သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, September 16, 2016

တော်သလင်းလပြည့်နေ့ ( ဂရုဓမ္မ အခါတော်နေ့ )




              တော်သလင်း လပြည့်နေ့ဟာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ အထွဋ်အမြတ် ထားရာ လပြည့်ကြီး တွေထဲမှာ မပါဝင်ပါဘူး ဒါကြောင့်လည်း သာမန်ငြောင်းည လပြည့်ည အဖြစ်သာ အများစု သတ်မှတ်ကြပါတယ်
   
          ဒါပေမယ့် ဗုဒ္ဓစာပေမှာတော့ သာမန်ငြောင်းည လပြည့်ည တစ်ညတော့ မဟုတ်ပါဘူး

** ဂရုဓမ္မအခါတော်နေ့ **
အဖြစ် တစ်ခုတ်တရ မှတ်တမ်းတင်ထားတာ တွေ့သိဖူးပါတယ်

ကုရုဓမ္မဇာတ်တော်
**************

ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါက ရဟန်းနှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံ၀ဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ သေဆုံးခဲ့ရပါတယ်

ဒီလို ဗုဒ္ဓသာဝက ဖြစ်ပါလျက် သူတစ်ပါးအသက်ကို သတ်ခြင်းဆိုတဲ့ မကောင်းမှုကံ ကျူးလွန်သော ရဟန်းအကြောင်းကို ဗုဒ္ဓမြတ်စွာ သိတော်မူရာ ထိုရဟန်းကို အကြောင်းပြုလျက် ကုရုဓမ္မ ဇာတ်တော် ကို ဟောတော် မူခဲ့ပါတယ်

ဘုရားအလောင်း နုစဉ်အခါတုံးက ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတော်မူခဲ့ပါတယ်

ကုရုတိုင်းနဲ့ မနီးမေ၀း က ကာလိင်္ဂတိုင်း ဒန္တရမြို့မှာ နှစ်ပေါင်းများစွာ မိုးခေါင်တဲ့ ဘေးဆိုးကြီး ကျနေတယ်

သီးနှံတွေ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာတယ် ထိုမှ တစ်ဆင့် အနာရောဂါတွေ ထူပြောလာပြီး ရောဂါကပ်ဆိုး မစားရတဲ့အဆုံး တစ်ယောက်စီကတစ်ယောက် လုယက်ယူငင်ကြပြီး လက်နက်ဘေးဆိုးကြီးပါ ဆိုက်လာတယ်

တနည်း ကပ်သုံးပါး ဆိုက်နေတယ် ဆိုပါတော့

ဒီတော့ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို ဟစ်ကြွေးကြတယ် ဘုရင်ကြီိး မင်းကျင့်တရားနဲ့ မညီ သီလ မဆောက်တည်လို့ တိုင်းပြည် ကပ်ဘေးတွေ ဆိုက်ရတယ်ပေါ့

ဒါ့ကြောင့်မင်းကြီးဟာ ဒါန သီလတွေ များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါတယ်

ဒါပေမယ့် မိုးမရွာလေဘူး
ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏ မင်္ဂလာဆင်ဖြူတော်ကြီး ရှိတယ် ဒါ့ကြောင့် မိုးရွာတယ်ထင်ပြီး သွားအလှူခံကြတယ် ဒါလည်း မရွာပြန်ဘူး

နောက်ဆုံး ကုရုတိုင်းသားတွေ စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး ကပ်သုံးပါးလုံးမှ ကင်းဝေးသွားတယ်

ဤဇာတ်တော်ကို ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့ကြားတော်မူခဲ့သောကြောင့်၄င်း

ကာလိင်္ဂတိုင်းသားတို့က ငါးပါးသီလ ကို ရွှေပေလွှာတွင် ကူးယူကာ ဌာနေပြည်သို့ သယ်ဆောင်လာသောနေ့

ငါးပါးသော သီလတော်မြတ်အား တစ်တိုင်းတစ်ပြည်လုံး ခံယူဆောက်တည်ပြသော နေ့ဖြစ်၍

ထို
** တော်သလင်းလပြည့်နေ့ **
ကို ကုရုဓမ္မ အခါတော်နေ့ ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် သတ်မှတ်ခေါ်ဆိုခဲ့ပါသည်

ကိုး....google.facebook



မှားယွင်းမှုရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ

သန်းထွန်းလေး
အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...