သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, January 31, 2016

ဦးသန့် U Thank

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....
အခြားကိစ္စများ ဖြစ်ကြသည်။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ
Taman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။
အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။
Credit- History & Biography Blog


မြို့မငြိမ်း

#မြကောဇာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်၊ ခရစ်နှစ် ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်၊ တနင်္လာနေ့မှာ မွေးဖွားခဲ့တဲ့ ဆရာမြို့မငြိမ်းဟာ ဒီနှစ် ၂၀၁၄ ခုနှစ်မှာဖြင့် ၁၀၅ နှစ်ပြည့်ပါပြီ။ ထို့အတူ ၁၃၁၇ခုနှစ် ၀ါခေါင်လပြည့်ကျော်၁၃ရက်၊ ၁၉၅၅ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ကွယ်လွန်ခဲ့လို့ ၅၉နှစ်မြောက် နှစ်ပတ်လည်ချိန်လည်း ဖြစ်ပါတယ်။
တကယ်တော့ ဂီတအနုပညာရှင်ကြီးမြို့မငြိမ်းနှင့်ယခုအခါ ၈၉ နှစ်သက်တမ်းရှိနေပြီဖြစ်တဲ့ မန္တလေး မြို့မတူရိယာအသင်းကြီးဆိုတာကလည်း ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းပမာလို ခွဲခြားလို့မရစကောင်းပါဘူး။ ပန်းချီဦးဘသက်၊ ဓားတန်းဦးသန့် စတဲ့ အနုပညာရှင်ကြီးများနှင့်အတူ ဆရာမြို့မငြိမ်းကလည်း မြို့မတူရိယာအသင်းကြီးစတင်တည်ထောင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့ကြတာပါ။ အသင်းကြီးစတင်ဖွဲ့စည်းပြီး ရေးဆွဲခဲ့တဲ့ အသင်းဖွဲ့စည်းပုံစည်းမျဉ်းတွေမှာ အသင်းရဲ့ရည်ရွယ်ချက်တွေကို စံနစ်တကျ ချမှတ်ခဲ့ကြတဲ့အခါ… ဒီရည်ရွယ်ချက်တွေအနက် မြန်မာသီချင်းကြီးတွေ ဆည်းပူးပြန့်ပွားစေရမယ်။ ကမ္ဘာသုံးတူရိယာတွေ လေ့လာသင်ကြားတတ်မြောက်ရမယ်။ Music Note အမှတ်အသားပညာနှင့် ရေးထားတဲ့ တူရိယာပညာကို လေ့လာဆည်းပူးရမယ်။ ကမ္ဘာ့ခေတ်မီတူရိယာဝိုင်းကြီးဖြစ်မြောက်စေရမယ်ဆိုတဲ့ အချက်တွေပါပါတယ်။ မြို့မတူရိယာအသင်းရဲ့ရည်ရွယ်ချက်ဟာ မြို့မငြိမ်းရဲ့ ရည်ရွယ်ချက်ပါ။ မြို့မငြိမ်းရဲ့ရည်ရွယ်ချက်ကလည်း မြို့မတူရိယာအသင်းရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါကြောင့် မြို့မငြိမ်းဟာ သီချင်းရေးဆရာမျှ မည်ကာမတ္တမဟုတ်ပါဘူး။ ဂီတဆရာမျှ မည်ကာမတ္တမဟုတ်ပါဘူး။ မြို့မငြိမ်းက ဒီကြီးကျယ်မြင့်မားတဲ့ရည်ရွယ်ချက်တွေနဲ့ သီချင်းရေးစပ်ခဲ့တာပါ။ ဂီတသီဖွဲ့ခဲ့တာပါ။

အခုဆိုရင် မြို့မငြိမ်း ၁၀၅ နှစ်မြောက်ပါပြီ။ မြို့မငြိမ်းကွယ်လွန်ခဲ့တာလည်း ၅၉ နှစ် ပြည့်ခဲ့ပါပြီ။ ဒါကြောင့် အခုအစီအစဉ်မှာ မြို့မငြိမ်းနှင့် မြို့မတူရိယာအသင်းရဲ့ အဆက်အစပ် အဖြတ်အသန်းနှင့်အတူ မြို့မငြိမ်းနှင့် မြို့မတူရိယာအသင်းတို့ မျှော်လင့်စိတ်ကူးတွေကို ထင်ဟပ်ခဲ့တဲ့ သီချင်းတွေကိုစဉ်းစားကြည့်မိပါတယ်။ ဒီသီချင်းတွေနဲ့ လက်ရှိမြို့မကိုလည်း ချိန်ထိုးကြည့်မိပါတယ်။ ဒါကြောင့်…….. တော်လေးတော် မြို့မငြိမ်းရေးစပ်ခဲ့တဲ့သီချင်းတွေထဲမှာ "တော်လေးတော်”လို့ ကမ္ပည်းတင်ခဲ့ကြတဲ့ နန်းမြို့တော်၊ မြင်းခင်းတော်၊ ရေခင်းတော်၊ ပါရမီတော်ဆိုတဲ့ သီချင်း ၄ပုဒ်ကလည်း ကျမ်းကိုးကျမ်းကားတွေနဲ့ ခံ့ညားစွာရေးစပ်ခဲ့တဲ့ သီချင်းတွေမို့ ဒီသီချင်းတွေကို မြို့မကတီးမှုတ်သီဆိုတိုင်း အသင်းဂုဏ်မြောက် အသင်းကျက်သရေတိုးတက်နေမှာပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးသီချင်း ကျွန်တော်တို့ကမ္ဘာမြေမှာ လူဆိုတဲ့ အသိဉာဏ်ရှိသတ္တ၀ါတွေ ပေါက်ဖွားနေထိုင်ခဲ့ကြတာ အတိအကျ ရေတွက်နိုင်တဲ့ကာလအပိုင်းအခြားမရှိပါဘူး။ နှစ်ပေါင်းသန်းချီကတည်းကဆိုတဲ့အမှတ်အသားပဲ ရှိမှာပါ။ သို့သော်ငြား မှတ်တမ်းမှတ်ရာအနေနှင့် ရှိနေခဲ့တာကတော့ တစ်ကမ္ဘာလုံး လူသားမျိုးတုံးပျောက်ကွယ်နိုင်တဲ့ "ကမ္ဘာစစ်"ကြီးတွေပါပဲ။ ကြုံရသူတိုင်း သွေးပျက်ဖွယ် အနိဋ္ဌာရုံအိပ်မက်ဆိုးကြီးတွေပါပဲ။ ၂ ကြိမ်တိုင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးအနက် ဒုတိယကမ္ဘာစစ်ကြီးကိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံကလည်း ပျက်သုန်းလုမတတ်မျှ ခံခဲ့ရပါတယ်။ အလားတူ တစ်ဆက်တည်း ပြည်တွင်းစစ်ကြီးကိုလည်း ကြုံရပါတယ်။ လူသားမျိုးနွယ်ရဲ့အန္တရာယ်လည်းဖြစ်၊ ကိုယ့်ပြည် ကိုယ်နိုင်ငံမှာလည်း အဟန့်အတားတွေဖြစ်စေတဲ့ "စစ်ပွဲ"ကြီးတွေ ရှောင်လွှဲပြီး ငြိမ်းချမ်းစေမယ့်ကမ္ဘာဆီဦးတည်တဲ့အနေနဲ့ မြို့မငြိမ်းဟာ "ကမ္ဘာ့ငြိမ်းချမ်းရေး"သီချင်းကိုလည်း ရေးစပ်ခဲ့ပါတယ်။ ကမ္ဘာမှာ တတိယကမ္ဘာစစ်ကြီးဆီဦးတည်နေတဲ့ကာလ ၁၉၅၃ ခုနှစ်၊ တရုတ်ပြည် ပီကင်းမြို့မှာကျင်းပခဲ့တဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအစည်းအဝေးကြီးအတွက် ဆရာမြို့မငြိမ်းရေးစပ်ခဲ့တဲ့ "ကမ္ဘာ့ငြိမ်းချမ်းရေး"သီချင်းကို ဒီကနေ့အချိန်မှာအကြိမ်ကြိမ်ပြန်လည် သီဆိုတီးမှုတ်ဖို့ အချိန်အခါကောင်းပါ။ စာဆိုခံလလုံး မည်သည့်ကဗျာဆရာ၊ မည်သည့်စာဆို၊ မည်သည့် တေးပြုသူမဆို "လ"ရဲ့ဂုဏ်ရည်ကို မရေးစပ်၊ မဖွဲ့သီဘဲ မရှိခဲ့ကြပါဘူး။ ဒီအထဲမှာ ဆရာမြို့မငြိမ်းက လနှင့်အတူ လပြည့်ညရဲ့ ခံစားမှုတွေအပေါ် လရဲ့ ပထ၀ီဝင်အချက်အလက်တွေကိုပါမကျန် နူးညံ့သိမ်မွေ့စွာဖွဲ့သီတာက အများနှင့်မတူ။ "လပြည့်ဝန်း"မဟုတ်ပါဘဲ "လလုံး"တဲ့လေ။ ဒါကြောင့် ထူးခြားဆန်းသစ်တဲ့ မြို့မငြိမ်းရဲ့ "စာဆိုခံလလုံး"ကိုလည်း မြို့မအနေနဲ့ မေ့လျှော့ထားလို့မရပါဘူး။ အခုဝါခေါင်လပြည့်(သြဂုတ်၁၀ရက်)ညက ကြုံရတဲ့ “စူပါမွန်း”ဟာ “စာဆိုခံလလုံး” ကိုအထူးသတိရစေပါတယ်။ ဒီညမှာ မြို့မက “စာဆိုခံလလုံး”ကိုများ သီဆိုတီးမှုတ်ပြီး မြို့လူထုကိုဖျော်ဖြေလိုက်ရင်ဆိုတဲ့ လောဘနဲ့ပေါ့ဗျာ….။ မင်းလက်ဝဲသုန္ဒရ ဂန္ထ၀င်စာပေတွေနှင့် နှံ့စပ်ခဲ့တဲ့ မြို့မငြိမ်းအဖို့ ရတုတစ်ပုဒ်ရဲ့ဂုဏ်မြောက်အဖွဲ့အနွဲ့ကြောင့် အချုပ်အနှောင်က ကင်းလွတ်ခဲ့ရတဲ့စာဆို လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ပုံရိပ်ကိုလည်း စိတ်ထဲ မှတ်ထင်စွဲနေမှာ သေချာပါတယ်။ မြို့မငြိမ်းဟာ ဒီဖြစ်အင်နှင့်ပတ်သက်ပြီး သီချင်းရေးစပ်သီကုံးရာမှာ ထူးခြားစွာနှင့် မူကွဲရှိနေပြန်ပါတယ်။ ဓာတ်ပြားခေတ်အနေနှင့် အမျိုးသားဆိုတဲ့ မင်းလက်ဝဲသုန္ဒရအမည်ရှိ သီချင်းနဲ့ လေဘာတီမမြရင်သီဆိုခဲ့တဲ့ "မဲဇာရွှေလီ"ဆိုတဲ့ သီချင်း ၂ ပုဒ်ပါပဲ။ ဒီမူကွဲ ၂ ပုဒ်စလုံးကိုလည်း မြို့မရဲ့တီးဟန်၊ ဆိုဟန်အသစ်တွေနဲ့ မြို့မကို ငယ်မူပြန်စေချင်စမ်းပါဘိ။ ထိုသုံးပါး ဆရာမြို့မငြိမ်းဟာ ဒုတိယကမ္ဘာစစ်ကြီးကိုကြုံရစဉ်ကာလ စစ်ပြေးဒုက္ခသည်အဖြစ် မန္တလေးအနောက်ပြင် စကုတိုက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာလည်း ခိုလှုံခဲ့ရပါတယ်။

ဒီအချိန် သံဃာတော်များရဲ့ မေတ္တာ၊ စေတနာများကို ခံယူခဲ့ရမှုအပေါ် မမေ့နိုင်ဘဲ "ထိုသုံးပါး"သီချင်းကို ရေးစပ်ခဲ့တာလည်း အမှတ်တရပါ။ အခု ဒီသီချင်းကို သီဆိုတီးမှုတ်ရင်း သံဃာတော်များက လူမျိုးမရွေး ဘာသာမရွေး ရန်သူမျိုး၅ပါးနဲ့ကြုံသူတိုင်းကို စောင့်ရှောက်ခဲ့တာတွေ ပြန်လည်တမ်းတ ဂုဏ်ယူနိုင်မှာပါ။ မေဓာဝီ တည်ကြ၊ ခံ့ကြစို့ဆိုရင်လည်း ကျောက်စိုင်ကျောက်သားကြီးလို တည်ခံ့ခဲ့သလို အပျော်အရွှင်၊ အသော့အသွက်မှာလည်း အူးမြူးရွှင်ပျ၊ အရည်ပျော်မတတ်ကြည်နူးရတဲ့သီချင်းတွေကိုလည်း ဆရာမြို့မငြိမ်းရေးဖွဲ့ခဲ့ပါတယ်။ ဒီသီချင်းတွေအနည် "မေဓာဝီ"ဆိုတဲ့သီချင်းကလည်း အထင်အရှားပါ။ ကပ်သီးကပ်သပ်အမြင်နဲ့ရေးဖွဲ့ထားတဲ့ "မေဓာဝီ"သီချင်းကလည်း မြို့မအတွက် ရတနာတစ်ပွင့်ပါပဲ။ သက်ဝေ မြို့မငြိမ်းရဲ့အချစ်ဘွဲ့သီချင်းတွေအနက် "သက်ဝေ"သီချင်းဟာ ထင်ရှားလှပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကြိုက်နှစ်သက်လွန်းလှလို့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့မောင်နှံကို စိတ်လိုလက်ရရှိတိုင်း ဗိုလ်ချုပ်က သီဆိုခိုင်းပြီး ဆရာကြီးဒဂုန်တာရာက စန္ဒရားတီးပေးရပါသတဲ့။ နှစ်ယောက်ထဲ မေတ္တာဘွဲ့တွေမှာ သိမ်မွေ့လှတယ်လို့ ကောက်ချက်ချကြရတဲ့ သီချင်းတွေထဲမှာ "နှစ်ယောက်ထဲ"ဆိုတဲ့ သီချင်းဟာ ထင်ရှားလှပါတယ်။ မြို့မနဲ့ "နှစ်ယောက်ထဲ"သီချင်းကလည်း ဖွားဖက်တော်ပမာ လိုက်ဖက်လှပါတယ်။ မြို့မမှာ"နှစ်ယောက်ထဲ”သီချင်းမပါရင် မပြည့်စုံပါဘူး။ မေတ္တာမိုးရေ မြန်မာလူမျိုးအဖို့ မေတ္တာဟာ အဓိကကျပါတယ်။ တစ်ဦးနှင့်တစ်ဦး မေတ္တာထားကြ၊ မေတ္တာပို့ကြတယ်ဆိုတာ ယဉ်ကျေး အဆင့်မြင့်တဲ့ ပြုမူမှုတွေပါ။ ဒါကြောင့် ရှေးကတည်းက "မေတ္တာစာ"ဆိုတဲ့ လင်္ကာအဖွဲ့အနွဲ့တွေခေတ်စားခဲ့ပါတယ်။ ဦးပုညရဲ့ မေတ္တာစာများကလည်း အထင်အရှားပါ။ ဆရာမြို့မငြိမ်းကလည်း မေတ္တာပို့၊ မေတ္တာစာသီချင်းများ ရေးစပ်ခဲ့ပါတယ်။ မြို့မက သီဆိုခဲ့တဲ့ ပို့သမြို့မမေတ္တာ၊ မေတ္တာမိုးရေ၊ ထပ်တရာလမ်း၊ စန်းကြည်အမည်ရှိတဲ့ မေတ္တာပို့သီချင်း ၄ ပုဒ်ထဲက "မေတ္တာမိုးရေ" သီချင်းဟာ ထူးခြားဆန်းသစ်ပါတယ်။ တမင်လှသူ မြို့မငြိမ်းဟာ အဟောင်းဆိုတဲ့ဂန္ထ၀င်တွေလည်း ကျေညက်ခဲ့တယ်။ ဒါပေမယ့် "အသစ်"ကို ကြိုလင့်သူပါ။ အတွေးသစ်၊ အမြင်သစ်၊ သံစဉ်သစ်ကိုအမြဲတွေးတောပါတယ်။ ဒီလို "အသစ်"သီချင်းလေးတွေထဲက "တမင်လှသူ"သီချင်းကလည်း မြို့မရဲ့တီးလုံးဆန်းတွေကို ပြသနိုင်တာပေါ့။ နတ်ရှင်နောင် မြို့မငြိမ်းဟာ အတိတ်က ဂန္ထ၀င်စာဆိုကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အထူးလေးစားဖော်ပြဖွဲ့ဆိုသူတစ်ဦးပါ။ ဒီအထဲက တောင်ငူဘုရင် နတ်ရှင်နောင်လည်း အပါအ၀င်ပါပဲ။ ရတုဘုရင်ရယ်လို့လည်း စာပေမှာ ဂုဏ်မြောက်ကျန်ရစ်သူ နတ်ရှင်နောင်ကို သူ့ရဲ့ဂန္ထ၀င်မြောက် "ပေါ်နွေလလျှင်"အစချီရတုပိုဒ်ကိုပင် မူရင်းအတိုင်း လိုက်ဖက်စွာထည့်သွင်းစပ်ဆိုခဲ့တဲ့ "နတ်ရှင်နောင်"သီချင်းဟာ တစ်ချိန်က အဆိုတော်ကြီး ပြည်လှဖေအသံနှင့် ထင်ရှားခဲ့ပါတယ်။ အခု မြို့မက"နတ်ရှင်နောင်"ကို ၀ိုင်းပြည့် ခံ့ခံ့ညားညားတီးမှုတ်လိုက်ရင်ဖြင့်…..။ ဒါတွေကနမူနာမျှသာပါ။ ဧည့်ခံသီချင်း၊ အငြိမ့်သီချင်း၊ သင်္ကြန်သီချင်းတွေလည်း မြို့မအတွက် အများအပြားရေးသားတေးဖွဲ့ပေးခဲ့တာပါ။ မြို့မအတွက်ဒီကနေ့အထိသုံးစွဲမကုန်တဲ့ ရတနာသိုက်ကြီးကို မြို့မငြိမ်းက ကွန်ချက်ပါပြပြီး အမွေပေးခဲ့တာပါ။ မြို့မငြိမ်းနှင့် မြို့မဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနှင့်ပန်းပမာလို့ တင်စားခဲ့ကြပါပြီ။ မြို့မမောင်ညိန်းရေးသီသည် ဆိုတဲ့ ဓာတ်ပြားခေတ်သီချင်းများမှသည် နောက်ပိုင်း မြို့မငြိမ်းရယ်လို့ ကမ္ပည်းတင်ခဲ့တာလည်း အထင်အရှားပါ။ အလားတူပါပဲ ယနေ့သက်တမ်း ၈၉ နှစ်အထိ "မြို့မတူရိယာအသင်း"လို့ ခိုင်မာနေခြင်းဟာလည်း မြို့မငြိမ်းရဲ့သီချင်း ဂီတတွေကအဓိကမဏ္ဍိုင်ကြီးဖြစ်ခဲ့တယ်ဆိုတာမငြင်းပယ်နိုင်ပါဘူး။

Credit~ ဆူးငှက်


အရှင်ဉာဏိဿရ

#သီတဂူဆရာတော်ဘုရားကြိး၏
#MP3တရားတော်များ ၁၁၀
ဖိုင်စစ်ထား ပြီးသားဖြစ်တဲ့အတွက် ဒေတာ ပမာဏ အနည်းငယ်နဲ့ တရားတော်များကို နာယူနိုင်မှာပါ
###CDဗဟုသုတဒိုင်ဂျက်
(၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”-
File size : 17.38 MB
https://www.mediafire.com/?8lk8tdyk604ojzk

(၂)။“ဣဿာ နှင့် မစ္ဆရိယ”
File size : 6.7 MB
http://www.mediafire.com/?bh7ihg3onxhncpy

(၃)။“သီလသည် လူသားတိုင်း၏ ဘ၀”
File size : 6.86 MB
http://www.mediafire.com/?48bypkwzg35lii9

(၄)။“လူမိုက်တို့သွားရာလမ်း”
File size : 22.3MB
http://www.mediafire.com/?rn2w7fpxx3fup1n

(၅)။“ဧကရာဇ်မင်းကြီးရဲ့ ဘ၀နိဂုံး - အပိုင်း ၁ ”
File size : 11 MB
http://www.mediafire.com/?w0p50um6khevoq2

(၆)။“ဧကရာဇ်မင်းကြီးရဲ့ ဘ၀နိဂုံး ” အပိုင်း၂
File size :- 10.24 MB
http://www.mediafire.com/?2yf4xj1swuk7gqa

(၇)။“ကောသလမြို့ရဲ့ စောရကြီးများ ”
Links : File size : 11.21MB
https://www.mediafire.com/?0dk3awb8m2jy9n2

(၈)။“ ကေသမုတ္တိသုတ်(၀ါ)လွတ်လပ်စွာ ရွေးချယ်ကျင့်သုံးခွင့်”
File size : 5.74 MB
http://www.mediafire.com/?plibyqgqnqh71ii

(၉)။“ဘာပေးရင်...ဘာရမလဲ”တရားတော်
File size : 6.5 MB
http://www.mediafire.com/?1gb8fy174uqxgo1

(၁၀)။“ဝက္ကလိသုတ္တန် ” တရားတော် MP3
File size : 14.9 MB
http://www.mediafire.com/?m0zs9d2dnwv1evi

(၁၁)။“တရားတုက တရားစစ်ကိုဖျက်စီးတတ်ခြင်း”
File size : 25.03 MB
http://www.mediafire.com/?kajqy58ckxmjd7y

(၁၂)။“အတွင်းမီး၊ အပြင်မီး”တရားတော် MP3
File size : 16.35MB
http://www.mediafire.com/?hnhamuq747ryqr7

(၁၃)။“ယနေ့ကမ္ဘာနှင့် ဗုဒ္ဓတရားတော်”
File size : 16.34MB
http://www.mediafire.com/?aqaopaoe8363n8m

(၁၄)။ “ မေတ္တာတရားတော်”တရားတော်
File size : 16.35MB
http://www.mediafire.com/?uduioud8uq67d6f

(၁၅)။“ သီလနှင့်ပညာ ” တရားတော် MP3
File size : 15.13 MB
http://www.mediafire.com/?ii5uvxs3yona9e5

(၁၆)။“ဘ၀အဓိပ္ပာယ်” တရားတော် MP3
File size : 7.04 MB
http://www.mediafire.com/?9vozqsq356qd0sa

(၁၇)။“စိတ်ကိုဆုံးမနည်း” တရားတော် MP3
File size :7.4MB
http://www.mediafire.com/?b1om4v3l7nl0j2l

(၁၈)။ “ဥပစာလာထေရီ” တရားတော် MP3
File size : 13 MB
http://www.mediafire.com/?db3wp0vlku66wdk

(၁၉)။“ရာဟုလာ သုတ္တန်”တရားတော်
File size :21.82 MB
http://www.mediafire.com/?5sbaw3alufcl6xv

(၂၀)။“သီလအကျိုးပြတရား” တရားတော် MP3
File size : 14.18MB
http://www.mediafire.com/?23kv6m6qu5xkbgf

(၂၁)။“ဗုဒ္ဓသာသနာအစ အမှန်သိမြင်ခြင်းက”
File size : 14.31MB
http://www.mediafire.com/?30ve1r4ra92hwi9

(၂၂)။“ပရိယေသနတရားတော်” တရားတော်
File size : 17.29MB
http://www.mediafire.com/?8f6jbba5mrlgz7s

(၂၃)။“သူ့ကြောင့်မဟုတ်၊ ငါ့ကြောင့်မဟုတ်” တရားတော်
File size : 17.24MB
http://www.mediafire.com/?vggocn3v0emgl2l

(၂၄)။“မေတ္တာအခါတော်နေ့တရားတော်” တရားတော်
File size : 16.36MB
http://www.mediafire.com/?fodgihh3lv2n23k

(၂၅)။“သာသနာတော်ကြီးပွားကြောင်းတရား (၇)ပါး ”
File size : 14.36MB
http://www.mediafire.com/?rrp39j26534x2hd

(၂၆)။“သာသနာပြု မေတ္တာတရားတော်” တရားတော်
File size : 26.97MB
http://www.mediafire.com/?7h4l45wpcahpw52

(၂၇)။“ကောင်းမှု ၄- မျိုး ” တရားတော်
File size : 6.33MB
http://www.mediafire.com/?24r39ukw6k48299

(၂၈)။“ဒုလ္လဘ(ရခဲကြောင်း)တရား ၅-ပါး ” တရားတော်
File size : 13.77MB
http://www.mediafire.com/?6q2m08lu1n718kp

(၂၉)။“နောက်ဆုံး ၁၀လ မြတ်ဗုဒ္ဓ ” တရားတော်
File size : 16.62MB
http://www.mediafire.com/?ge9n81t6v6axmx2

(၃၀)။“ လောက၏သဘော ” တရားတော်
File size : 10.79MB
http://www.mediafire.com/?7i3zvb8b46fnnk3

(၃၁)။“၀ိသာခါ ၀တ္ထု” - တရားတော်
File size : 12.64MB
http://www.mediafire.com/?7cqvqo7x4x9ax17

(၃၂)။“ဓမ္မရတနာ့ဂုဏ်ရည်(၁)”တရားတော်
File size : 9.17 MB
http://www.mediafire.com/?qehth7ms52xa29x

(၃၃)။“ဓမ္မရတနာ့ဂုဏ်ရည် (၂) ” တရားတော်
File size : 9.72 MB
http://www.mediafire.com/?t60vftrh68t22gn

(၃၄)။“ဗုဒ္ဓရတနာ့ဂုဏ်ရည် (၁)”
http://www.mediafire.com/download/wx0pcjn3g74sc2s/Buddha+Ratana+Goneyi+-1.mp3

(၃၅)။“ဗုဒ္ဓရတနာ့ဂုဏ်ရည် (၂)”
http://www.mediafire.com/download/b32ueippdrw8qel/Buddha+Ratana+Goneyi+-2.mp3

(၃၆)။“ဗုဒ္ဓရတနာ့ဂုဏ်ရည် (၃)”
File Size : 7.09 MB
http://www.mediafire.com/download/qc6dn6ey9f3w5bl/Buddha+Ratana+Goneyi+-3.mp3

(၃၇)။“ဗုဒ္ဓရတနာ့ဂုဏ်ရည်(၄)”
File Size : 6.97 MB
https://www.mediafire.com/?qx4l2c8y84uso92

(၃၈)။“ဗုဒ္ဓရတနာ့ဂုဏ်ရည်(၅)”
File Size : 6.68 MB
https://www.mediafire.com/?fd39ot07d8vc6qb

(၃၉)။“ဗုဒ္ဓရတနာ့ဂုဏ်ရည်-(၆)”
File Size : 7.07MB
https://www.mediafire.com/?mma1fs5bwk8aswe

(၄၀)။“ဗုဒ္ဓရတနာ့ဂုဏ်ရည်(၇)”
File Size : 7.06MB
https://www.mediafire.com/?13u5k9q09jsi3es

(၄၁)။“နကုလမာတာ” တရားတော် MP3
File size : 9.66 MB
http://www.mediafire.com/?cgccdd29g3akvru

(၄၂)။“ဘ၀ရည်ရွယ်ချက်(၃)မျိုး”တရားတော်
File size : 10.53 MB
http://www.mediafire.com/?s3lh9rdpyy0v969

(၄၃)။“သစ္စာ မေတ္တာစွမ်းရည်”
File size : 10MB
http://www.mediafire.com/?1cgtco2xe361q78

(၄၄)။“သဗ္ဗမင်္ဂလာတရားတော်”
File size : 13.86 MB
http://www.mediafire.com/?3kcyf9uruwgqk1k

(၄၅)။“မြတ်ဗုဒ္ဓ၏ ထေရ၀ါဒ” တရားတော်
File size : 10.44MB
http://www.mediafire.com/?wguur3d5w9yeq1g

(၄၆)။“အကျင့်နဲ့ အသိပညာ” တရားတော်
File size : 10.1 MB
http://www.mediafire.com/?q8zeg2vg5z0lgr1

(၄၇)။“ကောင်းမှုတန်ခိုးတရားတော်” တရားတော်
File size : 13.8 MB
http://www.mediafire.com/?dz7kr1s2qmdc9i7

(၄၈)။“အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့” တရားတော် MP 3 ကို
File size : 9.14 MB
http://www.mediafire.com/?xt09opl11sbgycg

(၄၉)။“အရှုတ်ထဲမှာ ရှင်းအောင်နေ”
File size : Part1 ( 8.96MB)၊ Part2 ( 10.69 MB )
အပိုင်း(၁) - http://www.mediafire.com/?62vu01lveyh0txn
အပိုင်း(၂) - http://www.mediafire.com/?wqnm9xi0zhzycrn

(၅၀)။“မေတ္တာအနှစ်ချုပ်” တရားတော်
File Size : 6.26 MB
http://www.mediafire.com/?ctmmt3j94dfazdk

(၅၁)။“သရဏဂုံ သုံးပါး ” တရားတော်
File size : 7.14 MB
http://www.mediafire.com/?1g356j9052803rj

(၅၂)။“အမြတ်ဆုံးဥစ္စာတရား နှစ်ပါး” တရားတော်
File size : 10.34 MB
http://www.mediafire.com/?t33zjmvglchj25j

(၅၃)။“သဒ္ဓါနှင့်စာဂ” တရားတော် MP3ကို
File Size : 8.68 MB
http://www.mediafire.com/?7ct347lbud7u49y

(၅၄)။“ဗုဒ္ဓဘာသာအခြေခံ” တရားတော်
File size : 7.31 MB
http://www.mediafire.com/?x27grjvxtsxew71

(၅၅)။“ဗုဒ္ဓဓမ္မ အကျဉ်းချုပ်”
File size :6.78MB
http://www.mediafire.com/?ol4ncw7rjvp2npm

(၅၆)။“ဘုန်းကံကြီးသူတို့၏ သာသနာ ” တရားတော်
File Size : 9.24 MB
http://www.mediafire.com/?rmnhak33et826t6

(၅၇)။“အမြတ်တရား (၄)ပါး” တရားတော်
File Size : 8.27 MB
http://www.mediafire.com/?qd1gg7betctgaoq

(၅၈)။“အရှင်ဗာကုလမထေရ်” တရားတော်
File Size : 17.8MB
http://www.mediafire.com/?41j4fgin0lqvtki

(၅၉)။“သုဇာတာဝတ္ထု” -တရားတော်
File Size : 10. MB
https://www.mediafire.com/?9xrqbbeay08o14i

(၆၀)။“ဒါနသည် စစ်တိုက်ရတာထက် ခက်တယ်”
File Size: 6: 00 MB
http://www.mediafire.com/download/e9bto77mo6m4044/Dana+The+Sittike+Yatar+htat+Khat+the.mp3

(၆၁)။“ဓမ္မဒူတ ကိုးဋ္ဌာန” တရားတော်
File Size :16.52 MB
http://www.mediafire.com/?m41reh7hsc4pe98

(၆၂)။“၃၇မင်း နှင့် ဘိုးတော် ၊ မယ်တော်များ”
File size :10.95 MB
https://www.mediafire.com/?33sew7uj7xo3ihb

(၆၃)။“ရဟန်းတစ်ပါး၏တန်ဖိုး” တရားတော်
File size : 12.07 MB
https://www.mediafire.com/?xi4t164z1da105q

(၆၄)။“စွန့်လွှတ်ခြင်းဖြင့် လွတ်မြောက်ခြင်းဆီသို့ တရားတော်”
File size :16.39 MB
https://www.mediafire.com/?ojte1s2k80ox73a

(၆၅)။“သတိတရား လက်ကိုင်ထား”တရားတော်
File size :13.48 MB
https://www.mediafire.com/?7nx42u2a1uj5az1

(၆၆)။ “မျောက်ဝင်နေပြီ သတိထား(မဟာသာရဇာတ်)တရားတော်”
File size :26.35 MB
https://www.mediafire.com/?j60e40vxfbeumsu

(၆၇)။“ကမ်းရှာသောငှက် တရားတော်”
File size :22.41 MB
https://www.mediafire.com/?bdd12ubb0ed9n85

(၆၈)။“လောကဓါတ် တစ်ခုလုံး အမြတ်ဆုံးဥစ္စာ”
File size :28.23 MB
https://www.mediafire.com/?14mbkemcia8izhu

(၆၉)။“အိမ်တွင်းရေးအရှုပ်ကို ဓမ္မဖြင့်ရှင်းပါ”
File size :23.23 MB
https://www.mediafire.com/?inmta31ab0dzai9

(၇၀)။“ဘာသာရေးသုံးသပ်ချက် နှင့် ခန္တီတရား”- တရားတော်
File size : 36.75 MB
https://www.mediafire.com/?6p8wdvln058jztn

(၇၁)။“မြတ်ဗုဒ္ဓ၏ နောက်ဆုံးမိန့်ကြားသော စကား(၆)ခွန်း”
- တရားတော်
File size : 27.02 MB
https://www.mediafire.com/?bg8wwpmkk1axuj7

(၇၂)။“အပျော်ဆုံးနေ့”- တရားတော်
File size : 8.04 MB
https://www.mediafire.com/?l8kvs5331izmdmh

(၇၃)။“ဒေါနပုဏ္ဏားပြောသော ငြိမ်းချမ်းရေးစကား”
File size : 28.11 MB
https://www.mediafire.com/?mh5f52d4jzmyblp

(၇၄)။“ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်း၊ မေ့ပျောက်ခြင်း”
File size : 19.66 MB
https://www.mediafire.com/?1npc2nnzppj9zkp

(၇၅)။“ညီညွှတ်ခြင်း၏ ကျေးဇူး”- တရားတော်
File size : 28.86 MB
https://www.mediafire.com/?i857o71g1dyidvf

(၇၆)။“အချိန် နှင့် အလုပ် တရားတော်”
File size : 26.17MB
https://www.mediafire.com/?zl32o57bmdq64a4

(၇၇)။“အမေနေ့- တရားတော်”
File size :22.46 MB
https://www.mediafire.com/?ogmejkcuuqtdw3m

(၇၈)။“သည်းခံကြပါ တရားတော်”- တရားတော်
File size :19.33 MB
https://www.mediafire.com/?mot248bhwa665hu

(၇၉)။“ဉာဏ်ထင်သူအတွက် ဗုဒ္ဓမိန့်ခွန်း”- တရားတော်
File size :17.89 MB
https://www.mediafire.com/?iyvm2p9e2n4pr04

(၈၀)။“နှစ်ဟောင်း နှစ်သစ် သုံးသပ်ချက်”- တရားတော်
File size :6.25 MB
https://www.mediafire.com/?a5dkteuicz29a18

(၈၁)။“အိုရင် ဘာနဲ့ အိုကြမှ ကောင်းလဲ”- တရားတော်
File size :27.65 MB
https://www.mediafire.com/?4s8scju5j7q2gc7

(၈၂)။“ရတနာသုံးပါးတန်ခိုး”- တရားတော်
File size :30.22 MB
https://www.mediafire.com/?zdf7tvz7ftcc214

(၈၃)။“သံဝေဂကထာ”- တရားတော်
File size :18.08 MB
https://www.mediafire.com/?m9q59ia9jq9vrek

(၈၄)။“တစ်ခုတည်းသောလမ်း”- တရားတော်
File size :9.1 MB
https://www.mediafire.com/?26ii4z6ag49bz2r

(၈၅)။“သာသနာကွယ်ကြောင်း တရားအပေါင်း” -
File size : 8.26 MB
https://www.mediafire.com/?xr8hkvllbqcjk1k

(၈၆)။“အတွေးအကြံမှန်မှ ဆုံးဖြတ်ချက်မှန်မည်”
File size :13.96 MB
https://www.mediafire.com/?geq27q7t2jk9w0p

(၈၇)။“အားဖြည့်တရား”
File size : 14.05 MB
https://www.mediafire.com/?watcqjen9s0em1i

(၈၈)။“အင်္ဂုလိမာလ ကံကောင်းစေသော အချက်” -
File size :9.5 MB
https://www.mediafire.com/?ct74kp9al7dkhh9

(၈၉)။“မျိုးဆက်သစ်လူငယ်များသို့ စိတ်ဓါတ်မြှင့်တင်ရေး”-
File size :24.71 MB
https://www.mediafire.com/?h54a2d44gcd8psi

(၉၀)။“သမ္မဂ္ဂီဂုဏ်ပြုပူဇာ”- တရားတော်
File size : 25.16MB
https://www.mediafire.com/?65z33n3bpo3awbf

(၉၁)။“နိဗ္ဗာန်သို့ ဦးတည်သည့် လမ်း”- တရားတော်
File size : 22.63 MB
https://www.mediafire.com/?q4rv12afj26f82c

(၉၂)။“ရွှေမြေမှာ ဘယ်လိုနေမလဲ တရားတော်”- တရားတော်
File size : 27.35 MB
https://www.mediafire.com/?m6xb8vy51zqo74g

(၉၃)။“ငြိမ်ပြီး ငြိမ်းနေတဲ့ နိဗ္ဗာန်မှာ နေကြပါ”- တရားတော်
File size : 25.71MB
https://www.mediafire.com/?s1aula42bxavl7l

(၉၄)။“ပူဇော်ထိုက်သူကို ပူဇော်ခြင်း”- တရားတော်
File size :10.73 MB
https://www.mediafire.com/?fdpn7hqesckyf21

(၉၅)။“ဓမ္မုဒ္ဒေသတရား(၄)ပါး”- တရားတော်
File size :13.66 MB
https://www.mediafire.com/?5bg062z82vk2uc0

(၉၆)။“အနန္တထေရ်ရ”- တရားတော်
File size :14.02 MB
https://www.mediafire.com/?4l84jm3a5876f0x

(၉၇)။“ထုတ်ပြခြင်း နှင့် ပူဇော်ခြင်း”- တရားတော်
File size : 6.73 MB
https://www.mediafire.com/?e2d3be8vin03d2s

(၉၈)။“သုဘဒ္ဒသုတ္တန် တရားတော်”
File size : 10.44 MB
https://www.mediafire.com/?3c9tfhvhkpj188t

(၉၉)။“ခုဇ္ဇုတ္တရာ” - တရားတော်
File size : 10.04 MB
https://www.mediafire.com/?gg13de3xefkpp11

(၁၀၀)။“ကိုယ်ကျင့်သိက္ခာ သန့်စင်သူတို့၏ အရင်းအနှီး”
File size : 7.73 MB
https://www.mediafire.com/?su0e8dz4kupt05h

(၁၀၁)။“ကန္တာရမင်းကြီး၏ သစ္စာတရား ရှာပုံတော်”-
File size :14.98 MB
https://www.mediafire.com/?c7bpdykw0000s41

(၁၀၂)။“မွန်မြတ်သောအကျင့် တရားတော်”
File size :26.54 MB
https://www.mediafire.com/?6id3568ea44v6ly

(၁၀၃)။“ဆုတောင်းမမှားစေနဲ့”
File size :9.35 MB
https://www.mediafire.com/?qu337wgo53ogzuq

(၁၀၄)။“အတွင်းရှုပ်ရှုပ်၊ အပြင်ရှုပ်ရှုပ်၊လောကရဲ့ အရှုပ်”
File size :24.39 MB
https://www.mediafire.com/?5dtvs8g58v4ebr8

(၁၀၅)။“သံသရာ ရဲ့ အဆန်လမ်း တရားတော်”
File size : 23.02MB
https://www.mediafire.com/?7ws00jwp5q3rlq6

(၁၀၆)။“မြင့်မြတ်သော အောင်မြင်ခြင်း”တရားတော်
File size :23.98 MB
https://www.mediafire.com/?2tadafkju1ic7tb

(၁၀၇)။“ဆင်းရဲသားအလှူ နှင့် သူဋ္ဌေးအလှူ” တရားတော်-
File size :23.56 MB
https://www.mediafire.com/?8522mhrv42qh0r1

(၁၀၈)။“သရက်ပင်အောက်က ခန္တီ” တရားတော်-
File size : 8.56 MB
https://www.mediafire.com/?4mhzindua1l1552

(၁၀၉)။“ပေးရင်ပေါ့ ယူရင်လေး” တရားတော်
File size : 25.72MB
https://www.mediafire.com/?66xtwcevwrpwtnk

(၁၁၀)။“နေတတ်အောင် နေကြပါ”- တရားတော်
File size : 20.61 MB
https://www.mediafire.com/?4mzsnud4j89mmyb

#Cd_ဗဟုသုတဒိုင်ဂျက်


သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...