သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, November 25, 2016

ကောင်းမှုတော်စေတီ

ကောင်းမှုတော်စေတီ
★ ★ ★ ★ ★ ★ ★

ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကနေ အသက်မွေးဝမ်းကြောင်း ပြုရာ ဒေသတွေကို လာတိုင်းလာတိုင်း ထုံးသင်္ကန်း ဖြူဖြူ​ဖွေး​ဖွေးနဲ့ တည်ပုံစန်းကျယ်ပြီး မြင်လိုက် ဖူးလိုက်ရတာနဲ့တင် စိတ်နှလုံးမှာ အေးချမ်းစေတဲ့ ကောင်းမှုတော်စေတီကို အသေအချာ ကျကျနန မဖူးဘူးသေးပေမယ့် ခရီးသွားရင်း မကြာမကြာ မြင်တွေ့ ဖူးမျှော်ဖူးပါတယ်
ယခုထက်တိုင်ပေါ့

ကောင်းသည် ဆိုးသည်တော့ မဝေဖန်လိုပါဘူး ဒါပေမယ့် ကောင်းမှုတော်စေတီကို ထုံးသင်္ကန်းနဲ့ မဟုတ်ဘဲ ရွှေသင်္ကန်း ကပ်ထားတာတွေ့တော့ တစ်မျိုးကြီးဗျ

စေတီသမိုင်း
♕ ♕ ♕ ♕

စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ
***ရာဇမဏိစူဠာ***
ဖြစ်ပါတယ်

ဒါယကာမှာ
***သာလွန်မင်းတရားကြီး***
ဖြစ်ပါတယ်

မြန်မာသက္ကရာဇ် ၉၉၈ (၁၆၃၆)  တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်

စေတီတော် ပုံသဏ္ဍာန်
➳ ➳ ➳ ➳ ➳ ➳ ➳

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ် မှောက်ထားသကဲ့သို့ တည်ထားပါတယ်

ဉာဏ်တော် ၁၀၁ တောင်
လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်
ရှိပါတယ်

အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂  ဖြင့် တည်ထားသည်ဟုလည်း သိရပါတယ်

စေတီတော်ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ဖြင့် ၀န်းရံထားပြီး
မြန်မာ မွန် ရှမ်း အက္ခရာတို့ဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးထွင်းပူဇော်ထားပါတယ်

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ဒီနေရာမှာ သာမန်အငြိမ့်လူပျက်တို့ရဲ့ ဟာသ စကားလေးတစ်ခွန်းက စေတီတော် ဖြစ်စဉ်သမိုင်းကို အနည်းငယ် ညစ်နွမ်းနေးစေတာ သတိချပ်စေလိုပါတယ် ပါးစပ်ရာဇဝင်တစ်ခု သာမန် ဟာသပျက်လုံးတစ်ခုဟာ စေတီသမိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နှောင်းလာနောက်သား ညီ ညီမငယ်တို့ အမှတ်မှား အသိမှားမှာ စိုးတဲ့အတွက် အဆိုပါ ပြက်လုံးကို သိရှိစေရန် ရေးသားပေးလိုက်ပါတယ်

စေတီရဲ့ သမိုင်း အစစ်အမှန် မဟုတ်ပါ
✖✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ 
ပန်းရံဆရာက စေတီတော် တည်ရာမှာ ဘယ်ပုံသဏ္ဍာန် တည်ထားရမလည်းလို့ မင်းတရားကြီးကို လာလျှောက်တင်ရာမှာ မိဖုရား သွားမေးဆိုလို့ မိဖုရားကို သွားမေးရာ မိဖုရားက ကလေးနို့တိုက်နေချိန် ပန်ရံဆရာက လာမေးရာ စိတ်မရှည်တာနဲ့ ဒီပုံစံတည်လိုက် ဆိုပြီး ရင်သားကို လှန်ပြပါသတဲ့ .
✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
koloneypoe.blogspot.com


Thursday, November 10, 2016

တန်ဆောင်မုန်းလပြည့်နေ့

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) (သံဃာ့ရတနာနေ့)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

အဇာတသတ်မင်းဟာ ခမည်းတော် ဗိဗ္မိသာရမင်းကြီးကို သတ်ပြီးအချိန်မှာ ညအချိန်မှာ လုံးဝအိပ်မပျော်နိုင်ဘဲ မျက်လုံးမှာ ရောဂါဝေဒနာ ခံစားလာရတယ်

ဒီဝေဒနာကို ကုစားဖို့ ဘယ်သမားတော်မှ အစွမ်းနိုင်သည့်အဆုံး မှူးမတ်​ တို့ရဲ့ လျှောက်ထားချက်အရ ဒိဋ္ဌိဆရာ ၆ ယောက်တို့ထံ ချဉ်းကပ်ပြီး ဘာသာတရားနဲ့ ကုသဖို့ ကြိုးစားခဲ့ရာမှာလည်း သက်သာခြင်း မရှိခဲ့ဘူး

မသက်သာသည့်အဆုံး ဆေးဆရာ ဆရာဇီဝက ရဲ့ လျှောက်ထားမှုအရ ဂေါတမဗုဒ္ဓ ဆီ သွားရောက်ဖူးမျှော်ဖို့ရာဖြစ်လာတယ် (မြတ်​စွာဘုရားကို မြတ်နိုးကြည်ညိုလို့ထက် ခံစားရတဲ့ ရောဂါဝေဒနာ သက်သာဖို့အတွက် ဖြစ်မှာပါ)

လမ်းပန်းသက်သာပြီး ဥတုရာသီ ကောင်းမွန်တဲ့
တန်ဆောင်မုန်းလပြည့်ညမှာ ဆရာဇီဝက ဟာ မိန်းမ စစ်သည်တော် ၅၀၀ တို့ ခြံရံလျှက်  အဇာတသတ်မင်းကြီးကို မြတ်စွာဘုရားရဲ့ကျောင်းတော်ကို ခေါ်ဆောင်ခဲ့တယ် (သူကိုယ်တိုင် ဘုရင်ကို သတ်ပြီး ရှင်ဘုရင် လုပ်ခဲ့တာ မဟုတ်လား ) ဒါ့ကြောင့် ဆရာဇီဝက ဟာ ဘုရင်ရဲ့ စိုးရိမ်ကြောင့်ကျ ကင်းစေဖို့ စီမံထားတာပါ

လမ်းခရီးမှာ အလင်းရောင် ထိန်ထိန်လင်းစေဖို့ တန်ဆောင်တိုင်လို့ ခေါ်တဲ့ မီးတိုင်တွေကို ကိုင်ဆောင်ထွန်းညှိထားတာကို ရည်ရွယ်ပြီး
  ** တန်ဆောင်တိုင်ပွဲတော်**
ကို ကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်

ကျောင်းတော်ကိုရောက်တဲ့ခါမှာ ဥယျာဉ်တော်ထဲမှာ ၁၂၅၀ သော ရဟန်းအပေါင်းခြံရံလျက် တင့်တယ်သပ္ပါယ်စွာ သီတင်းသုံးနေတော်မူသောမြတ်စွာဘုရားကိုတွေ့မြင်
လိုက်ရတဲ့အခါ အဇာတသတ်ဟာ ကြည်ညိုသော သဒ္ဓါတရားတွေ ဖြစ်ပွားပြီးငြိမ်သက်တည်ကြည်သော
ရဟန်းတို့ကိုရှေးကတစ်ကြိမ်တစ်ခါမျှမမြင်ဘူးပါလား တကားလို့ တည်ကြည်သောစိတ်ထားဖြင့်
နှုတ်မှရေရွတ်ပြီး အလွန်ကြည်ညိုသွားပါတော့တယ်

ထိုအခါ မြတ်စွာဘုရားက
**သာမညဖလသုတ်**
ကို ဟောကြားတော် မူခဲ့သည်
တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းသည် အိပ်မပျော်သော ရောဂါဝေဒနာ ငြိမ်းအေးပျောက်ကွယ် သွားခဲ့ပါတယ် ဒါတင်မကဘဲ ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်

အဇာတသတ်မင်းကြီးဟာ သာမညဖလသုတ် တရားတော်ကို ကြားနာယူပြီး 
** အ၀ီစိငရဲ **တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့တဲ့
** လောဟကုမ္ဘီငရဲ ** ၌သာ ကျရောက်ပြီး

နောင်သောအခါမှာ
** ၀ိဇိတာဝီ **
မည်တဲ့ ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ရလိမ့်မည်ဟု မြတ်​ဗုဒ္ဓ ဟောကြား ခဲ့ပါတယ်

ထိုသာမညဖလသုတ်ခေါ် ရဟန်းပြုခြင်း အကျိုးတရားကို ဟောကြားတော်မူခဲ့ရာ **တန်ဆောင်မုန်းလပြည့်နေ့** ကို
**သံဃာ ရတနာနေ့ **
ဟုလည်း မုတ်ယူနိုင်ပါတယ်

♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨

သာမညဖလတရားတော် ဆိုသည်မှာ
** ရဟန်းပြုခြင်း၏ အကျိုးများ** ကို ဖော်ပြချက်ဖြစ်သည်

ရဟန်းပြုခြင်း၏ အကျိုးများ
★ ★ ★ ★ ★ ★ ★ ★ ★

(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့်
အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ
ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊
မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့်
ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း
စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့်
ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣနြေ္ဒ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင်
စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ
ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ၀ိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း
အကျိုးတရားတို့ ဖြစ်ပေသည်။

☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺ ☺

မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်တိုင် ပွဲတော်မှာ ဗုဒ္ဓဘာသာဝင်​ မြန်မာလူမျိုးတို့ဟာ

တန်ဆောင်တိုင် မီးထွန်းပွဲတော်
ကထိန်သင်္ကန်း အလှူပွဲတော်
မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်

တို့ဖြင့် မြတ်ဘုရားကို ပူဇော်ကြပါတယ်

ဒါအပြင် နောက်ပိုင်းမှာ ကြယ်လနက္ခတ် ဆုံလင်စွာရှိသည်ကို အကြောင်းပြုလျှက်

ကျီးမနိုးပွဲတော် (သူခိုးကြီးည)
မဲဇလီဖူးသုတ်​ စားခြင်းပေါ့
စသည်ဖြင့် ကျင်းပကြတယ်
ဒါပေမယ့် ဒါဟာ ဗုဒ္ဓကို ပူဇော်ခြင်း ကိစ္စနဲ့ မည်သို့မှ မသက်ဆိုင်ကြောင်းကို သတိပြုစေလိုပါတယ် ဒေသဓလေ့နဲ့ ဗြဟ္မာဏ အယူဝါဒတို့ ရောလျှက်လာဟန် တူပါတယ်

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

သန်းထွန်းလေး
အင်းတဲရွာ

Koloneypoe@gmail.com


Saturday, November 5, 2016

အညာမင်္ဂလာဆောင် (လေးချိုးကြီး)


✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉

ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးသာပ
အဟုတ်ဗျို့ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပေဘု
အရိုးသမကျရှေးလိုပ အဖွားကလဲ ကျီတစ်ဆောင်
ကိုမင်းရာရယ် အမျိုးကလဲ မသေးပေဘု
အဖိုးအဖနှင့်တကွ မေးကြပေတော့ တစ်မျိုးငါ့မြေးဖို့ရယ်လို့ အိုကွယ် အဖိုးကပေးလိုက်ပါတဲ့ နွားညီနောင်
ချောင်းဦးနယ်တစ်လွှားဆီက
သြော် . . အမိအဖတို့ကလဲ ပြည့်ပြည့်၀၀တွေမို့
ရှိသမျှကုန်ချင်ကုန်ရော့လို့ မယုံရင်ကြုံလျှင်မေးပါတော့
အလုံတစ်ခွင်မှာ ဂုဏ်အင်ကလဲ မသေးပါဘု
မုံရွေး ကြေးမုံ
အလုံကျေး အကုန်မှာ ပြောင်းဖူးသယ်တွေက များလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဉာတကာမိတ်တို့ကိုလ
အဖေသွားရင်းသာ လာစရာဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့
ခြုံစရာအကွက်ဖျင်စောင် ၂ ခုရဲ့ပြင်
ဂုံပဝါပါ တဘက်နှင့် ခြင်ထောင်ကလဲ တစ်ခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင်
ပြောင်းခင်း တစ်စလယ်၀င်နှင့်
တရှင် စပါးနှစ်ဆယ်ထွက်ကိုလ
ကိုမင်းရာရယ် ရှေးအဆက်ဆက်အကြွေး တက်တက်ပြီး
အေ၀းမထွက်ရအောင်လို့တဲ့ကွယ် ပေးလက်ဖွဲ့နှောင်
(၃) လမ်းချိုးအရှေ့က၊ စမ်းရိုးအကွေ့၊ ခရောင်းယာမှာ၊
ဟောသည်က အထုပ်တွေဖြေဖြေပြီး
အကုန်သာကြဲလေရော့ဟဲ့လို့
ခရမ်းမျိုးစေ့ကောင်းစွာ ငရုတ်ဂျုံ ကုလားပဲသာပ
နှမ်းမျိုးသွေ့သွေ့ပြောင်းဝါ ငပြုတ်ဖရုံပါ ဖရဲငဲ့ပြင်
ထမ်းပိုး၍ရောင်းစရာ အထုပ်မုန်လာခ၀ဲတွေနှင့်
အလုပ်စုံစရာကဘဲရယ်လို့ များလက်ဆောင်
အို . . ကိုမင်းရာရဲ့သားအတွက်ဆိုတော့
တအားတက်အောင်ရယ်လို့ (ကျုပ်တို့) အမေအိုကလဲ
ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်
ကိုမင်းရာရယ် မယားဘက်က မောင်တွေကလဲ
ပလွေတိုနှစ်စင်း

မျိုးဆက်ခါခြုံ အိုးခွက်ပန်းကန်အစုံနှင့်
ပြေတစ်ခွင်သထုံရောက်ရာကဘဲ လွမ်းမိပါရဲ့
မြေအင်တုံ သောက်စရာဇွန်းငဲ့ပြင်
ကွမ်းအစ်ပါလွယ်အိတ်တစ်လုံးငယ်နှင့်
ပဲခူးဘူတာမှာလေ ငနဲသူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ဒဂေါက်ဖာကလဲ တစ်လုံးပါဘဲ့
စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ
လူ့ထုံးစရိုက်တွင် တစ်သိမ်ပြောင်လောက်ကဲ့
မင်္ဂလာဆောင်မှာ ခန်း၀င်ကလဲ မနဲပါဘု
မွဲဖို့ရာကံကြမ္မာနှင့်
ဖန်လာပုံကုသိုလ်ကလဲ မကောင်းချင်တော့
အထက် ဟိုအညာမှာလေ ကြက်ဆိုတာတောင်မှ မလောင်းခဲ့ပါဘု
အညာမြေ ဌာနေဟောင်းဆီက
အကြွေး(တစ်ရာ) ကို ဒွေးခါ ကလဲ တောင်းပြန်ပေါ့တဲ့
အမယ်မင်း မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင်ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ရယ်နှင့် ၀၀ပြေ့ပြေ့နပြာတစ်ရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ဘာဘာညာညာရယ်လို့ မငြင်းလေနှင့်
မလေးရယ် ရောင်းကာသာ ဆပ်လိုက်ပေတော့
ရွာရှေ့ ယာတစ်ခင်း
   
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
                                                                        သခင်ကိုယ်တော်မှိုင်း

Thursday, November 3, 2016

သန်းထွန်းလေး (အင်းတဲရွာ)

အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း * ​တောင်​ကြီးမြို့ * ရတနာသီရိရပ် * ပတ္တမြားလမ်း * အမှတ် ရ / ၆၃ * ၀၉၇၉၉၈၇၁၂၂၇ * ၀၉၉၆၀၄၉၅၅၉၆

ဆိုင် စတင်ဖွင့်လှစ်သောနေ့
သာသနာသက္ကရာဇ် ၂၅၆၀
ကောဇာသက္ကရာဇ် ၁၃၇၈
တော်သလင်းလဆန်း ၁ ရက်
ခရစ်နှစ် ၂၀၁၆ စက်​တင်​ဘာလ ၂ ရက် (2.9.2016)


ဆမ်ဆောင်းဖုန်းအတွက်

ဆမ်​​ဆောင်​း

Samsung မိုဘိုင်းဖုန်း လျှို ့ဝှက်ကုဒ်နံပါတ်များ
..............................................................

*#9125# : Smiley
*#9999# : Software Version

*#06# : IMEI Number
*#0001# : Serial Number

*#9998*523# : LCD Contrast
*#0228# or *#8999*228# : Battery Info

*#8999*636# : Display Storage Capacity
*#8999*778# : Display SIM Card Information

*#8999*782# : Show Date And Alarm Clock
*#8999*786# : The Display During Warning

*#8999*837# : Samsung Hardware Version
*#0523# - *#8999*523# : Display Contrast

*#8999*638# : Show Network Information
*#9998*246# : Battery Status- Memory Capacity

*#9998*324# - *#8999*324# : Debug Screen
*#9998*842# - *#8999*842# : Vibration Test

*#9998*289# - *#8999*289# : Alarm Beeper - Ringtone Test
*#8999*9266# : Display Received Channel Number And Received Intensity

*#8999*364# : Watchdog ON/OFF
*#8999*427# : WATCHDOG Signal Route Setup

*2767*3855# : Full Reset (Caution every stored data will be deleted.)
*2767*2878# : Custom Reset

*2767*927# : Wap Reset
*2767*226372# : Camera Reset (deletes photos)

*2767*688# : Reset Mobile TV
#7263867# : RAM Dump (On or Off)

#*4773# : Incremental Redundancy
#*7785# : Reset wake-up & RTK Timer Variables

#*7200# : Tone Generator Mute

#*3888# : BLUETOOTH Test Mode
#*7828# : Task Screen

#*2562# : Restarts Phone
#*2565# : No Blocking? General Defense.

#*3353# : General Defense, Code Erased.
#*3837# : Phone Hangs on White screen.

#*3849# : Restarts Phone
#*7337# : Restarts Phone (Resets Wap Settings)

#*2886# : Auto Answer ON/OFF
#*7288# : GPRS Detached/Attached

#*7287# : GPRS Attached
#*2077# : GPRS Switch

#*22671# : AMR REC START
#*22673# : Pause REC

#*22674# : Resume REC
#*22675# : AMR Playback

#*22676# : AMR Stop Play
#*22677# : Pause Play

#*22678# : Resume Play
#*77261# : PCM Rec Req

#*77262# : Stop PCM Rec
#*77263# : PCM Playback

#*77264# : PCM Stop Play
#*22679# : AMR Get Time

#*7666# : White Screen

#*7693# : Sleep Deactivate/Activate
#*2286# : Data Battery

#*2679# : Copycat Feature Active/Deactivate
#*3940# : External Loop-Test 9600 bps

#*4263# : Hands Free Mode Activate/Deactivate
#*2558# : Time ON

#*3941# : External Loop-Test 115200 bps
#*5176# : L1 Sleep

#*7462# : SIM Phase
#*7983# : Voltage/Freq

#*7986# : Voltage
#*8466# : Old Time

#*2255# : Call Failed

#*5376# : Delete All Sms!!!!
#*2337# : Permanent Registration Beep

#*2474# : Charging Duration
#*2834# : Audio Path (Hands-free)

#*3270# : DCS Support Activate/Deactivate
#*3282# : Data Activate/Deactivate

#*3476# : EGSM Activate/Deactivate
#*3676# : Format Flash Volume!!!

#*4760# : GSM Activate/Deactivate
#*4864# : White Screen

#*7326# : Accessory
#*7683# : Sleep Variable

#*3797# : Blinks 3D030300 In RED
#*7372# : Resetting The Time To DPB Variables

*#8999*667# : Debug Mode
*#92782# : Phone Model (Wap)

#*5737425# : JAVA Mode
*#2255# : Call List

*#232337# : Bluetooth MAC Address
*#5282837# : Java Version

*#8999*8376263# : All Versions Together
*#8999*8378# : Test Menu

*#4777*8665# : GPSR Tool
*#8999*523# : LCD Brightness

*#8999*377# : Error LOG Menu
*#8999*327# : EEP Menu

*7465625*228# : Active Lock ON
#7465625*228# : Active Lock OFF

*7465625*28638# : Auto Network Lock ON
#7465625*28638# : Auto Network Lock OFF

*7465625*28782# : Auto Subset Lock ON
#7465625*28782# : Auto Subset Lock OFF

*7465625*2877# : Auto SP Lock ON
#7465625*2877# : Auto SP Lock OFF

*7465625*2827# : Auto CP Lock ON
#7465625*2827# : Auto CP Lock OFF

*7465625*28746# : Auto SIM Lock ON
#7465625*28746# : Auto SIM Lock OFF

*#7465625# : Check the phone lock status
*7465625*638*Code# : Enables Network lock

#7465625*638*Code# : Disables Network lock
*7465625*782*Code# : Enables Subset lock

#7465625*782*Code# : Disables Subset lock
*7465625*77*Code# : Enables SP lock

#7465625*77*Code# : Disables SP lock
*7465625*27*Code# : Enables CP lock

#7465625*27*Code# : Disables CP lock
*7465625*746*Code# : Enables SIM lock

#7465625*746*Code# : Disables SIM lock
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တချို့ကုဒ်များမှားယွင်းနိုင်သဖြင့် သတိထားကြပါရန

မြန်မာဖောင့်အလှ

ဖုန်းမှာ မြန်မာဖောင့်လှလှလေးတွေ
အသုံးပြုလိုသူတိုင်းအတွက်
Font style _9_ မျိုး_

Flower Font
http://adf.ly/1cUo3n

Love Font အသည်းပုံ Font
http://adf.ly/1cUoSl

Mon Beauty Font -9
http://adf.ly/1cUodB

Zawgi Ghost Font
http://adf.ly/1cUoiB

Zawgi Heart Font
http://adf.ly/1cUonH

မလိက်မန်း Font
http://adf.ly/1cUot0

လက်ရေးလှ Font
http://adf.ly/1cUoy6

ဖောင့်အလှ 5-Mon Font
http://adf.ly/1cUp6H

ဖောင့်အလှ 6-Mon Font
http://adf.ly/1cUpDp

မူရင်း font style မပါသောဖုန်းများနှင့်
Font style ပါပီးသုံးမရသူများအတွက်
Font style ထည့်ရန် apk
နှစ်သက်ရာ download ပြုလုပ်ပါ
ဤ apk ၂ ခုကိုအသုံးပြုရန်
ဖုန်းတွင် Root access ရှိရပါမယ်
Phone model အလိုက်
Font style ထည့်သွင်းမှုမှာကွဲပြားနိုင်သောကြောင့်
အခက်အခဲရှိသူများအနေဖြင့်
Chat box တွင်မေးမြန်းနိုင်ပါသည်

ifont donate apk
http://adf.ly/1cUpdk

ifont apk
http://adf.ly/1cUpiq

Root Access မရရှိသေးသော
ဖုန်းများအတွက် အကောင်းဆုံး
Root apk 5 မျိုး
Root ပြုလုပ်နည်းမသိသေးသူများ
Chat box တွင်အသေးစိတ်မေးမြန်းနိုင်ပါသည်

Oneclick root
http://adf.ly/1cUrAy

King root apk
http://adf.ly/1cUpPL

360 -root
http://adf.ly/1cUpJv

iroot.apk
http://adf.ly/1cWMcp

Pro Myanmar root.apk
http://adf.ly/1cWPZu

ဖုန်းတွင် Root access ရမရစစ်ဆေးရန် apk

Root Checker apk
http://adf.ly/1cUpTT

မိုက်ကယ်ကာရစ် သို့မဟုတ် အသံတိတ်ဗိုလ်ချုပ်


♕ ♕ ♕ ♕ ♕

          ကာရစ်​လို့ ဆိုလိုက်​တာနဲ့ အားလုံးမျက်​လုံးထဲမှာ ကွင်​းလယ်​စက်​ဝိုင်​းနားက လက်​​ထောင်​ပြီး ​ဘောလုံးအမြဲ​တောင်​း​နေတတ်​သူ တစ်​​ယောက်​လို့ အများစုမြင်​ပါလိမ်​့မယ်​

မှန်​ပါတယ်​ သူဟာ ဂတ်​တူဆို အက်​ဆီယံ မာ​ရှေယာနို ​ဘောလက်​ တို့လို မာမာထန်​တန်​ ကစားနိုင်​သူတစ်​​ယောက်​မဟုတ်​ဘူး

ဒါ​ပေမယ်​့ အသင်​းလိုအပ်​လာချိန်​မှာ ​အဆင်​့မီတဲ့ ​နောက်​တန်​း တစ်​​ယောက်အဖြစ်​လည်​း ကစားနိုင်​တယ်​

      ​မော်​ကြီး​က အသက်​အရွယ်​​ကြောင်​့ ​တွေ​ဝေ​နေသူ တစ်​​ယောက်​ပါ

   အမှန်​​တကယ်​ မန်​ယူရဲ့ ကွင်​းလယ်​ဗိုလ်​ချုပ်​ဟာ သူပါ
၄း၃း၃ ကစားကွက်​မှာ ကွင်​လယ်​ သုံး​ယောက်​ရဲ့ အလယ်​က တစ်​ဖက်​အသင်​းရဲ့ တိုက်​စစ်​ကို ပြစ်​ဒဏ်​​ဘောမဲ့ ဖျက်​ထုတ်​နိုင်​သူတစ်​​ယောက်​ပါ ဟာရဲရား ဖယ်​လိုင်​နီတို့က အသက်​ငယ်​ရွယ်​တာ​ကြောင်​့ ကစားအားနဲ့ ဖျက်​ထုတ်​ပုံ​တွေမှာ ပို​ကောင်​းတာမှန်​​ပေမယ်​့ သူတို့ရဲ့ ဖျက်​ထုတ်​မှု​တွေက ရံခါမှာ အန္တရာယ်ဇုန်​မှာ ရှိပါတယ်​ တည်​ကန်​​ဘော​တွေ မကြာခဏ ​ပေးရတာလည်​း ​တွေ့ဖူးတယ်​

မန်​ယူရဲ့ နာမည်​​ကျော်​ ကစားကွက်​ ၄း၄း၂ မှာလည်​း ကာရစ်​ရဲ့ အ​ရေးပါမှုဟာ ​ရော့နည်​းမသွားပါဘူး ကွင်​းလယ်​ နှစ်​​ယောက်​မှာ တစ်​​ယောက်​က တိုက်​စစ်​အတွက်​ဖြစ်​ပြီး ​နောက်​တစ်​​ယောက်​က ခံစစ်​အတွက်​ပါ

၄း၂း၃း၁
၄း၁း၂း၃
၄း၁း၃း၂
၄း၁း၄း၁

စတဲ့ကစားကွက်​​တွေကို ​မော်​ရင်​ဟိုက အသင်​း အ​ခြေအ​နေ​အ​ပေါ်လိုက်​ပြီး ပွဲစဉ်​ကစား​နေတဲ့ အချိန်​မှာ လိုအပ်​သလို ကစားတတ်​တယ်​လို့ ယူဆပါတယ်​

အထူးသဖြင်​့ အသင်​းကြီး​တွေနဲ့ ကစားတဲ့ ပွဲ​စဉ်​​တွေမှာ ကာရစ်​ရဲ့ ကဏ္႑ဟာ သိပ်​အ​ရေးပါလွန်​းတယ်​လို့ ထင်​ပါတယ်​ ကိုယ်​က ကွင်​်​လယ်​မှာ မစီးမိုးနိုင်​တဲ့ ပွဲစဉ်​​တွေမှာ တန်​ပြန်​တိုက်​စစ်​ဟာ အ​ကောင်​းဆုံးလက်​နက်​ပါ ဒီ​နေရာမှာ အ​ရေးအကြီးဆုံးက ​ပေးပို့မှု တိကျဖို့ပါ

တစ်​လက်​စတည်​း ​ဝေဖန်​စရာရှိတာက ဒီဂီယာပါ ဒီလို​ဝေဖန်​တဲ့အတွက်​ မန်​ယူဖန်​အများစုက​တော့ သ​ဘောကျမှာမဟုတ်​ပါဘူး

ဒီဂီယာနဲ့ ပတ်​သက်​ပြီး သို့မဟုတ်​ ဂိုးသမား​တွေနဲ့ ပတ်​သက်​ပြီး ကျွန်​​တော်​က တာဝန်​နှစ်​ခုကို ပူးတွဲမြင်​မိပါတယ်​

၁ ဂိုးဖမ်​းသပ်​ရပ်​ဖို့
၂ ​ပေးပို့ပုံ တိကျဖို့ပါ

ဒီဂီယာက ​နံပါတ်​တစ်​ အချက်​မှာ သိပ်​​ကောင်​းတယ်​ ထိပ်​တန်​းအဆင်​့ပါ ဒါ​ပေမယ်​့ ကမ်ဘာ့အဆင်​့မှာ ဘူဖွန်​ နူအာ တို့ရဲ့ ​နောက်​မှာရှိ​နေတဲ့ အချက်​က ​ပေးပို့ပုံ အားနဲချက်​​ကြောင်​့လို့ ထင်​တယ်​

ဂိုးသမား​တွေထဲမှာ ကျွန်​​တော်​့ ဟီးရိုးက ဗန်​ဒါဆာ ပါ

လွန်​ခဲ့တဲ့ ဆယ်​စုနှစ်​​လောက်​က ဗန်​ဒါဆာ ပွဲ​တွေကို ကြည်​့ဖူးရင်​ ဒီကိစ္စကို အားလုံးလက်​ခံလိမ်​့မယ်​လို့ ​မျှော်​လင်​့ပါတယ်​ အဲ့ဒီအချိန်​က ရွန်​းနီ တိဗက်​ ​ရော်​နယ်​ဒို တို့ ရှန်​းရှန်​း​တောက်​ ​အောင်​မြင်​မှုရဲ့ ​နောက်​ကွယ်​က အဓိက ​ဒေါက်​တိုင်​​တွေထဲမှာ ဗန်​ဒါဆာရဲ့ ​ပေးပိုးပို့မှု​တွေက တစ်​တတ်​တအားပါ

ဒီဂီယာရဲ့ ​ပေးပို့မှု​တွေက​နေ ဂိုးရသွားတာမျိုး မမြင်​ဖူးသ​လောက်​ပဲ

ဒါ​ကြောင်​့ ကာရစ်​ရဲ့ ကဏ္႑က ပိုပိုပြီး လိုအပ်​လာတယ်​

ကာရစ်​ကို မကြိုက်​တဲ့သူ​တွေလည်​းရှိပါတယ်​ သူဟာ ကစားပုံ​နှေး​ကွေးတယ်​ အလိမ်​အ​ခေါက်​ မကျွမ်​းကျင်​ဘူး ရုပ်​ပိုင်​းဆိုင်​ရာမှာလည်​း သိပ်​မမာဘူး​ပေါ့
ဒါ​ပေမယ်​့ သူတို့​မေ့​နေတာက သူဟာ ပီယာလို လို အို​ဇေးလို ကစားသမားပါ ​

သူ့အတွက်​ အ​ရေးအကြီးဆုံးက လူထက်​ ​ဘောလုံး ​ရောက်​ဖို့ပါ

ပေါစခိုးလ်​ ဂျရတ်​ လမ်​းပတ်​ တို့လို တိကျ​သေချာတဲ့ ကန်​ချက်​​တွေနဲ့ ဂိုးအဖြစ်​​ပြောင်​းလဲ​ပေးမယ်​သူ
ယာယာတို​ရေး ​ပေါ့ဘာ တို့လို ​ဘောလုံနဲ့အတူ တွဲထွက်​သွားမယ်​့ ကစားသမားမျိုးမဟုတ်​ဘူး

ဒီ​နေ့​ခေတ်​မှာ ပီယာလို ကာရစ်​ အလွန်​ဆို တို့ကို မှိတာဆိုလို မိုဒရစ်​ တစ်​​ယောက်​ပဲ ကျွန်​​တော်​မြင်​မိပါတယ်​

သူလို ကစားသမားမျိုး​တွေက တစ်​ခါတစ်​​လေ တစ်​ပွဲလုံး​ပြောက်​​နေတတ်​တယ်​ ​ဒါ​ပေမယ်​့

ဘောလုံးပွဲ​တွေရဲ့ အုံး​နှောက်​ပါ ​
လက်​ခုပ်​သံမယ်​့ ​ပေးဆပ်​​နေရသူ​ပါ

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

သန်​းထွန်း​​လေး
အင်းတဲရွာ


Monday, October 10, 2016

အာဇာနည်​​ဗိမာန်​​လေးချိုးကြီး






⭐⭐⭐⭐⭐⭐⭐⭐⭐

​သြော်​........
အ​ဆောင်​​ဆောင်​နန်​း​တွေ ကြငှန်​း​တွေနဲ​နှော အ​ခေါင်​မမြန်​းခင်​က ​အောင်​စာတမ်​းချိုး​စေဘို့ ​အောင်​ပန်​းညိုးရရှာတဲ့ ​တောင်​တမန်​းတို့ဗမာမှာ အ​ဟောင်​းသံသာရာအငုတ်​​တွေနှင်​့
​အောင်​ဆန်​းတို့မသာမယာဟာ ငှင်​းကံကြမ္မာအလုပ်​​ပေတင်​့ ​သောင်​းမြန်​းမရဏာ စမုတ်​မ​ှာ​တော့ချူပ်​သနဲ့ယင်​းအလိုတွင် ​​​ဒေါင်​းပုဝါအုပ်​ပါလို့ ကျူပ်​ဖြစ်​သဂြိုလ်​ချင်​

​သြော်​........
တပည်​့ရင်​း​တွေမို့ ကဝိမကင်​းနိုင်​ဘုကွဲ့ သတိကင်​းကာ
မ​ျက်​ရည်​ကျကျပြီး ခက်​ကပြီလက်​ဆည်​မရနိုင်​ဘု ​သောကဘ​လောင်​ဆူ​တော့​ တောင်​ဇမ္မူ ပုဂံ​ခေတ်​ဆီက ယ​ခေါင်​မူ ယမန်​သနစ်​​တွေ​ပေါ့ ရန်​အဖြစ်​မကွဲ့ မ​နှေးသ​ရော်​ တ​သောင်​း ဒီဇမ္မူရမ်​း​နေကျ ကျန်​ရစ်​တဲ့ ​မြေး​တော်​အ​လောင်​းစည်​သူရဲ့ နန်​းကိုဖြင်​့ လူကြမ်​းဓားပြ​တေ ွကြမ်​းလာရမ်​းလာတဲ့အ​ရေးတွင်​မှ ဘေးအ​ပေါင်​းကြီး​ဝေဒနာအစုံနဲ့​ သွေး​ခေ​ျာင်​းစီးကာ ​သေရှာပုံရဲ့ ပြည်​ေ​ရွှမြန်​မာဘုံမှာ အမင်​းမင်​းသမ္မတ​တွေနဲ့ သတင်​းလှတဲ့ အင်​းဝရာဇာအမွန်​သာလွန်​မင်​းကိုမှ သားရင်း​ရှင် ​တရုတ်​ရယ်​က ရှင်​ဘုရင်​လုပ်​မယ်​အကျယ်​ဇယားတွင်​ဖြင်​့ ်​့ဒဝယ်​သား​တွေဘိုဝင်​ခံလိုမို့ ဟိုအရင်​ယမန်​နန်​း​တော်​စ​ီးစဉ်​က အပျက်​ကြီးပျက်​ကာ အသက်​ခန္ဓာ​တွေဆိုးပုံနဲ့ တထုံး​နှောက်​တနည်​းမှာ​တော့ မင်​းရဲရန္တမိတ်​ခမြာမှာ ညီသနင်​း​ပေ​ပေါ့ ပြည်​မင်​းဂုဏ်​ခံလို့ မှုန်​မှုန်​ဆန်​ဆန်​ ပုန်​ကန်​တဲ့အတိုင်​းရဲ့ပြင်​ တလိုင်​းနယ်​​ရွေပြည်​တခွင်​မ​တော့ ဓမ္မ​စေတီဘုရင်​ လက်​ထက်​တုန်​းဆီက လက်​ရုံး​ရည်​တသိန်း​လျှမ်​း​ပေတဲ့ သမိန်​ပရမ်​းဆိုသူ စစ်​ဗိုလ်​ချူပ်​ကိုဖြင့် မဟုတ်​တရုတ်​အ​ကောင်​​တေ​လေ တ​စေၦာကိုက်​တာနဲ့ ​သြော်​.....​ ​ဖွေ​ဖွေရှာရှာ မ​ကျေနပ်​စရာ​ပေါ့​နှော မ​ရေမရာ​သေရွာဆိုက်​သလိုပါ့ အခိုက်​အခါတူလို့မို့ ဆရာတမူမကြာမကြာလွမ်​းရပါတဲ့ ဘာမရာအဆူဆူ ကြာကြငှန်​း​တွေနှင်​့ မြန်​မာဇမ္မူ အညာမန်​းတွင်​ဖြင်​့ ငါတလူလူငါသရမ်​း​ရောမဟဲ့လို့ သာခန်​းပလ္လင်​ ညွန်​းပြီးမြင်​းကွန်​းပိုင်​သူပုန်​ထစဉ်​က ကြံရသူမသာ​တော်​နှင်​့ ပမာ​သော်​တူတယ်​လို့ နှိုင်​းမိတယ်​ ရိုင်​းသနဲအတိတ်​ယခင်​သလို​နော်​ကွယ်​ စကိုင်​းတပဲ့ဂိုဏ်​းအဖွဲ​တွေနဲ့မှိုင်​းရဲစိတ်​ထင်​
မင်​းစိတ်​မင်​းမာန်​အကြံအဖန်​ကင်​းလိုက်​ပုံက အင်္ဂလိပ်​ယင်​းဂျပန်​နှစ်​တန်​ရှင်​းပါလို့ ရန်​ခပင်​းကိုတဲ့​မောင်​းကာနှင်​ ​ဒေါင်​းမြန်​မာတခွင်​မှာဖြင့် ​အထက်​ယခင်​သ​ဘော
အိုကွယ်......​ တ​ကောင်​းရာဇဝင်​ကိုတဲ့ဆက်​ချင်​သ​ဘော

နန်​းမြို့တည်​ရန်​မှန်​းလိုရည်​ကာသန်​တဲ့ညီလာခံဗိုလ်​ရူပွဲ ထိုထိုလူခပင်​းကိုမကြည်​ညိုတဲ့ဝသီအလိုတ​ဖြေး​ဖြေး ရူးမဟဲ့လို့ တ​နွေး​နွေးမူးမူးပြီး ​ခွေးဘီးလူးလိုအ​ကောင်​မိုက်​​တွေက
​ သြော်....​အမှောက်​စရိုက်​ကယ်​နှင့် ​​ပြောင်​​ပြောင်​ဘဲမိုက်​မ​ပေါ့လို့ ​ပြောင်​ကိုက်​သဟာမှာ ယာယီယတြာအချိန်​နဲ့ ဇာတာမှိန်​လိုမို့ဂဏာမငြိမ်​ တာဝန်​ယွန်​းကြ​ပေါ့ ​ဖြေမကြည်​​နေရီ​တော့ လွမ်​း​စေဘို မြန်​မာပြည်​​ပေါ်ကိုဓမ္မစည်​​တော်​ရွမ်​းချိန်​မို့ အစွမ်​းကုန်​သည်​တခါဖြင်​့ ပြည်​ရွာညီညာဘို့အလုပ်​​ပေ​ပေါ့ သုသာန်​တံခွန်​​​စောင်​းရရှာတဲ့ ရုပ်​အကျန်​ခုနှစ်​​လောင်​းရယ်​နှင်​့ အလွန်​​ကောင်​းစွာ ကမ်ဘာတည်​မည့် အာဇာနည်​ ဗိမာန်​ပုထိုးကိုဖြင်​့ ပါရမီအဓိဌာန်​တမျိူးရယ်​နှင်​့ ရှိခိူးကာဆရာကန်​​တော့ချင်​ရဲ့ မြန်​မာ မ​တော့ ပူစရာဘို့ တဗျုဟာ​အောင်​စမန်​းတွင်​မှ လ့ူမသမာအ​မှောင်​သန်​းချိန်​မို့ အ​ကြေဒဂုန်​တ​သောင်​ကမ်​းမို့မို့ဆီက ​ဖောင်​းနန်​းကူးတို့နှင်​့တ​ည်​းဟူ​သော​ရေစုန်​​မျော​လေရဲ့

​သြော်​.....
​တောင်​နန်​း​မြောက်​နန်​းအ​ဆောင်​​ဆောင်​ကြငှာန်​း​နဲ့ ခေါင်​းမမြန်​းရခင်​က ​အောင်​ပန်​းညိုးရရှာတဲ့​ အောင်​ဆန်​းတို့​သေပု​ံနှမေ​ျာ............

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

                                   သခင်​ကိုယ်​​တော်​မှိုင်​း

သြဝါဒကထာ(​လေးချိုး)




♕ ♕ ♕ ♕ ♕ ♕ ♕

မြတ်​က​ဝေ ​လေးမြတ်​ဗြဟ္မစိုရ်​ မဖင်​့သူက
အမတ်​​တေ​ွ​ရွေးသကို အခွင်​့တွင်​မှ
​ခွေးလိုကျင်​့​စေဘို့ အဖွင်​့ကျမ်​းဋိကာ
(အိုကွယ်​)အ​ရေးဆိုသနှင်​့ အခွင်​့အလမ်​းညီသကွာ

​သြော်​ ​ခေါင်​ ပထမ​ပေ​ပေါ့
အ​ချောင်​ရ​နေကြ ​မောင်​ဘ​ဖေတပည်​့ဒါယကာရင်​းကိုဖြင်​့
​တောင်​ကျ​ရေ သိ​သိသာသာဆင်​းသလိုပ
မြစ်​မင်​း​ရေကြည်​ဖြာတဲ့
​ရွှေပြည်​အညာ ​ခေတ်​ဝနာတဝှမ်​းဆီက
​ရေသီတာ ​မေတ္တာအမွန်​း​တွေနှင်​့
လွမ်​းရတဲ့ ငါဆရာမှာ​နော်​ကွယ်​
အရွန်​းလဲမခနဲ့ပါဘု အကျွမ်​းတပည်​့ရင်​း​တွေမို့
​သြော်​....သွမ်​းမလှည်​့​သော်လည်​း သွန်​းရဲ့အခါခါ

ကျွေးတဲ့​မွေးတဲ့သခင်​မင်​့တွင်​ ယုံ​မြောက်​စား​အောင်​ပ
​ခွေးရဲအသွင်​ကျင်​့စဉ်​ ဂုဏ်​​ခြောက်​ပါးရယ်​နှင်​့
အလုံ​အ​လောက်​ထားရင်​ဖြင်​့ ကျွန်​တင်​့စရာ
အို..ဝန်​မင်​းအရာငယ်​နှင်​့ ခမျာသပိတ်​အ​ကြောင်​း
(အရီးစိမ်​းရယ်​)အခွန်​မြင်​့သဟာကု်ိ​တော့ ဆရာစိတ်​မ​ကောင်​း

ဓမ္မတာ သြဇာ ဆရာ​ဟောရက
တည်​​သောအခါ ပတ္တ​ရောင်​ လှည်​့ပြန်​​တော့
တပည်​်​့မတာ​တေလန်​တို့ စာ​ပေမအံတစ်​ပုဒ်​နှစ်​ပုဒ်​မညီးတဲ့အပြင်​
ဝါသနာအ​ခြေခံအလုပ်​ကြီး​ပေထင်​့
တုတ်​စီးကာတမျိုးတဖုံဆန်​းတဲ့ပြင်​
ကြိုးခုန်​တမ်​း ကစားသဟာ​တွေကို များစွာမှမိ​လေ​တော့
မချိ​အောင်​ ပြစ်​ဒဏ်​​ပေးခဲ့တဲ့ပြင်​
မ​ဝေးမကွာ တစ်​​မြှောက်​နှစ်​​မြှောက်​​လျှောက်​ခဲ့​တော့
​တောင်​​အောက်​တခို့ ချုံနိမိတ်​ကယ်​နှင်​့
​ချောင်​​ချောက်​အရူ်ိ့ရိူ့ ဝါးရု​ံရိပ်​တွင်​မှ
ယုန်​အိပ်​သလို ဒါယိကာမ သန်​းတို့ကိုဖြင်​့
(​သြော်​)သမထလမ်​းညစခန်​းတွင်​မှ မရမကဇမ်​း​ရောသက​ွဲ့လို့
မစန်​း စက်​ရာမှာ ဘသန်​း တခွက်​ကွာလို့ နှိုးသလိုပ
တိုးတိုးက​လေး အသာအသာလှုပ်​တဲပြီး
ဘာလုပ်​မယ်​ကမ္မဌာန်​း မထိုင်​ကြသလဲလို့
စတိုင်​ကျ​အောင်​ ဆရာ​ပြောတဲ့ပြင်​
အညာ​တောတခွင်​ ကျုပ်​တို့စစ်​ကိုင်​းတွင်​ဖြင်​့
လမိုင်​းပုံ တဂုဏ်​လှ​ပေတဲ့ ပုညရှင်​​တောင်​အတက်​တွင်​မှ
​အောင်​နက်​အူသံ ကြားခဲ့ရတဲ့ပြင်​
​ချောင်တဖက်​ ဆူဆူညံညံစကား​တွေနှင်​့
ဘုရားရင်​ပြင်​ အဝင်​စမုတ်​တွင်​မှ
သင်​ပုဒ်​ပလ္လင်​မှာ ​ညောင်​ရ​ေ​လာင်​းပါလို့
ပူးသတ်​အ​ကျော်​အ​မော်​ မျုးမတ်​က​တော်​အ​ပေါင်​းတွင်​ဖြင်​့
​(​သြော်​)ရထားအ​ဆောင်​​ဆောင်​ ကား​တွေနဲ့အများ​ဘောင်​ကြွားနိုင်​တဲ့
ငါး​ထောင်​စားကြီး သူမြတ်​​လောင်​းရယ်​နှင်​့
ဘဝသံသာရာမှာ ကျမကံပါလို့ ​ပေါင်​း​ပေါင်​းပြီး
ဒြပ်​လည်​း​ပေါ်​အောင်​ဘုရား အမတ်​ကြီးက​တော်​ဖြစ်​​ကြောင်​းရယ်​နှင်​့
အခုလိုဆုကို​တောင်​းရှာတဲ့ ​ကျောင်​းအမကြီး​ဒေါ်​ရွေစိမ်​းကိုဖြင်​့
မ​ဟော်​က​ဝေ ယိမ်​းအ​ခြေပြုပါလို့
ပြည်​သူအပူကု်ိ ​ဝေစုယူချင်​တဲ့အမတ်​​တွေ​ကြောင်​့
အကျပ်​တခါကြုံလိုမို့
ရတနာပုံ တသုတ်​အ​မောတွင်​မှ ဓမ္မရုံ အချုပ်​သ​ဘော​ပေ​ပေါ့
ဗုဒ္ဓ ​ယောဆရာမဟာ​ထေရ်​ရဲ့ သုတ်​​ဟောဋ္ဌကထာအလာမိ၍
ဝါသနာဝသီ ​ခွေးကျင်​့တရားကု်ိဖြင်​့
ပါရမီတဖြည်​းဖြည်​း မြင်​့ဘု်ိ့ထားတဲ့ပြင်​​
​စောဘဂဝ သာသနာမှာ ​တောရဆရာတပါး​ပေမို့
ကျွန်​​ခေတ်​အခါကု်ိ ​မေတ္တာနှင်​့ သနား​လေ​တော့
​လောဘရမက်​သနဲသူကု်ိ ​ဒေါသမျက်​မာန်​ပွားသနဲ့
(အမယ်မင်​း)အများ​ဘောင်​၌အမှား​မှောင်​မိုက်​ချင်​တဲ့
ငါး​ထောင်​ကြိုက်​ အမတ်​က​တော်​​လောင်​းကု်ိဖြင်​့
(ဝန်​မင်​းရယ်​)ဘုရား​တောင်​တစ်​ဝိုက်​ ဇရပ်​​ပေါ်မှာ​ထောင်​း
   
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

                                  သခင်​ကိုယ်​​တော်​မှိုင်​း
​ခွေးဋိကာ စာအုပ်​မှ

Thursday, October 6, 2016

ပူ​ဇေမိ

ရတနာသုံးပါ ဖူးမျှော်ရာဝယ် ဘုရား အာရုံပြု ရှိခိုးပါဆိုတော့ ရွာဦးကျောင်းက ဆင်းတုတော်ကြီး ရည်းမှန်းပြီး ရှိခိုးခဲ့ဖူးတယ် အရွယ်ရောက်လာတော့လည်း နာမည်ကြီး ဘုရား စေတီ တွေ စုံလို့ဗျာ ဘာမသိညာမသိ ရောယောင်ရှိခိုးရတာ ဒူးပွန်း တံတောင်ပွန်း နှဖူးပွန်း ရုံကလွဲလို့ ဘာမှ သိပ်မထူးခြားပါဘူး သံဃာ အာရုံပြုဆိုတော့လည်း ရွာကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးပေါ့ အရွယ်ရောက်လာတော့ တိပိဋက ဒွိပိဋက ဓမ္မကထိက စုံလို့ပေါ့ဗျာ အဲ ဘုရား အာရုံပြု အဆင်ပြေတယ် သံဃာ အာရုံပြု အဆင်ပြေတယ် တရား ဒီမှာ ပြဿနာတက်တာပဲဗျ ဘုရားပုံတော်တွေနောက်က ရောင်ခြည်စက်ဝန်းကြီး လိုလို ဘုန်းကြီးကျောင်းက တရားစာအုပ် အထပ်လိုက်ကြီးကိုလိုလို ပဋ္ဌာန်းစက်ဝိုင်းကြီးကိုလိုလိုပေါ့ ဒါပေမယ့် မလိမ်ပါဘူး ကျွန်တော်ငယ်ငယ်က အဲ့ဒါတွေကြီးပဲ ရည်မှန်းပြီး အာရုံပြုပြီး ရှိခိုးတာရယ် :-) အခုတော့ နည်းနည်းပါးပါး သဘောပေါက်လာပါပြီ ဘုရား တရား သံဃာ အာရုံပြုတယ်ဆိုတာ စေတီ ဆင်းတု ကားချပ် ပုဂိ္ဂုလ် ကို အာရုံပြုတာဟာ မှားနေတယ်ဆိုတာပါ ဘယ်စေတီ ဘယ်ဆင်းတု ဘယ်ကားချပ်က ဘုရားပုံတော်မဆို ဘုရားရဲ့ ကြီးမြတ်လှတဲ့ ဂုဏ်တော် ကိုးပါးကို ရည်မှန်းပြီး ဖြစ်ခဲလှစွာသော သာမန်ငြောင်းည ဇွဲလုံးလ နဲ့ မရနိုင်သော စိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု မပြုတော်မူသော ဟုတ်မှန်ပြီး အကြိုးရှိတဲ့ စကားကိုသာ ဆိုတတ်တော်မူသော စတဲ့ ဗုဒ္ဓဖြစ်ခြင်းဂုဏ်တော်တွေကို ရည်မှန်း အားကျ လေးစားပြီး နှလုံးသားက နှစ် နှစ် ကာကာ ချစ်မြတ်နိုးပြီး ရှိခိုးရာ ဦးညွှတ်ရာ စံထားဦးတင်စရာ ပုဂိ္ဂုလ် တစ်ပါးဆိုတာပါ တရားဂုဏ်တော် ဒီတရားတော်တွေသာ ဗုဒ္ဓက ထုတ်ဖော်ဟောကြား မဆုံးမခဲ့ဘူးဆိုရင် ဒီနေ့လောကကဟာ ကြောက်ဖွယ်ထိပ်လန့်ဖွယ် အတိဖြစ်နေပါလိမ့်မယ် တရားတော်တွေကနေ လောက နဲ့ မိမိကိုယ်တိုင် အေးချမ်းရာကို ရှာဖွေနိုင်ပါတယ် အမြတ်ဆုံး နိဗ္ဗာန် အထိပေါ့ မိလိန္ဒပဥှာ မြန်မာပြန်မှာ ဖတ်ဖူးပါတယ် တရားဂုဏ်တော်ကို ပူဇော်တယ်ဆို တရားတော်တွေကို အဆင့်ဆင့်သယ်တောင်လာတဲ့ သံဃာကို ပူဇော်ရမယ်ဆိုတာ ကြာနီကန် ဆရာတော် ဦးဇဋိလ ဟောကြားခဲ့တာလေး နာကြားခဲ့ဖူးပါတယ် ဘုရားနဲ့ တရား အမြတ်ပြိုင်တာပေါ့ ဘုရားကြောင့် တရားရှိတာ တရားကြောင့် ဘုရားဖြစ်တာ အဲ့ဒီလို ငြင်းကြတာတဲ့ ဉာဏ်တော်တွေ ကြီးမြတ်လိုက်ကြတာဗျာ လောကမှာ ယှဉ်တွဲဖြစ်တဲ့အ ကြောင်းတွေ အများကြီးဖြစ်ပါတယ် ရှိပါတယ် ဘယ်ဟာကြောင့် ဘာဖြစ်တယ်လို့ ပြောလို့မရပါဘူး ဥပမာ မီးထွန်းလိုက်ရင် အမှောင်ဟာ ပြောက်သွားသလိုပေါ့ သံဃာ ပုဂိ္ဂုလ် ကို ရှိခိုးနေသမျှတော့ ဝိဝါဒကွဲစရာ အမြဲဖြစ်နေအုံးမှာပါပဲ စာတတ်မတတ် ဝိနည်းညီမညီ အကျင့်ကောင်းမကောင်း တရားဟောကောင်းမကောင်း စသည်ဖြင့်ပေါ့ အမှန်က ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို ထမ်းသယ်ရတဲ့ သံဃာတော်တွေဟာ ကိုယ့်ထက် သီလအရာ မြတ်ပါတယ် ကိုယ့်မှာ ငါးပါးတောင်အမြဲမလုံ ရှစ်ပါးတောင် သီတင်းတစ်ပတ်တစ်ခါ မဆောက်ဖြစ်ဘဲ ကိုယ့်ထက် ကြီးမြတ်များပြားလှတဲ့ သိက္ခာပုဒ်တွေကို နေ့စဉ် ထမ်းသယ်နေတဲ့ သံဃာကို ရှိခိုး ဦးညွှတ် အလေးအမြတ်ထားရမှာ ဝန်လေးနေစရာ အကြောင်းကို မရှိပါဘူး ဒါပေမယ့် သူတို့လည်း လူကဖြစ်တဲ့ ရဟန်းတွေပဲ တရားထူးတရားမြတ် ရပြီးသား အရိယာ သံဃာတွေမှ မဟုတ်တာ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင် ရံခါက သင်္ကန် း ဝတ်ရာမှာ ဝိနည်းတော်နဲ့မညီ ရှေ့ကအစွန်းထွက်နေတာမျိုး ဖြစ်ဖူးခဲ့သေးတာပဲ မသင့်တဲ့ အပြုအမှုမျိုးရံခါ လုပ်မိတတ်မှာပေါ့ ဘာကြောင့် အဲ့ဒီကိစ္စတွေကို ထောက်ရှာ ညိုှးထားပြီး အပြစ်ပြောနေမှာလဲ


သန်းထွန်းလေး အင်းတဲရွာ

​ေ​ဗာဓိတစ်​​ထောင်​

           ဗောဓိတစ်ထောင် လေးကျွန်းစကြာ ရပ်တော်မူ ဘုရားကြီး
............................................................
      ဗောဓိတစ်ထောင် သာသနာ့နယ်မြေဟာ စစ်​ကိုင်​းတိုင်​း မုံရွာမြို့နယ် ခတက္ကန်(တောင်)ရွာမှာ တည်ရှိပြီး အရှေ့ဘက်မှာ ရှိတဲ့ ဖိုးခေါင်တောင်ကို မေးတင်ကာ ကြီးမားကျယ်ပြန့်များပြားလှတဲ့ စေတီ ပုထိုး ဘုရား ကျောင်းကန် သာသနိက အဆောက်အအုံများဖြင့် တင့်တယ် ခန့်ညား ထည်ဝါတဲ့ အေးချမ်းရိပ်ငြိမ် ရပ်ဝန်းတစ်ခုလို့ ဆိုရပေမည်။
        ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၁၁၅၀မြင့်ကာ ၂၄၃ ဒသမ ၈၁၇ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ် ။ ဗောဓိတစ်ထောင် သာသနာ့နယ်မြေ အတွင်းရှိ ဘုရား စေတီ များထဲတွင် လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီးဟာ အဓိကထင်ရှားပြီး ရပ်တော်မူဘုရားကြီးကို ဆရာတော်ကြီး ခန္တာဝန်မချမီ နောက်ဆုံးတည်ထားခဲ့ပါတယ် ။ ဗောဓိတစ်ထောင် ဆရာတော်ကြီးဟာ ပြည်ပသာသနာပြု ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ကြွရောက်ခဲ့စဉ်က ဂျပန် မှာ ထင်ရှားတဲ့ ဘုရား ပုထိုး စေတီ များကို သွားရောက်ဖူးမျှော်ခဲ့ပါတယ် အဲ့ဒီလို လှည့်လည် ဖူးမျှော်တဲ့အခါမှာ တိုကျိုမြို့က ၃၉၄ပေ ဉာဏ်တော်အမြင့်ရှိတဲ့ ယူရှီကူအမိဒ ရပ်တော်မူဘုရားကြီး ကို ရောက်တဲ့အခါ ဆရာတော်ကြီးရဲ့ စိတ်အစဉ်မှာ အဲ့ဒီလို ဉာဏ်တော်အမြင့်ရှိတဲ့ ရပ်တော်မူဘုရားကြီး တစ်ဆူ ဗောဓိတစ်ထောင်မှာ တည်ထားကိုးကွယ်ဖို့ ဦးစွာ ပထမ အာရုံရခဲ့ပါတယ် ။
         မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ ဆရာတော်ကြီးဟာ ဇမ္ဗူတောင်(ဇီးဖြူတောင်)ထိပ်ကို လေးကျွန်းစကြာရပ်တော်မူဘုရားကြီး တည်မည့်နေရာအဖြစ်သတ်မှတ်၍ ၁၃၅၇ ခုနှစ် ကဆုန်လဆန်း ၁၀ရက် (8.5.1995) တနင်္လာနေ့ နံနက် ၉ နာရီ အချိန်မှာ ပန္နက်တော်တင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ ၁၃၆၉ ခုနှစ် တပိုတွဲလဆန်း ၁၄ရက် (20.2.2008) ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီအချိန်မှာ သံဃာတော် အပါး ၁၀၀၀ သီလရှင် အပါး ၁၀၀၀ တို့နဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ပြုလုပ်ခဲ့ပါတယ် ။ အကြောင်းအမျိုးမျိုး ပြဿနာ အဖုံဖုံ မမျှော်လင့်သော အခက်အခဲ မျိုးစုံနဲ့ တည်ဆောက်မှုလုပ်ငန်းမှာ နှောင့်နှေးကြန့်ကြာမှု တွေရှိခဲ့ပြီး ၁၃ နှစ်နီးပါး ကြာခဲ့ပါတယ် ။ ဆရာတော်ကြီးဟာ ရပ်တော်မူဘုရားကြီး ရဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကို မမှီလိုက်ဘဲ ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ မျက်နှာတော် ကိုသာ ခန္တာဝန် မချမီ ဖူးမျှော်ကြည်ညိုခဲ့ရပါတယ် ။
    ရပ်တော်မူဘုရားကြီးဟာ ဉာဏ်တော်အမြင့် ၄၂၄ပေ အမြင့်ရှိပြီး အထပ်ပေါင်း ၃၃ ထပ် ရှိပါတယ် ။ အောက်ခြေ ပလ္လင် သုံးဆင့် ၄၄ပေ ရှိကာ ရုပ်ပွားတော်မြတ်ကြီးဟာ ၃၈၀ပေ ရှိပါတယ် ပလ္လင်တော်ကြီးမှာ အဋ္ဌဂံ (ရှစ်မြှောင့်) ပုံသဏ္႑ာန် ဖြစ်ပြီး အရှေ့နဲ့အနောက် ၄၃ပေ ၆ လက္မ ၊ တောင်မြောက် ၁၂၄ပေလ ၆ လက္မ အကျယ်အဝန်းရှိပါတယ် ။
  တောင်နဲ့မြောက်ဘက်တွေမှာ ဝင်ပေါက်ထားရှိထားပါတယ် ။ ကျယ်ပြန့်တဲ့ရင်ပြင်တော်ကို အဆင့်သုံးဆင့်နဲ့ တည်ဆောက်ထားတာပါ အဝင်ဝမှာတော့ ခြငေ်္သ့ကြီး နှစ်ကောင် ပထမအဆင့် ဝဲယာမှာ နဂါးကြီး နှစ်ကောင် ဒုတိယအဆင့်မှာ သရက်ကင်းလှေခါး ရှိပါတယ် ။ ရင်ပြင်တော် အရံအတားကိုတော့ စိန်တောင်များဖြင့် ပိုင်းခြားထားပါတယ် ။
     ပထမအဆင့် ရင်ပြင်တော်မှာ ရပ်တော်မူဘုရားကြီးရဲ့ သမိုင်းမော်ကွန်း ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားတဲ့ ကမ္ပည်းကျောက်စာတိုင် အင်ကြင်းကျောက် ဥယျာဉ် ခေါင်းလောင်းကြီး နှစ်လုံး နဲ့ ဆွမ်းသပိတ် ရေသပိတ် ကြီးနှစ်လုံးရှိပါတယ် ။
       ကယားပြည်နယ် လွိုင်ကော် ဒေသက သဘာဝ ကျောက်ပြားများနဲ့ ရင်ပြင်တော်ကို ခင်းထားပါတယ် ။ အတွင်းပိုင်းမှာတော့ ကျွန်းလှေခါးများတပ်ဆင်ထားပြီး တစ်ထပ်ချင်းစီရဲ့ အမြင့်ဟာ ၁၂ပေ ၁၃၁ပေ ၄၄ပေ အကျယ်ရှိပါတယ် ။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းမွန်စေဖို့ နံရံပါတ်လည်မှာ စနစ်တကျ အပေါက်များဖောက်ထားပါတယ် ။
  ၂၂ထပ်အရောက်မှာ သပိတ်ကျင်း ငလျင်လှုပ်တော့ မန္တလေး စစ်ကိုင်းတိုင်းတွေမှာ ပျက်စီးဆုံးရှုံးမှုများခဲ့ပေမယ့် ရပ်တော်မူဘုရားကြီးဟာ ရှေ့နောက်ယိမ်းနေတာ မြင်ခဲ့ရပေမယ့် ဘုန်းတော်ကြောင့် ဘာမှမဖြစ်ခဲပါဘူး ။ တပည့်တကာ တစ်ချို့က ဆရာတော်ကြီး ထိန်းမတ်ထားတယ်လို့တောင် ပြောကြတယ်လို့ နာယကဆရာတော် ဦးသြဘာသ မိန့်ကြားချက်အရ သိရပါတယ် ။
        ရပ်တော်မူဘုရားကြီးရဲ့ မျက်နှာတော်အတိုင်းအတာမှာ မေးတော်မှ ဦးခေါင်းတော်အထိ ၄၀ပေ မျက်နှာတော်အကျယ် ၃၈ပေ ၁၀ပေစီ အရှည်ရှိတဲ့ မျက်လုံးတော် ရှိပါတယ် ။ မျက်ခုံးတော်နှစ်ဖက်ကြား နဖူးပေါ်ရှိ ဥဏ္ဏလုံမွေတော်ရှင် ဟာ စတီးနဲ့ပြုလုပ်ထားကာ အမြင့် ၆ပေ ရှိပါတယ် ။ ကြေးဖြင့် သွန်းလောင်းထားပြီး ရွှေချထားတဲ့ သင်းကျစ်တော်ဟာလည်း အရှည် ၆ပေ ရှိပါတယ် ။ သျှောင်တော်အမြင့် ၁၃ပေ ဆံဝိုင်းတော်အမြင့် ၁၃ပေ လည်ပင်းတော် ၁၄ ၊ ၂၄ပေ နှုတ်ခမ်းတော်အကျယ် ၁၅ ၊ ၄ ပေ နားတော်အရှည် ၃၀ ၊ ၉ ပေ လက်နှစ်ဖက်တော် အကွာအဝေး ပေ ၄၀ နဲ့ အောက် သင်္ကန်​းစွန်းနှစ်ဖက်ဟာ ပေ ၁၆၀ အကွာအဝေး ရှိတယ်လို့ သိရပါတယ် ။
ရပ်တော်မူဘုရားကြီးကို ၁၀ထပ် အမြင့်ရောက်တဲ့အထိ အင်ဂျင်နီယာ ပညာရှင်များမပါဘဲ ချင်းတွင်းနယ်မြေထွက် မြန်မာ့ဝါးများကိုသာသုံးငြမ်းဆင်၍ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ တည်ဆောက်ခဲ့ပါတယ် ။
         ဘုရားဖူး လာရောက်သူတို့ဟာ ၂၇ ထပ်အထိတက်ရောက်ဖူးမျှော်နိုင်ပါတယ် အထပ်တိုင်းမှာ မုဒြာမျိုးစုံနဲ့ ရုပ်ပွားတော် ၄ဆူ ပူဇော်ထားပါတယ် နံရံဆေးရေး ငရဲခန်းသရုပ်ဖော်ပန်းချီကို သံဝေဂယူဖွယ် ကြည့်ရှုနိုင်ပါတယ် ။
ရပ်တော်မူဘုရားကြီး၏ အတွင်းပိုင်းမှာ ၃၁ ဘုံ (လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ အပယ်ဘုံ) ကို ရည်ညွှန်းသရုပ်ဖော်ထားတဲ့ နံရံဆေးရေးပန်းချီ စာသားများကို သံဝေဂ ယူဖွယ် လက်ရာမြောက်စွာ လေ့လာနိုင်မှာပါ ။
  ပထမထပ်မှာတော့ ဘုရားကြီး တည်ဆောက်မှုမှတ်တမ်း ဓာတ်​ပုံများကိုပြသထားပြီး ၉ထပ်အထိကို ငရဲကြီး ၈ ထပ်နဲ့ အပယ် ၄ ဘုံဆေးရေးပန်ချီ ၁၀ ထပ်မှာတော့ လူ့ဘုံ ၁၁ထပ်မှ ၁၇ထပ်အထိ ကိုတော့ နတ်ပြည် ၆ ထပ် ၁၈ ထပ်မှ ၂၇ ထပ်အထိကိုတော့ ဗြဟ္မာ့ဘုံ ၂၀ ကို လပ်ရာမြောက်စွာ ရေးဆွဲထားပါတယ် ။ ထူးခြားမှုအနေနဲ့ ၇ ထပ်တွင် ကမေ္ဘာ်ဘဒီးယားနိုင်ငံမှ အလှူ့ရှင်များ၏ မေတ္တာရပ်ခံ လျှောက်ထားချက်အရ အန်ကောဝပ် ကျောင်းတော်အပါအဝင် ကမေ္ဘာဒီးယား နိုင်ငံရဲ့ သာသနိက အဆောက်အအုံများ ကို နံရံဆေးရေးပန်းချီအဖြစ် မှတ်တမ်းပြုရေးဆွဲထားသလို ကိုရီးယားနိုင်ငံမှ အလှူ့ရှင် များ၏ မေတ္တာရပ်ခံမှုကြောင့် ကိုးရီးယား နိုင်ငံရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အငွေ့အသက်များကိုလည်း ကြည်ညိုနှစ်သက်ဖွယ် ဖူးမျှော်ရမှာပါ ။
    ၃၁ ဘုံဆိုတာကတော့ ကာမဘုံ ၁၁ ဘုံ ရူပ ဗြဟ္မာ ၁၆ ဘုံ နဲ့ အရူပ ဗြဟ္မာ ၄ ဘုံ ကိုခေါ်ပါတယ် ။
         စာကိုး ..၂၅ ရက် ဖေဖော်ဝါရီ ၂၀၁၆ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာပါ
   ဆရာ ..အသေမဦးခင်မြိတ်ဝင်းဇင်
ရဲ့ ဆောင်းပါးကို မှီညမ်းပြုပြီး ပြင်ဆင်ရေးသားထားခြင်းပါ ။
    အမှားအယွင်းတစ်စုံတရာ ရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ
  ဗောဓိတစ်ထောင် ဆရာတော်ကြီး ၏ ဘွဲ့တော်အမည်ကို ကျွန်တော်မသိပါဘူး ထို့ကြောင့် ဗောဓိတစ်ထောင်ဆရာတော်ကြီး ဟုသာ ရေးသားရခြင်းကို ဆရာတော်ကြီး ၏ တပည့် တကာ တကာမ တို့ ခွင့်လွှတ်ပါရန်တောင်းပန်၍ ပြန်လည် အလင်းပြခဲ့ဖို့လည်း တောင်းဆိုပါတယ်
...................................................................    
သန်းထွန်းလေး
စစ်​ကိုင်​းတိုင်​း ဘုတလင်မြို့နယ် အင်းတဲရွာ

​စေတနာ ရှင်​းတမ်​း


🌿🌿🌿🌿🌿

     ဖြစ်​တတ်​တယ်​ဗျ သူ့တုန်​းက ​စေတနာ ထားခဲ့ရဲ့နဲ့ ခုငါ့ အလှည်​့ကြ​တော့ ဘယ်​သူမ မ​ကောင်​းကြဘူး
    ငါရဲ့ ​မေတ္တာကို နာမလည်​ဘူး
    ဒီလူ​တွေက ငါရဲ့ ​စေတနာ ​မေတ္တာနဲ့ မထိုက်​တန်​ဘူးတဲ့

ဒီစကားလုံး​တွေက အရပ်​ထဲမှာ လက္ဖက်​ရည်​ဆိုင်​မှာ ​ဈေးထဲမှာ အမြဲလိုလို ကြား​နေရတတ်​တယ်​

အရင်​ဆုံး ​မေတ္တာဆိုတာကို အရင်​ ရှင်​းကြည်​့ ကြရ​အောင်​ ​မေတ္တာ ရဲ့ သ​ဘောကိုက အတိုင်​းအဆ မရှိဘူး ​နေရာ ​ဒေသ မရှိဘူး ဘယ်​လူမျိုး ဘယ်​ဘာသာကို မဆို မိခင်​က တစ်​ဦးတည်​း​သော သားငယ်​ကို ချစ်​သလို ​မေတ္တာ ထားသလို သူ့​ကောင်​းကျိုးအတွက်​ အ​ကောင်​းဆုံး ဖြစ်​မယ်​့အရာ​တွေကို ​ပေးဆပ်​တာမျိုးပါ ဘယ်​မိခင်​မှ သားသမီးဆီက တုံ့ပြန်​မှုကို ​မျှော်​ကိုးပြီး ​မေတ္တာ ထားခဲ့ကြတာ မဟုတ်​ပါဘူး

ဒါကမှ တကယ်​့ ​မေတ္တာ အစစ်​အမှန်​ပါ တုံ့ပြန်​ခြင်​းသ​ဘောကို ​မျှော်​လင်​့​နေတာဟာ ​မေတ္တာ မဟုတ်​ပါဘူး ​

​စေတနာလည်​း ထိုနည်​း၄င်​း​ပေါ့ ​စေတနာ ​မေတ္တာ မထားအပ်​တဲ့ သတ္တဝါ ဆိုတာ ​လောကမှာ မရှိပါဘူး

အားလုံးကို ​စေတနာထား နိုင်​တယ်​ ​မေတ္တာ ပွားနိုင်​တယ်​ ကိုယ်​့ဖက်​က စစ်​မှန်​ဖို့​တော့ လိုအပ်​တယ်​​နော်​ အတုံ့အလှည်​့ ဆိုတာ ​မျှော်​ကိုး​နေသမျှ​တော့ သင်​့ဘက်​ရဲ့ ​စေတနာ ​မေတ္တာ ဟာ မသန်​့စင်​ဘူးဆိုတာ သတိချပ်​​စေလိုပါ​ကြောင်​း....

🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

သန်​းထွန်​​လေး
အင်​းတဲရွာ

​နောင်​တကင်​းရာ (ရှင်​​ဒေဝဒတ္တ)



ကျွနု်​ပ်​ မှားခဲ့ပါတယ်​ အရှင်​

ကျွနု်​ပ်​ ဟာ ရင်​ထဲက ​ဒေါသတရားကို မနှိမ်​နင်​းနိုင်​သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့​ခြေမကို ​သွေးစိမ်​းတည်​​စေခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ နိမ်​့ကျမှုကို အစဉ်​လိုလားခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ အသင်​းအဖွဲ့ကို မညီမညွတ်​ ဖြစ်​​စေလိုသူပါ

ကျွနု်​ပ်​ဟာ ဈာန်​ တန်​ခိုး အ​ပေါ်မှာ သာယာ ဝင်​့ကြွားခဲ့သူပါ

ကျွနု်​ပ်​ ဟာ အရှင်​့ရဲ့ အဂ္ဂသာဝက ဘွဲ့ထူး တစ်​ခုခုကို လိုချင်​ရမက်​ ကြီးခဲ့သူပါ

ကျွနု်​ပ်​ ဟာ ဖခင်​ ဆုံးရှုံးခဲ့ရသူပါ

ကျွနု်​ပ်​ တို့ သူစိမ်​း​တွေမှ မဟုတ်​ကြပဲ အရှင်​
တစ်​ဝမ်​းခွဲ ညီအစ်​ကို လည်​း​တော်​စပ်​ ​ယောက်​လည်​း ​ယောက်​ဖ မဟုတ်​လား

အရှင်​ ကပ္ပိလဝတ်​ ​ရွှေနန်​း ပြန်​ကြွလာစဉ်​ အရှင်​ရဲ့ ​တပည်​့သာဝက အဖြစ်​ ကျွနု်​ပ်​ တို့ ညီ​နောင်​ ငါးဦး လာ​ရောက်​ ခံယူခဲ့ကြတယ်​​လေ

ကျွနု်​ပ်​ မှားမှန်​းသိပါပြီ အရှင်​

ကျွနု်​ပ်​ရဲ့ အမည်​နာမဟာ နတ်​တို့ရဲ့အရှင်​ တဲ့

ဒါ​ပေမယ်​့ စင်​စစ်​ ကျွနု်​ပ်​ဟာ ကိုယ်​့ကိုယ်​တွင်​းက ​တောက်​​လောင်​​နေတဲ့ မီးကို​တောင်​ မငြိမ်​းသတ်​နိုင်​သူပါ ​တောက်​​လောင်​မှန်းလည်​း မသိခဲ့သူပါ ​

ကျွနု်​ပ်​သိ​နေတယ်​ အရှင်​ ဒီသူရိယရဲ့ ​တောက်​ပမှုဟာ ကျွနု်​ပ်​ရဲ့ ​ခန္ဓာအတွက်​ ​နောက်​ဆုံး ​အသက်​သာဆုံး ​နွေး​ထွေးမှု​လေးပါ

ကျွနု်​ပ်​ရဲ့ နှုတ်​ခမ်​းမှာလည်​း အနှစ်​နှစ်​ အလလက သိမ်​းစည်​းထားခဲ့တဲ့ ​ဒေါသ အာဃာတ ​တွေဟာ ​သွေးအဖြစ်​ ယိုစီးကျ​နေပါပြီ ​

အရှင်​ ​သီတင်​းသုံး​နေတဲ့ ​ဇေတဝန်​ ​ကျောင်​း​တော်​ကို ရည်​မှန်​းပြီး ရှိခိုးကန်​​တော့ ​တောင်​းပန်​ပါရဲ့ ကျွနု်​ပ်​ကို ​နောက်​ဆုံးတစ်​ကြိမ်​ အဖြစ်​ အခွင်​့အ​ရေး ​ပေး​တော်​မူပါ

ကျွနု်​ပ်​ အရှင်​ ရှိရာဆီ လှမ်​းမလာနိုင်​​တော့ဘူးအရှင်​ ဈာန်​တန်​ခိုး​တွေနဲ့ ဝင်​့ကြွားခဲ့သူဟာ ခု​တော့ ကိုယ်​့​ခြေ ကိုယ်​့လက်​ ကိုယ်​့ခန္ဓာကိုယ်​ ကို​တောင်​ မစိုးပိုင်​နိုင်​​တော့ပါဘူး အရှင်​

ဒီ သာဝတၳိ​မြေဟာ ကျွနု်​ပ်​ကို တင်​းတင်​းကျပ်​ကျပ်​ ခက်​ခက်​ထန်​ထန်​ စုပ်​ယူ​နေသလိုပဲ အရှင်​

ကမ္ဘာတစ်​သိန်​းက ​ရွှေခွက်​တစ်​ခုရဲ့ အဃာတ အမုန်​း အတွက်​ ကျွနု်​ပ်​နောင်​တ ရပါပြီအရှင်​

ကျွနု်​ပ်​​နောင်​တ ရ​နေပါပြီ

သန်​းထွန်​​လေး
အင်​းတဲရွာ

Saturday, October 1, 2016

အလိုတော်ပေါက် စေတီ


••••••••••••••••••••••••
             အင်းဘုရား စေတီ
             ရတနာ စေတီ
             ဖလားမှောက် စေတီ
             အလိုတော်ပေါက် စေတီ  
ဟု လေးမည်ရ လိုတော်ပေါက်စေတီ၏ သမိုင်းကြောင်း အနည်းငယ်မျှ တင်ပြလိုပါသည်

       အလိုတော်ပေါက်စေတီ သည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန် အတွင်းရှိ နမ့်ပန်း ကျေးရွာတွင် တည်ရှိသည်

တတိယ သံဃာယနာတင် မင်းတြားကြီး ဖြစ်တဲ့ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၂-၂၃၂) သည် အနာဂါတ်တွင် ဗုဒ္ဓသာသနာ ထွန်းကားရန်အလို့ငှာ နယ်ပါယ်ဒေသအနှံ့တွင် စေတီပေါင်း ၈၄,၀၀၀ တည်ထားခဲ့ရာ တစ်ဆူအပါအဝင် ဖြစ်သည့် အလိုတော်ပေါက်ဘုရားတွင် ဓာတ်တော်နှစ်ဆူကို ဌာပနာထားပြီး တည်ထားခဲ့သည်

စေတီ၏ မူလ နာမည်မှာ

** အင်းဘုရား **

ဟူ၍ ဘွဲတံဆိပ် ရှိခဲ့သည်

     မြန်မာ့ ပထမဆုံး နိုင်ငံတော် တည်ထောင်စိုးစံခဲ့တဲ့ တံပဒီပအရှင် အနော်ရထာမင်းတြား (ခရစ်နှစ် ၁၀၄၄-၁၀၇၇) သည် အင်းလေးဒေသသို့ တိုင်းခန်းလှည့်လည်လာစဉ် ချုံနွယ်များဖြင့် ရှုပ်ထွေးပြီး စေတီဖိနပ်တော်သာ ကျန်ရှိတော့သောကြောင့် ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ အင်းဘုရားကို ထပ်မံပြုပြင် မွန်းမံ ပူဇော်ခဲ့သည်

အလောင်းစည်သူမင်း (ခရစ်နှစ် ၁၁၁၃-၁၁၆၃) သည် တိုင်းခန်းလှည့်လည်ရင်း အင်းလေးဒေသရှိ မြစ်စုံဝ လိပ်ကုန်း၌ စခန်းချရပ်နားနေစဉ် ကုန်းသာယာလှသဖြင့် စေတီတည်လိုစိတ် ဖြစ်ပေါ်၍ စုံစမ်းရာ စေတီပေါင်း ၈၄,၀၀၀ အနွယ်ဝင်စေတီဟောင်းကို တွေ့ရှိရသဖြင့် ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါတော့သည် ၄င်းဓာတ်တော်များအား ဌာပနာ၍ ထီးတော်အသစ်တင်ကာ

** ရတနာစေတီ **

ဟု ဘွဲ့တော်ဆပ်ကပ်သည်

ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါလာသောကြောင့်လည်း

** ဖလားမှောက်စေတီ **

ဟုလည်း ခေါ်ဆိုကြသည်

နရပတိစည်သူမင်း (ခရစ်နှစ် ၁၁၆၈-၁၂၁၁) သည် ဖောင်စင်္ကြာလှည့်လည်ရင်း အင်းလေးဒေသရှိ ရတနာစေတီ ခေါ် ဖလားမှောက်စေတီအရောက်တွင် ဖောင်ရပ်တန့်သဖြင့် စုံစမ်းစေရာ စေတီဟောင်းအား တွေ့ရှိရသည်။ မင်းကြီးသည် အရပ်ရှစ်မျက်နှာမှ ကုသိုလ်ရှင်များကောင်းမှုဖြင့် စေတီကိုထပ်မံမွမ်းမံတည်ကာ

** လိုတော်ပေါက် **

ဟု ဘွဲ့တော်ကပ်ခဲ့ပြန်သည်

ပုဂံမင်းဆက်စောမွန်နစ်မင်း (ခရစ်နှစ် ၁၃၂၇-၁၃၆၈) သည် အလိုတော်ပေါက်စေတီကို ရွှေသင်္ကန်းကပ်လှူလေသည်

နောက်ပိုင်းတွင် စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသည့် စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြကြောင်း သိရှိရပါသည်

••••••••••••••••••••••••••••••••••••••••••••••••••••••••••

သန်းထွန်းလေး
အင်းတဲရွာ


Friday, September 16, 2016

တော်သလင်းလပြည့်နေ့ ( ဂရုဓမ္မ အခါတော်နေ့ )




              တော်သလင်း လပြည့်နေ့ဟာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ အထွဋ်အမြတ် ထားရာ လပြည့်ကြီး တွေထဲမှာ မပါဝင်ပါဘူး ဒါကြောင့်လည်း သာမန်ငြောင်းည လပြည့်ည အဖြစ်သာ အများစု သတ်မှတ်ကြပါတယ်
   
          ဒါပေမယ့် ဗုဒ္ဓစာပေမှာတော့ သာမန်ငြောင်းည လပြည့်ည တစ်ညတော့ မဟုတ်ပါဘူး

** ဂရုဓမ္မအခါတော်နေ့ **
အဖြစ် တစ်ခုတ်တရ မှတ်တမ်းတင်ထားတာ တွေ့သိဖူးပါတယ်

ကုရုဓမ္မဇာတ်တော်
**************

ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါက ရဟန်းနှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံ၀ဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ သေဆုံးခဲ့ရပါတယ်

ဒီလို ဗုဒ္ဓသာဝက ဖြစ်ပါလျက် သူတစ်ပါးအသက်ကို သတ်ခြင်းဆိုတဲ့ မကောင်းမှုကံ ကျူးလွန်သော ရဟန်းအကြောင်းကို ဗုဒ္ဓမြတ်စွာ သိတော်မူရာ ထိုရဟန်းကို အကြောင်းပြုလျက် ကုရုဓမ္မ ဇာတ်တော် ကို ဟောတော် မူခဲ့ပါတယ်

ဘုရားအလောင်း နုစဉ်အခါတုံးက ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတော်မူခဲ့ပါတယ်

ကုရုတိုင်းနဲ့ မနီးမေ၀း က ကာလိင်္ဂတိုင်း ဒန္တရမြို့မှာ နှစ်ပေါင်းများစွာ မိုးခေါင်တဲ့ ဘေးဆိုးကြီး ကျနေတယ်

သီးနှံတွေ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာတယ် ထိုမှ တစ်ဆင့် အနာရောဂါတွေ ထူပြောလာပြီး ရောဂါကပ်ဆိုး မစားရတဲ့အဆုံး တစ်ယောက်စီကတစ်ယောက် လုယက်ယူငင်ကြပြီး လက်နက်ဘေးဆိုးကြီးပါ ဆိုက်လာတယ်

တနည်း ကပ်သုံးပါး ဆိုက်နေတယ် ဆိုပါတော့

ဒီတော့ တိုင်းသူပြည်သားတွေက ဘုရင်ကြီးကို ဟစ်ကြွေးကြတယ် ဘုရင်ကြီိး မင်းကျင့်တရားနဲ့ မညီ သီလ မဆောက်တည်လို့ တိုင်းပြည် ကပ်ဘေးတွေ ဆိုက်ရတယ်ပေါ့

ဒါ့ကြောင့်မင်းကြီးဟာ ဒါန သီလတွေ များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါတယ်

ဒါပေမယ့် မိုးမရွာလေဘူး
ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏ မင်္ဂလာဆင်ဖြူတော်ကြီး ရှိတယ် ဒါ့ကြောင့် မိုးရွာတယ်ထင်ပြီး သွားအလှူခံကြတယ် ဒါလည်း မရွာပြန်ဘူး

နောက်ဆုံး ကုရုတိုင်းသားတွေ စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး ကပ်သုံးပါးလုံးမှ ကင်းဝေးသွားတယ်

ဤဇာတ်တော်ကို ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့ကြားတော်မူခဲ့သောကြောင့်၄င်း

ကာလိင်္ဂတိုင်းသားတို့က ငါးပါးသီလ ကို ရွှေပေလွှာတွင် ကူးယူကာ ဌာနေပြည်သို့ သယ်ဆောင်လာသောနေ့

ငါးပါးသော သီလတော်မြတ်အား တစ်တိုင်းတစ်ပြည်လုံး ခံယူဆောက်တည်ပြသော နေ့ဖြစ်၍

ထို
** တော်သလင်းလပြည့်နေ့ **
ကို ကုရုဓမ္မ အခါတော်နေ့ ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် သတ်မှတ်ခေါ်ဆိုခဲ့ပါသည်

ကိုး....google.facebook



မှားယွင်းမှုရှိခဲ့ပါက ကျွန်တော့်တာဝန်သာပါ

သန်းထွန်းလေး
အင်းတဲရွာ

Tuesday, June 28, 2016

ကျုပ်တို့ ရိုးမမှာ ဒီလိုလဲရှိတယ် (သရော်စာ)




     တစ်နေ့ နံနက်မိုးသောက် အာရုဏ်အရောက်မှာ ရိုးမတစ်ခွင် လေကောင်းလေသန့် ရူဖို့နဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားရင်း လမ်းလျှောက်အလာ

တွေ့ပါပြီကော ဟိုးရှေ့မှာ ကားယားကားယားနဲ့ လက်မထောင်ထောင် ဘေးတိုက်သွားနေတဲ့ ကိုရွှေဂဏန်း လမ်းလျှောက်ပုံက ဟန်ပါပါ မာန်ကြွကြွ တစ်လောက သူ့ကြီးပဲ ရှိလေဟန်ရယ် လောကကဝတ် အရ လှမ်းနှုတ်ဆက်လိုက်တယ်

ဗျို့ ကိုကြီးဂဏန်း နေကောင်းရဲ့နော်

ကောင်းပါပြီးကော မျောက်လွဲကျော် ရယ် ဒါနဲ့ ဘယ်ကဘယ်လို လမ်းသလားနေရတာတုံး တိုင်းရေးပြည်ရာ အဖြာဖြာ ဒီလောက် အရေးတကြီး စီမံကိန်းတွေ ချမှတ် ဆောင်ရွက်နေချိန်မှာ အေးအေးလူလူ လမ်းသလားနေနိုင် သလားဗျာ အံ့ရော

ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတယ် ကိုယ့်ဖာသာကိုယ် သစ်တစ်ပင်ပြီးတစ်ပင် ကူးနေတုန်းက အကောင်း

ခုမှ ဟိုး လူ့ရပ် လူ့ရွာက လူတွေကို အားကျ သူတို့မနက်ပိုင်း လမ်းလျှောက်ကြတယ်ဆိုလို့ ကိုယ့်လည်း ဟုတ်မလားလို့ လမ်းလျှောက်မိပါတယ် ကိုရွှေဂဏန်းနဲ့ အတွေ့ လောကွပ်ချော်မိရာက ခနဲ့ခံရတော့တာပဲ

ကျုပ်ကလည်း ကျုပ်ပါပဲဗျာ ငှက်ပျောသီး ရယ် အမွှေးရှည်ရှည် ဝမ်းဖြူဖြူနဲ့ မျောက်မလေးရယ်က လွဲပြီး ကျန်တာ ဘာမှမသိ သိလည်းမသိချင် အလေ့အလာ နည်းတာကိုး

ဒါပေမယ့် သူ့ကိုယ်သူ နိုင်ငံရေးသမားလို့ခံယူထားတဲ့ ကိုယ်ရွှေဂဏန်း နဲ့ အလာပသလာပ ပြောရင်တော့ နိုင်ငံရေးစကားပဲ ပြောရတာပ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြားဖူးနားဝ နဲ့ ရမ်းဖြီးလိုက်တယ်

အဲ့ဒီမှ တကယ့် ဒုက္ခစတော့တာပဲ

ဒါနဲ့ ကိုရွှေဂဏန်း ကျုပ်တော့ တောရဲ့ ဥသျှောင် ခြငေ်္သ့မင်း ကြီးကတော့ လမ်းဖောက် တံတားဆောက်နဲ့ အတော်ဟန်လာပြီဗျနော် ဒီလမ်းကလေးဖောက်ပေးတာတော့ သိပ်ကျေးဇူးတင်မိတယ်ဗျာ ဟိုတလောကလည်း အထူးစီမံတွေ လုပ်ဆောင်နေတယ်လို့ ကြားမိတယ်ဗျနော်

ဒါပဲ ခင်ဗျားဟာလေ ဒီသစ်တောမှာနေပြီး ဒီသစ်တောအကြောင်း ဘာမှမသိဘူး စိတ်ပျက်ပါတယ်ဗျာ ခင်ဗျာလို သတ္တဝါ တွေရှိလို့ ကျုပ်တို့တော မတိုးတက်တာဗျ

ခုကျုပ်တို့ တောကို ဘယ်သူအုပ်စိုးနေလည်းတောင် မသိတာ အံ့ပါရဲ့ဗျာ

ကျုပ်တို့ကိုယ်တိုင် မှင်စွတ်ပြီး ရွေးချယ်ခဲ့တဲ့ ဒေါင်းသခင်မ အုပ်စိုးနေထာလေဗျာ

ဒီလမ်းကိုလည်း ဒေါင်းသခင်ရဲ့ ပါတီဝင် ခွေးအရဲ့ အဆိုတင်သွင်းမှုနဲ့ ဖောက်လုပ်ခွင့်ရတာဗျ

ဟိုးလူ့ရပ် လူ့ရွာမှာ အစေခံဖြစ်နေတဲ့ ကျုပ်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြန်လာနိုင်အောင် လုပ်ဆောင်ပေးနေတာဗျ ဒါတောင်မသိဘူးလား အံ့ရောဗျာ

ကျုပ်လည်း ကိုယ်ကမသိပဲ ဖြီးမိတော့ ခံရတာပေါ့

ကျုပ်တို့် ဒေသရဲ့ လွှတ်တော် အမတ်မင်း ကိုပုတ်သင် ဟိုနေက လွတ်တော်မှာ အဆိုတင်သွင်းသွားတာ မတွေ့မိဘူးလား ကျုပ်တို့တောကို ရက် ၁၀၀ အတွင်းပြောင်းလဲပြစ်မှာဗျ

ခင်ဗျားလို အန္တ ငှက်ပျောသီးကုန် သစ်ပင်လေး သတ္တဝါနဲ့ ပြောနေလို့လည်း လေကုန်ရုံပဲ ရှိမယ် ဘာမှ ထူးခြားလာမှာမဟုတ်ဘူး သွားမယ်

အဲ့ဒီလို ရေရွတ်ငြီးတွားပြီး သူထုံးစံ သူ့ဟန်အတိုင်း ကိုရွှေဂဏန်း ကားယားကားယား လက်မထောင်ထောင် နဲ့ ထွက်သွားတာကိုကြည့်ပြီး ကျုပ်တွေးမိတယ်

ကျုပ်တို့ ရိုးမ တိုးတက်လာမလာတော့ မသိဘူး ကိုရွှေဂဏန်း လို မာန်ကြွ ဟန်ထလို့ ကားယားကားယား လမ်းသလားပြီး တွေ့သမျှ နိုင်ငံရေး တရားဟော မသိသူကို ခပ်နှိမ်နှိမ် ခနဲ့တဲ့တဲ့ ပြစ်တင်ဝေဖန်နေတဲ့ သတ္တဝါတွေ ကျုပ်တို့ ရိုးမမှာ ဘယ်လောက်များ ရှိနေမလဲလို တွေးမိရင်း စကားပြောရမှာ ဝန်လေးမိရဲ့ဗျာ



သန်းထွန်လေး
အင်းတဲရွာ

Saturday, June 25, 2016

သူတောင်းစားပြဿနာ

ဂရုဏာ လိမ်​လည်​မှု
✂ ✂ ✂ ✂ ✂ ✂

စိတ်​အ​နှောက်​အယှက်​ ဖြစ်​​စေ​လောက်​တဲ့ အထိကို မြို့ပြရဲ့ ​တောင်​းရမ်​းမှု အလှူခံ ပြဿနာက ဆိုးဝါးလွန်​းပါတယ်​

[အားလုံးကို မဆိုလိုပါ တချို့ တကယ်​့ကို အတိ ဒုက္ခ​ရောက်​​နေသူ​တွေ ရှိသလို အဲ့ဒီလို ဒုက္ခ​ရောက်​​နေသူ​တွေရဲ့ အကြားမှာ ​ရောပြီး လူ​တွေရဲ့ သနားလွယ်​မှုကို အခွင်​့့​ကောင်းယူပြီး ဂရုဏာ လိမ်​လည်​​နေသူများကို ဆိုလိုပါတယ်​ ]

မနက်​စာအတွက်​ လက္ဖက်​ရည်​ဆိုင်​မှာ အပြင်​မှာ စားသုံးသူတိုင်​း ခံစားရတဲ့ ဒုက္ခပါ

ဝတ်​စုံ အမျိုးမျိုး စကားအသွယ်​သွယ်​ ​လော်​ ​ဘောက်​​တွေနဲ့ ၆ လသား က​လေးမှ ၆၀ ​ကျော်​ အဘိုးအဘွား အရွယ်​အထိ ​ခြေကျိုးလို့ တစ်​မျိုး ​ရောဂါသည်​လို့ တစ်​ဖွယ်​ ​ကျော​ထောက်​​နောက်​ခံ သားသမီး မရှိလို့ စသည်​ စသည်​့် အ​ကြောင်​းပြချက်​​ပေါင်​း များစွာနဲ့ကို အလှူခံတယ်​​ပေါ့

တစ်​နည်​း လူ​တွေရဲ့ ကရုဏာစိတ်​ကို လိမ်​လည်​လှည်​့ဖျားပြီး အသပြာခံယူကြတယ်​

​တွေ့နိုင်​ပါတယ်​......

မြို့ပြရဲ့ လမ်​းမထက်​မှာ ​နေပူ မိုးရွာ​ရှောင်​ ​ရောဂီ​ရောင်​ ဝတ်​စုံနဲ့ ခါးကုန်​းလို့ နေရာက​တောင်​ မ​ရွေ့နိုင်​တဲ့ အ​မေအို ၊ မျက်​စိ မမြင်​တဲ့ လင်​သားကို လက်​ဆွဲထားတဲ့ အမျိုးသမီး ၊ မျက်​မမြင်​ အဖိအဖ နဲ့ သားတစ်​​ယောက်​ ၊ ဝတ်​​ကောင်​းစားလှနဲ့ အိမ်​ပြန်​ဖို့ လမ်​းစရိတ်​ မရှိသူ ၊ လသားအရွယ်​ က​လေးငယ်​ကို ရင်​ခွင်​ပိုက်​ထားတာ မိန်​မငယ်​ ၊ လမ်​းလယ်​မှာ အလွန်​ကြီးမာ​နေတဲ့ ဦး​ခေါင်​း​ကြောင်​့ လှဲလျက်​အ​နေအထားနဲ့ က​လေးတစ်​​ယောက်​ ၊ ​မှောက်​ချထားတဲ့ ဖရဲသီးဗန်​း အနား ငို​နေတဲ့ မိန်​းမပျို ၊ ရင်​ခွင်​ပိုက်​ထားတဲ့ က​လေး စာက​လေး​တွေ အစာ​ကျွေးဖို့ စပါးနှံလိုက်​​ရောင်​းသူ နားထင်​မှာ ပါလာစတာကပ်​လို့ လူမြင်​ကွင်​းမှာ မကြာခဏ လဲကျတတ်​သူ ၊ အသံစာစာနဲ့ သူ့ဒုက္ခ​တွေကို ဟစ်​​ကြွေး​ပြီး လမ်​းစဉ်​​လျှောက်​​နေ့တဲ့ အဖွားအို ၊ ယင်​တစ်​​လောင်​း​လောင်​းနဲ့ ​ခြေတစ်​ဖက်​ကို တရွတ်​ဆွဲပြီး သွား​နေတဲ့ အမျိုးသား.........

သူတို့​တွေ သူတို့​တွေကို ရန်​ကုန်​​နေသူတိုင်​း သိမယ်​ထင်​ပါတယ်​

မနက်​မိုးလင်​းရင်​ ကြား​နေကြပါ ကျွန်​​တော်​တို့ ​နေရာက ​ဈေးနဲ့ နီး​တော့ မနက်​လူစီကားချိန်​မှာ ကားတစ်​စီး လာထိုးရပ်​ပြီး ​လော်​ကို အမြင်​့ဆုံး ဖွင်​့ကာ ထမင်​းတစ်​ပွဲ ဘယ်​​လောက်​ တစ်​ဝိုင်​းဘယ်​​လောက်​ အုတ်​ သဲ ​ကျောက်​ ဘိလပ်​​မြေ ပါမကျန်​ တစ်​မျိုး ဘယ်​​လောက်​ အားလုံးဘယ်​​လောက်​နဲ့ အ​ပြော​ကောင်​းသူ အ​ဟော​ကောင်​းသူက ဇာတ်​နိပါတ်​ အသွယ်​သွယ်​ ကိုးကားပြီး စတော့တာပဲ ပြီး​တော့ အုတ်​ ဘယ်​နှစ်​ချပ်​ဖိုးပဲ ကျန်​ပါ​တော့တယ်​ ထမင်​း ဘယ်​နှစ်​ဝိုင်​းစာပဲ ကျန်​ပါ​တော့တယ်​ မိဘပြည်​သူများကိုလည်​း အားနာပါတယ်​ ဘာညာ​အော်​ပြီး လမ်​းထဲက ထွက်​သွားတယ်​ ​နောက်​တစ်​လမ်​မှာလည်​း ထိုနည်​း၄င်​း​ပေါ့ ပြန်​စကြ​တော့တာပဲ

အဲ့ဒီထက်​ ဆိုးတာက သာသနာ့ နွယ်​ဝင်​ဟန်​ အ​ရောင်​​ဆောင်​ ​တောင်​းရမ်​းခြင်​း​တွေပါ

ကျွန်​​တော်​က ဗဟန်​းမြို့နယ်​က ဂွတ္တလစ်​ မှာ ​နေပါတယ်​ ဒီရပ်​ကွက်​မှာ ​နေသူတိုင်​း သိပါတယ်​ လွန်​ခဲ့တဲ့ ၅ နှစ်​​လောက်​ကတဲက ​ကျောင်​း​ဆောက်​ဖို့ အတွက်​ဆိုပြီး အလှူခံ​နေတဲ့ သီလရှင်​တစ်​ပါး အခုထိ ​ကျောင်​း​ဆောက်​ရ​သေးဟန်​မတူပါဘူး

​ဒီလိမ်​လည်​မှု​တွေဟာ ပြစ်​မှု မ​မြောက်​ဘူးလား အဘိုးအဘွား က​လေးငယ်​​တွေကို ​နောက်​ကွယ်​က ကြိုးကိုင်​ချယ်​လှယ်​ပြီး ​တောင်​ရမ်​း​စေခိုင်​းတဲ့ အစုအဖွဲ့​တွေ ရှိ​ကြောင်​းလည်​း ဂျာနယ်​ သတင်​းစာ​တွေမှာ ဖတ်​ဖူး မှတ်​ဖူးပါတယ်​

ဒီ လူတစ်​​ယောက်​ရဲ့ အ​ရေးအကြီးဆုံးဖြစ်​တဲ့ စာရိတ္တ ပိုင်​းချို့ယွင်​းမှု​တွေ လူ့အသိုင်​းအဝိုင်​း တစ်​ခုလုံးကို တန်​ဖိုးကျတာ​တွေ ရှိ​နေပါတယ်​

ဒါဟာ အ​ရေးတစ်​ယူ ထိန်​းသိမ်​း​သင်​့တဲ့ ကိစ္စတစ်​ရပ်​လို့ ယူဆပါတယ်​

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

သန်​းထွန်​​လေး
အင်​းတဲရွာ

လူ နဲ့ လူမျိုး

ကျွန်တော် သိပ်မုန်းတဲ့ စကားတစ်ခွန်း ရှိတယ်

*လူတစ်ယောက် မဟုတ်တာ တစ်ခု လုပ်လိုက်ပြီ ညစ်ပတ်လိုက်ပြီဆိုတာနဲ့ တစ်သံတည်း ထွ​က်လာကြတယ် ဗမာစိတ်ဓာတ် *

တဲ့လေ

ဒါဟာ လူတစ်ယောက်ရဲ့ ချို့ယွင်းမှုပဲ ဘာ့ကြောင့် လူမျိုးတစ်စုအပေါ် တံဆိပ်ကပ်ရတာလဲ အဲ့ဒီလို တံဆိပ်ကပ်လိုက်တဲ့ သူကရော ဘယ်လောက် အမြင်သေးသိမ်သလဲ လူ နဲ့ လူမျိုး တောင်ခွဲခြား မသိဘူးလို့ပဲ ပြင်းပြင်းထန်ထန် ရှုံ့ချပါရစေ........

အားလုံးက လေးစားပါတယ် ဆိုတဲ့ မင်းကွန်းဆရာတော် သီတဂူဆရာတော် ပါမောက္ခချုပ်ဆရာတော် စသည့်ဖြင့် ဆရာတော်ပေါင်းများစွာ ဆရာမှိုင်း ဗိုလ်ချုပ်အောင်းဆန်း ဆရာဇော်ဂျီ စသည် စသည်ဖြင့် ဗမာ့သမိုင်းမှာ အကျင့်ရော သိက္ခာမှာပါ ဘယ်လောက်စမ်းစမ်း အစမ်းခံနိုင်တဲ့ ပုဂ္ဂိုလ် တွေ အများအပြားပါ

ဘာ့ကြောင့် လူတစ်ယောက်ရဲ့ သိမ်ဖျင်းမှုကို လူမျိုးတစ်စုအပေါ် တံဆိပ်ကပ်မှာလဲ

ချစ်သူ့ရှင်းတမ်း ယ​သော်​ဓရာ


♡ ♡ ♡

အများအမြင်​မှာ မီးတွင်​းမှာပဲ လင်​ပြစ်​သွားသူ တစ်​​ယောက်​အဖြစ်​ သနားစရာတဲ့​လေ မချစ်​ဘူးထင်​ရဲ့ ပြစ်​သွားရက်​တယ်​​နော်​တဲ့

အ​မောင်​့ အချစ်​ကို သံသယ ဖြစ်​ရမတဲ့လားရှင်​

နှစ်​​ပေါင်​း ၇၀၀ ရာ ငို​ကြွေးပြီး သက်​​သေတည်​ခဲ့ပြီးသားပါ လက်​ဆုပ်​လက်​ဝါး ပြလို့လည်​း တစ်​​ယောက်​စိတ်​နှလုံး တစ်​​ယောက်​ သိခဲ့ပြီးသား သိပြီးသားပါ

​ခေါင်​း​မော့လို့ ရယ်​မိ​တော့မ​ပေါ့ရှင်​

ကျွန်​မဟာ ဒီ​လောက်​အတွက်​ ပူ​ဆွေးရမတဲ့လား နှစ်​အသ​ချေၤ ကတည်​းက သူအတွက်​ဆို ဘာမဆိုစွန်​့ဖို့ မြတ်​ဘုရား ဒီပင်္ကရာ မှာ သစ္စာဆိုခဲ့ပြီးသား ဆိုတာမသိလို့ပါ အခွင်​့ရှိခဲ့သားပဲ မြတ်​ဘုရားမှာ ကြာရှစ်​ခိုင်​ ကိုယ်​တိုင်​ကပ်​လို့ ​လောကီ ​လောကုတ္တရာ အ​ထွေ​ထွေ ဘုရားဆုပန်​ မင်​း​ယောက်​ျားဘဝ ဆု​တောင်​းနိုင်​ခဲ့သားပဲ ဒါ​ပေမယ်​့ ကျွန်​မ သူ့အတွက်​ဆို ဘာမဆို ဖြည်​့စည်​း​ပေးချင်​ခဲ့တာ သူ့ရဲ့ ကိုယ်​ကျိုးမဖက်​ ​လောကတစ်​ခွင်​ အလင်​း​ဆောင်​ချင်​တဲ့ ထက်​သန်​လွန်​းတဲ့ စိတ်​ဓာတ်​ တစ်​​ယောက်​တည်​း ကိုယ်​လွတ်​ရုန်​း ထွက်​သွားနိုင်​ခဲ့ရဲ့နဲ့ သုံး​လောကအတွက်​ အနစ်​နာခံခဲ့တဲ့ စိတ်​ဓာတ်​ကို ​လေးစားတာ​ကြောင်​့ပါ မြတ်​နိုးတာ​ကြောင်​့ပါ ချစ်​တာ​ကြောင်​့ပါ ဒါ​ကြောင်​့ ကြာရှစ်​ခိုင်​မှာ ငါးခိုင်​က သူ့အတွက်​​လေ ကျွန်​မက​တော့ သုံးခိုင်​ပဲ ပူ​ဇော်​ခဲ့တာ​ပေါ့

ထင်​မှာ​ပေါ့ ဒီ​လောက်​​တော့ ဒို့လည်​းချစ်​နိုင်​ပါတယ်​ ​ပေးဆပ်​နိုင်​ပါတယ်​​ပေါ့ မ​ရေမတွက်​နိုင်​တဲ့ ကမ္ဘာ့ ကမ္ဘာ ​လေးခုတင်​မကဘူး ကမ္ဘာတစ်​သိန်​း ကာလပတ်​လုံးမှာ ပွင့်​ ပွင်​့ခဲ့သမျှ မြတ်​ဘုရားတိုင်​းမှာ ဘဝဆက်​တိုင်​း သူနဲ့သာ ​ပေါင်​းသင်​းရပါလို၏ သူ့အတွက်​ဆို ဘာမဆို စွန်​့လွှတ်​နိုင်​​သောစိတ်​ ရှိရပါလို၏လို့

ကျွန်မ သိတာ​ပေါ့ မင်​း​ဝေဿန်​ဘဝ ကျွန်​မကို စွန့်​့လှူခဲ့တာ မချစ်​လို့မှ မဟုတ်​တာ အ​မောင်​့ မျက်​ဝန်​းကို ကျွန်​မ မကြည်​့ရက်​ဘူး မကြည်​့ချင်​ဘူး အသနားမခံချင်​ဘူး အမောင်ရည်​သန်​တဲ့ ဉာဏ်​​တော်​အတွက်​ ကျွန်​မဟာ ခလုတ်​ကန်​သင်​း မဖြစ်​လိုဘူး​လေ ဒါ​ကြောင်​့ ကျွန်​မ လိုလားစွာပဲ ထွက်​ခွာသွားခဲ့ပါတယ်​ ရှိုက်​သံတစ်​ချက်​ မထွက်​ဘဲပေါ့ ကျွန်​မ​ကြောင်​့ အ​မောင်​့ ခရီးလမ်​း ​နှောင်​့​နှေး မှုဖြစ်​ခဲ့ရင်​ ကျွန်​မ ကိုယ်​့ကိုယ်​ကို အပြစ်​တင်​လို့ ဆုံးမှာမဟုတ်​ဘူး​လေ

အ​ဖေနဲ့ ​မောင်​​လေးအတွက်​လား မှန်​တာကို ဝန်​ခံရရင်​ ပူ​ဆွေးရသ​ပေါ့ နှလုံးသည်​းပွတ်​ တစ်​ဆတ်​ဆတ်​ အရိုက်​ခံရသလို နာကြဉ်​ရတာ​ပေါ့ ဒါ​ပေမယ်​့ ​လောကတစ်​ခွင်​ အလင်​​းဆောင်​ဖို့ ကျွန်​မရဲ့ တစ်​ကိုယ်​စာ မီိး​တောက်​ ​တောက်​​လောင်​ပါ​စေရှင်​ ဖျစ်​ဖျစ်​မြည်​​အောင်​ ​တောက်​​လောင်​ပါ​စေ ကျွန်​မ ကျွမ်​း​လောင်​ခံဝံ့ပါတယ်​

တစ်​ခုပဲ ​တောင်​းဆိုပါ​စေ.....
အ​မောင်​့အချစ်​ သံသယမဖြစ်​​ပါနဲ့ရှင်​......

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

သန်​းထွန်​​လေး
အင်​းတဲရွာ

ချစ်လို့ သဝန်တိုတာ အပြစ်လား အင်္ဂုလိမာလ


❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

    ကျုပ်ဒီကောင်လေးကို သိပ်သဘောကျခဲ့တယ်ဗျ သူဟာသိပ်ရိုးသားတယ် သင်ယူရာမှာလည်း စိတ်ဝင်တစားပဲ ကျုပ်ကို ရိုသေတဲ့ နေရာမှာလည်း နှစ်ယောက်မရှိဘူး သေဆိုတောင် သေဝံ့လောက်တယ် အလိုက်သိတဲ့ နေရာမှာလည်းလွန်ရော့ပဲ ဖင်ပေါ့တယ်ပေါ့

သူ့အဖေ လာအပ်တုန်းကဖြင့် ကျုပ်ဖြင့် အံ့သြ ရော့ဗျာ ဘာတဲ့ အတွင်းနေတပည့်အဖြစ် လက်ခံပါတဲ့လေ ယဉ်ကျေးအောင်သာ ပြောရတာပါ ထမင်းစား ကျွန်ခံ ပညာသင်ပေါ့ သူ့နှဖူးရည် ဒူးရည်ကြည့်ရ တော်တော့ကို ထူးမယ့် ထက်မယ့်ကလေးပါ သူ့ဖခင် ကြည့်ပြန်တော့လည်း တောက်တောက်ပြောင်ပြောင် ခံ့ခံ့ထည်ထည်ပါ သာမန်ညောင်းည မျိုးနွယ်ထဲက မဟုတ်မှန်းတော့ ကျုပ်အတွေ့အကြုံနဲ့ ခန့်မှန်းတတ်ပါတယ်

   ဘာ့ကြောင့်လဲ ဘယ်လို ဖခင်မျိုးလဲပေါ့ ကျွုပ်စိတ်အစဉ် ဒွိဟနဲ့ လက္ခံခဲ့ပါတယ်

   ဒီနေ့ကြည့်စမ်း အတန်းမှာ သင်ခန်းစာအတွက် ကျောင်းသားတွေ စုံစုံလင်လင် ရှိပါရဲ့ သူကဘယ်ရောက်နေသတုံး ပညာသင်မယ့် ကလေးဟာ အတန်းမှာပဲ ရှိနေရမှာပေါ့

အော်မေ့လို့လေ မနက်က ကျုပ်မိန်းမ ခိုင်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာကိုး မိန်းမငယ်ငယ် ယူရ မစားသာပါဘူးဗျာ သူ့အလို သူအကြိုက်လိုက်နေရတာပဲ အငယ်ဆိုတော့လည်း နွဲ့ဆိုး ဆိုးရှာမပေါ့လို် ခွင့်လွှတ်ထားတာ လွန်ရော့ထင့် ခု ကျုပ်တပည့်ကို အိမ်က အခိုင်းအစေဟန် ခိုင်းချင်ရာခိုင်းနေတော့တာပဲ ထင်းခွေ ရေခပ်တော့ ထားပါလေ အဝတ်ပါ လျှော်ခိုင်းတာတော့ တစိတ်လွန်ရော့ အမှန်က ဒါသူလုပ်ရမယ့် ဝတ္တရား မဟုတ်လား

ပတ်ဝန်းကျင်ဆိုတာ ဒီလိုပဲ သွားပုတ်လေလွင့် ပြောတတ်တာ ဓမ္မတာ မဟုတ်လား ကျုပ်မယုံပါဘူးဗျာ ကိုယ့်ထမင်း ကိုယ်စား သူများ အတင်း ဟင်း လုပ်နေကြသူတွေ အများသားဆိုတာ ကျုပ်သိတာပေါ့

ဒါပေမယ့်လေ ကျုပ်လည်း ကာမဘုံသား မဟုတ်လား ကျောက်သား ကျောက်ဆိုင်တောင် တိုက်ပါများတော့ ပြိုတတ်တာ နှဲ့ပါများတော့ နဲ့တတ်တာပဲ

သံသယတော့ ဖြစ်လာတယ် တစ်ခြားကိစ္စဆို ခွင့်လွှတ်တန်ကောင်းရဲ့ဗျာ အခုဟာက ဆရာ့မယား ကြာခိုတဲ့ အခြေအနေ အချစ်တော့ ဝေမစားနိုင်ဘူးဗျ အရပ်ရပ် အပြည်ပြည် ကြားလို့မတော် ဆရာ့မယားနဲ့ ဖြစ်လို့ အတန်းက ထုတ်ပြစ်တယ်ဆို ဟားစရာဖြစ်နေရော့ ကြံစမ်း ကြံစမ်း

ဟိုတစ်နေ့က ကျုပ်တပည့်တွေ ပညာစုံလို့ ဌာနေအပြန် လက်ဆောင်ပဏာနဲ့ ရှစ်ခိုးကန်တော့ကြတော့ သူ့မျက်နှာမကောင်း သူလည်း ဆရာ့ကို ပူဇော်ချင်ရဲ့တဲ့လေ ဒါပေမယ့် သူ့အဖေက အသပြာ တစ်ခုတလေမှ မပေးခဲ့လေတော့ အခက်လို့ ညဉ်းငြူ တယ်ဆိုပဲ

ဒါကအကွက် နတ်တို့ဖန် ရေကန်အသင့်ကြာအတင့် ဆိုတာ ဒါပဲနေမှာ

လောက အပြစ်ဆိုလေက ဆိုတော့ ကျုပ်မယားနဲ့ သူဝေးသွားဖို့က လိုရင်မဟုတ်လား လွယ်တာခိုင်းပြန်ကလည်း သူက ခဏပြန်ရောက်လာမှာ ပြန်လမ်းမရှိရာ ပို့မှပါလေ သတ်ဖို့ကလည်း မရဲ ဒီတော့ ပရိယာယ် သုံးရတာပေါ့

ငါ့တပည့် ဆရာ့ကို ကျေးဇူးဆပ်လိုက လက်ညှိုး တစ်ထောင်ဖြတ်ပြီး ပူဇော်လေ ဆိုတော့ ဓားဆွဲ ချက်ခြင်းတော ထွက်သွားလေရဲ့ ကျုပ်ရဲ့ ပရိယာယ်ကို မရိပ်မိ ငယ်သူဆိုတော့ ပူဇော်ရဖို့ လိုရင်းတွက်ဟန်တူရဲ့ ဘာအသုံးဝင်မှာလည်း လို့လည်း စောဒကမတက် ဘယ်သူက ကိုယ့်လက်ညှိုးကို အသာတကြည် အဖြတ်ခံမတုံးဗျ လူသတ်လက်ဖြတ် တိုင်းပြည့်ရန်သူ ဘုရင့်ဒေါသ ပြည်သူ့အမုန်း ခံယူဖို့ တမင်စေခိုင်းတဲ့ ကျုပ်အကြံ အောင်ပါပေါ့

ဒါပေမယ့်လေ

ဆရာ ဆက်ဆက်ပြန်လာ ပူဇော်ပါ့မယ်ဆိုပြီး ကျုပ်ခြေအစုံကို ဦးချ နောက်လှည့်မကြည့်စတမ်း ထွက်သွားတဲ့ တပည့်ရဲ့ ကြောပြင်ကို ကြည့်ရင်း ကာမဘုံသား ကျုပ်စိတ်အစဉ်မှာ ရေရွတ်မိပါတယ် ရင်တွင်းမှာ ရှိုက်ရင်းပေါ့

ဖြစ်လေရာဘဝ ဆရာ့လို ဆရာမျိုးနဲ့ မဆုံပါစေနဲ့

နှောင်းနောင်အခါများ သူရဲ့ ရက်စက်မှု ကြမ်းတမ်းမှုတွေကို ရေရွတ်ကြတိုင်း ကျွနု်ပ်ရဲ့ လွဲမှားခဲ့တဲ့ ကာမချစ်ခြင်း ဝန်တိုခြင်း ကိုသာ ညွှန်းပြ ရှုတ်ချပါစေတော့.......

✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖

သန်းထွန်လေး
အင်းတဲရွာ

Tuesday, June 21, 2016

မာသာထရီဇာ



မာသာထရီဇာ


သူမရဲ့ နာမည်ရင်းအပြည့်အစုံကတော့

*အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇု*
ပါ

၁၉၁၀ သြဂုတ်လ ၂၆ ရက်နေ့မှာ အော်တိုမင်အင်ပါယာ ဥဇကပ် (ယခု မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော် စကုပ်ဂျီ) မှာမွေးဖွားခဲ့ပါတယ်

သူမရဲ့ ဖခင်ကတော့ အယ်ဘေးနီးယားနိုင်ငံ စကိုဒါ ဒေသက နီကိုလေ ဖြစ်ပြီး မိခင်ကတော့ ဒရာနာဘိုဂျက်ဇု ပါ
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်

သူမရဲ့ဖခင်ကတော့ ၁၉၁၉ မှာ ကွယ်လွန်ခဲ့ပါတယ်

ဖခင်ကွယ်လွန်ပြီးချိန်မှာ မိခင်ဖြစ်သူရဲ့ ရိုမန်ကက်သလစ် ဘာသာသို့ ဝင်ရောက်ခဲ့ပါတယ်

သူမဟာ သီလရှင်တစ်ပါး ဖြစ်လာဖို့အတွက် အသက် ၁၈နှစ် အရွယ်မှာ လော်ရီတို က သီလရှင်ကျောင်းကို သွားရောက်ခဲ့ပါတယ်

အဲဒီနေ့ကတော့ သူမရဲ့ မိခင် အစ်မတွေနဲ့ နောက်ဆုံး တွေ့ဆုံရခြင်းပါ

အင်္ဂလိပ်စာ ကိုတော့ အိုင်ယာလန်နိုင်ငံ ရပ်ဖာဟမ် မှာရှိတဲ့ လော်ရီတို သီလရှင်ကျောင်းမှာ သင်ယူခဲ့ပါတယ်ဒီကျောင်းဟာ အိန္ဒိယက ကလေးသူငယ်တွေကို အင်္ဂလိပ်စာ သင်ဖို့အတွက် လော်ရီတိုက သီလရှင်တွေ တက်လေ့ရှိတဲ့ ကျောင်းပါ

၁၉၂၉ မှာတော့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာပြီး ဟိမ၀န္တာတောင်ခြေနားက ဒါဂျီလင်မှာ သာသနာပြုဖို့ ရောက်ရှိလာပါတယ်

သူမတို့ရဲ့ ကွန်ဗင့်ကျောင်းမှာ ကလေးတွေကို
စာသင်နေရင်း အနီးမှာရှိတဲ့ စိန့်ထရီဇာကျောင်းမှာ ဘင်ဂါလီ ဘာသာကို သင်ယူခဲ့ပါတယ်

၁၉၃၁ မေလ ၂၄ ရက်နေ့မှာတော့ သီလရှင်တစ်ပါးအဖြစ် ခံယူခဲ့ပါတယ်

စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ ဘွဲ့နာမကို ခံယူလိုပေမယ့် အခြား သီလရှင်တစ်ပါး ခံယူသွားပြီး ဖြစ်တာကြောင့် စပိန်ဘာသာနဲ့
**ထရီဇာ**
ဆိုတဲ့ အမည်ကို ခံယူလိုက်ပါတယ်

အဲဒီမှာ နှစ်ပေါင်းနှစ်ဆယ်နီးပါး တာ၀န်
ထမ်းဆောင်ပြီးချိန် ၁၉၄၄ မှာ ကျောင်းအုပ်ဆရာမကြီး ဖြစ်လာခဲ့ပါတယ်

ကျောင်းမှာ စာသင်ပြရတာကို နှစ်သက် ပျော်ရွှင်ပေမယ့် ၁၉၄၃ မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂလား ငတ်မှုခေါင်းပါးမှုဘေးက မြို့တော်ကြီးဆီ အနိတၳာရုံတွေနဲ့ သယ်ဆောင်လာချိန် ၁၉၄၆ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဟိန္ဒူ မူဆလင်
လူမျိုးရေး အဓိကရုဏ်းကြီးက ကာလကတ္တားမြို့ကြီးကို ဒုက္ခပင်လယ်ေ၀စေခဲ့ပြီး ချောက်ချားစရာ
ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တွေက သူမ နှလုံးသားကို ပြင်းပြင်းထန်ထန် လှုပ်ခတ်စေခဲ့ပါတယ်

၁၉၄၆ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့

***ငါဟာ ကွန်ဗင့်ကျောင်းက ထွက်ခွာပြီးတော့ ဆင်းရဲသားတွေတောထဲမှာ နေထိုင်ရင်း သူတို့ကို ကူညီရမယ် ဒါဟာ ဘုရားသခင်ရဲ့ အမိန့်ဖြစ်တယ် ဒါကို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ ငါ့ရဲ့ယုံကြည်ခြင်း ပျက်သုံးသွားခြင်းဘဲ ***
လို့သူမကိုယ် သူမ ကတိပြုခဲ့ပါတယ်

၁၉၄၈ မှာတော့ လော်ရီတို သီလရှင် ၀တ်ရုံဖြူအစား အပြာစင်း အနားသတ်တွေပါတဲ့ ၀တ်ရုံကို ပြောင်းလဲ၀တ်ဆင်ပြီး ဆင်းရဲသားတွေအတွက် စတင် လုပ်ဆောင်ပါတော့တယ်

အိန္ဒိယလူမျိုးအဖြစ် ခံယူပြီး ပန်တာက ဆေးရုံမှာ လအနည်းငယ်ကြာ ဆေးပညာသင်ယူပြီး ကာလကတ္တားရဲ့ ဆင်းရဲသားရပ်ကွပ်ထဲမှာ မထမဦးဆုံးကျောင်းတစ်ကျောင်းဖွင့်ခဲ့ပါတယ်

ပထမနှစ်ဟာ အခက်အခဲတွေနဲ့ နပန်းလုံးနေရတဲ့ ကာလပါဘဲ

ဒီအချိန်တွေမှာ သံသယတွေနဲ့ အထီးကျန်မှုတွေကြောင့် ပြန်ချင်တဲ့အထိ ဖြစ်ခဲ့ပါတယ်

၁၉၄၉ ဦးပိုင်းမှာတော့ အမျိုးသမီးငယ်တစ်စုက သူမရဲ့ လုပ်ငန်းမှာ ပါ၀င်လာခဲ့ပြီး ဆင်းရဲသူများအတွက် လာရောက် လုပ်အားပေးခဲ့ပါတယ်

မကြာမီအချိန်အတွင်းမှာ သူမရဲ့လုပ်ဆောင်မှုတွေကို အာဏာပိုင်တွေက သတိပြုမိလာပြီး ၀န်ကြီးချုပ်ကိုယ်တိုင်က အသိအမှတ်ပြုမှုကို ဖေါ်ပြလာပါတယ်

၀င်ငွေ တစ်ပြားမှ မရှိတဲ့အတွက် အစားအသောက်နဲ့ ငွေကြေးအတွက် အလှူခံမှုနဲ့ ဖြေရှင်းခဲ့ရပါတယ်

သူမရဲ့ဒိုင်ယာရီထဲမှာ

***သခင်ဘုရားက ဆင်းရဲခြင်းကားတိုင်ကို ထမ်းဖို့ လွတ်လပ်တဲ့ သီလရှင်တစ်ပါး ဖြစ်စေချင်ခဲ့ပြီ ဒီကနေ့ သင်ခန်းစာကောင်းကို ရခဲ့ပြီ ဆင်းရဲသားတွေ ကြုံတွေ့ရတဲ့ ဒုက္ခဟာ သူတို့အတွက် ပင်ပန်းလှပါတယ် သူတို့အတွက် နေစရာအိမ် အစားအစာနဲ့ ကျန်းမာရေးအတွက် ဘယ်လောက်များ ခက်ခက်ခဲခဲကြိုးပမ်းရမလဲ ဒီလိုနဲ့ ကျွန်မဟာ အလိုတော်အတိုင်း ဒီမှာဘဲ ဆက်နေဖို့ ဆန္ဒပြုခဲ့ပါတယ် သူတို့ မျက်ရည်တစ်စက်မှ မကျစေရပါဘူး***

လို့ ရေးမှတ်ထားပါတယ်

Missionary of Charity အဖြစ် ရပ်တည် လုပ်ဆောင်သွားရန် ခွင့်ပြုချက်ကို ၁၉၅၀ အောက်တိုဘာလ ၇ ရက်နေ့မှာ ဗာတီကန် က ခွင့်ပြုခဲ့ပါတယ်

မစ်ရှင်ကတော့

***ဆာလောင်သူ အ၀တ်မဲ့သူ အိမ်မဲ့ယာမဲ့ ဒုက္ခိတ မျက်မမြင် နူနာစွဲသူများ အပယ်ခံများ လူအသိုင်းအ၀ိုင်းက စွန့်ပယ်ခြင်းခံရသူများ လူ့အဖွဲ့အစည်းအတွက် ၀န်ထုပ်၀န်ပို ဖြစ်နေ
သူများ လူတိုင်း နှာခေါင်းရှုံ့မှု ခံနေရသူများ
အတွက်ပါ***

ကာလကတ္တားမှ ာသီလရှင် ၁၃ ပါးနဲ့ မစ်ရှင်ကို အစပြုခဲ့ပါတယ်

၁၉၅၂ ကာလကတ္တားမှာ သေခါနီးလူတွေအတွက် ဂေဟာတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်

အာဏာပိုင်တွေရဲ့ အကူအညီနဲ့ စွန့်ပစ်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို အခမဲ့ရှောက်မှုဂေဟာ အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်

ဒီဂေဟာကို ရောက်လာသူတွေဟာ ဆေးကုသမှုကို ခံယူရတဲ့အပြင် သေဆုံးသူတွေကလည်း ဂုဏ်သိက္ခာရှိရှိ ကိုယ့်ရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာအတိုင်း သဂြိုၤလ်ခွင့်ရကြပါတယ်

သူမရဲ့အဆိုအရ လူတိုင်းကို

***တိရိစၧာန်သဖွယ် အသက်ရှင်ခဲ့ရပေမယ့် နတ်သမီး နတ်သားတွေလို ချစ်ခင်မှု လိုလားမှု ရှိရှိသေဆုံးခွင့်ရခြင်း***
စေချင်ပါတယ်တဲ့

မကြာမီမှာတော့ အနာကြီးရောဂါသည်တွေအတွက် ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့ ငြိမ်းချမ်းရေးမြို့တော်ကို တည်ဆောက်ခဲ့ပါတယ်

သူမရဲ့ ဂရုဏာရှင် အဖွဲ့ကလည်း ကာလကတ္တားမြို့တစ်၀ှမ်း အနာကြီးရောဂါသည်တွေကို လိုက်လံရှာဖွေပြီး အစာရေစာ ဆေးဝါးနဲ့ အနာကိုပတ်တီး စည်းပေးကြပါတယ် စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးတွေ တဖြည်းဖြည်းနဲ့ များပြားလာချိန်မှာ သူတို့တွေအတွက် ဂေဟာတစ်ခု ဆောက်ဖို့စိတ်ကူးရှိလာပါတယ်

၁၉၅၅ မှာ အိမ်မဲ့ယာမဲ့နဲ့ မိဘမဲ့လလေးတွေအတွက် နမ္မာလရှိ ရှုဗပ္မာန်ဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်

အလှူရှင်တွေကိုရော ပါ၀င်ဆက်ကပ်လိုသူတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး ၁၉၆၀ အတွင်းမှာ အိနိ္ဒယနိုင်တစ်၀ှမ်း စောင့်ရှောက်မှုဂေဟာတွေ မိဘမဲ့ဂေဟာတွေနဲ့ အနာကြီးစောင့်ရှောက်
မှုဂေဟာတွေကို အမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်

မာသာထရီဇာ ဟာ သူမလုပ်ကို တစ်ကမ်ဘာလုံး အတိုင်းအတာဖြစ်လာအောင် ကြိုးပမ်းခဲ့ပါတယ်

အိနိ္ဒ္ဒယပြင်ပရဲ့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ သီလရှင်ငါးပါးပါ၀င်တဲ့ ဂေဟာတစ်ဆောင်ကို ၁၉၆၅ မှာဖွင့်လှစ်နိုင်ငံခဲ့ပါတယ်

၁၉၆ မှာရောမ တန်ဇန်းနီးယားနဲ့ သြစတြီးယားတွေမှာ

၁၉၇၀ မှာအာရှ အာဖရိက ဥရောပနဲ့ အမေရိကမှာ ဂေဟာနဲ့ ဖောင်ဒေးရှင်း ဒါဇင်ပေါင်းများစွာ

၁၉၆၃ မှာ ဂရုဏာ ကိုယ်တော်များအဖွဲ့

၁၉၇၆ မှာတော့ သီလရှင်များအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်

မာသာထရီဇာ ရဲ့ လုပ်ငန်းမှာ သာမန် ကက်သလစ်ဘာသာ၀င်တွေရော ကက်သလစ်ဘာသာ၀င် မဟုတ်သူတွေပါ ပူးပေါင်းပါ၀င်လာပါတယ်

၁၉၈၄ မှာ ဖာသာ ဂျိုးဇက်လန်းဂ်ဖေါ့ဒ် နဲ့ ဂရုဏာဘုန်းတော်ကြီး သာသနာပြုအဖွဲ့ကို ထူထောင်ပြီးသာသနာအမှု ကိုပြုခဲ့ပါတယ်

၁၉၆၂ မှာ အိန္ဒိယအစိုးရရဲ့ ပဒ္ဒမာသီရိဘွဲ့

၁၉၆၉ မှာ နေရူးဆုတံဆိပ်

၁၉၇၂ မှာလည်း အလားတူဘွဲ့တံဆိပ်

၁၉၈၀ မှာ အိနိ္ဒယရဲ့ အမြင့်ဆုံး နိုင်ငံသားဆုတံဆိပ်ဖြစတဲ့ ဘာရက်ရတ်တ္တနာ ဆုတံဆိပ်

၁၉၇၉ မှာတော့
*****ကမ်ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆု*****
ကြီးကိုရယူနိုင်ခဲ့ပါတယ်

အခြားအခြားသော ဆုတံဆိပ်များစွာရောပါ

၁၉၉၇ မတ်လ ၁၃ ရက်နေ့မှာ ဂရုဏာသာသနာပြု လုပ်ငန်းရဲ့အကြီးအကဲရာထူးမှ အနားယူပြီးနောက်

၁၉၉၇ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ လူ့လောကထဲက အပြီးအပိုင်အနားယူ ထွက်ခွာသွားခဲ့ပါတယ်

ကွယ်လွန်သွားခဲ့သော်လည်း သူမရဲ့ နှလုံးသား မျိုးစေ့တွေကတော့ ယနေ့တိုင် လူသားတွေအတွက် သီးပွင့် ဝေဆာစဲပါ

သူမရဲ့ စကားလေးနဲ့ပဲ နှုတ်ဆက်ပါရစေ

*သင့်အတွက် တန်ဖိုးအနည်းဆုံး အပြုံးတစ်ပွင့်ကိုပဲ သူတို့အတွက် ပေးလိုက်ပါ*



မှားယွင်းမှု ရှိပါက edit ပေးဖို့ တောင်းဆိုပါတယ်

သာယာကြည်နူးရသောနေ့ရက်ဖြစ်ပါစေ..

သန်းထွန်လေး
အင်းတဲရွာ

သန်းထွန်းလေး (အင်းတဲရွာ)

ရုပ်သေးပွဲသွားရအောင်

  ရုပ်သေးပွဲသွားရအောင် Https://youtube.com/@thantunlayinde  ရေး-ကန်မြဲကိုအေးကျော် ဆို-ခင်အုန်းမြင့်လေး .. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှို...