိုးထဲက အမြင့်ဆုံး အမြတ်ဆုံးဆိုတဲ့ ဗြဟ္မဏ မျိုးနွယ်ပါ
    အရွယ်ရောက်လာတော့ အရပ်ထဲ ဈေးထဲ အလုပ်ထဲမှာ သတင်းစကား သဲ့သဲ့ကြားမိရဲ့ လောကမှာ ဘုရားဆိုတာ ပေါ်နေပြီ ပွင့်နေပြီတဲ့လေ ကျုပ်ဖြင့်ဗျာ ဘုရားကို တွေ့ချင် ဖူးချင် ဟောကြားမှုတွေကို နာယူချင်စိတ်တွေ ဖြစ်လိုက်တာမှဗျာ မပြောပါနဲ့တော့
     အဲ့ဒါကြောင့် ကျုပ် လူဝတ်ကြောင် ဘဝ လောက ရှုပ်ထွေးမှုတွေက ဝေးရာ တောအရပ်မှာ မှီတည်းပြီး ဘုရားရှာဖို့ အလို့ငှါ ထွက်လာခဲ့သပေါ့
     ဒါပေမယ့်ဗျာ ဒါပေမယ့် ကျုပ်ဆိုတဲ့ ရှာတဲ့သူသာ အသက်တွေကြီးရော့ ကျုပ်ရင်ထဲမှာ ရှုပ်ထွေးနေတဲ့ မေးခွန်းတွေကို ရှင်းလင်းသွားအောင် လုပ်ပေးနိုင်သူ လမ်းပြပေးနိုင်သူ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ရိုး အမှန်ပါဗျာ

ဒီည အတော်ထူးဆန်းတယ်ဗျ ဒီ နေရဉ္စရာ မြစ်တစ်ဖက် ကျုပ်မှေးစက်လာခဲ့တာ ကြာခဲ့ပါပကော ဒီလိုညမျိုး တစ်ခါဆို တစ်ခါမှကို မကြုံခဲ့ဖူးရိုး အမှန်ပါ
မိုးခြိမ့်သံတွေ အတော်ကျယ်ကျယ်လောင်လောင် ကြားရတယ် ပြီးတော့ ငလျင်လည်းလှုပ်တယ်ထင်တယ် ဒါပေမယ့် ငလျင်သာဆိုပါတယ်ဗျာ ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာ လေးနဲ့ သိမ့်သိမ့်လေး လှုပ်တာမျိုးပေါ့ ပြီးတော့ ကောင်းကင်တစ်ခွင်မှာ သီဆိုသံ လိုလို တီးမှုတ်သံလိုလို ပျော်ရွင်မြူးတူး နေတဲ့ အသံလိုလို ကြားမိတယ်
ဒီည အတော်ထူးခြားနေပါလား ဘာ့ကြောင့်များလဲ အတွေးနယ်ချဲ့ရင်း အိပ်မပျော်နိုင်ပဲ မိုးသောက်ယံ နီးမှ မှေးခနဲ့ မှေးစက်မိတယ်
 
   ကျုပ်အတွက် ဝမ်းရေးအလိုငှါ လူနေအိမ်ခြေတွေဖက် အလှူခံဖို့ထွက်အလာ လမ်းမှာ အမျိုးသမီးတစ်စု တီးတိုးပြောဆို နေသံ ကြားမိတယ် ဘာတဲ့ လောကမှာ ဘုရား အမှန်တကယ် ပွင့်ပြီတဲ့ ဟော ဟိုးနားက မြင်းလှည်းသမားတွေလည်း ဒါပဲပြောဆိုနေကြပါလား တစ်ကယ်ပဲ ဘုရားပွင့်နေပြီလား အိုကွာ သွားစမ်းပါ ဒါမျိုး ခဏခဏ ငါကြုံဖူးသားပဲ ဘာတဲ့ မကောင်းမှုတွေ ပရပွ နဲ့ လူကြီးက မကောင်းမှုကင်းစင်သူ ဆိုပြီး နာမည်ယူနေတာ လောက အမှန်တရား သိပါတယ် ဆိုတဲ့သူက အရှေ့အရပ်ကို မေးတာ အနောက်ဘက် ညွှန်ပြနေသလို ပုဂိ္ဂုလ်တွေ ခုလည်းကြည့်စမ်း သိဒ္ဓတၳ ဟာ ဘုရားလို့ ဆိုနေပြန်ပြီ ထားပါတော့ အမျိုးဇာတ် ကြည့်ပြန်တော့လည်း ခတ္တိယတဲ့လေ ဇာတ်နိမ့်မျိုး အသက်ကလည်း ငယ်သေးဗျာ ၃၅ နှစ်တဲ့ ရှင်းရှင်းပဲ ကျုပ်ကတော့ မယုံရေးချမယုံ ဒါပေမယ့်လေ သူ့ရဲ့ မနီးမဝေးကနေ သူဟောကြားမယ့် အမှန်တရား ဆိုတာတွေကိုတော့ မပြတ်နားစွင့်ထားအုံးမှပါ

     ကျုပ်ရဲ့ သံသယ နဲ့ မာန စိတ် လွန်ဆွဲနေတာ ၄၅ နှစ်တောင် ကြာခဲ့ပါပကော ဒီညကုန်လို့ နောက်နေ့မနက် အရှေ့အရပ်က နေဝန်းနီထွက်ချိန်မှာ ဘုရားဆိုတဲ့ သိဒ္ဓတၳ ဟာ သူတို့ပြောတဲ့ ထာဝရ ငြိမ်းချမ်းရာကို အရောက်လှမ်းတော့မယ်တဲ့ ငါ့အပြစ်ပါ ဒီစကားကို ဟိုးလွန်ခဲ့တဲ့ သုံးလ ကတည်းက ဟောကြားခဲ့တာ ငါအသိသားပဲ ငါဟာ သံသယစိတ် အားကြီးလွန်းလို့ ဇာတိပုည ဂုဏ်မာန ဆိုတဲ့ တစ်လွဲဆံကောင်း အသိခေါက်ခက် အဝင်နက်ခဲ့လို့ မရောက်ဖြစ်ခဲ့တာ မတွေ့ဖြစ်ခဲ့တာ မဖူးဖြစ်ခဲ့တာ
     ခုတော့ နောက်ဆုံးအခွင့်အရေးပဲ ခုတစ်ခါမှ ငါဟာ သိဒ္ဓတၳ ဂေါတမ ကို မဖူးရင် နောက်နောင် ဘယ်သောအခါမှ ဖူးမျှော်ခွင့်ရတော့မှာမဟုတ်ဘူး ဟုတ်ပြီ ဖူးမယ် တွေ့မယ် ငါ့ရင်ထဲက မငြိမ်းနိုင်တဲ့ ရှင်းမထုတ်နိုင်တဲ့ ပြဿနာ တွေကို မေးရမယ် လျှောက်ထားရမယ်

   ကုသိဏာရုံ အင်ကြင်းတော ငါရောက်လာပြီပဲ ဘုရားဘုရား ငါမှီပါအုံးမလား ကောင်းကင်ကို မော့ကြည့်မိတော့လည်း ခုနှစ်စင်ကြယ်တန်းကလည်း အမြှီးထောင်နေပြီ

ဟောရှေ့မှာတွေ့ပြီ အင်ကြင်းပင်ရဲ့ အရိပ် ညောင်စောင်း ကုတင်ထက် မှာ မြောက်ဖက် ခေါင်းပြုပြီး ညာခြေမှာ ဘယ်ခြေထပ်လို့ လျောင်းဆက်နေတဲ့ ဂေါတမဗုဒ္ဓကို

အို မနည်းပါလား သူတို့ ဘုရားရဲ့ ငြိမ်းချမ်းရာကို အသွားခရီး နောက်ဆုံး တရားတော်ကို နာယူနေကြတဲ့ ဗုဒ္ဓ ရဲ့ သာဝကတွေ စိတ်မှန်းနဲ့ တွက်ကြည့့်ရ ခုနှစ်သိန်းတောင် ကျော်လိမ့်မယ်ထင်တယ်
     ကျုပ်လည်း ဒီအချိန်မှာ လေးဖင့်နေလို့ မဖြစ်တော့ဘူး နည်းနည်း နည်းနည်းစီ လမ်းတောင်းလို့ ဘုရားအနား နီးနိုင်သမျှ နီးအောင်ကပ်လာ နိုင်ဖို့ လိုရင်းမဟုတ်လား

   တကယ့်တကယ် နဖူးတွေ့ဒူးတွေ့ တွေ့ရမယ်ဆိုပြန်တော့လည်း အနည်းငယ်ဇောချွေးပျံမိတာအမှန်
လက်ဝဲတော်ရံနဲ့ လက်ယာတော်ရံ တပည့်သာဝက ကြီးတွေကတော့ ၆ လစောပြီး ငြိမ်းချမ်းရာကို လျှောက်လှမ်းနှင့်ကြပြီတဲ့ နောက်သာဝကကြီး တစ်ပါးဖြစ်တဲ့ အရှင်မဟာကဿပ ကိုယ်တော်ကြီးလဲ မတွေ့မိပါလား

အကဲခတ်ရသလောက်တော့ ဘုရားရဲ့ ညာဖက်က တည်ငြိမ်သော မျက်နှာနဲ့ သာဝက က အရှင်အနုရုဒ္ဓါ ဆိုတဲ့ ရဟန္တာ မထေရ်ကြီး ဖြစ်လိမ့့်မယ် ဘယ်ဖက်က တစ်ယောက်ကတော့ အနည်းငယ် ပူဆွေးဟန်တော့ ပေါ်နေရဲ့ ဘုရားနဲ့လည်း ခပ်ဆင်ဆင်ဆိုတော့ အလုပ်အကျွေးပြုတဲ့ ညီတော် အာနန္ဒာ ဆိုတာပဲ ဖြစ်မယ်
  ဂေါတမ ဗုဒ္ဓ ကို ဖူးမျှော် တွေ့ဆုံ ခွင့်ရဖို့ သူဆီမှာ ခွင့်တောင်းမှပဲလေ
  အရှင် အာနန္ဒာ ဗုဒ္ဓ နဲ့တွေ့ဆုံပါစေ
အချိန်အားဖြင့်သော်လည်းကောင်း ကာလအားဖြင့်သော် လည်းကောင်း အခြေအားဖြင့်သော် လည်းကောင်း တွေ့ဖို့မသင့်တော်ပါဘူးတဲ့ သူက ပြန်ပြောတယ် မလုပ်ပါနဲ့ အရှင် ကျွနု်ပ်ဟာ ဒီအချိန် ဒီအခြေအနေကို ရဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော် ကာလပတ်လုံး သံသယ နဲ့ မာန လွန်ဆွဲ နေခဲ့ရသူပါ ဒီတစ်ချိန်တစ်ခါတော့ အခွင့်အရေးပေးပါ ပေးပါ အရှင် ကျွန်ုပ် အနူးအညွှတ် တောင်းပန် လျှောက်ထားပါတယ်
  ကျွန်ုပ်ရဲ့ တိုရှိုးတောင်းပန်သံ အနည်းငယ် ကျယ်လောင်သွားလေရော့ သလား ဂေါတမ ဗုဒ္ဓ ရဲ့ မျက်လုံးတော် အစုံဟာ ပွင့်လာတယ် နှုတ်ခမ်းတော်ကလည်း ငါ့ရှင် အာနန္ဒာ ခွင့်ပြုပါလေတဲ့

  အို ပျော်လိုက်ပါဘိတော့ ကျွနု်ပ် နှစ်ပေါင်းများစွာ ထမ်းပိုးခဲ့ရတဲ့ မာနတွေ သံသယတွေ ရှင်းလင်းဟောကြားသွားတာ ရင်ထဲမှာ သိမ့်ခနဲ့ တုန်အောင်ကို ကျေနပ်ရပါတယ် ပီတိလွှမ်းရပါတယ်

    အိုး လောကမှာ သိဒ္ဓတၳ ဆိုတဲ့ မင်းသားဘဝ မှ ဂေါတမ ဗုဒ္ဓ ဟာ အမြင့်ဆုံး အမြတ်ဆုံး လောကမှာ အတုမရှိတဲ့ တစ်ဦးတည်းသော ပုဂိ္ဂုလ် ရယ်ပါလား

   အရဟံ သမ္မာသမ္ဗုဒေ္ဓါ ဝိဇ္ဇာစရဏ သမ္ဗနေ္နာ သုဂတော လောကဝိဒူ အနုတ္တရော ပုရိသ ဓမ္မသာရထိ သတ္တာဒေဝ မနုဿာနံ ဗုဒေ္ဓါ ဘဂဝါ


သုဘဒ္ဒသုတ္တန်

ဖတ်ဖူး နာဖူးသမျှထဲက ထုတ်နှုတ်ပြီး ရေးသားထားတာပါ
ကျွန်တော့်ရဲ့ အာဘော် သက်သက်သာ ဖြစ်တဲ့အတွက် မှားယွင်းမှုရှိပါက ကျွန်တော့် တာဝန်သာပါ

သန်းထွန်လေး
အင်းတဲရွာ

Saturday, June 11, 2016

အေမာခန်း Aamir Kham






   ဒီနာမည်​​တွေ့လိုက်​တာနဲ့ bollywood ရုပ်​ရှင်​ကြည်​့ဖူးသူ ပရိတ်​သတ်​ အ​တော်​များများ သိကြတာက pk .3idiots . Taare Zameen Par . Doom3 စတဲ့ဇာတ်​ကား​တွေရဲ့ အဓိက ဇာတ်​​ဆောင်​ မင်​းသားဆိုတာပါ
    India ရဲ့ 3.kham ထဲကတစ်​​ယောက်​​ပေါ့

သူပါဝင်​တဲ့ ဇာတ်​ကား​တွေဟာ သာမန်​ထက်​ အ​တွေးအ​ခေါ် ဇာတ်​လမ်​း သ​ဘော​တွေ ထူးခြားတာ ဘာသာတရား​တွေကို နှိုင်​းယှဉ်​ရာမှာ အစွန်​းတစ်​ဖက်​​နေမဟုတ်​ပဲ ​ဝေဖန်​သုံးသပ်​​စေနိုင်​ဟာ ရုပ်​ရှင်​ကြည်​့ ပရိတ်​သတ်​များအတွက်​ သူရဲ့ အ​ကောင်​းဆုံး message. ​တွေပါ

လူကြိုက်​များတဲ့ 3idiots ဇာတ်​ကားဟာ india သာမက ကမ္ဘာ့ဘယ်​နိုင်​ငံမှာ မဆို မှားယွင်​း​နေတဲ့ ပညာ​ရေး စနစ်​ကို ​ဝေဖန်​​ထောက်​ပြနိုင်​ခဲ့ပါတယ်​

ကျွန်​​တော်​ကိုယ်​တိုင်​လည်​း ဒီဇာတ်​ကားကို ၅ခါထက်​ မနည်​း ကြည်​့ပြီးပါပြီ တစ်​ခါကြည်​့တိုင်​းမှာလည်​း ခံစားမှု အသစ်​တစ်​မျိုး ထပ်​ထပ်​ပြီး ရတယ်​ဗျ

3idiots. Begin
⛅⛅⛅⛅⛅⛅
Khanနဲ့ ညီကိုလိုခင်တဲ့ဒါရိုက်တာ Hirani က သူနဲ့ တွဲဖက်ဒါရိုက်တာ အဖြစ်ပေါင်း
ရိုက်ဖို့ ကိုကမ်းလှမ်းခဲ့တာပါ

ဒီဇာတ်​လမ်​းရဲ့ မူးရင်​းဖန်​တီးရှင်​ ဖြစ်​တဲ့ စာ​ရေးဆရာ Joshi က​တော့ Khan ကို တွဲဖက်​ဒါရိုက်​တာ မလုပ်​​စေဘဲ အဓိက ဇာတ်​​ဆောင်​​နေရာက ပါဝင်​ဖို့ ဖိအား​ပေးခဲ့ပါတယ်​

ဒါ​ကြောင်​့ Khan ဟာ တက္ကသိုလ်ကျောင်းသားတယောက်ဖြစ် သရုပ်​​ဆောင်​နိုင်​ဖို့ ကြွက်​သားများနဲ့ ခန္ဓာကိုယ်​ကို ​လျော့ချဖို့ အပြင်​းအထန်​ ကျိုးခဲ့ပါတယ်​ အကျီပွပွ ​ဘောင်​ဘီပွပွ ​တွေကကို ​ကျောင်​းသားနဲ့ မလိုက်​ဖက်​တဲ့ ကြွက်​သား​တွေ မ​ပေါ်​စေဖို့ တမင်​ ဝတ်​ဆင်​ခဲ့တာပါ

  ဒီဇာတ်လမ်း​​ကို ၁၉၉၈ ခုနှစ်ထဲက
ရိုက်ကူးဖို့ ကျိုးစားခဲ့​ပေမယ့် မင်းသားနေ
ရာက ဘယ် Hollywood မင်းသားနဲ့မှ သဟဇာတ မဖြစ်​တဲ့ အတွက်​ Producer Chopra ဟာ ၁၀နှစ်​ ကြာ​အောင်​ ဇာတ်​လမ်​းနဲ့ လိုက်​ဖက်​မယ်​့ မင်​းသားကို ရှာ​ဖွေခဲ့ရတာပါ

ဒေါ်လာ ၁၄သန်း ရင်းနှီး ရိုက်​ကူးခဲ့ရတဲ့ ဒီကားဟာ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ရုံတင်ချိန်မှာတော့ ဝင်ငွေ ဒေါ်လာ သန်း၁၀၀အထိ ရခဲ့ပါတယ်



သန်​းထွန်​​လေး
အင်​းတဲရွာ

Wednesday, June 1, 2016

၃၇မင်း နတ်စစ်တမ်း

ပါထေယျ၀ဂ် အာဋာနာဋိယသုတ် ပါဠိတော်၌ပါရှိသော ၃၇-မင်းနတ်များ

မြန်မာနိုင်ငံမှာတော့ အတွင်း ၃၇ မင်း ဟု ထင်ရှားသော နတ်မင်းကြီးတွေပါ

အတွင်း ၃၇-မင်း
⛅⛅⛅⛅⛅⛅

၁) ဣန္ဒနတ်
၂) သောမနတ်
၃) ၀ရုဏနတ်
၄) ဘာရဒွါဇနတ်
၅) ပဇာပတိနတ်
၆) စန္ဒနတ်
၇) ကာမသေဋ္ဌနတ်
၈) ကိန္နုဃဏ္႑ုနတ်
၉) နိဃဏ္႑ုနတ်
၁၀) ပနာဒ ယက္ခသေနာပတိနတ်
၁၁) သြပမညယက္ခ သေနာပတိနတ်
၁၂) ဒေ၀သုတ ယက္ခ သေနာပတိနတ်
၁၃) စိတ္တသေန ယက္ခ သေနာပတိနတ်
၁၄) နဠောရာဇ ယက္ခ သေနာပတိနတ်
၁၅) ဇနေသဘ ယက္ခ သေနာပတိနတ်
၁၆) သာတာဂိရိ ယက္ခ သေနာပတိနတ်
၁၇) ဟေမ၀တ ယက္ခ သေနာပတိနတ်
၁၈) ပုဏ္ဏ ယက္ခ သေနာပတိနတ်
၁၉) ကရတိယ ယက္ခ သေနာပတိနတ်
၂၀) သီ၀က ယက္ခ သေနာပတိနတ်
၂၁) ပုစလိန္ဒ ယက္ခ သေနာပတိနတ်
၂၂) ေ၀သာမိတ္တ ယက္ခ သေနာပတိနတ်
၂၃) ယုဂန္ဓရ ယက္ခ သေနာပတိနတ်
၂၄) ဂေါပါလ ယက္ခသေနာပတိနတ်
၂၅) သုပ္ပရောဓ ယက္ခ သေနာပတိနတ်
၂၆) ဟိရိ ယက္ခ သေနာပတိနတ်
၂၇) နေတ္တိ ယက္ခ သေနာပတိနတ်
၂၈) မန္ဒိယ ယက္ခ သေနာပတိနတ်
၂၉) ပÍ္စလစဏ္႑ ယက္ခ သေနာပတိနတ်
၃၀) အာဠာ၀က ယက္ခ သေနာပတိနတ်
၃၁) ပဇ္ဇုန္န ယက္ခ သေနာပတိနတ်
၃၂) သုမန ယက္ခ သေနာပတိနတ်
၃၃) သုမုဒ ယက္ခ သေနာပတိနတ်
၃၄) ဒ၀ိမုခ ယက္ခ သေနာပတိနတ်
၃၅) မဏိ ယက္ခ သေနာပတိနတ်
၃၆) မာဏိဓရ ယက္ခ သေနာပတိနတ်
၃၇) သေရိသက ယက္ခ သေနာပတိနတ်



အဆိုပါ ပါဠိတော်လာ ၃၇ မင်းသော နတ်မင်းများကို နည်းယူ၍ မြန်မာ ကိုးကွယ်ယုံကြည်သူများက နိုင်ငံအတွင်းရှိ မိရိုးဖလာ ယုံကြည်ခဲ့ရာ ပုဂံ အင်းဝ စသည့် ခေတ်တွေက နာမည်ကျော် သေဆုံးခဲ့သူများကို စုပေါင်းပြီး အပြင် ၃၇ မင်းဟု သမုတ်ခဲ့ကြပါတယ်

အပြင် ၃၇-မင်းနတ်များ
▇▇▇▇▇▇▇▇▇▇▇▇▇▇▇

၁) သိကြားနတ်
၂) မဟာဂီရိနတ်
၃) နှမတော်တောင်ကြီးရှင်နတ်
၄) ရွှေနပေနတ်
၅) သုံးပန်လှနတ်
၆) တောင်ငူရှင်မင်းခေါင်နတ်
၇) မင်းတရားနတ်
၈) သံတော်ခံနတ်
၉) ရွှေနော်ရထာနတ်
၁၀) အောင်စွာမကြီးနတ်
၁၁) ငါးစီးရှင်နတ်
၁၂) အောင်ပင်လယ်ဆင်ဖြူရှင်နတ်
၁၃) တောင်မကြီးနတ်
၁၄) မြောက်မင်းရှင်ဖြူနတ်
၁၅) ရှင်တော်နတ်
၁၆) ညောင်ချင်းနတ်
၁၇) တပင်ရွှေထီးနတ်
၁၈) မင်းရဲအောင်ထင်နတ်
၁၉) ရွှေစစ်သင်နတ်
၂၀) မယ်တော်ရွှေစကားနတ်
၂၁) မောင်ဖိုးတူနတ်
၂၂) ယွန်းဘုရင်နတ်
၂၃) မောင်မင်းဖြူနတ်
၂၄) မန္တလေးဘိုးတော်နတ်
၂၅) ရွှေဖျဉ်းကြီးနတ်
၂၆) ရွှေဖျဉ်းငယ်နတ်
၂၇) ဒါန်းမောင်ရှင်နတ်
၂၈) ထီးဖြူဆောင်းနတ်
၂၉) ထီးဖြူဆောင်းမယ်တော်နတ်
၃၀) ပရိမ္မရှင်မင်းခေါင်နတ်
၃၁) မင်းစည်သူနတ်
၃၂) မင်းကျော်စွာနတ်
၃၃) မြောက်ဘက် ရှင်မနတ်
၃၄) အနောက်မိဖုရားနတ်
၃၅) ရှင်ကုန်းနတ်
၃၆) ရှင်ကွနတ်
၃၇) ရှင်နှဲမိနတ်

ဖျာပုံတိုက်သစ်ဆရာတော်

သုတေသနပြ အဘိဓါန် စာအုပ်ကို မှီငြမ်းပြုထားသော Android apk မှ ထုတ်နှုတ်ထားတာပါ

သန်းထွန်လေး
အင်းတဲရွာ

ဧတဒဂ်​ ဘွဲ့တံဆိပ်​​တော်​ရ



ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းယောက်ျား ၄၁-ပါး

၁) 'အဂ္ဂရတ္တညူ' ဘွဲ့တံဆိပ်ရသူ
အရှင်ကောဏ္႑ည

၂) 'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်ရသူ
အရှင် သာရိပုတ္တရာ

၃) တန်ခိုးအရာ၌ 'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်မောဂ္ဂလ္လာန်

၄) ဓူတင်ဆောင် 'အဂ္ဂ ဓုတင်္ဂဓရ'ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကဿပ

၅) 'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်ရသူ
အရှင်အနုရုဒ္ဓါ

၆) အမျိုးမြတ်'အဂ္ဂ ဥစ္စကုလိက' ဘွဲ့တံဆိပ်ရသူ
အရှင်ဘဒ္ဒိယ

၇) အသံကောင်း 'အဂ္ဂ မဉ္ဇူသရ' ဘွဲ့တံဆိပ်ရသူ
အရှင်လကုဏ္႑ကဘဒိ္ဒယ

၈) ခြငေ်္သ့သံဖြင့်ကြုံးဝါးသည့် 'အဂ္ဂ သီဟနာဒိက' ပိဏေ္႑ာဘွဲ့တံဆိပ်ရသူ
အရှင် ဘာရဒွါဇ
၎င်းသည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌ သံသယရှိသောသူ သည်ငါ့ကိုမေးကြဟု မကြောက်မရွ့ံ ခြငေ်္သ့သံဆို၍ ဘုရားရှေ့တော်၌လည်း အရှင်ဘုရားသာသနာ တော်၌ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီဟု ခြငေ်္သ့သံကိုဆိုလေသည်၊ ထို့ကြောင့် ဧတဒဂ်ရသည်ဟူ၏

၉) တရားဟောကောင်း 'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်ရသူ
အရှင်ပုဏ္ဏ

၁၀) အကျဉ်းကိုအကျယ်ဖွဲ့တတ်ရာ၌ တံဆိပ်ရသူ
အရှင်မဟာကစ္စည်း

၁၁) စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ 'အဂ္ဂ စေတာ ၀ိ၀ဋ္ဋ' ဘွဲ့တံဆိပ်ရသူ
အရှင်စူဠပန်

၁၂) 'အဂ္ဂ သညာ ၀ိ၀ဋ္ဋ ကုသလ' အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင်မဟာပန်

၁၃) ကိလေသာကင်း၍နေသောအရာ မြတ်သောအလှူခံပုဂိ္ဂုလ်အရာတို့၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ
အရှင်သုဘူတိထေရ်

၁၄) အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ
အရှင်ရေ၀တထေရ်

၁၅) ဈာန်၀င်စားသောအရာ၌ဘွဲ့တံဆိပ်ရသူ
အရှင် ကင်္ခါရေ၀တ

၁၆) လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ ကုဋ ၂၀-တန် တန်ဆာကို လူ့ဘ၀က ၀တ်ဆင်ခဲ့ဖူးသော သူဌေးသား သောဏခေါ်
အရှင်ကောဋိ၀ိသသောဏ

၁၇) သာယာ နာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ 'အဂ္ဂ ကလျာဏ ဝါက္ကရ' ဘွဲ့တံဆိပ်ရသူ လူ့ဘ၀က တစ်ကုဋေတန် နားတောင်းတန်ဆာ ဆင်ပန်ခဲ့ဖူးသည့်
အရှင်ကုဋိကဏ္ဏသောဏ

၁၈) လာဘ်ပေါများသော အရာ၌ 'အဂ္ဂ လာဘီ' ဘွဲ့တံဆိပ်ရသူ
အရှင်သီ၀လိ

၁၉) သဒ္ဓါအားကြီးသောအရာ၌ 'အဂ္ဂ သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်ရသူ
အရှင် ၀က္ကလိ

၂၀) သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ 'အဂ္ဂ သိက္ခာကာမ' ဘွဲ့တံဆိပ်ရ
သားတော် အရှင်ရာဟုလာ

၂၁) 'အဂ္ဂ သဒ္ဓါ ပဗ္ဗဇ္ဇိတ' အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင်ရဋ္ဌပါလ

၂၂) စာရေးတံခေါ် မဲလိပ်ချအလှူကို ရှေးဦးစွာယူရာ၌ 'အဂ္ဂ ပဌမ သလာက ဂဏှန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်ကောဏ္႑ဒါန

၂၃) ကဗျာကာထာ သီကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း 'အဂ္ဂ ပဋိဘာ၀န၀န္တ' ဘွဲ့တံဆိပ်ရသူ
အရှင်၀င်္ဂီသ

၂၄) ထက်၀န်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ 'အဂ္ဂ သမန္တ ပါသာဒိက' ဘွဲ့တံဆိပ်ရသူ
အရှင် ဥပသေန

၂၅) ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ 'အဂ္ဂ သောနာသန ပညာပက' ဘွဲ့တံဆိပ်ရသူ
အရှင် ဒဗ္ဗ

၂၆) နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ 'အဂ္ဂ ဒေဝါနံ ၀ိယမနာပ' ဘွဲ့တံဆိပ်ရသူ
အရှင် ပိလိန္ဒ၀စၦ

၂၇) တရားကို လျင်စွာသိသောအရာ၌ 'အဂ္ဂ ခိပ္ပါဘိည'ဘွဲ့တံဆိပ်ရသူ
အရှင်ဒါရုစိ

၂၈) ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဘွဲ့တံဆိပ်ရသူ
အရှင်ကုမာရကဿပ

၂၉) 'အဂ္ဂ ပဋိသမ်ဘိဒါပတ္တ' ဉာဏ်အရာ၌ ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကောဋ္ဌိတ

၃၀) ဗဟုသုတအရာ, သတိမမေ့သည့်အရာ, ပညာလျင်သည့်အရာ, လုံ့လရှိသည့်အရာ, အလုပ်အကျွေးကောင်း, ပေါင်း ဘွဲ့တံဆိပ်ငါးထပ်ရသူ
အရှင် အာနန္ဒ

၃၁) အခြံအရံများခြင်း၌ 'အဂ္ဂ မဟာပရိသ' ဘွဲ့တံဆိပ်ရသူ
အရှင် ဥရုေ၀ဠကဿပ

၃၂) အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ 'အဂ္ဂ ကုလပသာဒက' ဘွဲ့တံဆိပ်ရသူ
အရှင် ကာလုဒါယီ

၃၃) အနာရောဂါကင်းရာ၌ 'အဂ္ဂ အပ္ပါဗာဓိက' ဘွဲ့တံဆိပ်ရသူ
အရှင် ဗာကုလ

၃၄) ပုဗေ္ဗနိဝါသဉာဏ်၌ 'အဂ္ဂ ပုဗေ္ဗနိဝါသ အနုဿရန္တ' ဘွဲ့တံဆိပ်ရသူ
အရှင်သောဘိတ

၃၅) ၀ိနည်းဓိုရ်ရာထူး၌ 'အဂ္ဂ ၀ိနယဓရ' ဘွဲ့တံဆိပ်ရသူ
အရှင် ဥပါလိ

၃၆) ဘိက္ခုနီမတို့ကိုဆုံးမရာ၌ အကောင်းဆုံး 'အဂ္ဂဘိက္ခုနောဝါဒက' ဘွဲ့တံဆိပ်ရသူ
အရှင် နန္ဒက

၃၇) ဣနြေ္ဒကောင်းရာ၌'အဂ္ဂ ဣနြေ္ဒိယဂုတ္တဒွါရ' ဘွဲ့တံဆိပ်ရသူ
ညီတော်မင်းနန်ခေါ် အရှင်နန္ဒ

၃၈) ရဟန်းတော်တို့ကို ဆုံးမရာ၌အကောင်းဆုံး 'အဂ္ဂ ဘိက္ခု သြဝါဒက' ဘွဲ့တံဆိပ်ရသူ
အရှင် မဟာကပ္ပိန္န၊

၃၉) တေဇောကသိုဏ်းရာထူး၌'အဂ္ဂ တေဇောဓါတု ကုသလ' ဘွဲ့တံဆိပ်ရသူ
အရှင် သာဂတထေရ်

၄၀) ဒေသနာတော် အသစ်အသစ်တင်ရာ၌ 'အဂ္ဂ ပဋိဘာနေယျက' ဘွဲ့တံဆိပ်ရသူ
အရှင် ရာဓ

၄၁) ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လုခ စီ၀ရ ဓရ' ဘွဲ့တံဆိပ်ရသူ
အရှင် မောဃရာဇ

ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃ ပါး
~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁ ။ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ
'အဂ္ဂ ရတ္တညူ' ဘွဲ့တံဆိပ်တော်ရသည်

၂ ။ ခေမာ ထေရီ
'အဂ္ဂ မဟာပညာ' ဘွဲ့တံဆိပ်တော်ရသည်

၃ ။ ဥပ္ပလ၀ဏ် ထေရီ
'အဂ္ဂ ဣဒ္ဓိမန္တ' ဘွဲ့တံဆိပ်တော်ရသည်

၄ ။ ပဋာစာရီ ထေရီ
၀ိနည်းဓိုရ်အရာ၌ 'အဂ္ဂ ၀ိနယ ဓါရီ' ဘွဲ့တံဆိပ်တော်မြတ်ရသည်

၅ ။ ဓမ္မဒိန္နာ ထေရီ
'အဂ္ဂ ဓမ္မကထိက' ဘွဲ့တံဆိပ်တော်ရသည်

၆ ။ နန္ဒာ ထေရီ
ဈာန်၀င်စားသောအရာ၌ 'အဂ္ဂ ဈာယိကာ' ဘွဲ့ထူးတံဆိပ်တော်ရသည်

၇ ။ သောဏာ ထေရီ
'လုံ့လ ၀ီရိယကောင်း' ဘွဲ့တံဆိပ်တော်ရသည်

၈ ။ ဗကုလာ ထေရီ
'ဒိဗ္ဗစက္ခုဉာဏ်' ဘွဲ့တံဆိပ်တော်ရသည် အချို့မူ၌ "သကုလာ"ဟု ရှိသည်

၉ ။ ဘဒ္ဒါ ကုဏ္႑လ ကေသာ ထေရီ
အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် 'အဂ္ဂ ခိပ္ပါဘိည' တံဆိပ်တော်ရသည်

၁၀ ။ ဘဒ္ဒါ ကပိလာနီ ထေရီ
'ပုဗေ္ဗနိဝါသဉာဏ်' တံဆိပ်တော်ရသည်

၁၁ ။ ဘဒ္ဒကဉ္စနာ ယသော်ဓရာ ထေရီ
'ဉာဏ်အမြင်ကြီးရာ၌' တံဆိပ်တော် ရသည်

၁၂ ။ ကိသာ ဂေါတမီ ထေရီ
ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ 'အဂ္ဂ လူခ စီ၀ရ ဓါရီ' တံဆိပ်တော်မြတ်ရသည်

၁၃ ။ သိင်္ဂါလ မာတာ ထေရီ
သဒ္ဓါတရားကောင်း 'သဒ္ဓါဓိမုတ္တ' ဘွဲ့တံဆိပ်တော်မြတ်ရ လေသည်

ဧတဒဂ်ဘွဲ့ထူးရ လူယောက်ျား ၁၀ယောက်


၁) "တဖုဿ ဘလ္လိက" ကုန်သည် ညီနောင်
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ ဘွဲ့ထူးရလေသည်
၎င်းတို့သည် ဘုရားဖြစ်၍ ၄၉-ရက်အလွန် လင်းလွန်းပင်ရင်းမှာ ဘုရားနှင့်ရှေးဦးစွာတွေ့သောလူထူးလူမြတ်တို့ပေတည်း၊ သို့သော် သံဃာမရှိသေးရကား "ဒွေဝါစိက သရဏဂုံ"သာ ရသည်

၂) အနာထပိဏ် သူဌေးကြီး
အလှူဒါနအရာ၌ အများဆုံးဘွဲ့တံဆိပ်တော်ရလေသည်

၃) စိတ္တသူကြွယ်
တရားဟောကောင်း ဘွဲ့တံဆိပ်ရလေသည်
၎င်းသည် ရုပ် နာမ် ကံ ၀ိပါက်တို့၌အထူးလိမ္မာလျက် နောင်ခါ သဠာယတနသံယုတ်၌ သုတ်ပေါင်းတစ်ဆယ်ကျော်ရှိသော "စိတ္တသံယုတ်"ကိုဟောရာတွင် ဧတဒဂ်ဘွဲ့တံဆိပ်တော်မြတ်ရလေသည်

၄) ဟတၳာဠာ၀က
"သင်္ဂဟ၀တၳုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင်ဆွဲဆောင်ရာ၌" ဘွဲ့တံဆိပ်တော်ရလေသည်

၅) မဟာနံ သာကီ၀င်မင်း
အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ 'အဂ္ဂ ပဏီတ ဒါယကာ' ဘွဲ့တံဆိပ်ရလေသည်

၆) ေ၀သာလီမြို့နေ ဥဂ္ဂသူကြွယ်
နှစ်သက်ဖွယ်အရာကို ပေးလှူတတ်သည့်အရာ၌ 'အဂ္ဂ မနာပ ဒါယကာ'ဘွဲ့တံဆိပ်တော်ရလေသည်

၇) ဟတၳိဂါမရွာနေ ဥဂ္ဂသူကြွယ် သံဃာအလုပ်အကျွေးကောင်း 'အဂ္ဂ သံဃုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ရလေသည်

၈) သူရပန်
မတုန်မလှုပ် ကြည်ညိုရာ၌ 'အေ၀စ္စ ပသန္န' ဘွဲ့တံဆိပ်ရလေသည်
အချို့မူ၌ သုရဗန္ဓ-သူရဗန်ဟုရှိသည်

၉) ဆရာဇီ၀က
ပုဂိ္ဂုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်
သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် 'ပုဂ္ဂလ ပသန္န' ဘွဲ့တံဆိပ်ရသည်

၁၀) နကုလပိတာ သူကြွယ်
ဘုရားနှင့် အကျွမ်း၀င်ရာ၌ ဘွဲ့တံဆိပ်ရသည်
သူသည် ဘုရားရှင်ကိုရှေးဦးအကြိမ်တွေ့ကာမျှပင် "ချစ်သားရယ် ဒီမျှလောက်ကြာမြင့်အောင် မိဘကိုစွန့်၍ ဘယ်အရပ်သို့ ကြွနေသနည်း"ဟု အကျွမ်းတ၀င်ပြောဆိုလေသည်၊ သို့ဆိုနိုင်ခြင်းကား ဘ၀မခြားဘဲ ငါးရာတိုင်တိုင်ဘုရားရှင်၏အဘဖြစ်ဖူးပြီ၊ ထို့အတူ ဘကြီးငါးရာ ဘထွေးငါးရာ ၀ရီးအဖြစ် အကြိမ်ငါးရာ ဘ၀မခြားဘဲဖြစ်ဖူးသည်ကိုစွဲ၍ အကျွမ်းတ၀င် ဘုရားရှင်အား "ချစ်သား ချစ်သား"နှင့် ခေါ်လေ့ရှိသတတ်၊ ထို့ကြောင့် '၀ိဿာသက'ဘွဲ့တံဆိပ်ရလေသည်

ဧတဒဂ် ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀-ယောက်

၁) သေနိယ သူဌေးသမီး သုဇာတာ
ရှေးဦးစွာ သရဏဂုံဆောက်တည်ရာ၌ 'အဂ္ဂ ပထမ သရဏဂမဏ' ဘွဲ့တံဆိပ်တော်ရလေသည်

၂) ပုဗ္ဗာရုံ ကျောင်းအမကြီး ၀ိသာခါ
အလှူဒါနအရာ၌ အများဆုံး ဘွဲ့တံဆိပ်တော် ရလေသည်

၃) ခုဇ္ဇုတ္တရာ
'အဂ္ဂ ဗဟုသုတ' ဘွဲ့တံဆိပ်တော်ရလေသည်
၎င်းသည် အကြားအမြင်များ၍ သာမာ၀တီကြီးမှူးသော အုပ်စုငါးရာတို့အား၊ ၄င်းသင်ကြားပို့ချရသော ကျမ်းကားသုတ္တန်ပိဋက၌ ဣတိ၀ုတ္တက ကျမ်းဟူ၍ ကျမ်းသီးတစ်စောင်ပင်ဖြစ်လေသည်၊ သည်ကို အကြောင်းပြု၍ဧတဒဂ်ဘွဲ့ထူးရသည်ဟူ၏

၄) သာမာ၀တီ
မေတ္တာဖြင့်နေသောအရာ၌ 'အဂ္ဂ မေတ္တာ ၀ိဟာရီ' ဘွဲ့တံဆိပ်ကို ရလေသည်

၅) နန္ဒမာတာ ဥတ္တရာ
ဈန်၀င်စားရာ၌ 'အဂ္ဂဈာယီ' ဘွဲ့တံဆိပ်တော်ကို ရလေသည်

၆) ကောလိယမင်းသမီး သုပ္ပဝါသာ- အကောင်းအမြတ်ပေးလှူရာ၌ 'အဂ္ဂ ပဏီတ ဒါယိကာ' ဘွဲ့တံဆိပ်ကိုရလေသည်

၇) သုပ္ပိယာ-သူနာကို ပြုစုလုပ်ကျွေးရာ၌ အကောင်းဆုံးသူနာပြုတတ်သူ 'အဂ္ဂ ဂိလာနုပဋ္ဌာက' ဘွဲ့တံဆိပ်တော်ကို ရလေသည်

၈) ကောတိယာနီ- မတုန်မလှုပ် ကြည်ညိုရာ၌ 'အဂ္ဂ အေ၀စ္စ ပသန္န' ဘွဲ့တံဆိပ်တော်ရလေသည်

၉) နကုလ မာတာ ဘုရားနှင့်အကျွမ်း၀င်ခြင်း၌'အဂ္ဂ ၀ိဿာသီက' ဘွဲ့တံဆိပ်တော်ကို ရလေသည်။(နကုလ ပိတာ နှင့်တူ)

၁၀) ကာလီ ခေါ် ဒါယိကာမ
အဆင့်ကြားအားဖြင့် ဘုရားကိုကြည်ညိုသောအရာ၌ 'အဂ္ဂ အနုဿ၀ ပသန္န'ခေါ် ဘွဲ့တံဆိပ်တော်ကို ရလေသည်

သုတေသန အဘိဓါန်
မှ

သန်းထွန်လေး
အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...